NEO Tech Inside

NEO Tech Inside

Share

We would like to share our IT imformation and technology news and specifications of Innovative devic

Photos from NEO Tech Inside's post 23/10/2025

REDMI K90
Xiaomi ကနေ အခုပဲ REDMI K90 Series ကို မိတ်ဆက်နေပြီပြီး REDMI K90 ကို အရင်စျေးနှုန်းနဲ့ အသေးစိတ်တရားဝင် ကြေညာလိုက်ပြီဖြစ်ပါတယ်...။

REDMI K90 ဖုန်းက စျေးနှုန်းအနေနဲ့ဆိုရင် RAM 12GB | 256GB Version ကို 2,599 Yuan (မြန်မာငွေ ၁၅~၁၆ သိန်းဝန်းကျင်) ကနေ စတငရောင်းချသွားမှာဖြစ်ပါတယ်။

အရောင်အနေနဲ့ဆိုရင် (၄) မျိုးရွေးချယ်နိုင်မယ်။ 6.59" Flat TCL M10 Super Pixel RGB OLED 120Hz Display ကို သုံးပေးထားတယ်။ အထူက 8.0mm နဲ့ အလေးချိန်က 206g ရှိမယ်။

Performance ပိုင်းမှာ Qualcomm Snapdragon 8 Elite Processor ကို သုံးပေးထားတယ်၊ Battery အနေနဲ့ 7100mAh Battery ကိုမှ 100W Fast Charging ရမယ်။ Wireless Charging မပါပေမယ့် ကြိုးနဲ့ပဲ 22.5W Reverse Wireless Charging ပြန်ထုတ်ပေးနိုင်မယ်။

Camera အနေနဲ့ကတော့ 50MP Light Hunter 800 (OIS) (1/1.55") Main Camera | 50MP OV50M 2.5x 60mm (1/2.88") Telephoto Camera နဲ့ 8MP Ultrawide Camera တွေကို ထည့်ပေးထားမယ်။ ထူးခြားတာတစ်ခုက Speaker ကို Dual 1115F Symmetrical Speaker တွေသုံးထားပေးပြီး Sound by Bose Audio Tuning လည်း လုပ်ပေးထားမယ်။

ဘာပဲဖြစ်ဖြစ် စျေးက မြန်မာအရောက်ဆိုရင်တော့ အနည်းငယ်အပြောင်းအလဲရှီနိုင်ပေမယ့် Snapdragon 8 Elite သုံးထားတဲ့ ဖုန်းတစ်လုံးအနေနဲ့ဆိုရင်တော့ REDMI K90 က တော်တော်လေး တန်သွားပြီ

03/07/2025

Design အဆန်းလွန်သွားတဲ့ Nothingရဲ့ ပထမဆုံး Flashship: Nothing Phone 3

Nothing ဆိုတဲ့‌ ကောင်က သူရဲ့ ရှင်းလင်းပေါ့ပါးတဲ့ Nothing OS‌ ကြောင့်ရယ်၊ ဖုန်းDesign တွေကို သူများနဲ့တူအောင် ထုတ်နိုင်တာရယ်ကြောင့် နာမည်ကြီးနေတဲ့ ဖုန်း Brand တစ်ခုပါ။ ဆိုတော့ အခု အသစ်ထွက်လာတဲ့ Nothing Phone (3)က Nothing ၏ ပထမဆုံးသော flagship တစ်လုံးအဖြစ် သတ်မှတ်ပြီးထုတ်ထားတာပါ။ ဒါပေမယ့်လည်း ဒီတစ်ခေါက် ဒီဇိုင်းပိုင်းအနေနဲ့ကော တစ်ခြား Compromiseဖြစ်စရာလေးတွေပါ ရှိနေသေးတာကို မြင်ရပါတယ်။( နည်းနည်းဂွကျစရာလေးတွေတော့ရှိပါတယ်🥲)

ဇူလိုင်လ 1 ရက်နေ့တုန်းက ဒီPhone 3 ကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ဇူလိုင် 15မှာတော့ စတင်ပြီးဖြန့်ချီပေးမယ်လို့ သိရပါတယ်။

ဒီဇိုင်းပိုင်း အဓိကပြောင်းလဲမှု ကတော့ ဖုန်း၏နောက်ဘက်ညာဘက်အပေါ်ထောင့်ရှိတဲ့ micro-LED မျက်နှာပြင်အသစ်။ သူက အရင်က "Glyph Light"ကို ဖြုတ်ပြီး Redesign လုပ်ထားတာဖြစ်ပါတယ်။ တော်တော်လေးလည်းလှပါတယ်။ Notification‌ တွေ၊ စိတ်ကြိုက်ကာတွန်း‌တွေ နဲ့ ဂိမ်း‌ လေးတွေတောင်ဆော့လို့ရဦးမှာပါ။ 3a seriesတွေမှာ စတင်မိတ်ဆက်ခဲ့တဲ့ "Essential Button" လည်းပါဝင်မှာ ဖြစ်ပါတယ်။ Design ပိုင်းမှာ ပြောစရာကတော့ Camera တွေက symmetric မဖြစ်ဘဲ တောင်တစ်လုံး မြောက်တစ်လုံးဖြစ်နေတာရယ် တစ်ကြောင်း၊ "Glyph Interface" ကမသုံးနေတဲ့အချိန်မှာ အနက်ရောင်ကြီးဆိုတော့ Camera တစ်လုံးနဲ့ အထင်မှားနိုင်တာက တစ်ကြောင်းဖြစ်နေလို့ ရုပ်ဆိုးနေတာပါ။ (နောင်ကျရင်တော့ လက်ခံသွားနိုင်ရင်တော့ မပြောတတ်ပါဘူး🥲)

Nothing Phone (3)ကို Qualcomm Snapdragon 8s Gen 4 သုံးထားပြီးတော့ 50MP (main၊ ultrawide နှင့် 3x periscope) နဲ့ 50MP ဆယ်လ်ဖီကင်မရာ‌ တွေကို ထည့်ပေးထားပါတယ်။ Camera အကုန်လုံးမှာ 4K 60fps ဖြင့် OIS ဖြင့် ဗီဒီယိုရိုက်ကူးနိုင်မှာပါ။

Displayအနေနဲ့က 6.67 inches 1.5K resolution နဲ့ 120 Hz AMOLED screen ပါပြီးတော့ peak brightness 4500 nits အထိရနိုင်ပါမယ်။ ဒီနေ့ရာမှာ ပြောစရာရှိတာက LTPO သုံးမပေးထားတာပါဘဲ။ သူတောင်း‌တဲ့ဈေးမှာ LTPS Panel ဘဲသုံးပေးထားတယ်ဆိုတော့ လက်ရှိ Turbo 4 pro ကိုင်နေတဲ့သူတွေဆိုရင် ကွာခြားတာကို ခံစားလို့ရမယ်တောင် မထင်ပါဘူး။ ဒါပေမယ့် Color၊ Resolutionနဲ့ Durability ပိုင်းမှာတော့ အားကောင်းလိမ့်မယ်လို့ထင်ပါတယ်။

Battery အနေနဲ့ကတော့ 5150mAh Silicon/Carbon Battery (India Modelမှာ‌တော့တွင် 5500mAh) ပါမှာ ဖြစ်ပြီး 65W Wired Charging နဲ့ 15W Wireless Charging support ပေးသွားမှာလည်း ဖြစ်ပါတယ်။

OS အနေနဲ့ Andriod (15) Nothing OS 3.5 နဲ့ လာမှာဖြစ်ပြီး တော့ OS support 5 နှစ် နဲ့ Security Support 7 နှစ်ထိပေးမှာ ဖြစ်ပါတယ်။Flagship tier ပါဘဲ။ IP-68 Rating ပါ ပထမဆုံး Nothing ဖုန်းဆိုလည်း မမှားပါဘူး။ Built Qualityကတော့ Glass Back, Metal Frameနဲ့ ဖြစ်သွားမှာဖြစ်ပြီး‌တော့ အရောင်အနေနဲ့ Black and White နှစ်ရောင်ဘဲ ထွက်မှာဖြစ်ပါတယ်။ စျေးနှုန်းကတော့ 12/256 အတွက် $799 USD/€799/£799 မှာ စတင်မှာဖြစ်ပြီး 16GB RAM နှင့် 512GB storage Option‌ တွေလည်း ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

ဆိုတော့ နိဂျုံးခုတ် ရမယ်ဆိုရင် Design ကို လက်ခံနိုင်ပြီးတော့ LTPO မပါလည်း ဖြစ်တယ်ဆိုတဲ့ သူတွေအတွက်တော့ ဒီဖုန်းက သေချာပေါက် Future Proof ဖြစ်ပါလိမ့်မယ်။ Nothing OS နဲ့ Long Term Support ကို သဘောကျရင်တော့ ဝယ်သင့်ပါတယ်။

Photos from NEO Tech Inside's post 25/04/2025

Snapdragon 8s Gen 4 နဲ့ Redmi Turbo 4 Pro ကို မိတ်ဆက်

Xiaomi ရဲ့ Brand အခွဲတစ်ခု ဖြစ်တဲ့ Redmi အနေနဲ့ သူတို့ရဲ့ Redmi Turbo 4 Proကို ယနေ့ပဲ တရုတ်နိုင်ငံအတွင်းမှာ မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။

Redmi တို့ရဲ့ ထုံးစံအတိုင်း Price to Performance ရှယ်ကြမ်းမှာဖြစ်ပြီး Battery အနေနဲ့ဆိုရင် 7550 mAh ထိပါဝင်လာမှာပါ ။ ဒီလောက်ပမာဏ များတဲ့ Battery ပမာဏ ပါဝင်လာပေမဲ့လည်း ဖုန်းရဲ့Batteryက 6550 mAh ထိပါဝင်ထားပြီး အထူအနေနဲ့ 8.06mm ရှိတဲ့ Redmi Turbo 4 နဲ့ယှဉ်မယ်ဆိုရင်တောင် 7.98mm ထိအထူကိုလျှော့ချပေးလိုက်နိုင်ပါတယ်။

ဖုန်းတစ်လုံးအနေနဲ့ ဒီလောက်များပြားတဲ့ Battery ပမာဏကိုအားပြန်သွင်းဖို့အတွက် 90W Wired Charge ကို Support လုပ်ပေးထားတယ်ဆိုတော့ Battery ပိုင်းမှာတော်တော်လေးအားရဖို့ကောင်းတာအမှန်ပါပဲ။

Design ပိုင်းမှာတော့ Redmi Turbo 4 နဲ့ယှဉ်မယ်ဆိုရင် အများကြီးပြောင်းလဲထားတာကိုမတွေ့ရပေမဲ့ Display ပိုင်းမှာ 6.83 Inches 1.5K Resolution ကိုမှ OLED LTPS Panel သုံးပေးထားပါသေးတယ်။ Brightness အနေနဲ့ကတော့ 1800 Nits ထိရှိမှာပါ။

Performance ပိုင်းအတွက်က Qualcomm ရဲ့ Snapdragon 8s Gen 4 လို Chip မျိုးကိုအသုံးပြုပေးလာပြီး ကင်မရာပိုင်းအတွက်ဆိုရင်လည်း 50MP LTY 600 OIS Main Sensor ကိုမှ 8MP Ultrawide ကိုအသုံးပြုပေးလာပြီးတော့ Selfie Camera အတွက်ကိုတော့ 20MP Selfie Camera ကိုအသုံးပြုပေးထားပါတယ်။

တစ်ခြား Features တွေအနေနဲ့ဆိုရင် အကြမ်းခံနိုင်တဲ့နေရာမှာ IP69 Dust & Water Resistance ထိပါဝင်လာသလို WiFi 7 , Bluetooth 5.4 လိုမျိုး Latest Connectivity တွေကိုအသုံးပြုပေးထားပြီး Hatpic ပိုင်းအတွက်ဆိုရင်လည်း X axis haptics နဲ့ အိမ်မှာ ရှိတဲ့ Electronic ပစ္စည်းတွေကို Remote Control လိုမျိုး ထိန်းချုပ်နိုင်ဖို့အတွဥ◌် IR Blaster နည်းပညာကိုလည်းထည့်သွင်းပေးထားပါသေးတယ်။

ဈေးနှုန်းတွေအနေနဲ့ဆိုရင်တော့

12+256: ¥1999
16+256: ¥2299
12+512: ¥2499
16+512: ¥2699
16+1TB: ¥2999 ကိုမှ ပြန်လည်ရောင်းချသူတွေအတွက် Tax / Profit / Transportation Charges တွေထပ်ပေါင်းကျသင့်မှာပါ။

Redmi Turbo Series ရဲ့ ထုံးစံအတိုင်း Redmi Turbo 4 Pro ကို Harry Potter Edition အနေနဲ့ပါထုတ်သွားဖို့ရှိပြီး Special Edition ထုံးစံအတိုင်း Exclusive Gift Box / Harry Potter Theme Phone Back Design / Harry Potter Theme Cover / Harry Potter Theme တွေနဲ့ Redmi Turbo 4 Pro ( Harry Potter Edition ) ရဲ့ ဈေးနှုန်းကတော့ 16GB + 512GB ကို ¥2799 ကျသင့်မယ်လို့လဲသိရပါတယ်။

18/09/2024

United Airlines ၏ ပျံသန်းမှုခရီးစဥ်အားလုံးတွင် Starlink Internet ကို အခမဲ့ပေးအပ်လာမည်ဟုဆို
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

အမေရိကန်ပြည်ထောင်စုက အထင်ကရလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ United Airlines ဟာ သူ့တို့ရဲ့လေယာဉ်တွေအားလုံးမှာ Starlink ရဲ့ ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုကိုတပ်ဆင်သွားဖို့ရှိကြောင်း ကြေညာလိုက်ပါတယ်။ ဒီတပ်ဆင်မှုဟာ နှစ်အနည်းကြာမြင့်ဖွယ်ရှိပြီး ပထမဆုံးစမ်းသပ်မှုကို ၂၀၂၅ခုနှစ်ဆန်းပိုင်းမှာ ပြုလုပ်သွားဖွယ်ရှိပါတယ်။ အစီစဉ်အတိုင်းသာဖြစ်လာခဲ့မယ်ဆိုရင် Starlink ဝန်ဆောင်မှုရရှိတဲ့ United Airlines ရဲ့ ပထမဆုံးခရီးစဥ်ကို နောက်နှစ်လောက်မှာ စတင်ပြေးဆွဲလာမှာပါ။ United လေကြောင်းလိုင်းကတော့ လေယာဉ် ၁,၀၀၀ ကျော်မှာ Starlink စနစ်တွေ တပ်ဆင်ဖို့ စီစဉ်ထားပြီး ဒီအတိုင်းအတာအလိုက် Starlink ဝန်ဆောင်မှုကို ပံ့ပိုးပေးမယ့် အကြီးဆုံး လေကြောင်းလိုင်းဖြစ်လာမှာပါ။

လေကြောင်းလိုင်းဘက်က အမြန်နှုန်းအတိအကျကိုတော့ ထုတ်ဖော်ထားခြင်းမရှိပေမယ့် လေယာဉ်ထိုင်ခုံနောက်မှာ တပ်ဆင်ထားတဲ့မျက်နှာပြင်ပေါ်မှာပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့စမတ်ဖုန်းတွေနဲ့ဖြစ်ဖြစ် Live TV ကြည့်တာ၊ စီးရီးနဲ့ရုပ်ရှင်တွေ ကြည့်တာ၊ ဂိမ်းဆော့တာ၊ လူမှုကွန်ရက်အသုံးပြုတာ၊ အွန်လိုင်းစျေးဝယ်တာ အစရှိတဲ့ မည်သည့်အင်တာနက်သုံးစွဲမှုကိုမဆို အသုံးပြုနိုင်အောင် စီစဉ်ပေးမှာဖြစ်ပါတယ်။

Starlink Aviation ရဲ့ ထောက်ပံ့ရေးမှတ်တမ်းတွေအရ ဒီဝန်ဆောင်မှုဟာ ဒေါင်းလုပ်အမြန်နှုန်း 40 Mbps ကနေ 220 Mbps အထိ ရနိုင်ပြီး ခရီးသည်တွေအားလုံးဟာ တစ်ပြိုင်တည်း ဗီဒီယိုတွေကို သက်တောင့်သက်သာနဲ့ ကြည့်ရှုနိုင်တဲ့ အမြန်နှုန်းရရှိမှာ ဖြစ်ပါတယ်။

220 Mbps ဆိုတာ အိမ်တွေမှာလက်ရှိ 1 Gbps လောက်ရနေတဲ့ အချို့မြေပြင်အခြေစိုက် အင်တာနက်ဝန်ဆောင်မှုတွေရဲ့ မြန်နှုန်းနဲ့နှိုင်းယှဥ်မယ်ဆိုရင် မပြောပလောက်တဲ့ ပမာဏလို့ဆိုနိုင်ပေမယ့် လေယာဉ်ပေါ်မှာတော့ လွန်စွာမြန်ဆန်တဲ့ အတွေ့အကြုံပဲ ဖြစ်ပါတယ်။ The Wall Street Journal က Joanna Stern ရဲ့ အဆိုအရ အချို့လေကြောင်းခရီးစဉ်တွေဟာ ခေတ်ဟောင်း 3G ကွန်ရက်ကို ဆက်လက်အသုံးပြုနေတုန်းပဲလို့ဆိုပါတယ်။ ဒီအမြန်နှုန်းက အီးမေးလ်ပို့တာ၊ စာရေးတာတွေအတွက် လုံလောက်တယ်ဆိုပေမယ့် အခြားလုပ်ဆောင်မှုတွေအတွက် မလုံလောက်တော့ပါဘူး။

SpaceX ရဲ့ Starlink လို အင်တာနက်ဝန်ဆောင်မှုတွေကတော့ မြန်ဆန်စွာပျံသန်းနေတဲ့ လေယာဥ်တွေကိုတိုက်ရိုက်ထုတ်လွင့်ပေးနိုင်တဲ့ ပတ်လမ်းနိမ့်ဂြိုလ်တုကို မှီခိုပြီး အမြန်ဆုံးကြိုးမဲ့ကွန်ရက်ကိုပေးအပ်နေတာဖြစ်ပါတယ်။ Starlink တပ်ဆင်ထားတဲ့ JSX လေယာဉ်ခရီးစဥ်တစ်ခုမှာ Sternရဲ့ လတ်တလောစမ်းသပ်ချက်အရ ဒေါင်းလုပ်အမြန်နှုန်း 150 Mbps နဲ့ အထင်ကြီးလောက်စရာ latency ကို ရရှိခဲ့တယ်လို့ဆိုပါတယ်။

လောလောဆယ်တော့ Starlink ဝန်ဆောင်မှုကို Hawaiian Air နဲ့ JSX ဆိုတဲ့ လေကြောင်းလိုင်း ၂ခုကသာ အသုံးပြုနေပြီး United လေကြောင်းလိုင်းရဲ့အသုံးပြုမှုက ဒီဝန်ဆောင်မှုကို ပိုမိုကျယ်ပြန့်လာစေမှာဖြစ်ပြီး လေကြောင်းလိုင်းတွေအနေနဲ့ သူတို့ရဲ့အင်တာနက်ဝန်ဆောင်မှုတွေကို အပြိုင်အဆိုင်တိုးတက်အောင်လုပ်ဆောင်ရတော့မယ့် အခြေအနေကို ရောက်ရှိလာတော့မှာပါ။

Source: TechSpot

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon