JK Language Coach

JK Language Coach

Share

Hi guys! Let's learn English together with JK. Set goal, make plan, get to work, stick to it and reach your goal.

12/11/2021

English စာလေ့လာသူတိုင်းအတွက် BBC Learning App 💯

🚨 ဘာသာစကားလေ့လာရာမှာ အဓိကအကျဆုံးအချက်က နေ့စဉ်နေ့တိုင်း နည်းနည်းဆီသင်ယူသွားဖို့ပါပဲ။ ဒါကိုကူညီနိုင်မယ့် android, iOS application လေးတစ်ခုရှိပါတယ်။

Admin တင်ပေးခဲ့တဲ့ phonetic lessons တွေအပါအဝင်၊
⏺BBC 6 minutes English,
⏺Everyday English,
⏺Business English,
⏺Learn with the News,
⏺Learn with Drama စတာတွေအပြင်
⏺Grammar
⏺Vocabulary
⏺Phonetics Lessons တွေပါမက
⏺English for Teachers
⏺English for Children ဒါတွေကိုပါလေ့လာပြီး
⏺Quiz after lessons တွေနဲ့လည်း လေ့ကျင့်ခန်းပြန်လည်ပြုလုပ်နိုင်တဲ့ application၊ အားလုံးစုံအောင်ပါတဲ့ application လေးမို့ English စာလေ့လာရိုးမှန်ရင် ဖုန်းထဲမှာဆောင်ထားသင့်ပါတယ်။ Admin လည်း📱 ဖုန်းထဲမှာအမြဲထားထားတယ်။

🚨 application ကိုသုံးပြီး ဗီဒီယိုသင်ခန်းစာတွေကြည့်ဖို့အတွက်က Internet connection လိုအပ်ပါတယ်။ ဗီဒီယိုစာသား 'transcript' တွေကိုတော့ internet access မလိုဘဲ ကြည့်ရှုလေ့လာနိုင်တာမို့ download လုပ်ထားသင့်ပါတယ်။ ဒီ BBC Learning English application ဟာ

✅ အသုံးပြုရလွယ်ကူတယ်
✅ နေ့တိုင်းပုံမှန်ဗီဒီယိုတွေကို update တင်ပေးတယ်
✅ နောက်ဆုံးပေါ်စကားလုံးအသုံးအနှုန်းတွေကို အချိန်နဲ့တပြေးညီ သိရှိနိုင်မယ်
✅ audio lesson တွေကို အင်တာနက်ရတုန်း download လုပ်ထားပြီး၊ အင်တာနက်မရနိုင်ရင်လည်း ပြန်နားထောင်လို့ရပါတယ်

link for android users 👉 https://play.google.com/store/apps/details?id=uk.co.bbc.learningenglish

link for iOS users 👉 https://apps.apple.com/us/app/bbc-learning-english/id1416610731

About application 👉 https://www.bbc.co.uk/learningenglish/app

11/11/2021

📑💲 နာမည်ကြီး online learning platform ဖြစ်တဲ့ Coursera ရဲ့ Financial Aid (ပညာသင်ငွေကြေးအထောက်အပံ့) အကြောင်း

👨‍💻👩‍💻 နှစ်စဉ် ကျောင်းသားပေါင်း -100000/- လောက်ကို Coursera ကနေ financial aid ပေးကာ paid course သင်ခန်းစာတွေကို လေ့လာသင်ယူစေခဲ့ပြီးဖြစ်ပါတယ်။

👨‍🎓👩‍🎓 တရားဝင် နာမည်ကြီးတက္ကသိုလ်၊ကောလိပ်တွေနဲ့ပဲချိတ်ဆက်ထားတဲ့ online learning platform Coursera မှာ
◻ Free course (100% အခမဲ့သင်ခန်းစာတွေ)
◻ Paid course (အခကြေးငွေပေးရတဲ့သင်ခန်းစာတွေ)
◻ Online degree တွေ (online degree အတွက် စကော်လာလည်းသီးသန့်ရှိ၊ နောက်ထပ် post တင်ပေးပါမယ်)
◻ အလုပ်ခွင်ဝင်ဖို့ စသည်ဖြင့် ရှိပြီး မိမိနဲ့သင့်လျော်မယ့်ဘာသာရပ်ကို ရွေးချယ်လို့ တက်ရောက်နိုင်တာပဲဖြစ်ပါတယ်။

💁 အခုပေးတဲ့ financial aid က အခမဲ့လေ့လာဖို့ပေးမထားတဲ့ paid course တွေအတွက် ငွေကြေးအထောက်အပံ့ လျှောက်ထားလိုသူတွေကိုပေးပါတယ်။ fanancial aid ရပါက သင်တန်းကို 💯အခမဲ့တက်ရောက်နိုင်မှာပြီး၊ assignment, project တွေ ပါဝင်ဆောင်ရွက်ကာ၊ သင်တန်းပြီးဆုံးရင်လည်း certificate ယူနိုင်မှာဖြစ်ပါတယ်။

🌷 ပညာသင်ငွေကြေးအထောက်အပံ့ကို တိကျစွာရွေးချယ်ထားတဲ့ course တစ်ခုစာအတွက်ပဲ လျောက်ထားနိုင်မှာဖြစ်ပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို အဓိကထားပေးပါတယ်။ လျှောက်လွှာစီစစ်ချိန် (၁၅) ရက်ခန့်ကြာမြင့်မှာဖြစ်ပြီး၊ ဝင်ငွေနည်းပါးတဲ့သူတွေကို ဦးစားပေးပါတယ်။

✅ လျှောက်ထားပုံကလည်း လွယ်ကူပါတယ်။ မိမိတက်ရောက်လိုတဲ့ course ရဲ့ title နားမှာ “financial aid available” ဆိုတဲ့စာတန်းလေးကို click ပြီး “continue to application” ကိုနှိပ်ကာ၊ application form ဖြည့်ရုံပါပဲ။
⏺မိမိရဲ့အချက်အလက်တွေအမှန်ကိုသာဖြည့်ပေးရပါမယ်
⏺သင်တန်းကိုပြီးမြောက်အောင်တက်ရပါမယ်
⏺I agree to the terms above လို့ ရိုက်ပြီး ကတိပေးရပါမယ်
⏺ပညာအရည်အချင်း၊ အလုပ်အကိုင်၊ လစာအခြေအနေ ဖြည့်ပေးရပါမယ်
⏺ပညာသင်ငွေကြေးအထောက်အပံ့ယူလိုတဲ့အကြောင်းရင်းကို စကားလုံး (၁၅၀) စာ ရေးပေးရပါမယ်
⏺ပညာသင်ငွေကြေးအထောက်အပံ့ယူပြီးတက်တဲ့ course နဲ့ပတ်သတ်ပြီး သင်တန်းပြီးဆုံးတဲ့အခါ ဘယ်လိုရည်ရွယ်ချက်တွေ၊ ဆောင်ရွက်မှုတွေပြုလုပ်မလဲဆိုတဲ့ အကြောင်းအရာကို စာလုံးရေ (၁၅၀) ခန့်ရေးပေးရပါမယ်
⏺🚨 Help us improve မှာက “ပညာသင်ချေးငွေလိုချင်သလား” ဆိုတဲ့ စစ်တမ်းကောက်ရုံမေးခွန်းမို့ အဆင်ပြေသလိုဖြေခဲ့လို့ရပါတယ်။ ပညာသင်ချေးငွေ မလိုချင်ဘူးလို့သာဖြေတာအကောင်းဆုံးပါ။ နိုင်ငံတကာမှာ ပညာသင်ချေးငွေယူပြီး ဘွဲ့အကောင်းစားရခဲ့သည့်တိုင်အောင် လုပ်ငန်းခွင်ဝင်ပြီး အကြွေးနွံကိုကြေအောင်ရုန်းကန်နေရတဲ့ ကျောင်းသားတွေ အများကြီးရှိပါတယ်။ But it's up to you 🤷

🚨 (*Coursera ရဲ့ course တွေက enroll for free လို့ရေးထားတတ်ပါတယ်။ သူကစာရင်းသွင်းခအခမဲ့လို့ဆိုလိုပါတယ်။ course fee ကတော့ သတ်မှတ်ငွေကြေးအတိုင်းကျသင့်မှာပါ။ ဒါကြောင့် finiancial aid လျှောက်မယ့်သူက financial aid available ကိုသာတွေ့အောင်ရှာပြီး click ရမှာပါ။ *free trail ဆိုတာကတော့ မိမိရဲ့ဘဏ်ကဒ်အချက်အလက်ကို ထည့်သွင်းပြီး course ကျသင့်ငွေအဖြတ်မခံရသေးဘဲ free trail 7 days ပေးထားရင် (၇) ရက်အခမဲ့လေ့လာနိုင်မှာဖြစ်ပါတယ်။ (၇) ရက်မပြည့်ခင်လေ့လာပြီးလို့ course cancel လုပ်မယ်ဆိုရင် မိမိငွေတစ်ပြားတစ်ချပ်မှ အဖြတ်မခံရပါဘူး၊ certificate မရပါ။ ဆက်လက်လေ့လာချင်ရင်လည်း တစ်လကို 49$ ပဲကျသင့်မှာမို့ အဆင်ပြေရာရွေးချယ်လို့ရပါတယ်။)

ဒီမှာ Financial Aid ပေးတဲ့ course တွေရဲ့ link ပါ 👉 https://www.coursera.org/search?query=financial%20aid&index=prod_all_launched_products_term_optimization&topic=Language%20Learning&languages=en&tab=all

ဘယ်လိုလူတွေ ပညာသင်ငွေကြေးအထောက်အပံ့ယူပြီး ဘာလုပ်ကြလဲသိချင်ရင် ဒီမှာနမူနာကြည့်ပါ။ 👉 https://blog.coursera.org/courseras-financial-aid-what-it-is-and-who-is/

အားလုံးပဲ ချမ်းသာကိုယ်စိတ်မြဲလို့ ဘေးဘယာဝေးကွာကြပါစေ 🌻

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Address


Yangon