BEST IT Group
စီးပွားရေးလုပ်ငန်းများအတွက် ထိရောက လူကြီးမင်း၏လုပ်ငန်းများအတွက် အကောင်းဆုံးသော website များကိုရေးဆွဲပေးမယ့် BEST IT Group မှ ကြိုဆိုပါတယ်
09/09/2016
Website တစ်ခုတည်ဆောက်တော့မယ်ဆိုရင်
**********************************************
အခု တိုးတက်နေတဲ့ ခေတ်ကြီးမှာ မိမိအကြောင်း မိမိ စီးပွားရေးအကြောင်း ဒါမှမဟုတ် မိမိ အဖွဲ့အစည်းအကြောင်းကို Onlineမှာ အခြားသူတွေ ရှာဖွေနိုင်ဖို့ အတွက်ဆိုရင် Website တစ်ခုက မရှိမဖြစ်လိုအပ်ပါတယ်။ ဒါကြောင့် Website တစ်ခုလောက်ကို Online ပေါ်မှာ လွှင့်တင်ထားမယ်။ Website တစ်ခုတည်ဆောက် ဖို့ အတွက်က Online မှာ ကျင်လည် ( Online ပါးဝ ) နေတဲ့သူ ဆိုရင် ရိုးရိုး Website တည်ဆောက်ဖို့အတွက်က မခက်ခဲပါဘူး။ Online မှာတော့ ကျင်လည်တယ် ဒါပေမဲ့ ဒီ အပိုင်း ( Website တည်ဆောက် ခြင်း) မှာတော့ မကျွမ်းကျင်ဘူး ဆိုရင် တော့ တတ်သိနားလည်တဲ့ သူတွေနဲ့ ပူးပေါင်းပြီး Website တစ်ခု ရေးဆွဲတာ ပိုအဆင်ပြေမှာပါ။
Static Website
**************
ကိုယ်ရေးဆွဲချင်တဲ့ Website က ရိုးရိုး လက်ကမ်းစာစောင် ပုံစံလား။ ဆိုလိုတာက ကိုယ့် Website မှာ ဖြည့်သွင်း မယ့် Data တွေက တစ်သက်လုံးစာ အသေတွေ ကိုပြောတာပါ။ ထပ်ဖြည့်စရာလည်း မရှိဘူး။ ပြင်လည်း မပြင်တော့ ဘူး။ ဒါဆိုရင်တော့ Website က Static Website ပုံစံ လုပ်လို့ ရပါတယ်။ Static Website လုပ်ခြင်းက Online ပေါ်မှာရှိတဲ့ ကိုယ့် Website က အခြား Website တွေထက် အနည်းငယ် ပိုပြီး ပေါ့ပါးပါတယ်။ ဆိုလိုတာက ကိုယ့် Website ကို Online ပေါ်မှာ ခေါ်ကြည့် လိုက်မယ် ဆိုရင် ( Internet Connection ပေါ်မူတည်ပြီး ) အခြား Website တွေထက် အရင် တက်လာတာကို တွေ့ရမှာပါ။ ဒါပေမဲ့ Static Website ဟာ Data (အချက်အလက်) တွေပြောင်းလဲဖို့ ခက်ပါတယ်။ ရေးသားတတ်တဲ့လူ မဟုတ်ရင် ပိုပြီးတောင် ခက်ပါသေးတယ်။ Link လေးတစ်ခုထည့်ဖို့ ဒါမှမဟုတ် စာလုံးပေါင်းလေးပြင်ဖအတွက်တောင် နားလည်တတ်ကျွမ်းတဲ့ သူဆီ သွားပြီး ပြင်ခိုင်းရမှာပါ။ ပြီးတော့ ကိုယ့် ရဲ့ Website ကို active ဖြစ်အောင် ပြုလုပ်လ မရပါဘူး။ Active ဖြစ်တယ် ဆိုတာ က Website မှာ Data တွေ အမြဲ ပြောင်းလဲ ပြီး အသစ်ဖြစ်နေတာကို ဆိုလိုတာပါ။ Active ဖြစ်နေရင် ကိုယ့် Website ကို လူပိုဝင်မှာပါ။ လူပိုဝင်တဲ့ အတွက် ကိုယ်ပြောပြချင်တဲ့ အကြောင်းကို ဝင်လာတဲ့ သူတိုင်း တွေ့မှာပါ။ လူများများဝင်လေ လူများများ သိလေဖြစ်မှာပါ။ တစ်ခါတစ်ရံ ကိုယ် Website မှာ Data က အသေတွေလို့ ထင်ထားပေမဲ့ တစ်ခုလောက်များ ထပ်တိုးလာမယ် ဆိုရင် အရင် ရှိပြီး သား Website Frame ထဲမှာ ထပ်ထည့်ဖို့ ခက်သွားပါပြီ။ အဲ့ဒီ တိုးလာတဲ့ Data အတွက် Page တစ်ခုတိုးလိုက်မယ်။ ဒါဆိုရင်တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ တိုးတက်နေတဲ့ ခေတ်ထဲမှာ page လေးတစ်ခု တိုးဖို့အတွက် နားလည်တတ်ကျွမ်းတဲ့ သူဆီ သွားနေစရာမလိုပါဘူး။ ကိုယ့်ဘာသာ ထပ်တိုးလိုက်လို့ရပါတယ်။ ဒါပေမဲ့ တိုးဖို့ အတွက် ကတော့ Static Website မှာမရပါဘူး။ Dynamic Website မှသာရမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ Static Website က HTML, CSS, JavaScript စတာတွေလောက်ကို အသုံးပြုပြီးရေးဆွဲထားလို့ပါ။ ဒါကြောင့် အခု ခေတ်ထဲမှာ Static Website ကို တည်ဆောက် တာ နည်းပါးလာပါတယ်။ ဒါပေမဲ့ အဲ့ဒါတွေ မလိုချင်ဘူး။ ကိုယ့် Website က လက်ကမ်းစာစောင် ပုံစံ ဆိုရပြီ ဆိုရင်တော့ Static Website က အသင့်တော်ဆုံးပါ။
Dynamic Website
***************
Website မှာ Facebook လို သတင်းတွေတင် ချင်တယ်၊ စာတွေရေးချင်တယ်၊ ပုံတွေတင်ချင်တယ် ဒါမှမဟုတ် ကိုယ့် Product တွေကို showcase လိုမျိုးပြထားချင်တယ်ဆိုရင်တော့ Dynamic Website လိုမျိုးရေးရမှာပါ။ အဲ့ဒီလိုရေးလိုက်တဲ့ အတွက် ကိုယ့် Websiteက flexible တော်တော် ရှိသွားမှာပါ။ ပြင်ဆင် ချင်တာကိုလည်း အလွယ်တကူ ပြင်နိုင်ပါတယ်။ စာတွေ ပုံတွေ သတင်းတွေ Product တွေကလည်း Up to date ဖြစ်နေတဲ့ အတွက် ကိုယ့်ရဲ့ Website ကို လူဝင်များလာမယ်။ ဝင်လာတဲ့ လူတွေ က လည်း ကိုယ့် ကို Online ကနေဆက်သွယ်နိုင်မယ်။ လူတွေရဲ့ ထင်မြင်ချက်တွေကို လည်း အပြင်မှာ လိုက်မေး နေစရာ မလိုပဲ Website ထဲကနေ သိနိုင်မယ်။ လူတွေနဲကိုယ်နဲ့ Online ကနေ အပြန်အလှန်ဆက်သွယ်နိုင်မယ်။ အဲ့ဒီကနေ တစ်ဆင့် ကိုယ့်အတွက် ပြန်ပြီး အကျိုးရှိတာ တွေ ရလာနိုင်ပါတယ်။ ဒါတွေက Dynamic Website သုံးရင် ရမယ့် အကျိုးရလဒ်တွေ ပါ။ ဒါ့အပြင် ကိုယ့် Website က ကိုယ်ပိုင် ဖြစ်တဲ့ အတွက် ကိုယ့်ရဲ့ စာတွေပုံတွေ Product တွေကိုလည်းအလွယ်တကူ ပြန်လည်ရှာဖွေနိုင်ပါတယ်။ ဆိုလိုတာ က လွန်ခဲ့တဲ့ တစ်နှစ်လောက်က တင်ထားတဲ့ ပုံ ဒါမှမဟုတ် စာကို ပြန်ရှာချင် ရင်လည်း အလွယ်တကူ ရှာနိုင်ပါတယ်။
- Thet Paing
BEST IT Group - BIG
🏡 Yangon Head Office
No(5/1B), Butaryone Street, Hlaing Tsp, Yangon.
Ph: 09773728027, 09773728028
🏡 Mandalay Branch Office
72 Street, 34 x 35 Street, Chan Aye Thar San Tsp,Mandalay.
09783700065, 09783700076
08/09/2016
BEST IT Group မှလူကြီးမင်းအတွက် အကောင်းဆုံးသော website တွေကို အသက်သာဆုံးသော ဈေးနူန်းတွေနဲ့ ရေးဆွဲပေးနေပါပြီ.........
3 pages website - ၁သိန်း ၅သောင်းကျပ်
(hosting နှင့် domain ဖိုးတစ်နှစ်စာ ပါဝင်ပြီး)
4 pages website - ၂သိန်းကျပ်
(hosting နှင့် domain ဖိုးတစ်နှစ်စာ ပါဝင်ပြီး)
5 pages website - ၂သိန်း ၅သောင်းကျပ်
(hosting နှင့် domain ဖိုးတစ်နှစ်စာ ပါဝင်ပြီး) များအပြင်
Online Shopping Website
eCommerce website
Travel & Tour Website
Hotel Website
Fashion Website များကိုလဲ လူကြီးမင်းတို့ စိတ်တိုင်းကျ ဈေးနူန်းသက်သာစွာ ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါတယ်။
hotline - 00786056055
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Hlaing
Yangon
11081