SEC - Smart Engineering Center

SEC - Smart Engineering Center

Share

အင်ဂျင်နီယာတိုင်း အတွက် SMART

12/09/2022

Site Engineer တစ်ယောက်အနေနဲ့
လုပ်ငန်းခွင်မှာ တာဝန်ယူရတဲ့အခါ

ကိုယ့်လုပ်ငန်းထဲက လူတွေ
ကိုယ်နဲ့ ပတ်သက်ဆက်စပ်နေတဲ့သူတွေက
ကိုယ့်ကို လေးစားယုံကြည်မယ် ဆိုရင်

လုပ်ငန်းထဲမှာ လုပ်ကိုင်ရတာ အရမ်းအဆင်ပြေပြီး
လုပ်ငန်းခွင်မှာလည်း မိမိကိုယ်မိမိ ယုံကြည်မှုရှိ
အမြဲပျော်ရွှင်နေမှာ ဖြစ်ပါတယ်။

လူတွေ ကိုယ့်ကို ယုံကြည်လေးစားပြီး
အသိအမှတ်ပြုဖို့ အတွက် ဘယ်နယ်ပယ်
ဘယ်အဖွဲ့အစည်းမှာမဆို

လူမှု့ဆက်ဆံရေး သီအိုရီတွေ အားလုံးရဲ့
အရေးကြီးဆုံး အနှစ်ချုပ် ဗဟို
အဓိက အချက်ကို သိဖို့ လိုအပ်ပါတယ်။

အဲဒါ ဘာလဲဆိုတော့
လူ့အဖွဲ့အစည်း တစ်ရပ်လုံးဟာ
" အကျိုးစီးပွားပေါ် မူတည်ပြီး
လည်ပတ်ဆက်ဆံ နေတယ် " ဆိုတဲ့အချက်ပါပဲ။

ကုမ္ပဏီက ဝန်ထမ်းတွေ ခန့်ထားတာ
ဒီဝန်ထမ်းတွေက သူ့အကျိုးအမြတ်အတွက်
ဝိုင်းဝန်းလုပ်ဆောင်ပေးမယ်လို့ ယုံကြည်လို့
ခန့်ထားတာပါ။

လူအချင်းချင်း တစ်ယောက်ကိုတစ်ယောက်
မျက်နှာချိုသွေးပြီး ဆက်ဆံနေတာလည်း
အကျိုးစီးပွား မျှော်ကိုး လို့ပါပဲ။

အကျိုးစီးပွားနဲ့ ပါဝင်ပတ်သက်လာတဲ့အခါ
လူတွေဟာ စိတ်ထဲက မကျေနပ်ရင်တောင်မှ
မျက်နှာမှာ သိုဝှက်ထားပြီး ဟန်ဆောင်ပန်ဆောင်
လေးစားချစ်ခင်ကြောင်း ဖော်ပြကြပါတယ်။

ဒီအချက် Key Point ကိုသာ သိမယ်ဆိုရင်
Site Engineer တစ်ယောက်အနေနဲ့
ကိုယ်တာဝန်ယူထားတဲ့ Site တစ်ခုလုံးကို
King of the site ဆိုတဲ့အတိုင်း
ကိုယ့်လက်ကိုယ့်ခြေ အရာရာ စိုးမိုးခြယ်လှယ်ပြီး
Site တစ်ခုလုံးကို control လုပ်နိုင်ပါလိမ့်မယ်။

Site Engineer တစ်ယောက်အနေနဲ့
လုပ်ငန်းထဲမှာ အဓိက ပတ်သက်ဆက်ဆံရသူ
သုံးမျိုး ရှိပါတယ်။

(၁) ကိုယ်တာဝန်ယူ လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းမှ
တာဝန်ရှိသူများ

(၂) လုပ်ငန်း ခွင်မှ Labour / ကန်ထရိုက်တာများ

(၃) ကိုယ်တာဝန်ယူနေတဲ့ project ရဲ့ client

များသောအားဖြင့်တော့ နံပါတ် ၁ နဲ့ နံပါတ် ၂ ကို
အဓိက အများဆုံး ဆက်ဆံရပါတယ်။

နံပါတ် ၁ နဲ့ ဆက်ဆံရေးမှာ
ကိုယ့်ကို လေးစား ယုံကြည်ဖို့အတွက်
အဓိက အချက်ကတော့ ကိုယ်ဟာ
အဖွဲ့အစည်းရဲ့ အကျိုးစီးပွားကို တိုးပွားအောင်
လုပ်ဆောင်ပေးနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။

ကိုယ့်ကြောင့် အဖွဲ့အစည်းရဲ့ အကျိုးစီးပွားကို
ယုတ်လျော့မသွားစေနိုင်ဘူး

ကိုယ့်လုပ်ဆောင်မှုတွေကြောင့်
အဖွဲ့အစည်းဟာ အကျိုးစီးပွား ပိုမိုတိုးတက်နိုင်တယ်
လုပ်ငန်းတွေ ပိုမိုအောင်မြင်နိုင်တယ် ဆိုတဲ့
mind set တစ်ခုသာ

ကိုယ်လုပ်နေတဲ့ အဖွဲ့အစည်း/ကုမ္ပဏီက
ကိုယ့်အထက်အရာရှိ (သို့) ကုမ္ပဏီ MD ရဲ့
ခေါင်းထဲကိုသာ ဝင်သွားမယ်ဆိုရင်
ကိုယ်ဟာ အဲ့အဖွဲ့အစည်းမှာ အရေးပါအရာရောက်သူ
နေရာရသူ ဖြစ်သွားမှာပါပဲ။

အဲလို ဖြစ်ဖို့အတွက်
site engineer တစ်ယောက်အနေနဲ့

(၁) ပစ္စည်းအလေအလွင့်တွေကို ထိန်းသိမ်းနိုင်ရပါမယ်။
(၂) ဘာ Error မှ မရှိတဲ့ အခြေအနေမှာ လုပ်ငန်းကို
အချိန်မှီ မြန်ဆန်ပြီးစီးအောင် ကြီးကြပ်နိုင်ရပါမယ်။
(၃) ကိုယ်တာဝန်ယူ လုပ်ကိုင်တဲ့ လုပ်ငန်းတွေ အားလုံးရဲ့
လက််ရာလက်သား သေသပ်ရပါမယ်။
အရည်အသွေးပြည့်ဝအောင် ဂရုစိုက်ကြီးကြပ်
ရပါမယ်။
(၄) ကိုယ်တာဝန်ယူထားတဲ့ site ဟာ သန့်ရှင်း
သပ်ရပ်နေရပါမယ်။
(၅) လုပ်ငန်းခွင်မှာ ကြုံတွေ့လာနိုင်မယ့် error တွေ
နောင်တစ်ချိန် ဖြစ်လာနိုင်မယ့် ကောင်းကျိုး
ဆိုးကျိုးတွေကို ကိုယ့်အထက်အရာရှိ လူကြီးတွေ
မစဥ်းစားမိခင်မှာ ကိုယ်ကအရင် ဦးအောင်
အကြံပေး ဝေဖန်ပြောဆိုနိုင်ရပါမယ်။
(၆) လုပ်ငန်းခွင်မှာ အလွဲအမှားတွေ နည်းနိုင်သမျှ
နည်းအောင် အလုပ်တစ်ခုကို နှစ်ခါပြန်
မလုပ်ရအောင် ဂရုစိုက် ဆင်ခြင်ရပါမယ်။

ဒီနေရာမှာ ကုမ္ပဏီ အကျိုးစီးပွားကို ကြည့်တယ်ဆိုတဲ့
နေရာမှာ ကုမ္ပဏီ/ အဖွဲ့အစည်းဘက်ကို အရမ်းလိုက်ပြီး
ပါဝင်ပစ္စည်းတွေ အဆမတန် လျှော့သုံးတာမျိုး
မပါဝင်ပါဘူး။ Engineer ethic ကိုလည်း အတတ်နိုင်ဆုံး
စောင့်ထိန်းရပါမယ်။

နံပါတ် (၂) ဖြစ်တဲ့ လုပ်ငန်းခွင်က labour တွေ
ကန်ထရိုက်တာတွေ ကိုယ့်ကို လေးစားဖို့အတွက်ကတော့

သူတို့တွေ အကျိုးရှိမယ့် လုပ်ငန်း method တွေ
အကြံပေး လုပ်ဆောင် စေခိုင်းခြင်းနဲ့
သူတို့ရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို
ကိုယ့် engineer role နဲ့ အတတ်နိုင်ဆုံး ကာကွယ်
စောင့်ရှောက်ပေးတာပါပဲ။

အများစု ထင်နေကြတာက အင်ဂျင်နီယာဆိုတာ
ပန်းရံ လက်သမား သံချည်ကွေး တွေ လုပ်ကိုင်
နေတာကို လိုက်လံစစ်ဆေးပြီး အမှားအမှန်
ပြောပြပေးရမယ်လို့ပဲ ထင်နေကြတယ်။

တကယ်တော့ site engineer တစ်ယောက်ရဲ့
တာဝန်က ပန်းရံ လက်သမားတွေ လုပ်ကိုင်မယ့်
အလုပ်တွေအားလုံးကို ကိုယ့် idea ကိုယ်ရဲ့ plan နဲ့
သူတို့တွေကို ညွှန်ကြား လုပ်ဆောင်စေတာပါ။

Labour တွေ လုပ်ပြီးမှ သူတို့လုပ်ထားတာတွေကို
အနောက်ကနေ လိုက်စစ်ဆေးရုံ မဟုတ်ပါဘူး။

ပန်းရံ လက်သမား သံချည်ကွေးတို့ရဲ့
လုပ်ငန်းတွေ အားလုံးကို သူတို့လုပ်ဆောင်နေကြ
မိရိုးဖလာ နည်းလမ်းတွေထက်

တစ်ချို့နေရာတွေမှာ လုပ်ငန်းပိုမြန်ဆန်အောင်
သူတို့တွေရဲ့ ကာယလုပ်အား သက်သာအောင်
ရရှိလာမယ့် လက်ရာလက်သား ပိုသေသပ်အောင်
အကြံပေး စေခိုင်းနိုင်ရပါမယ်။

ဒီနေရာမှာ ကိုယ်ပြောပြတဲ့ နည်းလမ်းတွေက
တကယ်မြေပြင်မှာ လက်တွေ့လုပ်ဆောင်လို့
လွယ်ကူမြန်ဆန်တာ ဖြစ်ရပါမယ်။

ကိုယ့်နည်းလမ်းအတိုင်း လုပ်ဆောင်တဲ့အခါ
အချိန်ကုန်သက်သာ ရလဒ်ပိုကောင်းတာမျိုး
ဖြစ်ရပါမယ်။

သူများထက်ထူး အဆန်းထွင်ကာမှ
ပိုခက်ခဲပြီး အချိန်ပိုကြာတဲ့ နည်းလမ်းတွေ
မဖြစ်ရပါဘူး။

အဲ့လို အဆင့်တစ်ခုကို ရောက်ဖို့အတွက်တော့
လုပ်ငန်းမှာ တကယ်ကျွမ်းကျင်အောင်
အတွေ့ကြုံတွေ များပြားပြီး နည်းလမ်းတွေအားလုံးရဲ့
ကောင်းဆိုး ကျိုးပြစ်တွေကို ဝေဖန်ခွဲခြားနိုင်တဲ့
အဆင့်တစ်ခုတော့ ရှိရပါမယ်။

နံပါတ် (၃) အချက် ကတော့
တစ်ခါတရံ site engineer တစ်ယောက်အနေနဲ့
ကိုယ်လုပ်ငန်းရဲ့ client နဲ့ စကားပြောတဲ့အခါ
ကိုယ်ဟာ သူ့အဆောက်အဦး/project ရဲ့
အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်နေတာပါလား
ဆိုတဲ့ mind set လေးတစ်ခု client ရဲ့ အတွေးထဲကို
ဝင်အောင် ထည့်ပေးလိုက်ဖို့ပါပဲ။

client ဆိုတာ အပြင်အဆောက်အဦး တွေဆို
အိမ်ပိုင်ရှင်၊ အစိုးရ ပရောဂျက်တွေဆို ဌာနက
သက်ဆိုင်ရာ တာဝန်ရှိသူတွေပေါ့။

သူတို့နဲ့ စကားပြောတဲ့အခါ ဘယ်လိုစေတနာထားပြီး
လုပ်ပေးကြောင်း ဘယ်လိုဂရုစိုက်ပေးကြောင်း
သူတို့ သိစေဖို့ပါပဲ။

ဒီနေရာမှာ client နဲ့ အဆင်ပြေစေဖို့ ဆိုတာ
အာချောင်ဖို့တော့ မဟုတ်ပါဘူး။

လုပ်ငန်းမှာ အဆင်ပြေစေဖို့ client နဲ့
လိုအပ်တဲ့ စကားတွေ ပြောရပေမယ့်

client နဲ့ အဖွဲ့အစည်း တာဝန်ရှိလူကြီးတွေ ကြားထဲမှာ
ကိုယ်မသိနိုင်တဲ့ သဘောတူညီမှုတွေ၊
တစ်ခြား ကိစ္စတွေ ရှိနိုင်တဲ့ အတွက်

မြေပြင်အခြေအနေပေါ် သုံးသပ်ပြီး စကားမကျွံအောင်
ကိုယ့်စကားတစ်ခွန်းကြောင့် ကုမ္ပဏီ အဖွဲ့အစည်း
မထိခိုက်အောင် သတိထား ဆက်ဆံဖို့တော့ လိုပါတယ်။

ဒါတွေကတော့ Site Engineer တစ်ယောက်အနေနဲ့
လုပ်ငန်းခွင်မှာ ကိုယ့်ပတ်ဝန်းကျင်ကလူတွေ
ကိုယ့်ကို လေးစား ချစ်ခင်အောင်

ကိုယ်ဟာ လုပ်ငန်းမှာ အရေးပါ အရာရောက်တဲ့သူ
ဖြစ်အောင် လုပ်ဆောင်ဖို့ လိုအပ်တဲ့ အခြေခံ
အချက်တစ်ချို့ပါပဲ။

လူမှု့ဆက်ဆံရေး နယ်ပယ်ဆိုတာ အရမ်းကို
ကျယ်ပြန့်တဲ့ အတွက်ကြောင့် တခြားဖြည့်စွက်ဖို့
လိုအပ်တဲ့ အချက်တွေလည်း အများကြီး ရှိပါတယ်။

ဒါပေမယ့် ဒီအချက်လေးတွေထဲက
တော်တော်များများကို လိုက်နာလုပ်ဆောင်
ရင်တောင် လုပ်ငန်းခွင်ထဲမှာ ထိုက်သင့်တဲ့
role level တစ်ခုတော့ ရရှိနေမှာပဲ ဖြစ်ပါတယ်။

(မြန်မာအင်ဂျင်နီယာလောက
ဆထက်ထမ်းပို့ ဖွံ့ဖြိုးတိုးတက်ပါစေ)

11/09/2022

🔰လုပ်ငန်းခွင် Site ထဲမှာ စနစ်တကျ ကြီးကြပ်နိုင်ဖို့🔰

ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ
ကြီးကြပ်သူ Site Engineer တစ်ယောက်အနေနဲ့
အလုပ်ဝင်တဲ့အခါ

Site ထဲမှာ အလုပ်လုပ်နေတဲ့
ပန်းရံ လက်သမား သံချည်သံကွေး စတာတွေရဲ့
လုပ်ငန်းဆောက်ရွက်မှု အဆင့်ဆင့်ကို
ကြီးကြပ် စစ်ဆေးရပါတယ်။

အဲ့အခါမှာ ကိုယ်ဟာ လုပ်ငန်းကို
စနစ်တကျ အရည်အသွေး ပြည့်မှီအောင်
တာဝန်ယူရတဲ့သူ ဖြစ်တဲ့အတွက်
ကိုယ်လုပ်ရတဲ့ အလုပ်တိုင်းကို
သေချာ စနစ်တကျ ကျွမ်းကျင်နေဖို့ လိုအပ်ပါတယ်။

အဆောက်အဦး တစ်လုံး ဆောက်တဲ့အခါ
ယေဘူယျအားဖြင့် အုတ်စီလုပ်ငန်း၊
Formwork လုပ်ငန်း၊ သံဆင်ခြင်းလုပ်ငန်း
မျက်နှာကျက် ရေ မီး ဆေး စသဖြင့်
လုပ်ငန်းစဥ်တွေ အများကြီး ပါဝင်ပါတယ်။

Site Engineer တစ်ယောက်အနေနဲ့
အဆိုပါ လုပ်ငန်းတွေကို အမှားအယွင်းမရှိအောင်
စနစ်ကျအောင်၊ အရည်အသွေး ကောင်းမွန်အောင်၊
လက်ရာလက်သား သေသပ်အောင် ကြီးကြပ်တဲ့အခါ

ကိုယ် ကိုယ်တိုင် ထိုလုပ်ငန်းတွေအားလုံးကို
ကျွမ်းကျင်ပိုင်နိုင်နေဖို့ လိုအပ်ပါတယ်။

တကယ်တော့ အဆောက်အဦးတစ်လုံးမှာပါတဲ့
လုပ်ငန်း အမယ်အားလုံးနီးပါးကို
ကျွမ်းကျင်ပိုင်နိုင်ဖို့ ဆိုတာ အချိန်တစ်ခုပေးရပါတယ်။

အချိန်ပေးတဲ့အပြင် ကိုယ်တိုင် လုပ်ငန်းတွေကို
ပါဝင်လုပ်ကိုင်ပြီး အတွေ့အကြုံတွေလည်း
အများကြီး ပြည့်စုံနေဖို့လိုအပ်ပါတယ်။

လုပ်ငန်းအတွေ့အကြုံ မရှိသေးတဲ့သူတွေ
အတွေ့ကြုံ နည်းပါးတဲ့ သူတွေ
လက်တွေ့ မြေပြင်မှာ အဆောက်အဦးတစ်လုံးကို
သေချာ စနစ်တကျ အစကနေ အဆုံးထိ
မလုပ်ဖူးသေးသူတွေ အနေနဲ့

အခုမှစပြီး လုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်တဲ့အခါ
အနည်းနဲ့အများတော့ အခက်အခဲ တွေ့တတ်ကြပါတယ်။

SEC အနေနဲ့
အဆိုပါ အခက်အခဲတွေ အားလုံးကို
​ဖြေရှင်းဖို့အတွက်

♦ ကျောင်းပြီးကာစ
လုပ်ငန်းအတွေ့အကြုံမရှိသေးတဲ့
ညီငယ် ညီမငယ်တွေ၊

♦ အဆောက်အဦးတစ်လုံးကို အစကနေ အဆုံးထိ
ကိုယ်တိုင် စနစ်တကျ ကြီးကြပ် တည်ဆောက်လိုသူတွေ

♦ လုပ်ငန်းခွင်မှာ ကြုံတွေ့ ရင်ဆိုင်ရတဲ့
အခက်အခဲ ပြဿနာတွေကို ဖြေရှင်းကျော်လွှားလိုသူ
တွေအတွက်

#လက်တွေ့_အသုံးချ_SiteEngineer_သင်တန်း ကို
ဖွင့်လှစ်ထားပါတယ်။

သင်တန်းက လက်တွေ့မြေပြင်မှာ
အကျိုးရှိ အသုံးချနိုင်အောင် အဓိက ရည်ရွယ်ပါတယ်။

RC အဆောက်အဦး တစ်လုံးကို
လုံးဝမဆောက်လုပ်ဘူးလည်း
တကယ့် လက်တွေ့ မြေပြင်မှာ နှစ်ပေါင်းများစွာ
အတွေ့အကြုံရှိတဲ့ Professional တစ်ယောက်လို
လုပ်ငန်းတစ်ခုလုံး ကြီးကြပ်ဆောင်ရွက်နိုင်အောင်
သင်ကြားပေးပါတယ်။

ကိုယ်တိုင်လက်တွေ့ အပြင်မှာ တစ်နှစ်လောက်လုပ်ပြီး
အတွေ့အကြုံ ရှာရင်တောင် မရနိုင်တဲ့

လုပ်ငန်းခွင် အတွေ့အကြုံတွေနဲ့
လုပ်ငန်းခွင်ထဲက အခက်အခဲတွေ ဖြေရှင်းနည်းတွေကို
သေချာ စနစ်တကျ သင်ကြားပေးပါတယ်။

သင်တန်းအကြောင်း အသေးစိတ်ကိုတော့
SEC ရဲ့ FB စာမျက်နှာမှာ လေ့လာနိုင်သလို
Messenger မှာလည်း အသေးစိတ်
စုံစမ်းမေးမြန်းနိုင်ပါတယ်။

(မြန်မာ အင်ဂျင်နီယာလောက
ဆထက်ထမ်းပိုး ဖွံ့ဖြိုးတိုးတက်ပါစေ။)


#လက်တွေ့အသုံးချ_SiteEngineer_သင်တန်း

Want your business to be the top-listed Equipment Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon