Fit Square Gym HTY Branch
Proper fitness training along with proper certified trainers and modernized fitness equipments in Yangon.
05/07/2022
💥💥FiT Square Gym (လှိုင်သာယာBranch )ဖွင့်ပွဲအထူးDISCOUNT အစီအစဥ်ကြေငြာခြင်း💥💥
❤️ ခပ်သန့်သန့် စတိုင်ကျကျ၊ စက်အစုံအလင်နဲ့ လေဝင်လေထွက်ကောင်းကောင်း၊ ကျယ်ကျယ်ဝန်းဝန်းကစားချင်တဲ့ memberများအဆင်ပြေဖို့ သင်ဇာကြော်ငြာတဲ့ မြို့ထဲကနာမည်ရ FiT Square Gym လှိုင်သာယာမှာ ရောက်လာပါပြီနော် 😘😘
💜ကျနော်တို့ FiT Square Gym ရဲ့ HTY Branchကိုစတင်ဖွင့်လှစ်လိုက်ပြီး Memberများစိတ်ချမ်းသာစွာ ကစားနေကြပါပြီဗျား🥰🥰
💙Normal Priceက တစ်လ 40000ဆိုပေမဲ့ ယနေ့မှစ၍ပထမဦးဆုံးလာရောက်အပ်နှံသူအယောက်(၃၀)ကိုတော့ 🎁 DISCOUNT 10000KS တိတိပေးမှာဖြစ်လို့ တစ်လကို 30000KS ထဲနဲ့ကစားခွင့်ရသွားမှာပါနော်😱 လူမပြည့်ခင် ခပ်မြန်မြန်လေးလာအပ်ဖို့တော့ လိုမယ်နော့်☺️☺️
📢 ၂လ ၃လအပ်နှံသူmemberများအတွက် လည်း အထူးနှုန်း DISCOUNT များအဖြစ် 😱၂လအတွက် 55000KS သာကျသင့်မှာဖြစ်ပြီး 😱၃လအတွက် 80000KS သာကျသင့်မှာပါနော်!!! ဖွင့်ပွဲအထိမ်းအမှတ်အခွင့်အရေးတွေကိုထိထိမိမိအသုံးချပြီး အလန်းစားBodyတွေပိုင်ဆိုင်နိုင်ပါပြီ😘
😍Friendly & Smile Certified Trainers များကmemberတဦးချင်းစီကို ထိရောက်ပြီး သေချာစနစ်ကျနသောFitness Programများဖြင့်တာဝန်ယူTrainပေးမယ်ဆိုတော့ Bodyတွေ မြန်မြန်လှတော့မယ်နော့်🥰
ကဲ...DISCOUNT တွေလွတ်မသွားရအောင် အယောက်(၃၀)မပြည့်ခင်အမြန်ဆုံး Enrollလုပ်ဖို့မမေ့နဲ့အုံးဗျ💪🏾
💰Discount 10000Ks ရယူနိုင်ဖို့ဆို အရင်ဆုံး ဒီPostကို Like & Shareပေးဖို့တော့ လိုအပ်ပါတယ်နော်😘😘
🌃လိပ်စာ > အမှတ်၁၇၈၊ သီရိမဂ်လာလမ်း (ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်) ဆောက်လုပ်ရေးမှတ်တိုင်ရှေ့) ၆ရပ်ကွက်၊ လှိုင်သာယာ🙏
ဖုန်း > 👉🏿👉🏿 09457596653, 095021767 🥰🥰
Photo : Thanks a lot to our valuable gym members
16/06/2022
TAKIMIKA
အသက်၉၀ ရှိပြီဖြစ်တဲ့ personal trainer Takimika က အသက်၆၅နှစ်မှာ Gym ခရီးစခဲ့တယ်။
အဲဒီမတိုင်ခင်ထိ အချိန်ပြည့်အိမ်ရှင်မ အလုပ်ကို လုပ်ခဲ့ပြီး လေ့ကျင့်ခန်းမလုပ်ဖူးဘူးတဲ့။
၅နှစ်အတွင်း ကီလို ၃၀လောက် ဝိတ်ချခဲ့တယ်။
ခုအသက်အရွယ်မှာတော့ 20kg ထမ်းပြီး squatထိုင်နိုင်တယ်ဆိုပဲ။
ဒါဖတ်ရတော့....
တချို့က Never too old to start လို့ တွေးပြီး အားတက်ချင်အားတက်မယ်။
တချို့က ၆၅နှစ်မှာ စတဲ့သူတောင် ဒီလောက်လုပ်နိုင်တယ်.... ဆိုပြီး ခုမှစလို့ မလုပ်နိုင်တာတွေကို အားမလျော့တာဖြစ်ရင်ဖြစ်မယ်။
တချို့တွေကတော့ ၆၅နှစ်မှစလည်းနောက်မကျဘူးလို့ တွေးပြီး အချိန်ရွှေ့ချင်ရွှေ့မယ်။
Motivation ရသူကရပြီး procrastinating လုပ်သူကလည်းဆက်လုပ်ချင်စရာပဲ။ အဲဒါကြောင့် motivation ဘယ်လိုရအောင်ရှာမလဲဆိုတာအတွက် တိကျတဲ့အဖြေမရှိဘူး။ ဘာမြင်မြင် ဘာကြားကြား လုပ်ချင်တဲ့သူက ထ လုပ်ပြီး မလုပ်ချင်တဲ့သူက ထ မလုပ်ဘူးလေနော်။ လူဆိုတာ filter တွေခံပြီးပဲ လက်ခံတတ်တာမဟုတ်လား။
Motivation ဆိုတာ ရှာနေရတယ်ဆိုရင်လည်း အစစ်မဟုတ်တဲ့အတွက် ကိုယ်လုပ်ချင်တာတွေ လုပ်နိုင်ဖို့ကို discipline နဲ့ပဲ ထိန်းရမှာပါ။
အဲဒီအတွက်
၁- ဖြစ်ချင်တာတွေအတွက် လုပ်ရမယ့်အရာတွေကို သေချာချရေးပါ။ အစီအစဉ်ဆွဲပါ။ တကယ်လုပ်ပါ။
၂- ဖုန်းကို အချိန်စနစ်တကျသုံးပါ။ actual reality ထက် metaverse ထဲမှာ အားအင်နဲ့ခံစားချက်တွေ သတိလက်လွတ်သုံးမိနေတဲ့ ခေတ်မို့ ဖုန်းထဲကနေ ကြည့်နေ ဖတ်နေ ရတာကို ပျော်မွေ့နေတာများနေတတ်ပါတယ်...
ဒါကြောင့်
၃- တခုခုထလုပ်ပါ။
-နေ့တိုင်း လေ့ကျင့်ခန်းလုပ်ပါ
-နေ့တိုင်း ရေအေးအေးနဲ့ရေချိုးပါ
ရေအေးနဲ့မချိုးနိုင်ရင် အအေးပျက်တယ်ဆိုရုံအနွေး ချိုးပြီး ရေချိုးပြီးချိန်မှ စက္ကန့်၂၀စာ ရေအေးလောင်းလို့၀ပါတယ်။ ရေအေးချိုးတာက သက်လုံတက်စေပါတယ်။ တချို့အပြင်းအထန်လေ့ကျင့်သူတွေကတော့ ရေခဲကန်ထဲစိမ်တာမျိုးထိလုပ်ကြတယ်။
-နေ့တိုင်း တရားထိုင်ပါ
-နေ့တိုင်း အပေါင်းအသင်းတွေနဲ့ စကားပြောပါ
- နေ့တိုင်း နေ့တိုင်း တယောက်တည်းကို စကားပြောပါ
(အပေါင်းအသင်းတွေနဲ့ စကားပြောပါ ဆိုတာ အစုအဖွဲ့လိုက် ရယ်မော ပြောဆို ဆွေးနွေးတာမျိုး ၊ တယောက်တည်းကို စကားပြောပါ ဆိုတာ ရင်းနှီးပွင့်လင်းနွေးထွေးမှုနဲ့ ပြောတာမျိုးပေါ့။
လူတယောက် ဘာလုပ်တယ်ဆိုတာထက် သူကိုယ်သူနေ့စဉ်ဘယ်လိုပုံစံ လေ့ကျင့်ပုံသွင်းနေတယ်ဆိုတာ အရေးကြီးပါတယ်။
ကိုယ့်ကိုယ်ကိုယ် train ဖို့ အကူအညီလိုရင်
FiT Square ကကူညီချင်ပါတယ်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
Yangon
Opening Hours
| Monday | 06:00 - 21:00 |
| Tuesday | 06:00 - 21:00 |
| Wednesday | 06:00 - 21:00 |
| Thursday | 06:00 - 21:00 |
| Friday | 06:00 - 21:00 |
| Saturday | 06:00 - 21:00 |
| Sunday | 06:00 - 21:00 |