Thingaha - Fresh & Seafood Distribution

Thingaha - Fresh & Seafood Distribution

Share

ဒီနေ့မှာ မနက်ဖြန် ရောက်

18/02/2026

Kitchen တစ်ခုလုံးကို စီမံခန့်ခွဲရတဲ့ Chef တစ်ယောက်အတွက် အချိန်ဆိုတာ တန်ဖိုးအရှိဆုံးပါ⏰👨‍🍳

Menu အသစ်တွေအတွက် စိတ်ကူးပုံဖော်ဖို့နဲ့ Plating ပိုင်းကို ပိုပြီး အာရုံစိုက်နိုင်ဖို့ဆိုရင် အချိန်ကုန်စေတဲ့ ကုန်ကြမ်းပြင်ဆင်မှုတွေကို သင်္ဂဟ ဆီ လွှဲပေးလိုက်ရင်ရော ...

သင်္ဂဟ Seafood Distribution ကနေ Chef တို့ စိတ်တိုင်းကျဖြစ်စေမယ့် Premium Ready-to-use အသား၊ ငါးနဲ့ ပင်လယ်စာတွေကို ရန်ကုန်မြို့အတွင်း ဒီနေ့မှာ မနက်ဖြန် အရောက်ပို့ဆောင်ပေးနေပါပြီရှင်💁🏻‍♀️

အရည်အသွေးပိုင်းကို အထူးစိစစ်ထားလို့ ဟင်းပွဲရဲ့ အရသာနဲ့ Texture က အမြဲတမ်း Perfect ဖြစ်နေမှာပါ🤝

ကုန်ကြမ်းပြင်ဆင်ချိန်ကို လျှော့ချနိုင်တဲ့အတွက် ဟင်းပွဲတွေကို ပိုမိုမြန်ဆန်စွာ တည်ခင်းနိုင်သလို waste ဖြစ်မှုကိုလည်း အထိရောက်ဆုံး လျှော့ချနိုင်မှာပါ။

ဒါဆို မိတ်ဆွေတို့ရဲ့ Kitchen မှာ သင်္ဂဟကိုပဲ အကောင်းဆုံး လက်တွဲဖော်အဖြစ် ရွေးချယ်လိုက်တော့နော် ...🦐🐟

တစ်ရက်နဲ့ တစ်ရက် စျေးနှုန်းအပြောင်းအလဲလေးရှိတာကြောင့် -
☎️ 09 770 055 23
☎️ 09 5019284
သို့ 📌မနက်၆ ~ ညနေ၆ နာရီအတွင်း ဆက်သွယ်စုံစမ်းပေးဖို့မေတ္တာရပ်ခံအပ်ပါတယ်။

🚚 ဒယ်လီကိုလည်း နေ့စဥ်ပို့ဆောင်ပေးနေပါပြီနော်..🤗

14/02/2026

💌 ချစ်သူများနေ့မှာ ချစ်သူလေးနဲ့အတူ အများနဲ့မတူတဲ့ အမှတ်တရလှလှလေးတွေ ဖန်တီးချင်ပါသလား ?

ဒါဆိုရင်တော့ ဆိုင်ကြီးတွေမှာ တိုးဝှေ့ပြီး နာမည်ကြီး ဟင်းပွဲတွေကို အချိန်ကုန်၊ငွေကုန်ခံပြီးသွားစားမယ့်အစား အိမ်မှာပဲ ချစ်ရသူအတွက် ကိုယ်တိုင်ချက်ပြုတ်ပေးတဲ့ Premium Home Dinner လေးက ပိုပြီးတော့ Romantic ဖြစ်စေမှာပါ👩‍❤️‍👨

ဒီလို ပြီးပြည့်စုံတဲ့ Dinner Date လေးအတွက်ဆို အရည်အသွေးမှန်ကန်၊ဈေးနှုန်းတန်ပြီး သန့်ရှင်းလတ်ဆတ်မှုအပြည့်နဲ့ သင်္ဂဟ Seafood Distribution က ပင်လယ်စာတွေက မပါမဖြစ်ပဲပေါ့🪼✨

လတ်ဆတ်ပြီး ချိုမြိန်တဲ့ ပင်လယ်စာစစ်စစ်ရဲ့ အရသာနဲ့အတူ သင့်ရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ထွေးပွေ့ချက်ပြုတ်ထားတဲ့ ဟင်းပွဲတွေက ချစ်သူလေးကို ပိုပြီး ပျော်ရွှင်သွားစေမှာ အသေချာပါပဲ။

သင်္ဂဟ Seafood Distribution က သန့်ရှင်းလတ်ဆတ်တဲ့ ပင်လယ်စာမျိုးစုံကို အဆင်သင့်ချက်ပြုတ်ရုံအနေအထားနဲ့ သေသပ်စွာ အိမ်တိုင်ရာရောက်ပို့ဆောင်ပေးတာဖြစ်လို့ မိတ်ဆွေတို့အတွက် လွယ်ကူအဆင်ပြေသက်သာစေမှာပါ။

ကဲ ... ဒါဆို ဒီနှစ် ချစ်သူများနေ့မှာ ချစ်ရသူနဲ့ Special Dinner လေးကို အရသာရှိပြီး သန့်ရှင်းလတ်ဆတ်တဲ့ ပင်လယ်စာတွေရဲ့ချိုမြိန်မှုကို ခံစားရင်း Romantic ဆန်ဆန်ဖြတ်သန်းလိုက်ရအောင်နော်🍝💓

တစ်ရက်နဲ့ တစ်ရက် စျေးနှုန်းအပြောင်းအလဲလေးရှိတာကြောင့် -
☎️ 09 770 055 23
☎️ 09 5019284
သို့ 📌မနက်၆ ~ ညနေ၆ နာရီအတွင်း ဆက်သွယ်စုံစမ်းပေးဖို့မေတ္တာရပ်ခံအပ်ပါတယ်။

🚚 ဒယ်လီကိုလည်း နေ့စဥ်ပို့ဆောင်ပေးနေပါပြီနော်..🤗

12/02/2026

🇲🇲ပြည်ထောင်စုနေ့ တို့မမေ့ ...

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာကျရောက်တဲ့ (၇၉)ကြိမ်မြောက် ပြည်ထောင်စုနေ့ကို သင်္ဂဟ Seafood Distribution မှ ကြိုဆိုဂုဏ်ပြုလိုက်ပါတယ်။

#ပြည်ထောင်စုနေ့

31/01/2026

မေမေတို့ရေ…
ကျောင်းပိတ်ရက်လေးတွေမှာ ကိုယ့်ရဲ့ အစားချေးများတဲ့ ကလေးလေးတွေကို ဘာလုပ်ကျွေးရမလဲဆိုတာ စဥ်းစားရခက်နေပြီလား ❓

ဒီအတွက် “သင်္ဂဟ” ကနေ အရသာလည်းရှိ၊ ကလေးတိုင်းလည်းအကြိုက်တွေ့နေစေမယ့် ပုစွန်တန်ပူရာကြော်‌နည်းလေးကို မျှဝေပေးသွားမယ်နော် 🦐

✅ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ ပုစွန်၊ ဆန်မှုန့်၊ ရေခဲရေ၊ ကြက်ဥ၊ ဂျုံမှုန့်၊ ဆီ စတာတွေကိုပဲ လိုအပ်ပါတယ်။

ပြုလုပ်နည်း အဆင့်ဆင့်ကတော့ -
🍤 အခွံချွတ်ပြီး ရေစင်အောင်ဆေးထားတဲ့ ပုစွန်ပေါ်ကို ဆန်မှုန့်တွေဖြူးထည့်ပါ။

🍤 ပန်းကန်လုံးထဲမှာ ရေထည့်ပြီးနောက် ကြက်ဥဖောက်ထည့်ကာ ခပ်ပြင်းပြင်းမွှေခလောက်ပါ။

🍤 ထိုပန်းကန်လုံးထဲကို ဂျုံမှုန့်ထပ်ထည့်ပြီး မွှေပေးပါ။

🍤 ဒယ်အိုးကို မီးအပူပေးပြီး ဆီထည့်ကာ ဆီကျက်အောင်ထားပါ။

🍤 ဆန်မှုန့်ကပ်ထားတဲ့ ပုစွန်ကို ဂျုံမှုန့်အနှစ်ထဲ နှစ်လိုက်ပြီးနောက် ဆီပူထဲထည့်ကြော်လိုက်ပါ။

🍤 (၃) မိနစ်ခန့်ကြာပြီးနောက် ပုစွန်တွေ ရွှေရောင်ပြောင်းသွားပါက ခပ်ထုတ်လိုက်ပြီး ဆီစုပ်စက္ကူပေါ်တင်ကာ အအေးခံလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိလှတဲ့ ပုစွန်တန်ပူရာကြော်လေးကို ကြိုက်ရာအချဥ်လေးတွေနဲ့ တွဲစပ်ပြီး စားသုံးနိုင်ပါပြီ။

ကဲ… မေမေတို့လည်း အစားရွေးတဲ့ သားသားမီးမီးလေးတွေအတွက် ဒီ ရွှေရောင်သန်းပြီး အရသာရှိတဲ့ ပုစွန်တန်ပူရာကြော်လေးကို လုပ်ကျွေးလိုက်တော့နော် 🥰

Want your restaurant to be the top-listed Restaurant in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No 14, Nat Sin Street, Kyimyindine Township
Yangon