Impact for Management

Impact for Management

Share

Live Life to the Fullest!

Photos from Impact for Management's post 06/09/2024

အခန်း (၁)

ထွက်ကုန် (Output)

ထွက်ကုန် သည် မက်ခရိုစီးပွားရေး၏ နှလုံးသားနေရာတွင်တည်ရှိပါသည်။ နိုင်ငံတစ်ခုမှထုတ်လုပ်သော ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများ စုစုပေါင်းထွက်ကုန်သည် ယင်းနိုင်ငံ၏ဘဏ္ဍာ‌ရေးသုံးစွဲနိုင်မှု အကန့်အသတ်ကို ဖြစ်ပေါ်စေမည်ဖြစ်ပါသည်။

နိုင်ငံတစ်နိုင်ငံသည် မိမိထုတ်လုပ်သည်ထက်ပိုမိုသုံးစွဲမည်ဆိုပါက နိုင်ငံခြားမှ ချေးငွေရယူရမည်ဖြစ်ပါသည်။ တန်ဖိုးရှိသော ထွက်ကုန်ပမာဏများစွာ ထုတ်လုပ်နိုင်ခြင်းကသာလျှင် နိုင်ငံကို ကြွယ်ဝချမ်းသာစေမည်ဖြစ်သည်။ ငွေပမာဏအရေအတွက်ဖြင့် ချမ်းသာစေမည်မဟုတ်ပါ။

အစိုးရတစ်ခုသည် ငွေကိုဆန္ဒရှိသလောက်ရိုက်ထုတ်ပေးခြင်းဖြင့် နိုင်ငံသားအားလုံးကိုငွေသန်းကြွယ်ပိုင်ဆိုင်သူများ ဖြစ်စေနိုင် ပါသည်။ အကယ်၍ ထွက်ကုန်တိုးတက်လာခြင်းမရှိပါက ပြည်သူတို့၏အခြေအနေသည် ငွေများစွာပိုင်ဆိုင် သော်လည်း ကြွယ်ဝချမ်းသာလာမည်မဟုတ်ပါ။ ထုတ်လုပ်မှုကျဆင်းသည်ဆိုပါက ထိုများပြားသောပိုက်ဆံများဖြင့် ၎င်းတို့၏လူနေမှုအဆင့်အတန်းသည် ပိုမိုဆိုးရွာလာမည်ဖြစ်ပါသည်။

အချို့က “Output” ကို “ထုတ်ကုန်”ဟုဘာသာပြန်ကြပါသည်။ ကုန်ပစ္စည်းကိုအဆင့်ဆင့် ပြန်လည်လေ့လာကြည့်သောအခါ ကုန်ကြမ်း၊ ထုတ်လုပ်ဆဲကုန်၊ ကုန်ချော နှင့် ပျက်ကုန်၊ ဂိုထောင်ရှိကုန်ချော၊ လက်လီဆိုင်ပေါ်ရှိကုန်ချော၊ စားသုံးသူမှဝယ်ယူစားသုံးသည့်ကုန်ချော၊ စားသုံးသူမှ နောင်တွင်စားသုံးရန် သိုလှောင်ထားသည့်ကုန်ချော၊ စားသုံးသူမှမစားသုံးဖြစ်သောကြောင့်/ ရက်လွန်သွား သောကြောင့် လွှင့်ပစ်သည့်ကုန် စသည်ဖြင့် ကုန်အမျိုးမျိုးကို တွေ့ရှိရမည်ဖြစ်ပါသည်။ စာရေးသူအနေဖြင့် “Output” ကို စားသုံးသူမှဝယ်ယူစားသုံးသည့် ကုန်ချော “ထွက်ကုန်” အဖြစ် ဘာသာပြန်လိုပါသည်။ ငွေဖြင့် ဝယ်ယူမစားသုံးမှီ ပစ်ရသောကုန်များ၊ ဝယ်ယူပြီးပစ်ရသောကုန်များ စသည့်အလေအလွင့်များသည် နိုင်ငံ၏ GDP ကို ထိခိုက်စေမည် ဖြစ်ပါသည်။

Export ကို ပြောရာတွင်လည်း နိုင်ငံအတွင်းထုတ်ပြီး နိုင်ငံမှထွက်သွားသော ပို့ကုန်အဖြစ်မြင်နိုင်မည် ဖြစ်ပါသည်။ ကုန်ထုတ်လုပ်မှုကိုအားပေးသော နိုင်ငံတော်မူဝါဒများကိုအသုံးချ၍ ထုတ်သော်လည်း ပြည်သူအတွက် အကျိုးရှိသောကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများမထွက်သော လုပ်ငန်းများစွာရှိကောင်းရှိနိုင်သည်ကို စာဖတ်သူတို့စဉ်းစားမိနိုင်ပါသည်။ ထုတ်လုပ်ခြင်းအားအကြောင်းပြ၍ နိုင်ငံတော်မှအရင်းအမြစ်များ (မြေ၊ ချေးငွေ၊ နိုင်ငံခြားငွေ၊ လုပ်ပိုင်ခွင့် စသည်ဖြင့်) တောင်းယူပြီးနောက် အမှန်တကယ်ထွက်အောင် မထုတ်လုပ်နိုင်သော လုပ်ငန်းများကို ဆိုလိုပါသည်။

21/01/2023

Happy Chinese New Year 🎉

08/08/2020

Candlestick Pattern
ယနေ့ ကမ္ဘာ့ရွှေစျေးကွက်ရော မြန်မာ့ ရွှေစျေးကွက်ရဲ့ အမြင့်ဆုံးအနေအထားကို ရောက်နေတဲ့အချိန်မှာ စျေးကွက်ကို လေ့လာဖို့အတွက် အရေးကြီးတဲ့အထဲက Candlestick Pattern ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
Candlestick Pattern ကို အဓိကထားပြီး သုံးတာက နေ့စဉ် စျေးကွက်အတက်အကျအပေါ်လိုက်ပြီး တွက်ချက်ကြတဲ့သူတွေ အများဆုံး သုံးကြပါတယ်။
အခြေခံအားဖြင့် Candlestick Pattern ကို သုံးမျိုးခွဲပြီး လေ့လာရပါတယ်။
၁။ Body - ဖွင့်စျေး၊ပိတ်စျေးကို ကိုယ်စားပြုပါတယ်။
၂။ The wick or shadow - နေ့တစ်နေ့တာရဲ့ စျေးကွက်မြင့်မလား၊ တက်မလား ဖော်ပြတဲ့ Wick ဆိုတာရှိပါတယ်။
၃။ The Color - စျေးကွက်ရဲ့ ဦးတည်ချက် (direction) ကို ရည်ညွန်းပါတဲ့ အရောင်တွေရှိပါမယ်။ များသောအားဖြင့် အစိမ်းရောင်(သို့)အဖြူရောင်က (Green or White) စျေးနှုန်းအတက်ဘက်လို့ ညွန်ပြပြီး အနီရောင် (သို့) အနက်ရောင်က (Red or Black) စျေးနှုန်းအကျဘက်ကို ရယ်ညွှန်းပါတယ်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Pazundaung
Yangon
11171