SAFE Delivery

SAFE Delivery

Share

SAFE (Secure And Fast Express) is a leading delivery service provider in Myanmar.

23/04/2026

*23.4.2026 Update

ချစ်ခင်ရပါသော ကာကာများရှင် 🙏🙏🙏

- Manual စာရင်းများကို အကုန်နီးပါး Update လုပ်ပြီးပြီဖြစ်ပြီး လက်ကျန်ငွေများကို ဒီနေ့ "My Wallet" ထဲ စလွှဲပေးမည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါတယ်ရှင်။

- 20.4.2026 ထိ ပို့ထားသော စာရင်းများကို update ပြီးပြီ ဖြစ်ပြီး ခုချိန်မှ စပြီး Viber 09 7500 98 988 တွင် စာရင်း တောင်းနိုင်ပါပြီရှင်။

- SAFE Delivery Application က 9.4.2026 တွင် စတင် Breakdown ဖြစ်ခဲ့သည့်အတွက် 9.4.2026 မတိုင်မီက ကောက်ပြီး 20.4.2026 ထိ ပို့ခဲ့တဲ့စာရင်း အားလုံးကို တစ်ထုပ်ချင်း Manual Update လုပ်နေရသည့်အတွက် အချိန် နည်းနည်း ပိုကြန့်ကြာခဲ့ပါသည်။ ကြန့်ကြာမှုအတွက်လည်း SAFE Delivery မှ အားနာစွာတောင်းပန်ပါတယ်ရှင်။

- ကာကာများ အဆင်ပြေနိုင်ရန်အတွက် SAFE Delivery မှ 8.4.2026 ထိ My Wallet တွင်ရှိသော လက်ကျန်များနှင့် 8.4.2026 မှ စပြီး အပ်လိုက်သော အထုတ်များအားလုံးကို ပို့ပြီးသည် ဖြစ်စေ၊ မပို့ရသေးသည်ဖြစ်စေ သင်္ကြန်ရက်အတွင်းတွင် ငွေများကို ကြိုရှင်းထားပေးခြင်းနှင့် 20.4.2026 ထိကို Manual Cash Out Request ဖြင့် ငွေများ လွှဲပေးခဲ့ပါသည်။ သို့သော် 9.4.2026 မတိုင်မီက အပ်ထားသော ပစ္စည်းများအတွက် တစ်ထုတ်ခြင်း သေချာ ပြန်လည်စီစစ်ရသည့် အတွက် ထိုပစ္စည်းများကို ငွေရှင်းပေးရာတွင် အချိန်အနည်းငယ် ကြန့်ကြာခဲ့ရပါသည်။ စိတ်အနှောက်အယှက် ဖြစ်ခဲ့သည့် အတွက်လည်း တောင်းပန်ပါတယ်ရှင်။

- သင်္ကြန်မတိုင်မီက အပ်ထားသော ပစ္စည်းများ အကြောင်းအမျိုးမျိုးကြောင့် 21.4.2026 နှင့် နောက်ပိုင်း ပို့ဆောင်ခဲ့ပါက ယခု လက်ရှိ SAFE Delivery Application တွင် စာရင်းသစ် အနေနဲ့ သွင်းထားပေးပါတယ်ရှင်။

- 21.4.2026 မတိုင်မီ ပို့ခဲ့ပါက စာရင်းငွေ အားလုံးပေါင်းပြီး ဒီနေ့ "My Wallet" ထဲသို့ ဝင်လာမည် ဖြစ်ပြီး မနက်ဖြန်မှ စ၍ ပုံမှန် ငွေထုတ်နိုင်ပါပြီရှင်။ စာရင်းအသေးစိတ်ကိုလည်း ခုချိန်မှ စပြီး Viber 09 7500 98 988 တွင် တောင်းနိုင်ပါပြီရှင်။

- ဒီရက်ပိုင်းမှာ မင်မင်တို့ စာရင်းများကို အားစိုက်ပြီး သေချာပြုစုနေရသည့်အတွက် Viber မှ စာပြန်နောက်ကျခြင်းနှင့် ဖုန်းဖြေဆိုမှု ကြန့်ကြာခြင်းများ၊ ရှေ့ရက်ပိုင်းတွင် စာရင်းများ မပြီးသေးသည့်အတွက် ကာကာများကို သေချာမဖြေနိုင်ခြင်းများအတွက် SAFE Delivery မှ ထပ်မံတောင်းပန်ပါရစေရှင်။ ဒီကာလအတွင်း စိတ်ရှည်သည်းခံပြီး စောင့်ဆိုင်းပေးခဲ့တဲ့ အတွက်လည်း SAFE Delivery မှ ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ 🙏🙏🙏

14/04/2026

*14.4.2026 Update

ချစ်ရပါသော ကာကာများရှင် 🙏🙏

- Cash Out Request Form တင်ထားသော Request အများစုကို ငွေလွှဲပြီးကြောင်း အကြောင်းကြားအပ်ပါတယ်ရှင်။

- ငွေလွှဲမဝင်သေးသော ကာကာများကိုလည်း တစ်ယောက်ချင်းစီ ဆက်သွယ်ပြီး အမြန်ဆုံးလွှဲပေးနေပါတယ်ရှင်။

- ငွေလွှဲကြန့်ကြာမှု မရှိစေရန် Form တင်ချိန်တွင် အောက်ပါအချက်များကို သတိထားပြီး ဖြည့်ပေးပါရှင်။
1. Account Number ဖြည့်ရာတွင် Account Number (သို့မဟုတ်) KPay No. သာဖြည့်ပေးပါရှင့်။ Account Number (သို့မဟုတ်) KPay No. မပါပါက ပြန်လည် ဆက်သွယ်ပေးရသည့်အတွက် ကြန့်ကြာနိုင်ပါတယ်ရှင်။
2. Account Number ဖြည့်ရာတွင် SAFE Delivery Application တွင် Verified လုပ်ထားသော Account Number ကိုသာ ဦးစားပေးဖြည့်ပေးပါရှင်။ တစ်ခါမှ မလွှဲဖူးသော Account Number ဖြစ်နေပါက Account ထောင်ချိန်တွင် အသုံးပြုခဲ့သည့် ဖုန်းနံပါတ်ကို ပြန်လည် ဆက်သွယ်အတည်ပြုပြီးမှ လွှဲပေးရသောကြောင့် ကြန့်ကြာနိုင်ပါတယ်ရှင်။
3. Request Amount ဖြည့်ရာတွင် လက်ကျန်အားလုံး ထုတ်လိုပါက All ဖြည့်ပြီး ထုတ်လို့ရပါတယ်ရှင်။

- စာရင်းများကို 90% ကျော် Manual ဖြင့် Update ပြီး ဖြစ်သောကြောင့် မနေ့က ငွေထုတ်ထားသော ကာကာများ Updated လက်ကျန်ကို Form ထပ်တင်ပြီး ထုတ်နိုင်ပါတယ်ရှင်။

- SAFE Delivery မှ ကောက်ထားသော ပစ္စည်းများမှာ တစ်ခုချင်းစီအတွက် စာရင်းအကုန်ရှိပါသောကြောင့် ကာကာများ အားလုံး စိတ်ပူစရာ မလိုပါဘူးရှင်။ Update မဖြစ်သေးသော ပစ္စည်းအားလုံးကိုလည်း စာရင်းသေချာလုပ်ပြီး ၂၀ ရက်နေ့ မတိုင်မီ စာရင်းအားလုံး ကာကာများ Account ထဲကို Update လုပ်ပေးသွားမှာ ဖြစ်ပါတယ်ရှင်။

- ငွေလွှဲအများစုကို လွှဲပေးပြီးသောကြောင့် Form မတင်ရသေးသော ကာကာများအတွက် မနက်ဖြန် 15.4.2026 နေ့လည် ၃ နာရီကို နောက်ဆုံးထားပြီး Form တင်ပေးကြပါရန် တောင်းဆိုချင်ပါတယ်ရှင်။ 15.4.2026 နေ့လည် ၃ နာရီထိ တင်ထားသော Form များကို မနက်ဖြန် နောက်ဆုံးထားပြီး လွှဲပေးပါမယ်ရှင်။ 15.4.2026 နေ့လည် ၃ နာရီနောက်ပိုင်းမှ တင်သော Request Form များကို 18.4.2026 ရုံးဖွင့်ရက်တွင် အမြန်ဆုံး ပြန်လည်လွှဲပေးပါမယ်ရှင်။ ငွေသားထုတ်ယူလိုပါက 15.4.2026 နေ့လည် ၃ နာရီထိကို ကြည့်မြင်တိုင် ရုံးတွင် လာရောက်ထုတ်ယူနိုင်ပါတယ်ရှင်။ 16.4.2026 နှင့် 17.4.206 (၂) ရက်လေး ခွင့်ယူမည်ဖြစ်ကြောင်းလည်း မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

- ယခုကဲ့သို့ အဆင်မပြေမှု များစွာ အတွက် SAFE Delivery မှ အလွန်အားနာပြီး တောင်းပန်ပါတယ်ရှင်။ အကောင်းဆုံး နှင့် အမြန်ဆုံး အဆင်ပြေနိုင်ရန်လည်း ကြိုးစားနေပါတယ်ရှင်။ SAFE Delivery လုပ်ငန်း စထောင်ကတည်းက ခံယူထားသော ခံယူချက်တစ်ခုမှာ SAFE Delivery ကြောင့် Customer များ မနစ်နာစေရဘူး ဆိုတဲ့ ခံယူချက်ကို အမြဲ ခံယူထားပါတယ်ရှင်။ ဒါကြောင့် ယခု ဖြစ်ပွားခဲ့သော အဆင်မပြေမှုများကြောင့် ကာကာများ နစ်နာဆုံးရှုံးမှု ရှိခဲ့ပါက အားလုံး အဆင်ပြေသွားချိန်တွင် SAFE Delivery ကို ဆက်သွယ်နိုင်ပြီး SAFE Delivery ကြောင့် ဆုံးရှုံးနစ်နာမှု မှန်ကန်ခဲ့ပါက SAFE Delivery မှ တာဝန် အပြည့်ယူသွားပေးမည် ဖြစ်ကြောင်းလည်း ကတိပြုအပ်ပါတယ်ရှင်။

- ချစ်ရသော ကာကာများလည်း သင်္ကြန်ပိတ်ရက်အတွင်း ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာပြီး စီးပွားလာဘ်လာဘများ တိုးပွားကြပါစေကြောင်း SAFE Delivery မှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင်။

*ငွေထုတ်ရန် အောက်ဖော်ပြပါ Form ကို ဖြည့်ပြီး ထုတ်လို့ရပါတယ်ရှင်။
https://forms.gle/VPzwbmRzAocGhLeS9

31/03/2026

SAFE မှ ချစ်ရတဲ့ကာကာတို့အတွက် မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ ပုဇွန်တောင်၊ တာမွေမြို့နယ်တွေမှာ ရုံးခွဲအသစ်လေးတွေကို ဖွင့်လှစ်ထားကြောင်း သတင်းကောင်းပါးလိုက်ပါရစေရှင့်။ 🥳🎉

ရုံးခွဲအသစ်လေးတွေဖွင့်လှစ်ထားတဲ့အတွက် ရုံးခွဲအနီးတစ်ဝိုက်က ချစ်ရတဲ့ကာကာတို့ဆီကို ပစ္စည်းကောက်၊ ပစ္စည်းပို့ဝန်ဆောင်မှုတွေ ယခင်ထက်ပိုမိုမြန်ဆန်စွာ ဝန်ဆောင်မှုပေးနိုင်တော့မှာဖြစ်ပါတယ်ရှင့်။ 😍🚚💨

အပြင်သွားရင်းလမ်းကြုံလို့ပဲဖြစ်ဖြစ်၊ အိမ်နဲ့နီးလို့ပဲဖြစ်ဖြစ် ပို့စရာပါဆယ်ထုပ်လေးတွေကို ရုံးခွဲထိလာအပ်ချင်တယ်ဆိုရင်လည်း အောက်ဖော်ပြပါရုံးခွဲလိပ်စာလေးတွေမှာ ပါဆယ်တွေလာအပ်နိုင်ပါပြီရှင့်။ 📦🥰

📍 ရန်ကုန် မြောက်ဒဂုံရုံး - အမှတ် (၉၅)၊ ပင်လုံ (၄) လမ်း၊ ရွှေပင်လုံအိမ်ရာ အပိုင်း (၂)၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
📞: 09-765488202

📍 ရန်ကုန် လှိုင်သာယာရုံး - အမှတ် (၁၅/၇၇၈က), တောင်ငူလမ်း၊ ၁၅ ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
📞: 09-765488208

📍 ရန်ကုန် မြောက်ဥက္ကလာပရုံး - အမှတ် (I-19, I-20), သီရိရတနာလက်ကားဈေး၊ သုဓမ္မာလမ်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
📞: 09-765488209

📍 ရန်ကုန် ပုဇွန်တောင်ရုံး - အမှတ် (၈၂), ၅၂ လမ်း၊ အလယ်ဘလောက်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
📞: 09-765488212

📍 ရန်ကုန် တာမွေရုံး - အမှတ် (၆၃), ဓမ္မစိန္တာလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။
📞: 09-765488213

“စိတ်ချ မြန်ဆန် SAFE Deli” 🧡

----------------------------------

ရန်ကုန် ကြည့်မြင်တိုင်ရုံး - အမှတ် (၁၇) နိဗ္ဗာန်လမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။
📞: 09-765488201

ရန်ကုန် မြောက်ဒဂုံရုံး - အမှတ် (၉၅)၊ ပင်လုံ (၄) လမ်း၊ ရွှေပင်လုံအိမ်ရာ အပိုင်း (၂)၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
📞: 09-765488202

ရန်ကုန် တောင်ဥက္ကလာပရုံး - အမှတ် (၁)၊ ဇီဇဝါဥယျာဉ်အိမ်ယာ၊ သံသုမာလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
📞: 09-765488204

ရန်ကုန် အင်းစိန်ရုံး - အမှတ် (A269), ခ ၈ လမ်း/ ရွာသစ် ၁ လမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
📞: 09-765488206

ရန်ကုန် သာကေတရုံး - အမှတ် (8A), ရတနာပုံ ၄ လမ်း၊ ၁၀ ရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့။
📞: 09-765488207

ရန်ကုန် လှိုင်သာယာရုံး - အမှတ် (၁၅/၇၇၈က), တောင်ငူလမ်း၊ ၁၅ ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
📞: 09-765488208

ရန်ကုန် မြောက်ဥက္ကလာပရုံး - အမှတ် (I-19, I-20), သီရိရတနာလက်ကားဈေး၊ သုဓမ္မာလမ်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
📞: 09-765488209

ရန်ကုန် ပုဇွန်တောင်ရုံး - အမှတ် (၈၂), ၅၂ လမ်း၊ အလယ်ဘလောက်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
📞: 09-765488212

ရန်ကုန် တာမွေရုံး - အမှတ် (၆၃), ဓမ္မစိန္တာလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။
📞: 09-765488213

မန္တလေးရုံး - အမှတ် လ-၂/၅၃၊ 113B လမ်း၊ 73 x 73A လမ်းကြား၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။
📞: 09-765488203

နေပြည်တော်ရုံး - အမှတ် ၂၁၄၊ ယင်းမာလမ်း၊ သပြေကုန်းဈေးအနီး၊ သပြေကုန်းရပ်ကွက်၊ ဇမ္ဗူသီရီမြို့နယ်၊ နေပြည်တော်။
📞: 09-765488205

#စိတ်ချမြန်ဆန်SAFEdeli

18/03/2026

📣 SAFE Delivery နှင့်အတူ လက်တွဲဖို့ ကိုယ်စားလှယ်များ ဖိတ်နေပါပြီ 📣

🚛 အခုအခါမှာတော့ SAFE Delivery ရဲ့ ဝန်ဆောင်မှုကွန်ရက်ကို ပိုမိုကျယ်ပြန့်လာစေဖို့အတွက် မြန်မာနိုင်ငံတစ်ဝန်းရှိ အခြားမြို့များမှ "မြို့အလိုက် ကိုယ်စားလှယ်များ" ကို နွေးထွေးစွာ ဖိတ်ခေါ်နေပါပြီ။ 🤝

ဘယ်သူ့တွေကို ရှာနေတာလဲ? 😊
✅ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်ချင်သူများ
✅ Delivery လုပ်ငန်းမှာ စိတ်အားထက်သန်သူများ
✅ မိမိမြို့မှာ အောင်မြင်တဲ့ ဝန်ဆောင်မှုတစ်ခု တည်ဆောက်ချင်သူများ

ဘာကြောင့် SAFE နဲ့ လက်တွဲသင့်တာလဲ? 😎
✅ SAFE ရဲ့ ကောင်းမွန်သော ပို့ဆောင်ရေးဝန်ဆောင်မှုကြောင့် သုံးစွဲသူတွေကြားမှာ ယုံကြည်မှုရှိပြီး နာမည်ကောင်းရှိခြင်း၊
✅ ကိုယ်စားလှယ်တွေအနေနဲ့ ပစ္စည်းတွေကို စနစ်တကျ စစ်ဆေးနိုင်ဖို့ SAFE Delivery App ကို အသုံးပြုပြီး အလုပ်လုပ်ရမှာဖြစ်လို့ အလွန်လွယ်ကူရိုးရှင်းခြင်း၊ နည်းပညာပိုင်းမှာလည်း ပံ့ပိုးမှု အပြည့်အဝရှိခြင်း၊
✅ စိတ်ချ မြန်ဆန်တဲ့ ဝန်ဆောင်မှုကြောင့် Customerများ အခိုင်အမာရှိသည့်အတွက် လုပ်ငန်းစရတာကို လွယ်ကူစေပြီး ခိုင်မာတဲ့ ဝင်ငွေရရှိနိုင်ခြင်း။

ဒါကြောင့် မိမိမြို့မှာ နေပြီး ပုံမှန်ဝင်ငွေရှာချင်တဲ့သူများ အသေးစိတ် ​ဆွေးနွေးလိုပါက 09 797 518 777 ကို အမြန်ဆုံး ဆက်သွယ်လိုက်ပါနော်။ 🥰

🚛 ဦးစားပေးသော မြို့များ

🧡 ကချင်ပြည်နယ်
📦 မြစ်ကြီးနား
📦 မိုးညင်း

🧡 ကရင်ပြည်နယ်
📦 မြဝတီ
📦 ဘားအံ

🧡 ချင်းပြည်နယ်
📦 ဟားခါး

🧡 မွန်ပြည်နယ်
📦 မုဒုံ-ချောင်းဆုံ
📦 ကျိုက်ထို-ဘီးလင်း
📦 သထုံ
📦 သံဖြူဇရပ်
📦 ရေး

🧡 ရှမ်းပြည်နယ်
📦 အောင်ပန်း
📦 ကလော
📦 ကျောက်မဲ
📦 တာချီလိတ်
📦 လားရှိုး
📦 ကျိုင်းတုံ
📦 မူဆယ်
📦 နမ့်စမ်
📦 တန့်ယန်း

🧡 ရန်ကုန်တိုင်း
📦 ကွမ်းခြံကုန်း
📦 ကော့မှူး
📦 တွံတေး
📦 ဒလ
📦 ခရမ်း
📦 သုံးခွ

🧡 မန္တလေးတိုင်း
📦 မိတ္ထီလာ
📦 ကျောက်ပန်တောင်း
📦 ကျောက်ဆည်

🧡 စစ်ကိုင်းတိုင်း
📦 ကလေး

🧡 မကွေးတိုင်း
📦 ရေနံချောင်း

🧡 ဧရာဝတီတိုင်း
📦 ဘိုကလေး
📦 လပ္ပတ္တာ
📦 ဓနုဖြူ
📦 ကျုံပျော်
📦 ဖျာပုံ
📦 မြန်အောင်

🧡 ပဲခူးတိုင်း
📦 ပြည်-ရွှေတောင်
📦 ညောင်လေးပင်

🧡 တနင်္သာရီတိုင်း
📦 မြိတ်
📦 ထားဝယ်

အထက်ပါ ဦးစားပေးမြို့များအပြင် မိမိနေထိုင်ရာမြို့များအတွက် ကိုယ်စားလှယ်လျှောက်လိုပါက အသေးစိတ် ​ဆွေးနွေးရန် 09 797 518 777 ကို ဆက်သွယ်နိုင်ပါတယ်ရှင့်။ 🥰

“စိတ်ချ မြန်ဆန် SAFE Deli” 🧡

#စိတ်ချမြန်ဆန်SAFEdeli

Want your business to be the top-listed Transport Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. (1), Zezawah Garden, Thanthumar Road, South Okkalapa Township
Yangon