Guide for High School graduated
Information sharing
21/10/2024
GHSG Is Back !
----------------
Hello..HelloGuide For High School Graduate ကနေ ပြန်လည်ပြီး ကြိုဆိုလိုက်ပါတယ်။
GHSGers အတွက် Guide For High School Graduate က ပြန်ရောက်လာခဲ့ပါပြီ..။
ပထမဆုံးအနေနဲ့ ဒီကြားထဲ Page လေးကို အကြာကြီး ရပ်နားထားလိုက်ရတဲ့အတွက် ကျွန်တော်တို့ဖက်ကနေ အနူးအညွှတ်တောင်းပန်ပါရစေ..။ ကျွန်တော်တို့ရဲ့ Guide For High School Graduate Team လေးဟာဆိုရင် တက္ကသိုလ်တက်ရောက်မယ့် ကျောင်းသားကျောင်းသူတွေအတွက် အထောက်အပံ့ဖြစ်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတွေနှင့်အတူ မြန်မာနိုင်ငံဒေသအသီးသီးမှာရှိနေတဲ့ တက္ကသိုလ်တွေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေနှင့် တခြားသိထားသင့်တဲ့ Soft Skill တွေကို မျှဝေလျက်ရှိခဲ့တဲ့ လူငယ်အဖွဲ့အစည်းလေးတစ်ခုပဲ ဖြစ်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ဒီကြားထဲမှာ GHSG ကိုရပ်ထားခဲ့ရပေမယ့်လည်း အရင်လို Knowledge Sharing Session လေးတွေနှင့် တခြားသော Activities လေးတွေကို ပြန်ပြီးလုပ်ဖို့အတွက် ကျွန်တော်တို့ရောက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။ မကြာခင်မှာလည်း ကျွန်တော်တို့ရဲ့ GHSG အတူလက်တွဲပြီး ကျောင်းသားကျောင်းသူတွေနှင့်ပညာရေးနယ်ပယ်ထဲကသူတွေအတွက် အကျိုးဖြစ်စေမယ့် Program လေးတွေကိုအတူတူအကောင်အထည်ဖော်ဖို့အတွက် Volunteer တွေလည်းခေါ်ဖို့ရှိတဲ့အတွက်ကြောင့် Page လေးကို စောင့်ကြည့်ကြဖို့ တောင်းဆိုပါတယ်။
Hello!!!
Long time no see guys...
အရင်ဆုံး Post Update မဟုတ်လို့တောင်းပန်ပါရစေ..
မင်မင်တို့ page ကို အခုရက်ပိုင်း ဖုန်းတွေပါဆက်ပြီးမေးလာကြတာမလို့ page အကြောင်းလေးကိုနည်း"ရှင်းပြပေးပါမယ်နော်✌️
💁 မင်"တို့ page ကဆယ်တန်း အောင်ပြီးတဲ့လူငယ်တွေအတွက် uni life ဆိုတာဘာလဲ ဘယ် uni မှာဘာတွေသင်ကြားနိုင်မှာလဲ ဘယ် activities တွေမှာပါဝင်လို့ရနိုင်မလဲ စတဲ့ အထက်တန်းနဲ့မတူတော့တဲ့ uni life ကိုသိရအောင် သက်ဆိုင်ရာ uni တွေမှာရှိတဲ့ senior တွေဆီကနေ page က volunteers လေးတွေနဲ့ပေါင်းပြီး survey ကောက်ထားတာကိုမှ content ရေးပြီး page မှာရေးတင်ပေးထားတာဖြစ်ပါတယ်။
💫အဲ့တာမို့ ဘယ် uni အကြောင်းအသေးစိတ်ပြောပြပေးပါ။ ဘယ် uni ရဲ့ ဖုန်းနံပါတ်ပေးပါဆိုရင် မင်"တို့ဘက်က အဲ့ uni ကအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ထားတာမဟုတ်လို့ အခုချိန်ထိတော့မပေးနိုင်သေးပါဘူး။
💁မင်"တို့ page က ကျောင်းတစ်ကျောင်းမဟုတ်ပါဘူး။ (page ရဲ့ auto reply မှာလည်းပါပြီးသားဆိုပေမယ့် ကျောင်းတွေချည်းလာအပ်နေကြလို့ပါxD) အဲ့တာအပြင်မင်"တို့ page က အစိုးရ uni တွေကိုကျောင်းလျှောက်ပေးတာတွေဘာတွေလည်းမလုပ်ပေးပါဘူး။အပေါ်မှာပြောခဲ့သလို ဘယ် uni ရဲ့ ဘယ် အဖွဲ့အစည်းနဲ့မှချိတ်ဆက်ထားခြင်းမရှိသေးလို့ပါ။
💫ဆိုတော့ မင်"တို့page က knowledge sharing page သက်သက်သာဖြစ်ပါတယ်။ မည်သည့် service ကိုမှမပေးဆောင်ထားသေးပါဘူး။
💁 ဒီနှစ်အမှတ်စာရင်းသတ်မှတ်ချက်တွေကိုလည်း page ကမပြောပြပေးနိုင်သေးပါဘူး။ စီနီယာတွေဆီကပဲ information ယူရတာဖြစ်တဲ့အတွက် လောလောဆယ်အခြေအနေနဲ့ information check up လုပ်ဖို့အဆင်မပြေသေးလို့ပါ။
💁page မှာတင်ထားတဲ့ content တွေတစ်ချို့ဖတ်မရတာတွေရှိတယ်လို့ပြောလာကြပါတယ်။မင်"တို့ဘက်က ကိုယ်ပိုင် content နဲ့တင်ထားပေမယ့် လိုက်မမှီနိုင်တော့တဲ့ ဇူဇူ ရဲ့facebook security တွေကြောင့်မင်"တို့လည်းစိတ်ပျက်မိပါတယ်။
*အကုန်အေးဆေးပြန်ဖြစ်သွားတဲ့အချိန်ကျရင်တော့ content တွေကို စနစ်တကျသေချာလေးစီစဉ်ပေးဖို့စဉ်းစားထားပါတယ်။ ဆိုတော့....
💫 မင်"တို့ page က ထိုကဲ့သို့သော အကြောင်းအမျိုးမျိုးကြောင့်ယာယီရပ်နားထားပါတယ်။ Page ကိုယာယီရပ်ထားတာဖြစ်တဲ့အတွက် page reply ကလည်းအချိန်မှီပြန်နိုင်မှာမဟုတ်သေးပါဘူး😞။ Phone ဆက်မေးလည်းဘာမှသေ"ချာ" ပြောနိုင်မှာ မဟုတ်သေးတဲ့အကြောင်းပြောပါရစေ။
*အခုတလော ဖုန်းတွေအရမ်းဆက်နေကြ message တွေပို့ပြီးမေး"နေကြလို့ မင်"တို့ဘက်ကအခုချိန်မှာ စိတ်ဝင်စားတဲ့သူတွေကို ယာယီရပ်နားထားကြောင်းကိုလာပြောပြတာဖြစ်ပါတယ်။ Page ကိုအသေအချာပြင်ဆင်ပြီး အဆင်သင့်ဖြစ်တဲ့အချိန်ကျ ပြန်လာခဲ့ပါမယ် အားလုံးကိုကျေးဇူးတင်ပါတယ်။
05/10/2021
ဒီကနေ့ October 5 ရက်နေ့ကတော့ ကမ္ဘာ့ဆရာများနေ့ World Happy Teacher's Day ပဲဖြစ်ပါတယ်။
“အတတ်လည်းသင်၊
ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊
ဘေးရန်ဆီး ကာ၊ သင့်ရာအပ်ပို့” ဟူသော ဆရာကျင့်ဝတ်ငါးသွယ်ကို ကျေပွန်စွာ ထမ်းဆောင်နေသော အနန္တောအနန္တဂိုဏ်းဝင် ဆရာ၊ဆရာမများ အားလုံးကို Guide for High School graduated မှ လေးစားစွာ ဂါရဝပြုရင်း ကမ္ဘာ့ဆရာများနေ့အား ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။
ဘဝတကွေ့မှာ ဖြတ်သန်းတွေ့ကြုံခဲ့ရသော ၊ပညာတွေသင်ကြားပေးခဲ့ကြသော ဆရာ၊ဆရာများအားလုံးကို ဝဏာမိ ပြုခဲ့မိသောအမှားများအားဝန်ချတောင်းပန်ကန်တော့အပ်ပါသည်။
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
Yangon