STS E-Learning Center

STS E-Learning Center

Share

Learning English is fun and easy. In STS E-Learning Center, we offer effective and affordable online courses.

28/11/2021

🔔အမြဲလေ့လာ Free Online Courses မှာ 🔔

လူငယ်တွေအတွက် အမြဲပံ့ပိုးနေတဲ့ Ctrl List လိုမျိုးအဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ ဒီတစ်ခါ free course ကတော့ မြန်မာနိုင်ငံကပေးတဲ့ free course မဟုတ်ပါဘူးနော်။

🏛️ကမ္ဘာ့နာမည်ကြီး ကျောင်းတွေထဲက တစ်ခုဖြစ်တဲ့ Harvard University က ပို့ချပေးမယ့် free online courses ပဲဖြစ်ပါတယ်။👏

🏛️ဟားဗတ်တက္ကသိုလ်က ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းအတွက် အခမဲ့အွန်လိုင်းသင်တန်းတွေ ဖွင့်လှစ်ပေးနေတာပဲ ဖြစ်ပါတယ်။ ဘယ်လိုမျိုး သင်တန်းတွေလဲ ဆိုတော့
Harvard University က paid printable certificates တွေနဲ့အတူ အခမဲ့အွန်လိုင်းသင်တန်းတွေ ဖွင့်လှစ်ပေးနေတာပါ။👨‍💼

Harvard ဆိုတာ ပညာရေးလောကရဲ့ အရင်းအမြစ်တွေထဲက တစ်ခုပါပဲ။ ဒီလို တန်ဖိုးရှိတဲ့ ပညာတွေဆည်းပူးချင်တယ်ဆိုရင် စာကို ဆက်ဖတ်ကြည့်ရအောင်။👏

ပို့ချပေးနေတဲ့ သင်တန်းပေါင်းများစွာ ရှိပြီး
🔹Computer Science,
🔹Social Science,
🔹Data Science,
🔹Humanities,
🔹Business,
🔹Mathematics,
🔹Programming,
🔹Health & Medicine,
🔹Education & Training
အပါအဝင် သင်တန်းများအားလုံး တက်ရောက်နိုင်ပါတယ်။

လူငယ်တွေအတွက် လိုအပ်တဲ့ skill များစွာကို ဒီမှာ လေ့လာလို့ရပါတယ်။🌟

ဒီလိုသင်တန်းတွေ တက်ရောက်အောင်မြင်ရင်တော့ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေကတစ်ခုဖြစ်တဲ့ Harvard University အသိအမှတ်ပြုလက်မှတ်လည်း ချီးမြှင့်ပေးခံရမှာပါ။📃🥳

သင်တန်းအားလုံးကိုလည်း အိမ်ကနေပဲ လေ့လာလို့ရပါတယ်။👨‍💼

ဘယ်သင်တန်းကြေးမှလည်း ပေးဖို့မလိုအပ်ဘူးဆိုတော့ ပညာတွေအများကြီး လေ့လာဆည်းပူးလို့ရပါတယ်။
(Full Tuition Fee Waiver.)👏

👨‍💼Access Mode ကလည်း အွန်လိုင်းကပဲဖြစ်ပါတယ်။

ဘယ်လိုလူမျိုးတွေလျှောက်လို့ရမလဲဆိုတော့

👨‍💼ဘယ်နိုင်ငံသားဖြစ်ဖြစ် နိုင်ငံတကာမှာရှိတဲ့ ကျောင်းသားတွေအားလုံးအတွက် Harvard အွန်လိုင်းသင်တန်းတွေကို ဖွင့်လှစ်ပေးထားတာဆိုတော့ ကျွန်တော်တို့လူငယ်တွေလည်း လျှောက်ကြည့်သင့်ပါတယ်။

👨‍💼Application Process ဆိုလို့သိပ်ပြောစရာမရှိအောင်ပါပဲ လွယ်လွယ်လေးပါ။ လင့်ခ်ကတစ်ဆင့် အွန်လိုင်းကနေပဲ လျှောက်လိုက်ရင် ရပါပြီ။
တကယ်လိုအပ်တာကတော့ သင်တန်းတကယ်တက်ရောက်ဖို့သာ လိုအပ်ပါတယ်။❗

Harvard University Free Online Courses 2020 အတွက် လျှောက်ထားနိုင်ချိန်က‌လည်း တဖြည်းဖြည်းလျော့နည်းနေပါပြီ။ ဒီတော့နောက်မကျသေးခင်လျှောက်ကြည့်ဖို့ အကြံပေးပါတယ်နော်။👏

အချိန်အသေးစိတ်နဲ့ သိလိုတဲ့ info အကုန်လုံးကိုလည်း ဒီလင့်ခ်ကတစ်ဆင့် လေ့လာလို့ရပါတယ်။
Link: ⛓️
https://www.youthop.com/scholarships/harvard-university-free-online-courses-2020

ဗဟုသုတရစရာတွေ နောက်ပြီး လူငယ်တွေနဲ့ပတ်သတ်တဲ့ အချက်အလက်လေးတွေ scholarship နဲ့ ပတ်သတ်တဲ့အကြောင်းအရာလေးတွေကို အမြဲဝေမျှပေးနေလို့ Ctrl List ရဲ့ Telegram Channel လေးကို joinပေးကြပါဦးနော် 🥳
⛓️-https://t.me/ctrllist

Content by LaWonKo
Graphic by Ka Ka

Photos from STS E-Learning Center's post 07/09/2021

အရေးပေါ်လိုအပ်တာတွေကြိုတင်ပြင်ဆင်လို့ရအောင် လိုက်နာသင့်တာတွေကို အောက်ပါအတိုင်း တစုတစည်းထဲ ပြန်ဖော်ပြထားပါတယ်။

ပြည်သူအားလုံးနဲ့ပြည်သူဘက်တော်သားအားလုံးဘေးရန်ကင်းကြပါစေ! အရေးတော်ပုံအောင်ရမည်။

Breaking News-
ယနေ့ စက်တင်ဘာလ ၇ ရက်နေ့မှစတင်၍ D-Day အဖြစ် ကြေညာကြောင်း NUG သမ္မတ ဒူဝါလရှီးလက ကြေညာ

ရန်ကုန်၊ စက်တင်ဘာ ၇

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon