MITSU
ဆန်၊ပုဇွန်ခြောက်၊လက်ဖက်၊ပြောင်း၊ပဲ၊ကော်ဖီ အရောင်သန့်စင်စက်
03/11/2025
🙏🏻တန်ဆောင်မုန်းလပြည့်နေ့
သာမညဖလအခါတော်နေ့ 🙏🏻
ပျော်စရာ တန်ဆောင်မုန်းလပြည့်နေ့ အခါသမယလေးဖြစ်ပါစေ။
သာမညဖလ အခါတော်နေ့ တန်ဆောင်မုန်းလပြည့်နေ့လေးမှာ မြန်မာပြည်သူပြည်သားများအားလုံး ဘေးဘယာဝေးကွာ၍ ကုသိုလ်တရားများပွါးများနိုင်ကြပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာရွှင်လန်းနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာများပို့သအပ်ပါသည်။ 🙏🏻
#သာမညဖလအခါတော်နေ့
06/10/2025
✨🙏🏻 သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ✨🙏🏻
❝ သီတင်းကျွတ် လပြည့်နေ့ ❞ သည် ဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ကြီး တစ်နေ့ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူလာသည့်နေ့ ဖြစ်သဖြင့် ထူးမြတ်သောနေ့ အဖြစ်အသိအမှတ်ပြုကြသလို… မြတ်စွာဘုရား ဆင်း သက်ကြွမြန်းလာသည်ကို ရည်စူး၍ ဘုရားရှင်အားပူဇော်သည့်အနေဖြင့် ထိုနေ့တွင် မီးများ ထွန်းကာ မြင်းမိုရ်ပွဲ ဆင်ယင်ကျင်းပကြလေ့ ရှိပါတယ်။
ယနေ့ကျရောက်သော သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) တွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည် 🙏🏻🙏🏻🙏🏻
15/09/2025
✨ကျေးဇူးတင်လွှာ✨
============
ဟိုပုံးမြို့ “Green Gold Coffee Farming General Co-Operative Society Limited ” မိသားစုမှ "MITSU RC 4 Coffee Color Sorter (ကော်ဖီအရောင်ရွေးစက်) အား ယုံကြည်စိတ်ချစွာဖြင့် တောင်ပေါ်သားရီရှင်း (စိုက်ပျိုးရေး) ကုမ္ပဏီမှ ရွေးချယ်မှု မှန်ကန်စွာ ဝယ်ယူအားပေးသွားတဲ့အတွက် အထူးပင်ဝမ်းမြောက်စွာ ကျေးဇူးတင်ရှိပါသည်။
“Green Gold Coffee Farming General Co-Operative Society Limited ” မိသားစု “ လည်း စီးပွားရေး လုပ်ငန်းများ၊ အရောင်းအဝယ်များ ပိုမိုသွက်လက် မြန်ဆန်ကာ တိုးတက်အောင်မြင်ပါစေကြောင်း ထပ်မံဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် 🙏
ဆန်စက်လုပ်ငန်းရှင်များ၊ သီးနှံစုံလုပ်ငန်းသုံးပွဲရုံများသာမက ကော်ဖီလုပ်ငန်းရှင်များအနေဖြင့်လည်း Model- RC Series ( မစ်စူ ) အမှတ်တံဆိပ်ပါ Color Sorter ( အရောင်ရွေးစက် ) များကို ဝယ်ယူ တပ်ဆင်လိုပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါတယ်နော် …
Yangon Hotline 📲 (09) 882549986 / (09) 882549978
(09) 882549978 သို့ မှ တစ်ဆင့်လည်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်
🏢 အမှတ် ၉/၁၀ ဘေဂျင်းလမ်း၊ အနောက်ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့
06/09/2025
❝ တော်သလင်း လပြည့်နေ့ ❞
🙏🏻 ဂရုဓမ္မအခါတော်နေ့ 🙏🏻
တော်သလင်း လပြည့်နေ့ဟူသည်မှာ ဂေါတမမြတ်စွာဘုရားရှင်သည် ဂရုဓမ္မဇာတ်တော်ကို ဟောကြားခြင်းအား အကြောင်းပြု၍ တော်သလင်းလပြည့်နေ့ကို ❝ ဂရုဓမ္မအခါတော်နေ့ ❞ အဖြစ် ဗုဒ္ဓဘာသာဝင်များက သတ်မှတ်ကျင်းပကြလေ့ရှိကြပါတယ်။ဂရုဓမ္မ၏အဓိပ္ပာယ်မှာ ငါးပါးသီလ စောင့်ထိန်းခြင်းဟု အဓိပ္ပာယ်ရပါတယ်။
မြန်မာ့ဆယ့်နှစ်ရာသီလများအနက် တော်သလင်းလတွင် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ကောင်းနေ့မြတ်ဖြစ်သော ❝ တော်သလင်း လပြည့်နေ့ ❞ ဖြစ်သဖြင့် ဂရုဓမ္မအခါတော်နေ့ကိုကျင်းပကြပြီး ဘုရားကျောင်းကန်များတွင် ငါးပါးသီလ ဥပုသ်သီတင်းများကို စောင့်ထိန်းကြလေ့ရှိကြပါတယ်။
ငါးပါးသီလဟူသည် “သူ့အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတစ်ပါးသားမယားတို့ကို ကာမဂုဏ်ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ အရက်သေစာ သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း” ဟူသည့် ဂရုဓမ္မငါးပါးသီလကို ကောင်းစွာစောင့်ထိန်းနိုင်၍ လုံခြုံအောင်ပြုမှုနေထိုင်ကြရင်း …
ဓမ္မမိတ်ဆွေများအားလုံး ကပ်ကြီးသုံးပါးအန္တရာယ်မှ ကင်းဝေးနိုင်ကြစေပြီး တရားဓမ္မများကို ကောင်းစွာအားထုတ်နိုင်ကြ၍ သံသရာဝဋ်ဆင်းရဲဒုက္ခများမှ လွတ်မြောက်အောင် အားထုတ်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာများ ပို့သအပ်ပါသည်။
#တော်သလင်းလပြည့်နေ့ #ဂရုဓမ္မအခါတော်နေ့
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
No. (9/10), Bejing Street, Bayintnaung Road, West GyoGone, Insein
Yangon