Slim and Fit
အဆီကျ အာမခံသင်တန်း 09421106237
18/08/2022
အဆီကျသွားတဲ့သူတစ်ယောက်က ကိုယ်လုံးအပြင် မျက်နှာပါ နုပျိုလာတာမျိုး
16/08/2022
ဘီယာဗိုက်ဘာကြောင့် ရှိနေတာလဲ။
ဘီယာဗိုက်ဆိုတာ သင့်ရဲ့ဗိုက်က ဘောင်းဘီရဲ့ရှေ့ကို ပြူထွက်နေတာမျိုးပဲဖြစ်ပါတယ်။ သင်ဟာ ကယ်လိုရီတွေအများကြီးစားမိပြီး ပြန်လည်မသုံးစွဲမိတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။ နာမည်နဲ့ဆန့်ကျင်စွာဘဲ ဘီယာဗိုက်က အရက် ဘီယာနဲ့ ဝိုင်တွေ သောက်သုံးတဲ့အခါမျိုးမှာပဲ ဖြစ်တတ်တာမဟုတ်ပါဘူး။ အသင့်စားအစားအစာ၊ သကြားပါတဲ့ဖျော်ရည်ယမကာ၊ အဆီများတဲ့အစားအစာနဲ့ ပုံမှန်ထက်ပိုများတဲ့အစားအစာတွေကို စားသောက်မိတဲ့အခါ ကယ်လိုရီတွေအများကြီးတက်လာပါတယ်။ ထိုအခါမျိုးမှာလည်း ဘီယာဗိုက်ဖြစ်တတ်ပါတယ်။ ဒါ့အပြင် အားကစားပြုလုပ်ဖို့ ပျင်းတဲ့သူတွေမှာလည်းဖြစ်နိုင်ပါတယ်။ အားကစားလုပ်ခြင်းက ဗိုက်ကြွက်သားတွေကို ကြီးထွားသန်မာစေပြီး အဆီများလို့ ဗိုက်ခေါက်ထွက်ခြင်းကိုတားဆီးနိုင်မှာပါ။ အရက်ဟာ ဘီယာဗိုက်ကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းမဟုတ်ပေမယ့် သင့်ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေနဲ့တော့ ဆက်စပ်နေပါတယ်။ အရက်သောက်ရင် သင့်ဗိုက်က တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးပူလာမှာပါ။ အကြောင်းက အရက်သောက်တဲ့အခါမှာ အသည်းက ဘီယာဗိုက်ဖြစ်စေမယ့် အဆီတွေကို လောင်ကျွမ်းပစ်ရမယ့်အစား အရက်တွေကို လောင်ကျွမ်းဖြိုခွဲလိုက်ရလို့ ဖြစ်ပါတယ်။
ဘီယာဗိုက်ကို ဘယ်လိုဖယ်ရှားကြမလဲ။
ဘီယာဗိုက်ကို ချက်ချင်းကြီးလျော့ကျသွားအောင်လုပ်နိုင်တဲ့ အားကစားရယ်လို့တော့ အတိအကျမရှိပါဘူး။ ဒါဟာ မျက်လှည့်ပြတာမဟုတ်သလို အံ့ဖွယ်ဖြစ်ရပ်လည်းမဟုတ်တဲ့အတွက် ပုံမှန် ခါးအရွယ်အစားကို အချိန်တိုအတွင်းပြန်ရဖို့ ဆေးဝါးတွေသာမကနဲ့ မည့်သည့်အရာတွေကမှ မကူညီနိုင်ပါဘူး။ သင့်ခန္ဓာကိုယ်မှာရှိတဲ့ ကယ်လိုရီတွေကိုလျှော့ချဖို့ တစ်ခုတည်းသော နည်းလမ်းက နေ့တိုင်းအားကစားပြုလုပ်ပေးဖို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် စားသောက်နေထိုင်မှုပုံစံကိုလည်း စနစ်တကျ ထိန်းချုပ်ရပါမယ်။ ထိုအခါ သင်စားသောက်လိုက်တဲ့ ကယ်လိုရီပမာဏက သင်သုံးစွဲလိုက်တဲ့ပမာဏအောက် လျော့နည်းသွားပြီး မျှတကောင်းမွန်တဲ့ စွမ်းအင်အခြေအနေတစ်ခုကို ရရှိပါလိမ့်မယ်။ ဒီမှာ ဘီယာဗိုက်ကို လျှော့ချဖို့ အကြံဉာဏ်အချို့နဲ့ သင်လုပ်ဆောင်နိုင်တာတွေကို ဖော်ပြထားပါတယ်။ ကယ်လိုရီကို နည်းနည်းပဲစားပြီး များများသုံးစွဲပါ။ အားကစားများများပြုလုပ်ပါ။ ဒါဟာ သင့်မှာ ပိုလျှံနေတဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေမှာပါ။ နှစ်ခုစလုံးကို ပြုလုပ်နိုင်မယ်ဆိုရင် ပိုပြီးထိရောက်မှုရှိပါလိမ့်မယ်။
ဒါ့အပြင် ကျန်းမာကောင်းမွန်တဲ့ လူနေမှုဘဝကိုရရှိဖို့ စားသောက်ခြင်း အလုပ်လုပ်ခြင်း ကစားခြင်း အနားယူခြင်း စသဖြင့် သင့်ရဲ့တစ်နေတာ လှုပ်ရှားမှုတွေအတွက် အချိန်ဇယားတစ်ခုပြုလုပ်ထားသင့်ပါတယ်။ ဆန္ဒရှိမယ်ဆိုရင် အဆီပိုတွေကိုလျှော့ချဖို့ ဘီယာဗိုက်ကိုဖယ်ရှားဖို့ ကျစ်လျစ်တဲ့ခါးပုံစံမျိုးရရှိဖို့ စတာတွေနဲ့ ဆိုင်တဲ့ အားကစားနည်းတွေကို အင်တာနက်မှာ ရှာဖွေနိုင်ပါတယ်။
ပိုလျှံနေတဲ့ ကယ်လိုရီတွေကို ဘယ်လိုလျှော့ကြမလဲ။
Alcohol(အရက်)ပါဝင်မှုနည်းပါးတဲ့ ဝိုင်နဲ့ ဘီယာတွေကို ရွေးချယ်ခြင်းဖြင့် အရက်သောက်သုံးမှုကို ကန့်သတ်ထားရပါမယ်။ အရက်ကိုရေနဲ့ရောသောက်တာက alcohol ပါဝင်မှုကိုလျော့နည်းစေပါတယ်။ ဘီယာနဲ့ ဝိုင်တို့ကိုလည်း ကယ်လိုရီလျော့နည်းစေတဲ့ဟာတစ်ခုခုနဲ့ တွဲသောက်သင့်ပါတယ်။
အစာစားတဲ့အခါမှာလည်း ကစီဓာတ်ကြွယ်ဝတဲ့ ထမင်းနဲ့ ပေါင်မုန့်အစား ဟင်းသီးဟင်းရွက်တွေ သစ်သီးဝလံတွေကို ပိုစားသင့်ပါတယ်။ ရေကူးခြင်း၊ လမ်းလျှောက်ခြင်းအပြင် ပြင်းထန်တဲ့အားကစားတွေကိုလည်းပြုလုပ်သင့်ပါတယ်။ အားကစားခန်းမသို့သွားပြီး အချိန်ဇယားတစ်ခုဆွဲပြီးလည်း ပြင်းပြင်းထန်ထန်အားကစားပြုလုပ်နိုင်ပါတယ်။
ဒါ့အပြင် နွားနို့ ဆိုဒါ ချိုချဉ်နဲ့ ဖျော်ရည်တွေကို တတ်နိုင်သမျှရှောင်ရှားရပါမယ်။ ကယ်လိုရီတွေကို မြန်မြန်လျှော့ချပစ်ဖို့ ကယ်လိုရီပါဝင်မှုနည်းပါးပြီး ဆေးဖက်ဝင်အပင်များနဲ့ ပြုလုပ်ထားတဲ့ လက်ဖက်ရည်နဲ့ ရေတို့ကို ရွေးချယ်သောက်သုံးသင့်ပါတယ်။
အရက်သောက်တဲ့သူတွေမှာ ဘီယာဗိုက်ရှိတာ မထူးဆန်းတော့ပါဘူး။ သင့်အနေနဲ့ စားသောက်ခြင်း အလုပ်လုပ်ခြင်း အားကစားပြုလုပ်ခြင်းနဲ့ အနားယူခြင်းတို့အတွက် သင့်လျော်မယ့် အစီအစဉ်တွေတော့ ပြုလုပ်ထားသင့်ပါတယ်။ သင့်ဆီမှာ ပိုလျှံတဲ့ကယ်လိုရီတွေများလာရင်တော့ ဘီယာဗိုက်ထွက်လာမှာပါ။ အဆီတွေက ခါးမှာသွားစုပြီး ခါးတုတ်တုတ်ကြီးဖြစ်လာမှာလည်း အသေအချာပါပဲ။
hello dr
09/08/2022
ဟာ......
ဝိတ်လည်းချချင်တယ်
ထမင်းမဖြတ်နိုင်ဘူး
လေ့ကျင့်ခန်းမလုပ်နိုင်ဘူး
သီးသန့်လည်းလုပ်ဖို့အဆင်မပြေဘူး
ပိုက်ဆံအများကြီးလည်းမသုံးချင်ဘူးဆို
ဘာတွေတွေဝေနေမှာလဲ
ဒါတွေအားလုံးနဲ့ကိုက်ညီတဲ့ Slim and Fit ရှိနေပြီလေ....
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon