K.T.E Language Academy

K.T.E Language Academy

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from K.T.E Language Academy, Language school, Yangon.

18/09/2023

မိမိအနေနဲ့ ပညာရေး 𝐝𝐞𝐠𝐫𝐞𝐞 တစ်ခုမှ မရှိလည်း ကိုရီးယားမှာ စနစ်တစ်ခုနဲ့သွားရောက်အလုပ်လုပ်ကိုင်ခွင့်ရှိပါတယ်။

အဲ့တာကတော့ 𝐄𝐏𝐒 စနစ်ပါ။
👉🏻 𝐄𝐏𝐒 ဆိုတာ 𝐄𝐦𝐩𝐥𝐨𝐲𝐦𝐞𝐧𝐭 𝐏𝐞𝐫𝐦𝐢𝐭 𝐒𝐲𝐬𝐭𝐞𝐦 လို့ခေါ်ပါတယ်။

👉🏻ဆောက်လုပ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေအတွက်
အလုပ်သမားခေါ်ယူဖို့ မြန်မာ-ကိုရီးယားနှစ်နိုင်ငံသဘောတူညီမှုဖြင့် ခေါ်ယူတဲ့စနစ်ဖြစ်ပါတယ်။

👉🏻 အထက်ဖော်ပြပါ အလုပ်အကိုင်များအတွက် ဝန်ဆောင်မှု ပေးနိုင်ရန် မည်သည့် 𝐀𝐠𝐞𝐧𝐭 ကိုမျှ လုပ်ပိုင်ခွင့် ပေးထားခြင်းမရှိဘဲ အစိုးရကသတ်မှတ်ထားသော 𝐄𝐏𝐒-𝐓𝐨𝐩𝐢𝐤 𝐄𝐱𝐚𝐦 ကို ဝင်ရောက်ဖြေဆို အောင်မြင်ပြီးမှသာ တရားဝင်အလုပ်လုပ်ကိုင် ခွင့်ရမှာ ဖြစ်ပါတယ်။

ဘယ်လိုလူတွေ 𝐄𝐏𝐒 စနစ်နဲ့ အလုပ် လုပ်ကိုင်နိုင်သလဲ ❓

🔰 𝐄𝐱𝐚𝐦 ဖြေဆိုပြီး အောင်မြင်ပါက ဖောင်တင်ပြီး 𝟑လခန့်မှစ၍ အလုပ်ခေါ်စာများ ခွင့်ပြုပေးပါသည်။

🔰အလုပ်လျှောက်သူသည် အသက် 𝟏𝟖 နှစ်မှ 𝟑𝟗 နှစ်အတွင်းရှိပြီး ကျန်းမာသန်စွမ်းသူ အမျိုးသားများသာ ဖြစ်ရမည်။

မိမိအနေနဲ့ 𝐄𝐏𝐒 𝐄𝐱𝐚𝐦 အောင်မြင်သော်လည်း အောက်ဖော်ပြပါ အချက်အလက်များနဲ့ ငြိစွန်းပါက သွားရောက်အလုပ်လုပ်ကိုင်ခြင်း မပြုနိုင်ပါ။

📌𝐇𝐈𝐕/𝐀𝐈𝐃𝐒/𝐁ပိုး/𝐂ပိုး/𝐓𝐕/အဆုပ်မကောင်းခြင်းနှင့်တခြားသော ကူးစက်ဝေဒနာ ခံစားရသူ။
📌ကိုရီးယားနိုင်ငံအတွင်း ယခင်က ဝင်ရောက်ဖူးပြီး ပြစ်မှုမှတ်တမ်းရှိ သောသူ။
📌အရောင်ကာလာများကို မခွဲ ခြားနိုင်သော 𝐂𝐨𝐥𝐨𝐫 𝐁𝐥𝐢𝐧𝐝များ။
📌နိုင်ငံအတွင်းမှ ပြည်ပသို့ ထွက်ခွာခွင့် ပိတ်ပင်ခံထားရသူ။

ဘယ်လောက်ကြာအောင် လုပ်ကိုင်နိုင်သလဲ ❓
🔰𝟒 နှစ်နဲ့ 𝟏𝟎 လအထိ လုပ်ကိုင်နိုင်ပါတယ်။

ပထမအကြိမ် စာချုပ်သက်တမ်းပြည့်ပြီးသော်လည်း ဥပဒေချိုးဖောက်သည့် ကိစ္စမျိုးမရှိပါက မိမိအလုပ်ရှင်နှင့် အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ် ဒုတိယအကြိမ်ထပ်မံချုပ်ဆိုကာ လုပ်ကိုင်နိုင်ကြောင်းလည်း သိရပါတယ်။

💁🏻 ကိုရီးယားနိုင်ငံဟာ 𝐀𝐬𝐢𝐚𝐧 𝐂𝐨𝐮𝐧𝐭𝐫𝐢𝐞𝐬 တွေထဲမှာ တတိယမြောက် လုပ်ခလစာ အများဆုံးနိုင်ငံဖြစ်ပါတယ်။

မိမိအနေနဲ့ ကိုရီးယားမှာ သွားရောက်အလုပ်လုပ်ချင်တယ်ဆိုရင်တော့ 𝐄𝐏𝐒 𝐓𝐨𝐩𝐢𝐤 𝐄𝐱𝐚𝐦 မဖြစ်မနေ ဝင်ရောက်ဖြေဆိုရပါမည်ခင်ဗျာ။

𝐄𝐏𝐒 စနစ်နဲ့ 𝐄𝐱𝐚𝐦 အကြောင်း ကိုသိချင်ရင်တော့ 𝐏𝐚𝐠𝐞 𝐜𝐛 မှာ အချိန်မရွေး မေးမြန်းနိုင်ပါတယ်။

#𝐊.𝐓.𝐄 𝐀𝐜𝐚𝐝𝐞𝐦𝐲

Photos from K.T.E Language Academy's post 10/08/2023

🇰🇷🇰🇷🇰🇷 Korea နိုင်ငံတွင် ဝင်ငွေကောင်းကောင်း နှင့် အလုပ်အကိုင် သွားရောက်လုပ်ကိုင်လိုပါသလား ??? 🇰🇷🇰🇷🇰🇷

✅ Korea နိုင်ငံမှ EPS စနစ်ဖြင့် ဖော်ပြပါ လုပ်ငန်းများအတွက် နှစ်စဉ် 🇲🇲🇲🇲🇲🇲 မြန်မာလုပ်သားများစွာ ကို ခေါ်ယူလျှက်ရှိပါသည် ။

✔️ ကိုးရီယားမှ ခေါ်ယူလိုသည့်လုပ်ငန်း(၃)မျိုး

🔰*ကုန်ထုတ်လုပ်ငန်း
🔰*ဆောက်လုပ်ရေးလုပ်ငန်း
🔰 *စိုက်ပျိုး/မွေးမြူရေး လုပ်ငန်း
စသည့်(၃)မျိုးရှိပြီး ဖောင်ထုတ်ရာတွင် မိမိ ကြိုက်နှစ်သက်ရာ(၁)ခု ကို ဖောင်ဖြည့်ရာတွင်ရွေးချယ်ခွင့်ရှိ

ကိုရီးယားမှ ခေါ်ယူသော လုပ်ငန်းစိတ်များ
ကုန်ထုတ်လုပ်ငန်း (Manufacturing ) မှ မိမိတို့ ကြိုက်နှစ်သက်ရာ ဦးစားပေးလျှောက်ထားနိုင်သောလုပ်ငန်းစိတ်များ

🔰 ကုန်ထုတ်လုပ်ငန်းများ

(၁) စားသောက်ကုန်နှင့် အဖျော်ယမကာ ထုတ်လုပ်ရေး
(၂) ဆေးရွက်ကြီးထုတ်လုပ်ရေး
(၃) အထည်လိပ်ထုတ်လုပ်ရေး
(၄) ချုပ်ပြီးအထည်နှင့် သားမွှေးထည်ထုတ်လုပ်ရေး
(၅) သားရေလုပ်ငန်းနှင့် သားရေပစ္စည်းများ ထုတ်လုပ်ရေး
(၆) သစ်ပစ္စည်းနှင့် သစ်ထွက်ပစ္စည်းထုတ်လုပ်ရေး (ပရိဘောဂမပါ)
(၇) စက္ကူ ပျော့ဖတ် နှင့် စက္ကူပစ္စည်းထုတ်လုပ်ရေး
(၈) ပုံနှိပ်လုပ်ငန်းနှင့် ပုံနှိပ်ပစ္စည်းထုတ်လုပ်ရေး
(၉) ဖော့ ၊ရေနံထွက်ပစ္စည်းနှင့် အနုမြူလောင်စာထုတ်လုပ်ရေး
(၁၀) ဓာတုဗေဒပစ္စည်းများထုတ်လုပ်ရေး
(၁၁) ရာဘာနှင့် ပလတ်စတစ်ပစ္စည်းများ ထုတ်လုပ်ရေး
(၁၂) သတ္ထုမဟုတ်သည့်ပစ္စည်းများထုတ်လုပ်ရေး
(၁၃) သတ္ထုထုတ်လုပ်ရေး
(၁၄) သတ္ထုပုံစံခွက်မိုလ်ဖြင့် ပစ္စည်းထုတ်လုပ်ခြင်း
(၁၅) အခြားစက်များနှင့် စက်အကြီးများထုတ်လုပ်ရေး
(၁၆) ကွန်ပျူတာနှင့် ရုံးသုံးပစ္စည်းများထုတ်လုပ်ရေး
(၁၇) လျှပ်စစ်ပစ္စည်းနှင့်ထရန်စဖော်များထုတ်လုပ်ရေး
(၁၈) အီလက်ထရောနစ်ပစ္စည်း ၊ ဗီဒီယို အော်ဒီယိုနှင့် ဆက်သွယ်ရေး တိုင်းထွာရေးပစ္စည်းများထုတ်လုပ်ခြင်း အရံပစ္စည်း နှင့် ပြင်ဆင်ရေးပစ္စည်းများထုတ်လုပ်ရေး
(၁၉) ဆေးပစ္စည်းနှင့် အနုစိတ်တိုင်းထွာရေး နာရီကြီးငယ်ထုတ်လုပ်ရေး
(၂၀)မော်တော်ယဉ်နှင့် နောက်ဆက်တွဲ ထုတ်လုပ်ရေး အရံပစ္စည်းနှင့် ပြင်ဆင်ရေးစက်များထုတ်လုပ်ခြင်း
(၂၁)အခြားသယ်ပို့ယဉ်များ အရံပစ္စည်းများ နှင့့် စက်ပြင်ကိရိယာများထုတ်လုပ်ရေး
(၂၂) ပရိဘောဂနှင့် အခြားဆက်စပ်ပစ္စည်းများထုတ်လုပ်ရေး
(၂၃)စွန့်ပစ်ပစ္စည်းများပြန်လည်အသုံးပြုနိင်ရေးတို့ ဖြစ်ပါတယ်။
ကုန်ထုတ်လုပ်ငန်းမှာ ထို လုပ်ငန်းစိတ် ၂၃မျိုးထဲမှ ကြိုက်နှစ်သက်သည့် ၃မျိုးကို ရွေးချယ် ဦးစားပေးခွင့် ရှိသည်။

🔰 စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ

★ သစ်ပင်များ စိုက်ပျိုးခြင်း၊ တူးဆွခြင်း၊သစ်သီးများ ခူးဆွတ်ခြင်း၊
★ အသီးအနှံများ ရိတ်သိမ်းခြင်း
- မွေးမြူရေး ကဏ္ဍတွင်
★ တိရစ္ဆာန်များ မွေးမြူစောင့်ရှောက်ခြင်း၊
★ တိရစ္ဆာန်အစားစာများကို ရောစပ်ပေးခြင်း
★ မွေးမြူရေးနှင့်သက်ဆိုင်သောလုပ်ငန်းများ အစရှိသဖြင့်ရှိပါတယ်။

🔰ဆောက်လုပ်ရေးလုပ်ငန်းတွင် ပါဝင်သောလုပ်ငန်း အမျိုးအစားများ

🛠️ ရထားလမ်းဖောက်ခြင်း၊ ဥမင်လိုဏ်ခေါင်း တူးဖော်ခြင်း
🛠️ တံတားများ ဆောက်လုပ်ခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများ
🛠️ သံချည်သံကွေးလုပ်ငန်း
🛠️ ဂဟေဆက်လုပ်ငန်း အစရှိသဖြင့် ရှိပါတယ်။

✅ ဒီလိုအခွင့်အလမ်းတွေအတွက် 🇰🇷 EPS (Employment Permit System) စာမေးပွဲ ကို အောင်မြင်စွာ ဖြေဆို နိုင်ရမည်ဖြစ်ပြီး
ကျွန်တော်တို့ 🔰 KTE Language Academy 🔰 ကနေ EPS စာမေးပွဲအတွက် ဝါရင့်အတွေ့အကြုံရှိ ဆရာ ဆရာမများမှ ကိုရီးယားဘာသာစကားကို အခြေခံမှစ၍ ကျွမ်းကျွမ်းကျင်ကျင် ဖြစ်ပြီး အောင်မြင်စွာဖြေဆိုနိုင်အောင် သေချာသင်ကြားပေးမည်ဖြစ်ပါသည်။

✅ သင်တန်းသားဦးရေကို တတန်းတွင် ၁၅ ယောက်သာ သတ်မှတ်ထားသည့်အတွက် လက်မနှေးဘဲ မြန်မြန်ကျောင်းအပ်နိုင်ပါပြီ

✅ စောစောအပ်နှံသည့် ကျောင်းသားများကိုလည်း 5% discount ပေးသွားမှာဖြစ်ပါသည်

✅✅✅ နယ်ဝေးရပ်ဝေးမှ လာရောက်သင်ကြားမည့် အတန်းသားများအတွက် အဆောင်နေရာများကို K.T.E language academy မှချိတ်ဆက်ဆောင်ရွက်ပေးပါမည်။

🇰🇷🇲🇲 မျှော်မှန်းချီတက်၊
ရှေ့သို့လှမ်းချီ K.T.E Academy 🇰🇷🇲🇲

* အသေးစိတ်သိရှိလိုပါက......
* 📲 09404033090
* 📲 09767303090
* 📲 09958303090 သို့ ဆက်သွယ် မေးမြန်းစုံစမ်း နိုင်ပါသည် ။

01/08/2023
30/05/2023

E-9 Visa မဟုတ်ဘဲ ၊ အခြားဗီဇာဖြင့် ကိုရီးယား လာပြီး အလုပ်လုပ်လို့ မရဘူးလား
-----------------
မကြာခဏ မေးနေကြလို့ ၊ ရှာဖွေတင်ပြလိုက်ပါတယ် ။
E-1 Professor
E-2 Foreign Language instructors
E-3 Researchers
E-4 Technical instructors
E-5 Lawyers, Accountants, Doctors
E-6 Artists, Actors, Performers, Athletes
E-7 Experts (including interpreters), Designers, Chefs
E-8 Seasoning Workers
E-10 Sailors
C-4 Short-term visa for E-types workers (up to 90 days)
H-2 Ethnic Korean (from former Soviet Union and China)
---------------
E-1 ပါမောက္ခ/တွဲဖက်ပါမောက္ခ/ကထိက/လက်ထောက်ကတိက/နည်းပြ
E-2 (နိုင်ငံခြား) ဘာသာစကား နည်းပြ
E-3 သုသေတန/သရုပ်ပြ
E-4 နည်းပညာနည်းပြ
E-5 ရှေ့နေ/ပြည်သူ့စာရင်းကိုင်/ဆရာဝန်
E-6 အနုပညာ/သရုပ်ဆောင်/အားကစားနည်းပြ/ဖျော်ဖြေရေး
E-7 စားဖိုမှူး/ဒီဇိုင်းနာ/ကျွမ်းကျင်လုပ်သား(စကားပြန်အပါ)/ပရိုသမားများ
E-8 ရာသီချိန်လုပ်သား
E-10 သင်္ဘောသား
C-4 ရက်တိုအလုပ်ဗီဇာ ။ (ရက်၉၀အောက် အီး-ဗီဇာ အမျိုးအစားပညာရှင်များ)
H-2 ကိုရီးယားနွယ်ဖွားများ (ယခင်ဆိုဗီယက် နှင့် တရုတ်ပြည်)
-----------------
ကဲ
မိတ်ဆွေတို့ ၊ အီး-၉ ဗီဇာ မဟုတ်လည်း ကိုရီးယားလာပြီး အလုပ်လုပ်လို့ရတယ်ဆိုတာ သိကြပါပြီလား ။
အားလုံး အလုပ်အကိုင်ကောင်းများ ရကြပါစေဗျား ။
-------------------
မေတ္တာဖြင့်-
ဦးဦးဝိုင်း
20220131

မူရင်း post ပိုင်ရှင်အား Crd ပေးပါသည်။

Photos from K.T.E Language Academy's post 24/05/2023

🇰🇷 ကင်ချီမြေမှာ အလုပ်သွားရောက် လုပ်ကိုင်လိုသည့် အိပ်မက်များ အကောင်အထည်ဖော်လိုပါသလား ⁉️

🇰🇷 ယနေ့အချိန်တွင် ပညာအရည်အချင်းမလိုအပ်ဘဲ ကိုရီယားစာ ကိုရီယားစကား တစ်မျိုးတည်းကိုသာ ကျွမ်းကျင်စွာတတ်မြောက်ခြင်းဖြင့် ကိုရီးယားနိုင်ငံတွင် တရားဝင်သွားရောက်လုပ်ကိုင် နိုင်ပါပြီ။

🇰🇷 K.T.E Language Academy မှ ဝါရင့်အတွေ့အကြုံရှိ ဆရာ၊ ဆရာမများမှ ကိုရီးယားဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ဖြစ်သည်အထိ သေချာသင်ကြားပေးမည်ဖြစ်ပါသည်။

🇰🇷 သင်တန်းတက်ရောက်သည့်အချိန်မှ ကိုရီးယားနိုင်ငံသို့ ယုံကြည်မှုအပြည့်အဝဖြင့်သွားရောက် လုပ်ကိုင်နိုင်ရန် K.T.E language academy မှ သင်တန်းသားများကို အပြည့်အဝ တာဝန်ယူဆောင်ရွက်ပေးနေပါသည်။

✅ သင်တန်းတက်မည်ဆိုပါက...

🟢 အတန်းချိန်မှန်မှန်တက်ရောက်ရန်
🟢 ကိုယ်ပိုင်စာကြည့်ချိန် မှန်မှန်ထားရန် လိုအပ်ပါသည်။
သို့မဟုတ်လျှင်... အချိန်ကုန် လူပင်ပန်းပြီး အကျိုးမရှိဖြစ်နိုင်ပါသည်။

✅ သင်တန်းမှ သင်ကြားပေးသော စာများကို နေ့စဉ်မှန်မှန်ကြိုးစားသင်ယူပြီးနောက် ကိုရီးယားအစိုးရမှ စစ်ဆေးသော စာမေးပွဲများတွင် ဝင်​ရောက်ဖြေဆိုနိုင်ပါသည်။

K.T.E Language Academy မှ မိမိတို့​၏ သင်တန်းသားများ စာမေးပွဲဖြေဆိုခြင်းနှင့် ပတ်သက်သည့် လိုအပ်ချက်များကိုလည်း တာဝန်ယူဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

✅✅✅ ကိုရီးယားနိုင်ငံတွင် သွားရောက်လုပ်ကိုင်နိုင်သည့် အဓိကအချက်မှာ စာမေးပွဲအောင်မြင်မှသာ သွားရောက်နိုင်မည် ဖြစ်ပါသည်။

✅ သင်တန်းကာလ - ၅ လ
စဖွင့်မည့်ရက် - ၃-၇-၂၀၂၃
သင်တန်းရက် - တနင်္လာ, ဗုဒ္ဓဟူး, သောကြာ, စနေ
အချိန် - မနက် (၁၀) နာရီ မှ နေ့လည် (၁၂)နာရီ

(🟢 ရုံးချိန်လွတ် သင်တန်းများအတွက် ဆက်သွယ်စုံစမ်းနိုင်ပါသည်။)

✅ သင်တန်းကြေး - ၃.၅ သိန်း (ကိုရီးယားဘာသာ အခြေခံ သဒ္ဒါအရေးအဖတ်ပါသည့် သင်ရိုးစာအုပ်လည်း အခမဲ့ပေးသွားမည် ဖြစ်ပါသည်။)

✅ ဇွန်လတန်းခွဲအတွက် သင်တန်းသား အားလုံးကို သင်တန်းကြေး​၏ ၅% Discount နှင့် sport shirt (1)ထည်၊ ပြဌါန်းစာအုပ် များပေးအပ်သွားမည်။

✅ ထို့အပြင် သင်တန်းအပ်နှံသူများအနက် ကနဦး အပ်နှံသူ(၅)ဦး အား သင်တန်းကြေး​၏ ၁၀% Discount ခံစားခွင့်ပေးသွားဦးမှာပါ။

✅ သင်တန်းသားသစ် တစ်ကြိမ်းတည်း (၁) ဦးမှ (၄) ဦးအထိ ခေါ်ယူပေးသူများအတွက် သင်တန်းကြေး​၏ ၃% Discount ခံစားခွင့်၊ သင်တန်းသားသစ် (၅) ဦးနှင့်အထက် ခေါ်ယူပေးသူများအတွက် သင်တန်းကြေး​၏ (၅)% Discount ခံစားခွင့်များ ရရှိအုံးမှာမို့ အမြန်ဆုံး ဆက်သွယ် စုံစမ်းစာရင်း ပေးသွင်းနိုင်ပါပြီ ။

✅ သင်တန်းသားဦးရေကို တစ်တန်းတွင် ၁၅ ယောက်သာ သတ်မှတ်ထားသည့်အတွက် လက်မနှေးဘဲ မြန်မြန်ကျောင်းအပ်နိုင်ပါပြီ။

✅✅✅ နယ်ဝေးရပ်ဝေးမှ လာရောက်သင်ကြားမည့် အတန်းသားများအတွက် အဆောင်နေရာများကို K.T.E centre မှချိတ်ဆက်ဆောင်ရွက်ပေးပါမည်။

✔️ ကိုရီးယားနိုင်ငံသို့သွားရောက်လုပ်ကိုင်ရန် လိုအပ်ချက်များမှာ

* အသက် ၁၈ နှစ်မှ ၃၈ နှစ်အတွင်းရှိ ယောကျ်ားလေးဖြစ်ရပါမည်။
* ရာဇဝတ်မှုကျူးလွန်ဖူးခြင်း မရှိသူဖြစ်ရပါမည်
* Color blind ရှိသူ မဖြစ်ရပါ
* သတ်မှတ်ထားသော အစိုးရဆေးစစ်ဌာနများတွင် ကျန်းမာရေး ဆေးစစ်ချက်အောင်မြင်သူ ဖြစ်ရပါမည်။
*** မျက်မှန်တပ်ထားသူများ , တက်တူးရှိသူများလည်း သွားရောက်နိုင်ပါသည်။
*** ပညာအရည်အချင်း အကန့်အသတ်မရှိပါ
*** E.P.S Topik စာမေးပွဲ ဖြေဆိုအောင်မြင်ရပါမည်။

🇰🇷 EPS စနစ် (Employment Permit System) သည် ကိုရီးယားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသော နိုင်ငံခြားသားများအတွက် ကိုရီးယား လူ့စွမ်းအား ဖွံ့ဖြိုးမှု အဖွဲ့အစည်းမှ စီစဉ်ကျင်းပပေးသော စာမေးပွဲဖြစ်ပါသည်။

🇲🇲🇰🇷 မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန နှင့် ကိုရီးယားနိုင်ငံ အလုပ်သမားရေးရာဝန်ကြီးဌာန တို့က အစိုးရ အချင်းချင်း ချိတ်ဆက်ကာ တရားဝင်ခေါ်ယူသော နိုင်ငံခြား အလုပ်အကိုင်တခုဖြစ်ပါသည်။

❗️ ကိုရီးယားအစိုးရမှ တရားဝင်ခေါ်ယူသော အလုပ်အကိုင်များဖြစ်သည့်အတွက် စာမေးပွဲ ဖြေဆိုအောင်မြင်မှသာ အလုပ်အကိုင်အခွင့်အလမ်းရရှိမှာဖြစ်ပါသည်... မည်သည့် ပုဂ္ဂလိက Agency နှင့်မျှချိတ်ဆက်၍လည်း သွားရောက်နိုင်ခြင်း မရပါ။

💯 မိမိရည်မှန်းချက်များ ပြည့်ဝဖို့ K.T.E language academy မှာ သင်တန်းများတက်ရောက်ပြီး အိပ်မက်များကို အကောင်ထည်ဖော်ကြပါစို့

🇰🇷🇲🇲 မျှော်မှန်းချီတက်၊
ရှေ့သို့လှမ်းချီ K.T.E Academy 🇰🇷🇲🇲

* အသေးစိတ်သိရှိလိုပါက......
* 📲 09404033090
* 📲 09767303090
* 📲 09958303090 သို့ ဆက်သွယ် မေးမြန်းစုံစမ်း နိုင်ပါသည် ။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00