migrate.me

migrate.me

Share

We offer migration, wealth management consulting services.

18/05/2026

Founder Approved Content ကြီးလို စာအရှည်ကြီးတွေ မရေးတော့ဘူး... Marketing Team ကတော့ Client တွေ တကယ်သိချင်တဲ့အချက်ကို လိုရင်းတိုရှင်းပဲ ပြောလိုက်တော့မယ်! 🤪👇

ထိုင်းမှာ ရေရှည်နေမယ် / တတိယနိုင်ငံကူးဖို့လည်း Plan ရှိတယ်? ၁၄ ရက် Free Visa နဲ့ပဲလာလာ၊ TR နဲ့ပဲဝင်ဝင် နိုင်ငံပြင်ထွက်စရာမလိုဘဲ ED (Language) Visa ကို အလွယ်တကူ တန်းချိန်းလို့ ရပါတယ်။

✅ တစ်ပတ် (၂) ရက် or (၃) ရက်ပဲ ကျောင်းတက်ရမှာမို့ ကိုယ့်အလုပ် လုံးဝမပျက်ဘူး။
✅ (၆) လ ဗီဇာကနေ (၁၅) ဗီလအထိ ရွေးချယ်လို့ရတယ်။

🔥 အရေးအကြီးဆုံးက: အရင်၆လဗီဇာကို၂၃,၀၀၀ ဘတ် ကနေ အခု Promo ဈေး ၂၁,၀၀၀ ဘတ် ထဲနဲ့ ကျောင်းအပ်တာကစလို့ ဗီဇာရတဲ့အထိ အစအဆုံး တာဝန်ယူပေးသွားမှာပါ! (သတိ-ယခု စျေးနှုန်းတွင် immigration ကို​​ပေးရမည့် Visa Fees မပါဝင်ပါ)

ဈေး ပြန်မတက်ခင် အခုပဲ migrate.me မှာ လာအပ်ထားလိုက်တော့နော် 🏃‍♂️💨

+959 793 292 325 (MM)
+66 623 301 730 (TH)

16/05/2026

ထိုင်းနိုင်ငံ ဗီဇာ၊ ပညာရေးနှင့် Business Setup ဝန်ဆောင်မှုပေးနေသော Consultancy Firm တွင် တာဝန်ထမ်းဆောင်ရန် ဖြစ်သည်။

၁။ Commercial Manager (၁ ဦး)
တာဝန်များ: အရောင်းဗျူဟာချမှတ်ခြင်း၊ Sales & Operations အဖွဲ့ကို ဦးဆောင်ခြင်းနှင့် စီးပွားရေးဆွေးနွေးမှုများ ပြုလုပ်ခြင်း။

လိုအပ်ချက်များ:

Sales/Marketing အတွေ့အကြုံ (၅ နှစ်မှ ၁၀ နှစ်)။

Team Management အတွေ့အကြုံ (၂ နှစ်မှ ၃ နှစ်)။

အင်္ဂလိပ်စာ C2 Level (အကျွမ်းတဝင် ပြောဆိုနိုင်ရမည်)။

High-ticket sales အတွေ့အကြုံရှိရမည်။

၂။ Sales Executive (၂ ဦး)
လိုအပ်ချက်များ:

အရောင်းပိုင်း အတွေ့အကြုံရှိသူ ဦးစားပေးမည်။

ဗီဇာနှင့် ကျောင်းလျှောက်ထားမှုဆိုင်ရာ ဗဟုသုတရှိရမည်။

အလုပ်ချိန်: တနင်္လာ မှ စနေ (Full-Time)

💰 အကျိုးခံစားခွင့်များ (ရာထူးနှစ်ခုလုံးအတွက်)
လစာ: ညှိနှိုင်း (Base Salary + Performance Bonus)

အလုပ်နေရာ: သီတာလမ်း၊ ကြည့်မြင်တိုင်၊ရန်ကုန်

📩 How to Apply
Send your CV to: [email protected]

14/05/2026

ထိုင်းအစိုးရက နိုင်ငံခြားသားများအတွက် ကန့်သတ်လုပ်ငန်း (၉) မျိုးကို ဖြေလျှော့ပေးလိုက်ပြီ။ Source - matichon

ထိုင်းနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြားသား လုပ်ငန်းရှင်တွေအတွက် လုပ်ငန်းစဉ်တွေ ပိုမိုလွယ်ကူမြန်ဆန်လာတော့မှာပါ။ ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကနေ နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းဥပဒေ (Foreign Business Act - FBA) အရ နိုင်ငံခြားသားတွေ လုပ်ကိုင်ခွင့် ကန့်သတ်ထားတဲ့ စာရင်းထဲကနေ လုပ်ငန်း (၉) မျိုးကို ပယ်ဖျက်ပေးဖို့ အစိုးရအဖွဲ့ကို တင်ပြလိုက်ပြီ ဖြစ်ပါတယ်။

ဒါဟာ စည်းကမ်းတွေ အကုန်လွှတ်ပေးလိုက်တာ မဟုတ်ဘဲ၊ ထပ်နေတဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေကို ရှင်းလင်းပြီး ရင်းနှီးမြှုပ်နှံမှု အသစ်တွေ အမြန်ဝင်လာအောင် လမ်းဖွင့်ပေးလိုက်တဲ့ သဘောပါ။

ပယ်ဖျက်ပေးလိုက်တဲ့ လုပ်ငန်း (၉) မျိုးကို အောက်ပါအတိုင်း အုပ်စု (၃) စု ခွဲခြားထားပါတယ် —

အုပ်စု (၁) သီးခြားဌာနများမှ ကြီးကြပ်ပြီးသား လုပ်ငန်းများ: (၁) ဆက်သွယ်ရေးဝန်ဆောင်မှု၊ (၂) Treasury Center လုပ်ငန်း၊ (၃) အာမခံနှင့် ငွေချေးလုပ်ငန်း၊ (၄) Over-the-counter derivatives (အနာဂတ်ကုန်သွယ်မှု) ဆိုင်ရာ အကြံပေးလုပ်ငန်း၊ (၅) လယ်ယာထွက်ကုန် အနာဂတ်ကုန်သွယ်မှုလုပ်ငန်း။
(ဒီလုပ်ငန်းတွေက သက်ဆိုင်ရာဌာနတွေက အနီးကပ် ကြီးကြပ်နေပြီးသားဖြစ်လို့ စီးပွားရေးဝန်ကြီးဌာနကနေ ထပ်ဆင့် ခွင့်ပြုချက် ယူစရာ မလိုတော့အောင် ဖြေလျှော့ပေးလိုက်တာပါ။)

အုပ်စု (၂) ကုမ္ပဏီအုပ်စုတွင်း ဝန်ဆောင်မှုများ: (၆) မိမိတို့ ကုမ္ပဏီခွဲများအချင်းချင်း ဝန်ဆောင်မှုပေးသော HR, IT နှင့် ရုံးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ၊ (၇) ကုမ္ပဏီအချင်းချင်း အကြွေးအာမခံပေးသည့်လုပ်ငန်း။

အုပ်စု (၃) ပြည်တွင်းလုပ်ငန်းများကို မထိခိုက်သော အခြားလုပ်ငန်းများ: (၈) ATM နှင့် အရောင်းစက် (Vending Machine) များ တပ်ဆင်ရန် နေရာငှားရမ်းခြင်း၊ (၉) ရေနံတူးဖော်ရေး ဝန်ဆောင်မှုလုပ်ငန်း။

ဒီလို ဖြေလျှော့လိုက်တဲ့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဟာ ဝန်ကြီးဌာနဆီမှာ ထပ်ဆင့်ခွင့်ပြုချက် (FBL) တောင်းရမယ့် အဆင့် လျော့သွားပြီး အချိန်ကုန် အများကြီး သက်သာသွားမှာပါ။ ဒါပေမဲ့ ဗဟိုဘဏ်၊ ကော်မရှင်နဲ့ စွမ်းအင်ဝန်ကြီးဌာန စတဲ့ သက်ဆိုင်ရာ ဌာနတွေရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း သက်ဆိုင်ရာ လုပ်ငန်းလိုင်စင်တွေကိုတော့ ဆက်လက် လျှောက်ထားရမှာ ဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ထိုင်းနိုင်ငံကို ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုဗဟိုချက် (Hub) တစ်ခုဖြစ်လာစေဖို့ပါပဲ။

💡 migrate.me Business Consultant ၏ အမြင် (Consultant POV)

ဒီသတင်းဟာ ထိုင်းနိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ (Foreign Investors) တွေအတွက် အလွန်အားတက်စရာကောင်းတဲ့ အပြောင်းအလဲတစ်ခုပါ။ အစိုးရကိုယ်တိုင်က "Red-tape" လို့ခေါ်တဲ့ ရုံးကြန့်ကြာမှုတွေကို သိသိသာသာ လျှော့ချပေးနေတာကို မြင်ရပါတယ်။ အထူးသဖြင့် ကုမ္ပဏီခွဲတွေအများကြီး ဖွင့်ထားတဲ့ Corporate တွေကြားမှာ လုပ်ဆောင်ရတဲ့ "Intra-group ဝန်ဆောင်မှုတွေ" (ဥပမာ - HR/IT) ကို FBA စာရင်းကနေ ပယ်ဖျက်ပေးလိုက်တာဟာ လုပ်ငန်းလည်ပတ်မှုကို အများကြီး သွက်လက်စေပါတယ်။

ဒါပေမဲ့ လုပ်ငန်းရှင်တွေဘက်က သတိပြုရမယ့် အရေးကြီးဆုံးအချက်က — "FBA ခွင့်ပြုချက် မလိုတော့ဘူး" ဆိုတာ "ဘာလိုင်စင်မှ မလိုတော့ဘူး" လို့ ဆိုလိုတာ မဟုတ်ပါဘူး။

သက်ဆိုင်ရာ ဌာနတွေရဲ့ Specific License တွေ ယူရမယ့် Process တွေ၊ စည်းမျဉ်းစည်းကမ်းတွေက တင်းကျပ်ဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်လုပ်မယ့် လုပ်ငန်းက ဖြေလျှော့ပေးတဲ့အထဲ ပါနေသလား၊ ပါခဲ့ရင်တောင် ဘယ်ရုံးတွေဆီမှာ ဘာလိုင်စင်တွေ ဆက်လုပ်ရဦးမလဲ ဆိုတာကို အတိအကျ သိနိုင်ဖို့ လိုပါမယ်။

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Thida Street, Kyimyindine Township
Yangon
11101

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00