Dawn Note Book
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dawn Note Book, Book shop, Yangon.
01/07/2022
သင့်မှာ ပိုင်ဆိုင်နေ တဲ့ စာအုပ် တအုပ် ရဲ့ တန်ဖိုးက. သင့်အပေါ်မှာ မူတည်ပါတယ်
ဘယ်လိုမူတည်လဲဆိုတော့ကာ
1. သင် ထိုစာအုပ်ကို သင်ကိုယ်တိုင် ဖတ်ရင်း ရလာတဲ့ အကျိုးအမြတ်တွေက သင်ခန်းစာ/ ရသ/ ဗဟုသုတ/ ဘဝနေထိုင်မှု/ အတွေးအခေါ်/ အပြောင်းအလဲဆိုင်ရာစံသတ်မှတ်ချက်များ/ စသည့်တွေ ဖြစ်ပြီး သင့်ကို အကျိုးရှိစေမှာပါ
2. သင်သည် ထိုစာအုပ်ကို သင့်တော်သော သင့်တင့်လျောက်ပတ်သော စာဖတ်ဝါသနာရှင်များ စာပေအိုးများ တက်သစ်စလူငယ်များ လောကမျိုးစုံမှာ ကျင်လည်နေသော လူပုဂ္ဂိုလ်များ စသည့် တွေကို လျှူဒါန်းပါက သင်သည် ပညာဒါနကုသိုလ်ကို ရရှိနိုင်မည်ဖြစ်သည်
3. သင်သည် ထိုစာအုပ်ကို လျော်ပတ်မှန်ကန်သော ပတ်ဝန်းကျင် စာအုပ်စာပေလောကများ တွင် မှန်ကန်သော တန်ဖိုးနဲ့ ဝယ်ရောင်းလုပ်နေပါက သင်သည် စာအုပ်စာပေလောကနဲ့ လူသားတိုင်းအတွက် အကျိုးပြုနေသော အရောင်းအဝယ်လုပ်ငန်းတခုကို လုပ်ကိုင်နေသော အကျိုးရှိပုဂ္ဂိုလ် ဖြစ်နေသည်ကို သင် မှတ်ယူထားရမည်ဖြစ်သည်
4. သင်သည် ထိုစာအုပ်ကို နှစ်ပေါင်းများစွာ စာအုပ်စင်မှာ ထားရှိပါက အကျိုးရလဒ် နှစ်ခုထွက်နိုင်ပေသည်
ပထမတချက် တန်ဖိုးရှိသော ထိုစာအုပ်ကို စနစ်တကျ မပျက်မစီး သေချာသိမ်းဆည်းထားခြင်းအားဖြင့် နောင်လာနောက်သားတွေအတွက် အမွေအနှစ်ထားခြင်းသကဲ့သို့ မှတ်ယူရမည်
ဒုတိယ တချက်ကား သင်သည် ထိုစာအုပ်ကို စနစ်မကျ သိမ်းဆည်းထားခြင်းကြောင့် သင်သည် ခြကဲ့သို့ သတ္တဝါလေးများအား အစာကျွေးနေခြင်းပင်ဖြစ်သည်
5. သင်သည် စာဖတ်ခြင်းကို လူသားတိုင်းအားလုံးအတွက် နှစ်သက်စေမည့် အလေ့အထတခုဖြစ်စေရန်အလို့ငှာ မှန်ကန်သောစာပေများအား ဖတ်စေရန် တိုက်တွန်းခြင်းသည်လည်း လူသားအားလုံးအတွက် အကျိုးရှိစေမည့် လုပ်ရပ်တခုပင်ဖြစ်သည် ထိုကြောင့် သင်သည် ထိုစာအုပ်အား အနီးအနားရှိ သင့်ပတ်ဝန်းကျင်မှ လူတွေအား ဖတ်စေရန် ငှားခြင်း ဖတ်စေခြင်းအားဖြင့် သင်သည် သင်ရဲ့ထိုစာအုပ်ကိုတန်ဖိုးကို မြှင့်ပေးနေသလိုပင်ဖြစ်သည်
6. သင်သည် ထိုစာအုပ်အား စာရွက်စက္ကူ အရောင်းဆိုင်ကို ပိဿာချိန်ဖြင့် ရောင်းလိုက်ခြင်းကတော့ သင်သည် ထိုစာအုပ်ရဲ့ တန်ဖိုးကို ကုန်ဆုံးစေခြင်းပင်ဖြစ်သည် (ထိုသို့ မလုပ်မိစေရန် အကြံပြုပါသည်)
ထို့ကြောင့်
ဝါးစက္ကူဖြင့် လုပ်ထားသော တန်ဖိုးရှိ စာအုပ်/စာ သော်လည်းကောင်း
ဖုန်း ကွန်ပြူတာ မှ တွေ့ရှိရသော တန်ဖိုးရှိ စာအုပ်/စာ များသော်လည်းကောင်း ဖတ်ခြင်း အားဖြင့် သင့်ဘဝနဲ့လောကအတွက်အကျိုးရှိစေရန် ဒီနေ့ကစပြီး စာဖတ်ခြင်းကို ပြန်လည် စတင် သို့မဟုတ် အချိန်ပိုပေးပြီး တိုး၍ဖတ်ခြင်းဖြင့် ဘဝလောကကြီးကို တဖန်ပြန်လည် အသက်သွင်းကြပါစို့လား
အားလုံးကိုလေးစားလျက်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon