One Two Pharmacy
သင်ဆေးဆိုင်ကိုမလာနိုင်လျှင် ကျွန်ုပ်တို့ဆေးဆိုင်ကို သင့်ဆီအရောက် ပို့ဆောင်ပေးပါမည်
covishield vaccine booster ထိုးလိုသူများ စာရင်းပေးနိုင်ပါပြီ
တစ်ဦးလျှင် ၂၀၀၀၀ ကျပ်ဖြင့် စျေးနှုန်းသက်သာစွာ ထိုးနိုင်ပါပြီ
Cold chain မှန်ကန်သော ဆေးအစစ်အမှန်ကို ယုံကြည်စိတ်ချစွာ ထိုးနှံနိုင်ပါပြီ
ဆက်သွယ်ရန် 09425293672 or message box
covid ရောဂါ ကာကွယ်ရေး အတွက် booster vaccine များ စျေးနှုန်းချိုသာစွာထိုးနိုင်ပါပြီ
👉၁၈နှစ်အောက်ကလေးများအတွက်
အိန္ဒိယနိုင်ငံ ထုတ် Covaxin
တစ်ဦးလျှင် ၂၀၀၀၀
👉18နှစ်အထက်လူကြီးများအတွက်
အိန္ဒိယနိုင်ငံ ထုတ် Covishield
တစ်ဦးလျှင် ၂၀၀၀၀
ကျောင်းများ
companyကြီးများ
စက်ရုံလုပ်သားများ
ဘာသာရေးအသင်းအဖွဲ့များ အတွက် အထူးနှုန်းထားဖြင့် လာရောက်ထိုးနှံပေးပါတယ်
cold chain နှင့် ဆေးစစ်မှန်မှုကို အာမခံပါသည်။
ဆက်သွယ်ရန် ph no 09425293672 or message box
vaccine အစုံရပါကြောင်း
၁။ vaxigrip tetra myanmar register (2022)
ဆေးချည်းပဲဝယ်နိုင်သလို အိမ်အရောက်ထိုးပေးတဲ့ဝန်ဆောင်မှုရပါသည်။
၂။ Covishield booster dose
၃။ Covaxin booster doose
၄။ ၄မျိုးစပ် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး
၅။ ၉မျိုးစပ် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး
ဆေးနဲ့ စျေးများစုံစမ်းလိုပါက
Ph 09425293672/ 095412988
message box
မိုးရာသီတုပ်ကွေး ကာကွယ်ေဆေး vaxigrip tetra 2022
Myanmar register စစ်စစ် Instock ရပါပြီ
ပြင်သစ်နိုင်ငံထုတ် မိုးရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေး 2022(Instock)
DKSH company တိုက်ရိုက်
Ph no 09425293672,095412988
Message box
ကာကွယ်ဆေးကြိုတင်ထိုးထားခြင်းဖြင့် ရာသီတုပ်ကွေးဖြစ်ပွားမှုကို ထိရောက်စွာကွယ်ပေးနိုင်သည်သာမက ဖြစ်ပွားလာပါကလည်းရောဂါပြင်းထန်မှုကို လျှော့ချပေးနိုင်ပါသည်။
credit: Prof Dr Than Than Aye
အိုမီခရွန် အပိုင်း (၃)
Anti-virals : ဗိုင်းရပ် ပိုးသတ်ဆေးများ
လူတိုင်း anti-viral ဆေးမလိုပါ ။
Early Anti-viral to high risk nonhospitalused patients
အောက်ပါ အချက်တွေပေါ် အခြေခံပြီး စဉ်းစားသွားပါမယ်။
ရည်မှန်းချက် ။။ အောက်စီဂျင်မကျရေးနဲ့ အသက်မသေရေး
၁။ ဘယ်အချိန်မှာ ပေးရင် ထိရောက်မလဲ
၂။ ဘယ်သူတွေကို ရွေးပေးရမလဲ
၃။ ဘယ်ဆေးသုံးသင့်သလဲ
********
၁။ ဘယ်အချိန်မှာ ပေးရင် ထိရောက်မလဲ
Effective period
ဗိုင်းရပ်ဆေး ထိရောက်မည့် ကာလက "စဖြစ်ချိန်မှ ၅ ရက် အလွန်ဆုံး ၇ ရက်" အတွင်း သာဖြစ်ပါတယ်။
Non- hospitalised patients
ဆေးရုံမတက်ရသူတွေ ဆိုတာက အောက်စီဂျင်မကျသေးသူတွေဖြစ်ပါတယ်။ရောဂါ ဖြစ်ခါစ ကိုဆိုလိုပါတယ်။
*******
၂။ ဘယ်သူတွေကို ရွေးကုရမလဲ
High risk patients ဆိုတာ
ကိုဗစ်ရောဂါ ဆိုးရွားသွားမည့် ( အသက်သေဆုံးနိုင်မည့် ) အလားအလာရှိသူတွေ ကိုဆိုလိုတာပါ။ဒီ high risk အုပ်စုကို အဓိက ဦးစားပေးကုရန်ဖြစ်ပါတယ်။
အချက်၄ ချက်ကိုကြည့်ပြီးဆုံးဖြတ်နိုင်ပါတယ်။
a. အသက်အရွယ် ကြီးခြင်း ၆၀ မှ အထက်age
b. ကာကွယ်ဆေး ထိရောက်ထိုးမှု ၊ အကြိမ်ထား ရေ vaccination status
c. ခုခံအား အခြေအနေ immune status
ရှေ့မှာဖေါ်ပြထားတဲ့ အဆင့်၄ ဆင့် ကိုကြည့်နိုင်ပါတယ်
ကာကွယ်ဆေး လုံးဝ မထိုးသေး + ကိုဗစ်လည်းမဖြစ်ဘူးသေးသူ
ကာကွယ်ဆေး အပြည့် ၂ လုံးထိုးထားဘူးသူ
ကာကွယ်ဆေး booster dose အပါအဝင် ၃ ချောင်း ထိုးထားပြီးသူ
ကိုဗစ်ဖြစ်ပြီးသူ + ကာကွယ်ဆေး ထပ်ထိုးထားပြီးသူ
1 မှ 4 အထိ ကိုဗစ်ကာကွယ်ခုခံအား အနည်းဆုံးမှ အများဆုံး ဖြစ်ပါတယ်။
d. နောက်ပိုင်းမှာ အောက်စီဂျင်ကျပြီး ရောဂါဆိုးရွားလာမည့် အလားအလာရှိသူများ
risk factors for clinical progression ကို ဦးစားပေး ရွေးချယ်ပြီး anti-viral ပေးရပါမယ်။
နာတာရှည်ရောဂါ ရှိသူများ( ဥပမာ ... ဆီးချို ၊နှလုံး၊သွေးတိုး၊အဆုပ်...လေဖြတ် ...etc)
ကလီဆာ အားမကောင်းတဲ့ ရောဂါရှိသူများ
အသည်းခြောက်၊ ကျောက်ကပ်အားကုန်၊ ကျောက်ကပ်ဆေး ၊ heart failure နှလုံး ရောဂါ
ကင်ဆာ၊
အဝလွန်ခြင်း BMI > 30
autoimmune & Immune deficiency ခုခံအားကျဆေးသုံးစွဲထားရသူ eg organ transplants
Risk အများဆုံးရှိသူကို အထိရောက်ဆုံးဆေး ရွေးချယ်ဖို့ လိုပါတယ်။
၃။ ဘယ်ဆေးသုံးသင့်သလဲ
*****
Antiviral ပေးရတဲ့ ရည်ရွယ်ချက်နဲ့ အကျိုးကျေးဇူးများ
ဗိုင်ရပ်ပိုးအရေအတွက်(viral load ) ကိုနည်းစေခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ...
-ကိုဗစ်ရောဂါ ဝေဒနာတွေ အမြန်သက်သာပြီး
စောစော ရောဂါပျောက်ကင်းခြင်း ။
-ရောဂါပြန့်နှံ့ ကူးစက်မှု နည်းစေခြင်း။
-ရောဂါ ဆိုးလာနိုင်ခြေရှိသူများ အတွက် နောင်တွင်ဖြစ်လာမည့် အောက်စီဂျင်ကျခြင်း ၊ အထူးကြပ်မတ်ခန်းဝင်ရခြင်း၊ အသက်ရှူ စက်အကူလိုအပ်ခြင်းတို့ကို လျော့ကျစေခြင်း ၊ အသက်သေဆုံးမှု လျော့ကျစေခြင်း တို့ဖြစ်ပါတယ်။
******
Omicron အတွက် သုံးနိုင်တဲ့ ထိရောက်တဲ့ Available Anti-virals ဆေး၄ မျိုး ရှိနေပါပြီ ။
(မြန်မာနိုင်ငံမှာရရှိတဲ့ဆေး၂ မျိုး သာရှိပါတယ်။)
၁။ Paxlovid အထိရောက်အဆုံး၊ ကောင်းဆုံးရွေးချယ်ရန် သောက်ဆေး( မြန်မာမှာမရှိသေး)
၂။ sotrovimab ကသာ Omicron အတွက်ထိရောက်ပါတယ်။ ထိုးဆေးဖြစ်ပါတယ်။ယ
ခင်က သုံးတဲ့ Casirivimab, plus Imdevimab ( Regeneron ) ကို အိုမီခရွန်မှာ သုံးရင်မထိရောက်တော့ပါဘူး။ ( မြန်မာမှာ မရှိသေး)
၃။ Remdesivir ထိရောက်တဲ့ ထိုးဆေး။(မြန်မာမှာ ရရှိပြီးဆေး)
၄။ Molnupiravir ကို အထက်ပါဆေးတွေ မသုံးနိုင်တဲ့သောက်ဆေး ။ (မြန်မာမှာ ရရှိလာပြီ)
Option 1: Paxlovid
Pfizer ဆေးကုမ္ပဏီက ထုတ်တဲ့ Ritonavir-boosted nirmatrelvir ( Paxlovid ) ပက်စ်လိုဗစ် ဆိုတဲ့ဆေးကို ဆေးရုံ မတက်ရတဲ့( အောက်စီဂျင်မကျသေးတဲ့သူ) high risk ရောဂါဆိုးရွားလာနိုင်ခြေများတဲ့သူတွေ မှာသုံးရန် အသင့်ဆုံးလို့ international guideline တွေမှာဖေါ်ပြထားပါတယ်။ သောက်ဆေးဖြစ်လို့ အသုံးပြုရတာလွယ်ပါတယ်။ဒီဆေးမျိုးမပေးထားသူတွေနဲ့ဆာရင် ဆေးရုံတက်ရခြင်းနဲ့ အသက်သေဆုံးခြင်းကို ၈၈% ပိုလျော့စေနိုင်ပါတယ် ။
မြန်မာမှာတော့ ဒီဆေးမရရှိနိုင်သေးပါဘူး။
Option 2: Sotrovimab စိုထရိုဗီမက်ဘ်
အကယ်၍ Paxlovid မရခဲ့ရင် ဒါမှ
မဟုတ် အခြားသောက်ဆေးနေကျဆေးတွေနဲ့ ဓါတ်ပြုမှာစိုးလို့ (Drug interaction)မသုံး
သင့်ရင်sotrovimab ကိုဒုတိယဦးစားပေး
သုံးနိုင်ပါတယ်။ ဒီဆေးမျိုးမပေးထားသူတွေနဲ့ဆာရင် ဆေးရုံတက်ရခြင်းနဲ့ အသက်သေဆုံးခြင်းကို ၈၅% ပိုလျော့စေနိုင်ပါတယ် ။ ထိုးဆေးဖြစ်တာရယ် ဈေးကြီးတာရယ်ကြောင့် မြန်မာအတွက် အသင့်ပါဘူး။
အိုမီခရွန်မှာ တော့ ယခင်အသုံးများတဲ့
Casirivimab, plus Imdevimab (Regeneron)ကအသုံးမဝင်တော့ပါဘူး။
Option 3: Remdesivir ရမ်ဒက်ဆီဗီယာ
PINETREE trial အရ Remdesivir ဟာ Omicron အတွက် ထိရောက်တဲ့ဆေးတစ်ခုဖြစ်ပါတယ်။
Remdesivir - 3 days course approved by CDC. .... ၃ ရက်ဘဲ သွင်းရင်လုံလောက်ပါတယ်။
ခါတိုင်းလို ၂ လုံးစသွင်းပြီး
နောက်ရက်တွေမှာ ၁ လုံးစီ ၂ ရက် ( စုစုပေါင်း ၄ လုံး လိုအပ်ပါတယ်။) ၇-ရက်မလွန်မှီသုံးရင်
ထိရောက်နိုင်ပါတယ်။
Remdesivir 200 mg IV on Day 1,
followed by Remdesivir 100 mg IV daily on Days 2 and 3,
initiated as soon as possible and within 7 days of symptom onset in those aged ≥12 years and weighing ≥40 kg.
***PINETREE trial မှာ ဒီဆေးမျိုးမပေးထားသူတွေနဲ့ဆာရင်အောက်စီဂျင်ကျခြင်း ( ဆေးရုံတက်ရခြင်း ) နဲ့ သေဆုံးခြင်း ( Relative reduction ) ကို ၈၇% ထိ လျော့စေပါတယ်။
Option 4: Molnupiravir မိုလ်နူပီရာဗာ
အထက်ပါဆေး ၃ မျိုး ကိုမရရှိနိုင်ရင်၊ ဒါမှမဟုတ် သုံးရန်မသင့်ရင် မိုလ်နူပီရာဗာကို သုံးနိုင်ပါတယ်။
ဒီဆေးမျိုးမပေးထားသူတွေနဲ့ဆာရင်အောက်စီဂျင်ကျခြင်း ( ဆေးရုံတက်ရခြင်း ) နဲ့ သေဆုံးခြင်း ( Relative reduction ) ကို ၃၀% ထိ လျော့စေပါတယ်။
**********
-ဘယ်ဆေးကအထိရောက်ဆုံးအကောင်းဆုံးလဲ။
Paxlovid (RR 88% ) >> Remdesivir (RR 87%) >>monoclonal Ab sotrovimab (RR 85%) >> Monupiravir (RR 30% )
-ဘယ်ဆေးက ဆေးရုံပြင်ပ ( အိမ်မှာ ) သုံးလို့ လွယ်သလဲ ။
Paxlovid and Monupiravir
***********
ဆေးသစ်ဖြစ်တဲ့ Molnupiravir:ပြောပါမယ်။
ဒီဆေးရဲ့ အာနိသင်ဟာ ကိုဗစ်ပိုးရဲ့ ဆူးအချွန် ( spike protein ) နဲ့မပတ်သက်တဲ့အတွက် မျိုးကွဲသစ် ဖြစ်တဲ့ အိုမီခရွန် မှာထိရောက်မှု ဆက်ရှိနေ
ပါတယ်။
Molnupiravir ဟာ MoVE-OUT study မှာဆေးရုံတက်ရခြင်း ( အောက်စီဂျင်ကျခြင်း ) နဲ့ အသက်သေဆုံးခြင်း ၃၀% ပိုလျော့ကျစေပါတယ်။ ဒီဆေးကို ရောဂါရဲ့ အစောဆုံးကာလမှစသောက်မှ အကျိုးရှိပါတယ်။ ၅ ရက်ကျော်ရင် လုံးဝ အစွမ်းမရှိတော့ပါဘူး။
ကောင်းတာတစ်ခုကတော့ မိုလ်နူပီရာဗာ က ကြီးကြီးမားမား ဘာဆိုးကျိုးမှ မရှိခြင်းဘဲဖြစ်ပါတယ်။သောက်ဆေးဆိုတော့ အလွယ်တကူပေးနိုင်ပါတယ်။ ဒါပေမဲ့ ဆရာဝန်တွေနဲ့မတိုင်ပင်ဘဲSelf prescriotion နဲ့ မသောက်သင့်ပါဘူး။
ကိုယ်ဝန်ရှိသူတွေမှာ မသုံးရပါဘူး။ ခလေးမွေးတဲ့အရွယ် အမျိုးသမီးတွေဟာဆေးသောက်တဲ့နောက်ဆုံးနေ့ မှ၄ ရက် အတွင်း ခလေးမရအောင် တားရပါမယ်။အမျိုးသားတွေ ဆေးသုံးပြီး ၃ လအတွင်း အမျိုးသမီးမှာ ခလေးမရအောင် တားထားရမယ်။
အသည်း၊ကျောက်ကပ် မကောင်းသူများမှ သုံးလို့ရတဲ့ အားသာချက်ရှိပါတယ်။ အသက်၁၈ နှစ်အောက် မှာ မပေးရပါ။ဒီဆေး အတွက်
ခိုင်မာတဲ့ evidence အထောက်အထားတွေ တော့မရှိလို့ အထက်ပါ ဦးစားပေးစနစ်နဲ့ စဉ်စားရပါမယ်။
***Dose:
ဆေးအလုံး၄၀
၁ လုံးမှာ 200mg ပါတယ်။
800mg (၄ လုံး ) စီ တစ်နေ့ ၂ ကြိမ် သောက်ရမယ်။
အစာမစားဘဲ (သို့ ) စားပြီး ကြိုက်သလိုသောက်နိုင်တယ်။
၅ ရက်သောက်ရမယ်။
မိုလ်နူပီရာဗာရဲ့ ဘေးထွက်ဆိုးကျိုး
Diarrhea ဝမ်းလျောခြင်း (2%)
Nausea ပျို့ခြင်း (1%)
Headache ခေါင်းကိုက်ခြင်း
Dizziness မူးဝေခြင်း (1%)
Drug interactions: အခြားဆေးတွေရဲ့ အာနိသင်ကို အနှောက်အယှက်မပေးဘူး။
Obviously, it is Option 4 ဖြစ်ပါတယ်။
*******
အိုမီခရွန် ဘယ်လိုနေလဲ ?
ပျော့လား ?
ဆိုးလား ?
ကူးဆက်မြန်ပေမဲ့ ဆိုးရွားသွားသူမများတော့ သိပ်စိုးရိမ်စရာမရှိပါဘူး။ ( မပူနဲ့ )
ဒီလောက် ပျော့တဲ့ကြားက ရောဂါဆိုးသွားသူတွေကတော့ ကံဆိုးလွန်းလို့ဖြစ်မလား။
ယခုလို ကာကွယ်နိုင်တဲ့ ဆေးတွေရှိလာချိန်မှာ ဒီလို မရှိသင့်တော့ပါဘူး။ ( မပေါ့နဲ့ )
အားလုံးကို ကယ်နိုင်ဖို့ Zero mortality ရနိုင်ဖို့
" အဆိုးဆုံးဖြစ်နိုင်ခြေရှိသူအားလုံးကို အစောဆုံးရှာဖွေဖေါ်ထုတ်ပြီး အထိရောက်ဆုံးဆေးကိုရွေးသုံးနိုင်ဖို့လိုအပ်ပါတယ်။ "
နောက်ဆုံးမှာချင်တာက ... Viral replication phase ပထမပတ် ambulatory care ( GP primary care )မှာ
မလိုတဲ့ဆေးကို မလိုတဲ့ အချိန်မှာ မပေးပါနဲ့ ။
-Cortico-steroid အစောကြီးမသုံးရ
-Antibiotics အစောဆုံးကာလမှာ လုံးဝမလိုပါ ( မပေးဘဲ လေ့ကျင့်ကြည့်ပါ ။ အတူတူပါဘဲ ။)
-Prophylaxis Anticoagulants LMWH များကို သွေးခဲခြင်း အထောက်အထား ၊high risk for DVT ဖြစ်နိုင်ခြေ Scoreများကိုသာအဓိက ထားပြီး ဆုံးဖြတ်ပါ။
D Dimer တစ်ခုထဲမကြည့်ရပါ။
-Oxygen ကျတာလည်း အစောဆုံးသိအောင် monitor လုပ်ဖို့မမေ့ပါနဲ့
severe covid ကတော့ ယခင်က အတိုင်းကုသရပါမယ်။
End of Omicron covid
8.2.22
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Independent Street
Yangon