Snakebite Emergency Cases and Identification

Snakebite Emergency Cases and Identification

Share

မြန်မာနိုင်ငံရှိ မြွေကိုက်ခံရသည့် case များနှင့် ပတ်သတ်သည့် ဗဟုသုတမျှဝေခြင်း

16/05/2024

📌အားလုံး ဖတ်ရအဆင်ပြေအောင် SECI မှ တင်ထားသည့်ပိုစ့်များကို စုပြီး တင်ပေးလိုက်ပါတယ်။

မြွေကိုက်ရှေးဦးသူနာပြုနည်း
https://www.facebook.com/share/p/s5rvkM1EqG9YD2dP/?mibextid=oFDknk

မြွေနဲ့ရုတ်တရက်တွေ့ရင် ဘာလုပ်ရမလဲ
https://www.facebook.com/share/PQyhGpL9P6huESXz/?mibextid=oFDknk

မြွေပွေးကြောင့် ကျောက်ကပ်ထိခဲ့ပြီး အသက်တိုနိုင်ပါသလား
https://www.facebook.com/share/p/dNiyA5rh7nhR3Xnm/?mibextid=oFDknk

မြွေဆိပ်ဖြေဆေး
https://www.facebook.com/share/p/zyowrLMe2MRhoDgv/?mibextid=oFDknk

အဆိပ်မထည့်ပဲကိုက်ခြင်း (Dry bite) နှင့် ခန္ဓာကိုယ်ထဲ မြွေဆိပ် ဘယ်လိုသွားလဲ
https://www.facebook.com/share/p/21saUd25Ux9taJdd/?mibextid=oFDknk

မြန်မာနိုင်ငံတွင် အန္တရာယ်ရှိသည်ဟု WHO မှ သတ်မှတ်ထားသည့်မြွေများ (အုပ်စု - ၁)
https://www.facebook.com/share/p/eHN6F5YVmjQFn4xq/?mibextid=oFDknk

မြန်မာနိုင်ငံတွင် အန္တရာယ်ရှိသည်ဟု WHO မှ သတ်မှတ်ထားသည့်မြွေများ (အုပ်စု - ၂)
https://www.facebook.com/share/p/62a4r2bFQx1o38hV/?mibextid=oFDknk

မြွေကိုက်ခံရခြင်းနှင့် ကြပ်စည်းခြင်း
https://www.facebook.com/share/p/WYib7fFd1XZyVS6t/?mibextid=oFDknk

ဆရာဝန်များအတွက် မြွေကိုက် Case ကိုးကားရန်
https://www.facebook.com/share/p/Dy13gfMjuNoqpfC8/?mibextid=oFDknk

မြွေတွေမှာ အဆိပ်ရှိသလို လူတွေမှာ သွားဆိပ်ရှိလား
https://www.facebook.com/share/p/o9xxNDaMdBx9G2zV/?mibextid=oFDknk

မြွေစိမ်းမြီးခြောက်ကိုက်ခြင်း ခံရရင် ဘာလုပ်ရလဲ
https://www.facebook.com/share/p/Sa3RXFxVPR6WjggX/?mibextid=oFDknk

မြွေစိမ်းမြီးခြောက်အကြောင်း
https://www.facebook.com/share/p/ZZR7wrJY1ZLeM83D/?mibextid=oFDknk

ဆင်ပစ်မြွေအကြောင်း
https://www.facebook.com/share/p/SVnzP5DZLb6oBSYn/?mibextid=oFDknk

မြွေကိုက်ခံရခြင်းနှင့် ပတ်သတ်သည့်အယူအဆအမှားများ
https://www.facebook.com/share/p/PWZun68rTCErRj19/?mibextid=oFDknk

တိုင်းရင်းဆေးနှင့် မြွေကိုက်ခံရခြင်း
https://www.facebook.com/share/p/EjyNnSmd1WggnMvj/?mibextid=oFDknk

12/05/2023

မြွေနှင့် မုန်တိုင်း အန္တရာယ်

မုန်တိုင်းစဝင်လာတဲ့သတင်းကြောင့် အားလုံးကပြင်ဆင်နေကြပြီဆိုတော့ SEC admin team ကဆောင်ရန်ရှောင်ရန်လေးတွေ ပြောပေးချင်ပါတယ်။

လေပြင်းမုန်တိုင်းနဲ့အတူ အမှိုက်တွေအပြင် မြွေနဲ့အခြားအန္တရာယ်ရှိအကောင်တွေလွင့်လာနိုင်ပြီး ရေကြီးရေလျှံတွေလည်း ဖြစ်နိုင်ပါတယ်။

မြွေတိုင်းရေကူးတတ်ပေမဲ့ သူတို့က အဆုတ်နဲ့ အသက်ရှူရတဲ့အတွက် ရေထဲတော့အကြာကြီးမနေနိုင်ပါဘူး။ အဲ့တော့ မြွေတွေရေနဲ့မျော လာပြီဆိုရင် တတ်နိုင်သမျှ ကုန်းပေါ်တက်ဖို့ကြိုးစ-ားကြမှာပါ။ သူတို့လည်းအန္တရာယ်ကင်းဖို့ လူတွေရဲ့အဆောက်အဦအောက်/နေအိမ်/ လှေပေါ်ကို တက်လာကြမှာဖြစ်ပါတယ်။

📌ဒါဆို မြွေတွေ့ရင် ဘာလုပ်မလဲ

ဒါကြောင့် မိမိနေအိမ်မှာ မြွေတွေ့ခဲ့ရင် ကလေးနဲ့လှုပ်ရှားဖို့ခက်ခဲတဲ့သက်ကြီးရွယ်အိုတွေကို ဝေးဝေးမှာအရင်နေခိုင်းပါ။ ​
မြွေရဲ့အနီးအနားမှာ လှုပ်ရှားမှုမြန်မြန်မလုပ်ပါနဲ့။
အနားမကပ်ပဲ လုံခြုံတဲ့အကွာဝေးမှာနေပြီးရင် မြွေကို တုတ်ရှည်ရှည်တချောင်းနဲ့ ပြန်ခြောက်ထုတ်ပေးလို့ရပါတယ်။
(ပုံမှန်အချိန်ဆို မီးသတ်ကို ခေါ်လို့ရပေမဲ့ ရာသီဥတုကြောင့် သူတို့လာရန် အခက်အခဲရှိနိုင်ပါတယ်။)

‼သတိထားရမယ့်အချက်

လေကြီးမိုးကြီးဖြစ်နေချိန် မြွေကိုသ-တ်ဖို့လုပ်တာက အရမ်းအန္တရာယ်များပါတယ်။ မြွေကိုက်ခံရတဲ့သူတွေအများစုက မြွေနဲ့ထိတွေ့ဖို့ ကြိုးစားတဲ့သူတွေဖြစ်တဲ့အတွက် အဆိပ်ပြင်းမြွေကို.က်ခံခဲ့ရရင် ရာသီဥတုအခြေအနေကြောင့် ဆေးရုံသွားဖို့ ခက်ခဲနိုင်ပါတယ်။ မြွေမျိုးစိတ်သိဖို့အတွက် ဓာတ်ပုံရိုက် ဒီဂရုမှာအမျိုးစ-ားလာမေးလို့ရပါတယ်။ အက်မင်တွေကအချိန်နှင့်တပြေးညီအဆိပ်ရှိမရှိ ဖြေပေးပါဖြစ်ပြီး နေရာရွှေ့ပြောင်းဖို့အတွက်ပါ လမ်းညွှန်ပေးပါမယ်ဗျ။

မုန်တိုင်းဖြစ်နေချိန် -
အိမ်ရဲ့ အမြင့်နေရာမှာပဲနေပါ။
အိမ်ရဲ့ ချောင်များနှင့် အမှောင်နေရာများကို လက်နှိုက်ခြင်း၊ သွားလာခြင်းကို သတိထားပေးပါ။
တိရိစ္ဆာန်လေးတွေမွေးထားရင် သူတို့လျှောက်မသွားအောင် သတိထားပေးပါ။

မုန်တိုင်းပြီးလို့ ခြံထဲ/အိမ်ထဲ သန့်ရှင်းရေးလုပ်တဲ့ခါ ဘွတ်ဖိနပ်ရှည်စီးဖို့လက်အိတ်အထူအရှည်စွတ်ဖို့လည်း သတိထားပါ။

❗မြွေမျိုးစိတ်နဲ့ အန္တရာယ်ကင်းအောင်နေရာရွေ့နည်းအတွက် လိုအပ်ရင်ဒီဂရု‌ေတွထဲ ပိုစ့်တင်မေးလို့ရပါတယ်။ မုန်တိုင်းကာလအတွင်း24နာရီ အချိန်ပေးပြီးဖြေပေးပါမယ်။
Snakebite Emergency Cases (မြန်မာ)
Wildlife of Myanmar

ဘေးအန္တရာယ်ကင်းကြပါစေဗျ။
Photo - WOM member

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Address


Yangon