MANNA Magazine

MANNA Magazine

Share

Myanmar Christian Magazine

25/12/2023

JOY TO THE WORLD

ဤဓမ္မသီချင်းအား ၁၇၁၉ ခုနှစ်တွင် ပထမဆုံးအကြိမ် ထုတ်လွှင့်ခဲ့သည်။ Royal Philharmonic
Orchestra မှ တီးမှုတ်သီဆို အသံသွင်းခဲ့ကြပြီး conductor အဖြစ် Peter Knight မှ လုပ်ဆောင်ခဲ့သည်။ စာသားကို Isaac Watts (1674-1748) မှ ရေးသားခဲ့ပြီး သံစဉ်ကို အမေရိကန် တေးရေး ဂီတဆရာ Lowell Mason (1792-1872) တေးသံထည့်သွင်း စပ်ဆိုခဲ့သည်။ ‌Isaac Watts ရေးသားခဲ့စဉ်အချိန် ကဗျာအဖြစ်စပ်ဆို ရေးသားခဲ့ခြင်းဖြစ်ပြီး နှစ်အတန်ကြာသောအခါမှ Mason မှာ သံစဉ်ပေါင်းစပ်ကာ တေးသီချင်းအဖြစ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

လောကကြီး ဝမ်းမြောက်ခြင်းမရှိလျှင် ခရစ္စမတ်ဆိုသောအကြောင်းသည် စိတ်ကူးဖြင့်မှန်းဆကြည့်ရန်ပင် ခက်ခဲမည်ဖြစ်သော်လည်း ရှေးကျပြီး အစဥ်အလာတစ်ခုရှိသည့် ဤဂန္နဝင် ဓမ္မသီချင်းသည် အမှန်စင်စစ်ပြောင်းလဲပေးလိုက်သည်ဟု ရှုမြင်နိုင်ပြီး ခရစ္စမတ် အကြောင်းသက်သက်သာ မဟုတ်ခဲ့ပေ။

အိုင်ဇက်ဝက်(စ်), ပလေေမောက် နန်းကွန်ဖောမစ်(စ်) တစ်ဦးဖြစ်ပြီး ၎င်းသည် ခရစ်ယာန်အသက်တာဆိုင်ရာ သီချင်းများကို ကနဦးရေးသားသူ၊ အနှစ်သာရပြည့်ဝသော ဓမ္မသီချင်းများကို ရေးသားသော အင်္ဂလိပ်ဓမ္မသီချင်းများရေးသားသည့် ဖခင်ကြီးအဖြစ် ကျော်ကြားထင်ရှားခဲ့သည်။ ထိုသို့မတိုင်မှီတွင် ဝတ်ပြုကိုးကွယ်ခြင်းသီချင်းများ၌ များစွာသော ဆာလံသီချင်းများနှင့် သမ္မာကျမ်းချက်များကို သံစဥ်ထည့်သွင်းကာ သီဆိုခဲ့ကြသည်။

ဝက်(စ်)သည် ဓမ္မသီချင်း “ဆာလံ (၉၈)” အား သူ့အားနှိုးဆော်အားပေးသော သီချင်းအဖြစ် ခံယူပြီး စာသားများသည် ၎င်း၏ကိုယ်ပိုင်စာသားများဖြစ်သည်။ ဝက်(စ်) ဆာလံ အခန်းကြီး (၉၈) အခန်းငယ် (၄-၉) ထိ ကျမ်းချက်မှ “မြေကြီးသားအပေါင်းတို့ ထာဝရဘုရားအား ကြွေးကြော်ကြလော့။ အသံဗလံကိုပြု၍ ရွှင်လန်းစွာ သီချင်းဆိုလျက် ချီးမွမ်းကြလော့။” တို့ထိခြင်းကို ခံရပြီး ရေးစပ်သီကုံးခဲ့ခြင်းဖြစ်သည်။ ဆာလံ (၉၈) သာမက ဆာလံ (၉၆:၁၁-၁၃) နှင့် ကမ္ဘာဦးကျမ်း (၃:၁၇-၁၈) ထိ အကြောင်းအရာများကိုလည်း ကိုးကားကာ သီကုံးခဲ့သည်။ ယနေ့ခေတ်ကျွန်ုပ်တို့သီဆိုနေကြသည့် အန္တိအုတ် ဟုခေါ်သော သံစဥ်အမျိုးအစားကို ရှာဖွေမတွေ့ရှိမှီအချိန်ထိ ဓမ္မသီချင်းများကို နှစ်ပေါင်းရာကျော်သီဆိုခဲ့ကြသည်။ အင်္ဂလန်ထိပ်တန်းဓမ္မသီချင်းတေးရေးဆရာများ ရေးစပ်ခဲ့သောစာသားများသည် အမေရိကန်၏ အကျော်ကြားဆုံးသော ဓမ္မသီချင်းရေးစပ်သူများမှ တစ်ဦးဖြစ်သည့် Lowell Mason အား တို့ထိမှုဖြစ်စေခဲ့သည်။

၁၈၃၉ ခုနှစ်တွင် မေဆန်သည် “လောကဝမ်းမြောက်” သီချင်းကို ခေါင်းစီးသီချင်းအဖြစ် ထည့်သွင်းပြီး ဓမ္မသီချင်းများစုစည်းကာ ပထမဆုံးအကြိမ်ထုတ်ဝေခဲ့ပြီး Handel ၏ သီချင်းများကိုလည်း ထည့်သွင်းထုတ်ဝေခဲ့သည်။ ၎င်းအနေဖြင့် Handel ၏ “မေရှိယ”ဆိုသော တေးစီးရီးတွင်ပါဝင်ခဲ့သည့် "Lift up your heads" ဆိုသည့် Handel ထုတ်ဝေဖြန့်ချိခဲ့သောဓမ္မသီချင်းမှ ထပ်ဆို (Chorus) သံစဥ်များကို အလိုက်သင့်ပြောင်းလဲကာ တေးသံစဉ်ကို ထည့်သွင်းသီကျူးခဲ့သည်။

“လောကဝမ်းမြောက် ဘုရားကြွလာ” ဟူသော ဓမ္မသီချင်းသည် ယေရှုခရစ်တော်၏ ဖွားမြင်တော်မူခြင်းအကြောင်းကို အကိုးအကားပြုထားသော်လည်း နွားစားခွက်အကြောင်း၊ မယ်တော်မာရိအကြောင်း၊ မာဂုပညာရှိများအကြောင်း မပါဝင်ပေ။
ဝက်(စ်) ၏ စိတ်အတွင်းထဲတွင် နေ့ထူးနေ့မြတ်အဖြစ် ရှိနေခဲ့ခြင်း သက်သက်မဟုတ်ပေ။ သူ၏ ဓမ္မသီချင်းသည် ယေရှုခရစ်တော်သည် ဤလောကကြီးအား သူပိုင်ဆိုင်သောအရာအဖြစ် သိမ်းဆည်းရန် ပြန်လည်ကြွလာခြင်း အကြောင်းဖြစ်သည်။ တစ်နည်းဆိုရသော် တောင်ကုန်း ချိုင့်ဝှမ်းများ သန့်စင်ခြင်းခံရမည့်အချိန် ဒုတိယအကြိမ်ကြွလာခြင်းအကြောင်းဖြစ်သည်။ ကျေးဇူးတော်မှအာဒံ၏ကျဆင်ခြင်းပြီးနောက် ကျိန်ခြင်းခံနေရခြင်းမှလည်း မြေကြီးသည် လွတ်မြောက် လိမ့်မည်။ လူအများသည်လည်း ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် ဝမ်းမြောက် ကာချီးမွမ်းကြမည်ဖြစ်ပြီး ဤပျော်ရွှင်ဖွယ်အခမ်းအနားသည် လူသားများအား ကန့်သတ်ချုပ်ချယ်ခြင်း ရှိမည်မဟုတ်ပေ။ သူ၏ဝမ်းမြောက်ခြင်းသည် ကမ္ဘာလောက တစ်ခုလုံးအတွက်ဖြစ်သည်။ “လောက ဝမ်းမြောက်” သီချင်းသည် စိတ်နှစ်လိုဖွယ်ရာ မျှော်လင့်ချက်များပါဝင် သီချင်းတစ်ပုဒ်ဖြစ်ပြီး ၊ အဓိကအားဖြင့် ပထမအကြိမ် လူ့ဇာတိခံယူဆင်းသက်လာခြင်းကို ရည်ညွှန်းသည်ထက် တံပိုးမှုတ်သံများဖြင့် ဒုတိယအကြိမ်ပြန်လည် ကြွလာခြင်းကို ရည်ညွှန်းကာ စပ်ဆိုထားခဲ့ခြင်းဖြစ်သည်။ ကျော်ကြားသော ကယ်ရို သီချင်းတစ်ပုဒ်ဖြစ်လာခဲ့ပြီး ခရစ္စမတ်ရာသီကာလအဖို့ ပင်တိုင်သီချင်းတစ်ပုဒ်ဖြစ်လာ ခဲ့သည်။

ဗျာဒိတ် ၂၂း၃
ကိုးကားမှတ်စု
Clancy, Ronald M. Best-Loved Christmas Carols: The Stories behind Twenty-Five Yuletide Favorites. New York: Sterling Pub. Co, 2006.
Silent Night: The Stories behind 40 Beloved Christmas Carols. Uhrichsville, Ohio: Barbour Pub, 2013.

11/11/2023

စာအုပ်မိတ်ဆက်ကျေးဇူးတော်ချီးမွမ်းခြင်း၌

သိက္ခာတော်ရဆရာတော်ဦးစွမ်ဇာခိုင်
မှ

နှုတ်ကပတ်တော်အားဖြင့်

တည်ဆောက်ပေးခြင်း



#မေတ္တာမှုန်း၍ဆေးခြယ်မည်တို့မိသားစုပန်းချီ
#စာအုပ်မိတ်ဆက်ခြင်း #ကျေးဇူးတော်ချီးမွမ်းခြင်း
#စွမ်ဇာခိုင်
#တရားဒေသနာ

မေတ္တာမှုန်း၍ ဆေးခြယ်မည်၊ တို့မိသားစုပန်းချီ J. D Paw | ရွတ်ဖတ်သူ - Cer | MM Christian Audio Book | 09/11/2023

ကျွန်တော်တို့ရဲ့ မဂ္ဂဇင်းလေးမှာ
အစေခံ ပါဝင် ရေးသားထားတဲ့
ကလောင်ရှင် J. D. Phaw ရဲ့

-----------‌မေတ္တာမှုန်း၍ ဆေးခြယ်
တို့မိသားစု ပန်းချီ----------

ကဗျာလေးကို အသံအားဖြင့်လည်း
နားဆင်နိုင်ပြီဖြစ်ပါတယ်

ဤကဗျာလေးကို "Cer" မှ ရွတ်ဖတ်ပေးထားပါတယ်

မေတ္တာမှုန်း၍ ဆေးခြယ်မည်၊ တို့မိသားစုပန်းချီ J. D Paw | ရွတ်ဖတ်သူ - Cer | MM Christian Audio Book | မေတ္တာမှုန်း၍ ဆေးခြယ်မည်၊ တို့မိသားစု ပန်းချီမတူညီတဲ့လူနှစ်ယောက် ပေါင်းစည်းခြင်းကစတင်တဲ့ အိမ်ထောင်မတူညီ....

မိသားစု - ဉာဏဉာဏ် | ရွတ်ဖတ်သူ - Cer | Myanmar Christian Audio Book | 06/11/2023

ကျွန်တော်တို့ရဲ့ မဂ္ဂဇင်းလေးမှာ
အစေခံ ပါဝင် ရေးသားထားတဲ့
ကလောင်ရှင် ဉာဏဉာဏ်ရဲ့

-----------မိသားစု----------

ကဗျာလေးကို အသံအားဖြင့်လည်း
နားဆင်နိုင်ပြီဖြစ်ပါတယ်

ဤကဗျာလေးကို "Cer" မှ ရွတ်ဖတ်ပေးထားပါတယ်

မိသားစု - ဉာဏဉာဏ် | ရွတ်ဖတ်သူ - Cer | Myanmar Christian Audio Book | မိသားစုအတွင်းစည်းကို လုံအောင် ထိန်းရအပြင်ရန်ကိုလည်း ရရာကိုင်စွဲ တိုက်ပွဲဝင်ကြရသမုဒ္ဒရာ ဝမ်းတစ်ထွာအတွက်ရ....

သခင့်မှာတမ်း - ခန့်သစ်ရင် | ရွတ်ဖတ်သူ - Cer | Myanmar Christian Audio Book | 05/11/2023

ကျွန်တော်တို့ရဲ့ မဂ္ဂဇင်းလေးမှာ
အစေခံ ပါဝင် ရေးသားထားတဲ့
ကလောင်ရှင် ခန့်သစ်ရင်ရဲ့

-----------သခင့်မှာတမ်း----------

ကဗျာလေးကို အသံအားဖြင့်လည်း
နားဆင်နိုင်ပြီဖြစ်ပါတယ်

ဤကဗျာလေးကို "Cer" မှ ရွတ်ဖတ်ပေးထားပါတယ်

သခင့်မှာတမ်း - ခန့်သစ်ရင် | ရွတ်ဖတ်သူ - Cer | Myanmar Christian Audio Book | သခင့်မှာတမ်းကွဲပြားသောကျောက်ငါ၏ ကျောက်စုတ်ကွဲသော ကုလားကာအလယ်မှာမိုးမျက်နှာကြတ်ကို မျှော်၍ငါကိုးစားသော .....

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Address


Yangon