DV lottery Service
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from DV lottery Service, Digital creator, Pattmyar Street, Kamayut Township, Yangon.
28/02/2026
ဘဝကိုအရှုံးမပေးနဲ့ ............
လောကကြီးမှာ ရည်ရွယ်ချက်အတွက် ပန်းတိုင် ကို ရောက်အောင် လျှောက်နေ သေးသ၍ သင်မှန် တယ်။
လေတိုက်တိုင်း လွင့်နေရအောင် သစ်ရွက် ခြောက်မှ မဟုတ်တာ။
အမုန်းခံရတိုင်းသာ ဝမ်းနည်းရရင် ကိုယ့် မျက်ရည် နဲ့ကိုယ်တောင် ကမ်းမမြင် လမ်းမ မြင် လွင့်မျောနေ လောက်ပြီ။
ချောက်တိုင်း ကြောက်ရရင်လည်း ဒီကမ္ဘာ မှာ နေစရာ နေရာတောင် ရှိမှာမဟုတ်တော့ သလို ကြောက်တိုင်း ပြေးရရင်လည်း ကမ္ဘာ့ အပြင်ဘက် တောင် ရောက်နေလောက်ရောပေါ့။
ပုံသေနည်း မရှိတဲ့ဘဝ သမိုင်းစာမျက်နှာ ပေါ်မှာ အမှားပေါင်း သောင်းခြောက်ထောင် အဖျက်ရာ တွေ ဗလပွနဲ့ ဘယ်သူမှ ဒဏ်ရာ နဲ့တော့ မကင်း။
ဒီလိုပဲ... မှားသွားလိုက် ပြန်ပြင်လိုက်၊ လဲကျလိုက် ပြန်ထလိုက်နဲ့ပဲ ပန်းတိုင်ကို လှမ်းကိုင်ကြတာပဲ လေ။
အမေက လမ်းလျှောက်တတ်အောင် သင်ပေးခဲ့ တယ်။ လောကကြီးက နေတတ် အောင် သင်ပေး လိမ့်မယ်။ ဘယ်လိုနေမ လဲဆိုတာတော့ စဉ်းစား။
ငယ်ငယ်က အကြိမ်ကြိမ် လဲကျခဲ့တာ တောင် ပြန် ထပြီး ဒီနေ့အထိရောက်အောင် လျှောက်နိုင်ခဲ့သေး ရင် အမှားတွေကို ပြင်၊ လိုအပ်ချက်ကို ဖြည့်။
နောက်နေ့တွေအတွက်..ဆက်သာလျှောက် လမ်းမပျောက်စေနဲ့ ပန်းတိုင်က ရောက်ကို ရောက် တယ်
မင်း ကံ ကောင်းနေဖို့ မလိုဘူး... မင်း ကောင်းနေ ဖို့ပဲ လိုတာပါ.. ကံကောင်း နေခြင်းက မင်းကို မ ကောင်းစေပါဘူး.. ဒါပေမဲ့... မင်းကောင်းနေခြင်း က မင်းကံကို ပါ ကောင်းစေပါတယ်။
ဘာလို့လဲ ဆိုတော့... ကံဘယ်လောက် ကောင်းကောင်း မင်းမှာ ကြိုးစားချင်စိတ် အလုပ် လုပ်ချင်တဲ့စိတ် မရှိရင် ကံဆိုတဲ့ အရာကြီးက မင်း ဘဝရဲ့.. စားဝတ်နေရေး ကို တာဝန်ယူမှာ မဟုတ်ပါ ဘူးလေ။
အေး...ဒါပေမဲ့.. ကံဘယ်လောက်ပဲ ဆိုး နေပါစေ.. မင်းမှာ ကြိုးစားချင်စိတ် အလုပ် လုပ်ချင်တဲ့ စိတ် ရှိ နေသေးရင်တော့။
မင်းဘဝရဲ့ စားဝတ်နေရေးကို မင်းရဲ့ ကြိုးစားမှု တွေ မင်းရဲ့ လုပ်အားတွေက တာဝန်ယူသွားလိမ့် မယ်။
ဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့ ကံကို မယုံ ပါနဲ့ လို့ တော့ မပြောလိုပါဘူး။
ဒါပေမဲ့... လူငယ်တစ်ယောက်အနေနဲ့ ပြော ချင်တာ တစ်ခုက... ကံဆိုတဲ့ မမြင်ရတဲ့ အရာထက် မင်းဆို တဲ့ မြင်နေရတဲ့ မင်း ကိုယ်မင်း ပိုပြီးယုံကြည်ပါလို့ ပြောချင်ပါ တယ်။
ကံကောင်းခြင်း ကံဆိုးခြင်းဆိုတာ... မင်း အပေါ်မှာ ပဲ မူတည်ပါတယ် ရိုးရိုးလေးပါပဲ။
မင်းကောင်းနေရင် မင်းကံကောင်းလိမ့် မယ်... မင်း ဆိုးနေရင်တော့ မင်းကံဆိုးလိမ့် မယ်... "ကျွန်တော် ဘာပဲလုပ်လုပ် အမြဲ ကံဆိုးနေတယ်လို့ ငြီးငြူမနေပါနဲ့
မင်းပြောတဲ့ ကံဆိုးလို့ဆိုတဲ့ အလုပ်တွေကို
ဘယ်နှစ်ကြိမ်ကြိုးစားပြီး လုပ်ဖူးလဲ????? တစ် ကြိမ်လုပ်ပြီး ကံဆိုးတယ်လို့ ထိုင်အော် မနေပါနဲ့.. အဲဒါ ကံဆိုးတာ မဟုတ်တော့ ဘူး... မင်းပျင်းတာ မင်းညံ့တာ ဖြစ်သွား ...
ဘာပဲလုပ်လုပ် ကံကိုပဲ့ အပြစ်ပုံချမနေနဲ့. မင်း ကိုယ်မင်းလဲ အပြစ်တင်ကြည့်ပါအုံး.. စတင်ကြည့်ပါအုံး အဲဒါတွေ ဖြစ်နေတာ ကံကြောင့်မဟုတ် ဘူး... အဲဒါတွေ ဖြစ်
နေတာ မင်းကြောင့်ဆိုတာ မမေ့နဲ့... လူငယ် တွေ မြဲမြဲမှတ်ထားပါ...
မင်းတို့ အရမ်းယုံကြည်နေပါတယ် ဆိုတဲ့.. ကံကောင်းမှုကြီးက ဘယ်တော့မှ မင်းတို့ဆီ ကို အပြုံးလေးနဲ့ လာမှာ မဟုတ်ဘူး...
မနက်ဖြန်တိုင်းမှာ ကံကောင်းခြင်းတွေ ရှိတယ်... "ဒါဆိုရင် အဲဒီကံကောင်းခြင်းတွေ ကို ကျွန်တော် တို့ ဘာလို့မရလဲ.." မင်းတို့ ဘာလို့ မရလဲ သိလား???
"မင်းတို့ရဲ့ မနက်ဖြန်အတွက် မင်းတို့ ဒီ နေ့ အသုံး မကျလို့ မရတာကွ.." အနာဂတ် မနက်ဖြန်တိုင်းရဲ့ ကံကောင်းခြင်းတွေ လိုချင်ရင်...
ပစ္စုပ္ပန် နေ့ရက်တိုင်းကို အကောင်းဆုံး ကြိုးစား ဖို့ လိုတယ်ဆိုတာ... ဘယ်တော့မှ မမေ့ပါနဲ့... မင်း လိုချင်တဲ့ ကံကောင်းခြင်း ကို.. မင်းကလွဲပြီး ဘယ် သူမှ မယူပေးနိုင် ဘူးနော်...
မင်းတို့ ကြိုးစားမှုရဲ့ နောက်ကွယ်မှာ... မင်း တို့ရဲ့ ကံကောင်းခြင်း တွေ ရှိနေလို့ပဲ... ကံကောင်းချင်ရင် ပျင်းရိခြင်း နဲ့ သက်သာခြင်းကို ဝေးဝေး က ရှောင် ပါ …
28/02/2026
စိတ်ကောင်းရှိဖို့သင်ယူပါ ..........
စိတ်ကောင်းရှိခြင်းဟာ… မွေးရာပါ အကျင့်တစ်ခုလည်းဖြစ်နိုင်သလို ကိုယ်ရှင်သန်ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်က လေ့ကျင့်သင်ကြားပေးလိုက်လို့ စိတ်ကောင်းရှိနေတတ်တာလည်းဖြစ်နိုင်ပါတယ်..။
တချို့ကတော့ စိတ်ကောင်းရှိခြင်းကို အလေ့အကျင့်တစ်ခုလို လေ့ကျင့်ယူတတ်သူတွေလည်းရှိပါတယ်..။
စိတ်စေတနာကောင်းလေးတစ်ခုဟာ… ဘာအရင်းအနှီးမှ မစိုက်ရပါဘဲ ကိုယ့်ဘဝကို အဆင်ပြေပြေ အေးအေးချမ်းချမ်း ရှိစေပါတယ်..။
စိတ်စေတနာကောင်းရှိသူတွေဟာ.. သူများအပေါ် အပြစ်မမြင်တတ်.. အဆိုးမမြင်တတ်ဘဲ.. သူတစ်ပါး အဆင်ပြေချောမွေ့အောင် ဘာလေးကူညီပေးလိုက်ရမလဲ… ဘာလေးမျှဝေပေးလိုက်ရမလဲ လို့ အမြဲစိတ်ကူးနေတတ်သူတွေဖြစ်သလို… သူတစ်ပါးမှာ အဆင်ပြေပြည့်စုံသွားရင်လည်း ကြည်းနူးပျော်ရွှင်နေတတ်သူတွေဖြစ်ပါတယ်…။
စိတ်ကောင်းရှိသူတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့အခါတိုင်း… သူ့ဆီကနွေးထွေးဖြူစင်မှုတွေ ကူးစက်ပြီး ကိုယ့်ဆီမှာလည်း စိတ်နှလုံးလုံခြုံနွေးထွေးမှုကို ခံစားရစေပါတယ်..။
စိတ်ကောင်းရှိခြင်းဟာ ကုသိုလ်စိတ်လည်းဖြစ်ပါတယ်..။
သူများအပေါ်မှာ မလိုတမာစိတ်.. အဆိုးမြင်တဲ့စိတ်… မစ္ဆရိယစိတ်တွေမရှိတဲ့အတွက်… အကြည်ဓါတ်ကလေးနဲ့ လင်းမြချိုကြည်နေတတ်ပါတယ်…။
ကိုယ့်ပတ်ဝန်းကျင်မှာ စိတ်ကောင်းရှိသူတွေနဲ့ ဝန်းရံထားရတဲ့ ကိုယ့်ရဲ့နေ့ရက်တိုင်းဟာ… စိတ်ဆင်းရဲခြင်းကင်းစွာ ပျော်ရွှင်ရတဲ့နေ့ရက်တွေလည်းဖြစ်ပါတယ်..။
စိတ်ကောင်းရှိခြင်းဟာ ကိုယ့်မှာမရှိသေးရင် သင်ယူလေ့ကျင့်ယူလို့ရပါတယ်..။ သူတစ်ပါးဆီက စိတ်ကောင်းရှိတဲ့ အပြုအမူလေးတွေ.. အလေ့အကျင့်လေးတွေဆို ကိုယ့်ဆီမှာပါကူးစက်လာအောင် အတုယူသင်ယူလိုက်လို့ရပါတယ်..။
စိတ်ကောင်းရှိခြင်းဟာ နှလုံးသွင်းမှန်ကန်ခြင်းကနေ မြစ်ဖျားခံပါတယ်..။ ကိုယ်ကြုံဆုံရတဲ့ အတွေ့အကြုံလေးတွေအပေါ်မှာ မှန်ကန်စွာနှလုံးသွင်းလိုက်နိုင်ရင်.. သူတစ်ပါးအပေါ် မကောင်းကြံစည်တာ… သူတစ်ပါးရဲ့အောင်မြင်ချမ်းသာမှုအပေါ် မနာလိုဝန်တိုစိတ်ဖြစ်တာ… သူများမကောင်းကြောင်း အတင်းအဖျင်းတွေပြောတာ စတဲ့ စိတ်ကောင်းမရှိတဲ့ အပြုအမူတွေ မပြုမူမိတော့ပါဘူး..။
လူတစ်ယောက်အောင်မြင်နေတာ.. ကြီးပွါးချမ်းသာနေတာဟာ… သူပြုခဲ့တဲ့ ကောင်းမှုကုသိုလ်ကံတွေအကျိုးပေးနေတာ..လို့ နှလုံးသွင်းမှန်ကန်စွာ ဆင်ခြင်လိုက်မယ်ဆိုရင် ကိုယ့်ထက်သာနေတဲ့သူအပေါ်မှာလည်း မနာလိုဝန်တိုစိတ်ဖြစ်စရာ အကြောင်းမရှိတော့ပါဘူး..။
သူ့ကံနဲ့သူ.. ကိုယ့်ကံနဲ့ကိုယ်မို့ ကောင်းကျိုးချမ်းသာတွေ လိုချင်တယ်ဆိုရင် ကောင်းတဲ့ ကုသိုလ်စိတ်လေးတွေ မွေးနိုင်ဖို့သာလိုပါတယ်..။
ကိုယ်တွေးသမျှ.. ပြောသမျှ.. ပြုမူလုပ်ကိုင်သမျှဟာ.. ကိုယ့်ရဲ့ကံတွေအဖြစ် အကျိုးပေးမှာဖြစ်ပါတယ်…။
ဒါကြောင့်စိတ်ကောင်းနှလုံးကောင်းရှိဖို့သင်ယူပါ..။
ကိုယ်က စိတ်စေတနာကောင်းလေးနဲ့ ပြုမူဆက်ဆံသည့်တိုင်… ကိုယ့်ရဲ့စိတ်ကောင်းရှိမှုအပေါ် အသုံးချအမြတ်ထုတ်သွားတာ… ကိုယ့်ရဲ့တန်ဖိုးကို နှိမ့်ချစော်ကားသွားတတ်တာ စတဲ့သူမျိုးနဲ့ ကြုံဆုံခဲ့ရရင်လည်း ကိုယ့်ရဲ့စိတ်စေတနာကောင်းလေး အပျက်မခံပါနဲ့..။
စေတနာကို စော်ကားတတ်သူဟာ သူ့ရဲ့ပြဿနာသာဖြစ်ပါတယ်..။
ကိုယ့်စေတနာနဲ့ မထိုက်တန်တဲ့သူဟာ.. ကိုယ့်အနားကနေ တဖြည်းဖြည်း ဝေးလွင့်သွားမှာပါပဲ…။
#မေတ္တာဖြင့်ပြန်လည်လေမျှဝေခြင်း
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Pattmyar Street, Kamayut Township
Yangon
NO