ESTY Tyre Service
Over 20 Years of successful service
02/05/2026
✨ ကားပြင်ဆင်မှုနဲ့ တာယာလဲလှယ်မှုအတွက် စိတ်ပူနေစရာ မလိုတော့ပါ ❗
လူကြီးမင်းတို့ရဲ့ ကားတွေကို စစ်ဆေးဖို့၊ ပြင်ဆင်ဖို့ ဒါမှမဟုတ် အရည်အသွေးမြင့် တာယာအသစ်တွေ ဝယ်ယူတပ်ဆင်ဖို့ စီစဉ်နေပြီလား။ 🤔
ESTY ရဲ့ ဝန်ဆောင်မှုကောင်းတွေကို ရယူချင်ပေမယ့် ဘယ်ဆိုင်ခွဲက အနီးဆုံးဖြစ်မလဲ၊ ဘယ်လို လာရောက်ရမလဲဆိုတာ စိတ်ရှုပ်ထွေးနေပါသလား။ 🤷
စိတ်ပူစရာမလိုတော့ပါဘူး! ဒီpost လေးက အခက်အခဲတွေကို ဖြေရှင်းပေးမှာပါ။ 😊
ဒီပို့စ်အောက်မှာ ဖော်ပြထားတဲ့ ပုံလေးတွေကို တစ်ပုံချင်းစီ သေချာကြည့်ရှုပြီး လာရောက်ရမယ့် လမ်းညွှန်ချက်တွေကို ဖတ်ကြည့်ပေးပါ ခင်ဗျာ။ လူကြီးမင်းအတွက် အနီးဆုံး ESTY ဆိုင်ခွဲကို အခုပဲ လာရောက်နိုင်ပါပြီ။ 🚗
🛠 ESTY မှာ ခေတ်မီစက်ကိရိယာတွေနဲ့အတူ ကားပြုပြင်ရေးကျွမ်းကျင်သူများ က အသေးစိတ် စစ်ဆေးပြုပြင်ပေးနေပါတယ်။
ဒါ့အပြင် အရည်အသွေးအကောင်းဆုံး တာယာမျိုးစုံကိုလည်း စိတ်တိုင်းကျ ရွေးချယ်နိုင်ပါတယ်။ 🤩
လူကြီးမင်းတို့ရဲ့ ယုံကြည်မှုကို အကောင်းဆုံး ဝန်ဆောင်မှုနဲ့ ပြန်လည်ပေးဆပ်ဖို့ အသင့်ရှိနေပါတယ်။ ✔️
ESTY မှာ အကောင်းဆုံး စိတ်ကျေနပ်မှုကို ရယူလိုက်ပါ ✨
01/05/2026
လုပ်ငန်းခွင်အသီးသီးတွင် တာဝန်ကိုယ်စီဖြင့် ကမ္ဘာကြီးကို တိုးတက်အောင် ဖန်တီးပေးနေကြသည့် အလုပ်သမားများကို ESTY မှ ဂုဏ်ပြုပါတယ်ခင်ဗျာ 💪
30/04/2026
ကဆုန်လပြည့် ဗုဒ္ဓနေ့ရဲ့ အေးမြတဲ့ အရိပ်အာဝါသအောက်မှာ မြန်မာပြည်သူပြည်သားအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပြီး ကောင်းမှုကုသိုလ်များ ပြုနိုင်ကြပါစေလို့ ESTY မိသားစုက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ။ 🙏
29/04/2026
နေပူဒဏ်ကြောင့် ထိခိုက်နိုင်တဲ့ ကားရဲ့အစိတ်အပိုင်း (၅) ခု
☀️ဒီလို အပူချိန်မြင့်မားတဲ့ ရာသီဥတုမှာ ကားကို ပစ်ထားလို့ မရပါဘူး။ အပူဒဏ်ကြောင့် အမြန်ဆုံး ပျက်စီးနိုင်တဲ့ ကားရဲ့ အစိတ်အပိုင်း (၅) ခုကို သိထားပြီး ကြိုတင်ကာကွယ်ကြရပါခင်ဗျာ။
1️⃣ နေပူဒဏ်ကြောင့် တာယာအတွင်းက လေဖိအား မြင့်တက်လာပါတယ်။ တာယာအဟောင်းတွေဆိုရင် ပေါက်ကွဲနိုင်ပါတယ်။
2️⃣ ပြင်းထန်တဲ့ အပူချိန်က ဘက်ထရီအတွင်းက အရည်တွေကို အငွေ့ပျံစေပြီး ဘက်ထရီသက်တမ်းကို လျင်မြန်စွာ လျော့ကျစေသလို ကားစက်နှိုးရ ခက်ခဲစေပါတယ်။
3️⃣ အပူချိန် အရမ်းများတဲ့အခါ အင်ဂျင်ဝိုင်တွေ စောစီးစွာ ပျက်စီး (Breakdown) နိုင်ပါတယ်။ ဒီအခါမှာ အင်ဂျင်အတွင်းပိုင်း ပွတ်တိုက်မှုကို ကာကွယ်ပေးနိုင်စွမ်း နည်းသွားပြီး အင်ဂျင်ကို ထိခိုက်စေပါတယ်။
4️⃣ အင်ဂျင်ကို အေးအောင်လုပ်ပေးတဲ့ Radiator နဲ့ Coolant တွေက အပူချိန်လွန်ကဲတဲ့အခါ အလုပ်ပိုလုပ်ရပါတယ်။ Radiator မကောင်းရင် Engine Overheat (အင်ဂျင်ပူလွန်းခြင်း) ဖြစ်ပြီး ကားလမ်းမှာ ရပ်သွားနိုင်ပါတယ်။
5️⃣ နေရောင်ခြည်က ဝိုက်ပါ (Wipers) နဲ့ ကားတံခါး၊ ပြတင်းပေါက်က ရော်ဘာအကန့်တွေကို ကြွပ်ဆတ်ပြီး အက်ကွဲစေနိုင်ပါတယ်။
🚗 လူကြီးမင်းတို့ရဲ့ ကားတွေကို စစ်ဆေးချင်တယ်၊ ပြုပြင်ချင်တယ်ဆိုရင်တော့ ESTY ဆိုင်ခွဲတွေကို ကြွရောက်ပေးဖို့ ဖိတ်ခေါ်ပါရစေခင်ဗျာ 🤗
🏪 ESTY မှာ အကောင်းဆုံး စိတ်ကျေနပ်မှုကို ရယူလိုက်ပါ ✨
⚠️ ESTY မှ post များကို လွတ်လပ်စွာ Share နိုင်ပါသည်။ တိုက်ရိုက်ကူးယူပြီး ပြန်တင်ခြင်း ခွင့်မပြုပါ ⚠️
26/04/2026
ဂျာမနီနိုင်ငံရဲ့ Autobahn အမြန်လမ်းပေါ်မှာ ဆီကုန်လို့ ကားရပ်လိုက်ရတာဟာ သာမန်ကိစ္စမဟုတ်ဘဲ ဥပဒေနဲ့မကင်းတဲ့ လုပ်ရပ် တစ်ခုဖြစ်ပါတယ်။ 🇩🇪
🔺 ဂျာမန်ဥပဒေအရ ဆီကုန်ခြင်းဟာ စက်ချို့ယွင်းချက် (Emergency) မဟုတ်ဘဲ မောင်းနှင်သူရဲ့ "ကြိုတင်ပြင်ဆင်မှုမရှိတဲ့ ပေါ့ဆမှု" လို့ သတ်မှတ်ပါတယ်။
🔺 ဆီသွားဝယ်ဖို့ ကားပေါ်ကဆင်းပြီး လမ်းလျှောက်တာဟာလည်း အလွန်အန္တရာယ်များတဲ့အတွက် တရားမဝင်ပါဘူး။
🔺 အခြေအနေပေါ်မူတည်ပြီး ယူရို ၃၀ မှ ၇၀ ကြား ဒဏ်ရိုက်ခံရနိုင်သလို လိုင်စင်မှာလည်း အပြစ်ပေးမှတ် (Points) အဖြတ်ခံရနိုင်ပါတယ်။
👨⚖️ ဒီလို ဥပဒေကို သက်မှတ်ထားတဲ့ အဓိက အကြောင်းရင်းကတော့ အရှိန်ကန့်သတ်ချက်မရှိတဲ့ လမ်းမပေါ်မှာ ရပ်ထားတဲ့ကားဟာ အသက်အန္တရာယ်ဖြစ်စေတဲ့ "အတားအဆီး" တစ်ခု ဖြစ်သွားနိုင်လို့ပဲ ဖြစ်ပါတယ်။
🚘 ကားနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ဗဟုသုတတွေ နဲ့ အကြံပေးချက်တွေကို အပတ်စဉ် တင်ပေးနေမှာဖြစ်လို့ ESTY Tyre Service page ကို follow လုပ်ထားဖို့ မမေ့ပါနဲ့ခင်ဗျာ 🤗
⚠️ ESTY မှ post များကို လွတ်လပ်စွာ Share နိုင်ပါသည်။ တိုက်ရိုက်ကူးယူပြီး ပြန်တင်ခြင်း ခွင့်မပြုပါ ⚠️
20/04/2026
😪 သင်္ကြန်ပိတ်ရက်ရှည်မှာ ခရီးဝေးတွေမောင်းနှင်ခဲ့တာ၊ ရေပက်ခံထွက်ခဲ့တာတွေကြောင့် လူကြီးမင်းတို့ရဲ့ ကားလေးက လူလိုပဲ ပင်ပန်းနေနိုင်ပါတယ် နော်။
ရုံးပြန်တက်ရတဲ့နေ့တွေ ရောက်လာပြီဆိုတော့ လမ်းမှာ ကားပြဿနာတစ်ခုခုကြောင့် အလုပ်သွား/အိမ်ပြန်နောက်ကျတာတာတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်တာမျိုး မရှိရလေအောင် ESTY မှာ လာရောက်စစ်ဆေးကြည့်ပါဦးလို့ တိုက်တွန်းပါရစေ ခင်ဗျာ။ 😊
✅ ESTY မှာ လူကြီးမင်းတို့ စိတ်ကြိုက်ရွေးချယ်နိုင်ဖို့ ကမ္ဘာကျော် တာယာ Brand ပေါင်းစုံကိုလည်း အရည်အသွေးစိတ်ချရမှုအပြည့်နဲ့ ရရှိနိုင်ပါတယ်။
"လူကြီးမင်းတို့ကားတွေကို စိတ်အေးချမ်းသာစွာ မောင်းနှင်နိုင်ဖို့ တာယာအသစ်လဲမလား၊ ကားပဲစစ်ဆေးမလား... အားလုံးအတွက် ESTY က အဆင်သင့်ရှိနေပါပြီ။" 👨🔧
Click here to claim your Sponsored Listing.
Category
Website
Address
No 11, Panchan Street, Myaynigoe Township
Yangon
11061