Ko Kyaw
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ko Kyaw, News & Media Website, Yangon.
30/11/2022
မင်းသားခေါင်းဆောင်းထားတဲ့ KIA
******************************
စစ်ကိုင်းတိုင်းအတွင်းမှာ ခိုအောင်းနေတဲ့
KIA+PDF အကြမ်းဖက်အဖွဲ့တွေနဲ့ တပ်မတော်
စစ်ကြောင်းများ နေ့စဥ်ရက်ဆက်ဆိုသလို
တိုက်ပွဲတွေဖြစ်နေကြပြီး ဒေသခံအပြစ်မဲ့
ပြည်သူတွေရဲ့ နေအိမ်တွေလည်း မီးရှို့ခံရ
မှုတွေဆက်တိုက်ဖြစ်လာတာကိုတွေ့ရပါတယ်
-
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ
ထီးချိုင့်မြို့နယ်နဲ့ ကသာမြို့နယိအတွင်းက
ကျေးရွာအချို့ ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့
ရတယ်.. ဘယ်သူရှို့လဲဆိုတော့ KIA အကြမ်း
ဖက်အဖွဲ့ရှို့တာဖြစ်တယ်
-
KIAဆိုတာ ဗမာလူမျိုးမုန်းတီးရေးကို တတွင်
တွင်ပြောနေတဲ့ အဖွဲ့ပြည်ထောင်စုကနေ သီခြား
ခွဲထွက်ပြီး နိုင်ငံတစ်နိုင်ငံထူထောင်ဖို့ အိပ်မက်
နေတဲ့အဖွဲ့ .. ဒီလိုအဖွဲ့ဟာ သူတို့ပြည်နယ်အတွင်း
ကနယ်ကျော်ပြီး စစ်ကိုင်းတိုင်းအတွင်းက ဗမာ
လူမျိုးတွေပိုင်ဆိုင်တဲ့ နေအိမ်တွေ အဆောက်အဦ
တွေကိုရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးတာဖြစ်ပါ
တယ်
-
တပ်မတော်စစ်ကြောင်း နယ်မြေစိုးမိုးရေးလုပ်ဆောင်ပြီဆိုရင် KIAနဲ့နောက်မြှီးစွဲ PDF
တွေဟာ စစ်ကြောင်းကိုချောင်းမြောင်းပစ်
ခတ်ပြီး စစ်ကြောင်းက ပြန်လည်ပစ်ခတ်ရင်
အနီးဝန်းကျင်မှာရှိတဲ့ ရွာတွေကို KIA+PDF
တွေဟာ စစ်ကြောင်းလျုက်မလာနိုင်အောင်
မီးရှို့ထွက်ပြေးကြတယ် .. ပြီးရင်တပ်ကပဲ
လုပ်သလိုလို သတင်းအမှားတွေ Media အား
ကိုးနဲ့ ဖြန့်ကြပါတယ်
-
KIA ဘာကြောင့် ဒီလိုလုပ်လဲဆိုရင် ကချင်
ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့
စစ်ဒဏ်ခံခဲ့ရမှုတွေ အတွက် ဗမာလူမျိုးတွေ
ကို ပြန်လည် လက်စားချေခြင်းလို့ သုံးသပ်
မိတယ်...
-
ဒေသခံ PDF အကြမ်းဖက်သမားတွေကလည်း
KIAရဲ့လှည့်စားမှုအောက်မှာ အသုံးချခံနေရ
မှန်းမသိ အသုံးချခံနေရပါတယ်
-
ကိုယ့်ရွာကို မီးရှို့တာ KIAဆိုတာသိနေပေမယ့်
အရှိတရားကိူ မျက်ကွယ်ပြုပြီး ပထွေးကို အဖေ
အရင်းထင်နေတာကတော့ ရင်နာစရာကောင်း
လှပါတယ်
-
အချုပ်ပြောရရင် KIAရဲ့ မင်းသားခေါင်းဆောင်း
ထားတာကို သိသိကြီးနဲ့ ကြိတ်မှိတ်ပြီး ခံနေမယ်
ဆိုရင်တော့ စစ်ကိုင်းတိုင်းထဲက ဗမာရွာတွေ
ကုန်သွားပါလိမ့်မယ်
Click here to claim your Sponsored Listing.
Category
Website
Address
Yangon