MOSAR KAY Japanese

MOSAR KAY Japanese

Share

Japanese Speaking and Training

Photos from MOSAR KAY Japanese's post 08/07/2026

ခု လူငယ်တွေလည်း ဖြစ်နိုင်တာပေါ့🤍🍀🤍

ကျွန်မ အသက်20မှာ အမေ့ရင်ခွင်ကနေ ဂျပန်ပြည်ကို စတင်ထွက်ခွာပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် စတင်ရပ်တည်ပါတယ်။ စကော်လာတစ်လကို ယန်း10သောင်း တက္ကသိုလ်တက်တဲ့ကာလ 4 နှစ်လုံးရတဲ့အထိ စာကြမ်းပိုးလုပ်ခဲ့ပါတယ်။ ကျန်တဲ့ကုန်ကျစရိတ်အတွက်‌တော့ အချိန်ပိုင်းအလုပ်လုပ်ပြီးရှာပါတယ်။

တက္ကသိုလ်ပြီးလို့ ဂျပန်ကုမ္ပဏီမှာ စဝင်တော့ တစ်လ ယန်း သောင်း20 ကနေ သုံးနှစ်အကြာမှာ ယန်း သောင်း 25 ရပါတယ်။ အခွန်ဖြတ် အာမခံ ပရီမီယံကြေးဖြတ် ဘာညာနဲ့ဆို လက်ထဲကျန်တာ ယန်း 16 သောင်းလောက်ပေါ့။ အိမ်တော့ ပြန်ကန်တော့နိုင်ပေမယ့် သိပ်မစုမိပါဘူး။ အဲ...bonus ကတော့ တစ်နှစ် နှစ်ကြိမ်ရပြီး၊ ဒီဇင်ဘာ bonus ရချိန်မှာ ကိုယ့် အရည်အချင်းအလိုက် လေးငါးလစာလောက် ရတာမျိုးရှိတော့ တလုံးတရင်းတည်း ငွေစုပါတယ်။ သုံးနှစ်ကျော်ကြာတော့ ဂျပန်က ကုမ္ပဏီအလုပ်ထွက်ဖို့ ပြင်ပါတယ်။

ဂျပန်တွေ မြန်မာထဲတဟုန်ထိုးဝင်လာချိန်မှာ မြန်မာပြန်လာတော့ ထိပ်တန်းဂျပန်ကုမ္ပဏီတွေကို ခေါင်းခေါက်ရွေးလို့ရတဲ့ခေတ်ပေါ့။ ဂျပန်လစာအတိုင်းပေးတဲ့ ကုမ္ပဏီကြီးမှာ ဝင်လုပ်ပါတယ်။ တစ်လကို ဒေါ်လာ 2000 က စရပါတယ်။ တစ်နှစ်ကို တစ်ခါ လစာတိုးပေးတာရယ် allowance ရတာတွေရယ်ဆို အသကုန်သုံးတောင် တစ်လကို ထက်ဝက်စုနိုင်ခဲ့ပါတယ်။

သူတပါးလက်အောက်မှာ အလုပ်လုပ်ရတာ မပျော်တော့တာရယ်၊ တချိန်မှာ ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တယ်ဆိုတဲ့ စိတ်ရယ်နဲ့ ကုမ္ပဏီအလုပ်လေးနှစ်ကျော်တော့ အလုပ်ထွက်ပြီး ဟိုစမ်းစမ်း ဒီစမ်းစမ်း business စပါတယ်။ အသီးလည်းရောင်းဖူးတယ် အထည်လည်းရောင်းဖူးတယ် Japan Products Online လည်းရောင်းဖူးတယ် အစုံပဲ တစ်နှစ်အတွင်းမှာ။

နောက်တော့ ကျွန်မ ငယ်ငယ်ကဘဝကို ပြန်သတိရမိတယ်။ ငယ်ငယ်က သင်ပုန်းတစ်ချပ်ရယ် တုတ်တစ်ချောင်းရယ်နဲ့ သူငယ်ချင်းတွေကို စာပြတဲ့ဆရာမလုပ်ခဲ့တာကိုပေါ့။ အဲ့ဒီအချိန် ကိုယ်ရှေ့ဆက်လုပ်မယ့် အလုပ်ကို စတင်သိရှိသွားရတာပါပဲ။

ဟယ် ‌ဂျပန်ပြန်လည်း နောက်ဆုံးတော့ ကျောင်းဆရာမလား ...
ဂျပန်ကုမ္ပဏီကနေ ဘာလို့ ထွက်လိုက်တာတုန်း....
ဘလာ ဘလာ ဘလာ။
လာမေးကြလည်း ကျွန်မ ‌ဖြေစရာတစ်ခုတည်းပါ။
ကျွန်မ ဆဌမအာရုံနဲ့ ဦးနှောက်နဲ့ နှလုံးသား အားလုံး balance ညီတာကို ရွေးချယ်ပါတယ်လို့။

ကျွန်မရဲ့ ဝါသနာနဲ့ အလုပ်အကိုင် တထပ်တည်းကျအောင် လမ်းပြပေးခဲ့တဲ့ ဆရာသန့်ကို အစဉ် ကျေးဇူးတင်လျက်ပါ။

ခုလို freelancer လုပ်နေတာ ဘယ်လောက်ဝင်ငွေရှိလို့လဲဆိုရင်
တစ်လကို ရာချီ ရသလို၊ ဆယ်ဂဏန်းရတာလည်း ရှိပါတယ်။

ဘာတွေလုပ်နေလဲဆိုရင်
ဂျပန်ဘာသာသင်ကြားရေး၊ အကဲဖြတ်ရေး၊ စာစစ်ရေး၊ ယဉ်ကျေးမှုဖလှယ်ရေး၊ အခမ်းအနားတင်ဆက်ရေးစတာတွေကို ကိုယ်ပိုင်လုပ်တာရှိသလို၊ အဖွဲ့အစည်းကြီးတွေနဲ့ project အလိုက် တာဝန်ယူတာမျိုး လုပ်ပါတယ်။

ဝင်ငွေအရေးကြီးသလို စိတ်ပျော်ဖို့လည်း အရေးကြီးပါတယ်။ ကျွန်မ လက်ရှိဘဝလေးကို အရမ်းပျော်ပါတယ်။
ကျွန်မ ကြိုက်သလို စီမံခန့်ခွဲနိုင်တာကြောင့်ပါ။

မိမိရှင်သန်မှုကို မိမိမြတ်နိုးတတ်ပါစေ။

ဒါကြောင့် မိမိတို့ရဲ့ ဖြစ်နိုင်စွမ်းတွေကို မချုပ်နှောင်ပါနဲ့။ မိမိ ဖြစ်ချင်ရင် ဖြစ်နိုင်အောင်သာ လမ်းစ ရှာကြည့်ပါ။ စကော်လာလည်း ရနိုင်သလို ကုမ္ပဏီကြီးတွေမှာလည်း လုပ်နိုင်သလို၊ ရာချီလည်း ဝင်ငွေရနိုင်ပါတယ်။

တစ်ခုရှိတာက အခွင့်အရေးရနိုင်တဲ့အခြေအနေကို ရှာဖွေဖန်တီးတတ်ဖို့တော့လိုပါမယ်။
လက်ရှိနေထိုင်တဲ့နေရာမှာ မရရင် ရတဲ့နေရာဆီ သွားရပါမယ်။ ပြီးတော့ မမောက်မာရပါဘူး လူလည်မကျရပါဘူး။
အများနဲ့လိုက်လျောညီထွေဆက်ဆံတတ်ရပါမယ်။
လူ့ဘောင်အဖွဲ့အစည်း အထူးသဖြင့် ဂျပန်လူမျိုးတွေနည်းတူ စည်းကမ်းလိုက်နာနိုင်ရပါမယ်။

ကျွန်မတို့ အဆိုးတွေကြုံနေလည်း အဆိုးထဲက အကောင်းကို ရအောင်ယူတတ်ရပါမယ်။

🌷စိတ်သာအဓိက။

MosarKay Japanese အခမဲ့ Telegram Channel and Groups

💙MosarKay ပညာဒါန
https://t.me/+vrhoN_VlIz41NmNl
ဂျပန်စကား​ပြော၊ JLPT ​လေ့ကျင့်နည်းများ ​ဝေမျှ​ပေး​နေပါတယ်။

💜N5 Tango (Vocab)
https://t.me/+qso6emOvAb9lNWQ1
အ​ခြေခံဂျပန်​ဝေါဟာရများရဲ့ ဥပမာစာ​ကြောင်းနဲ့အတူရှင်းပြချက်များ ​ဝေမျှ​ပေးထားပါတယ်။

💛Mosarkay Japanese
MOSAR KAY Japanese
ဂျပန်ဘာသာစကားN3-N1 အတန်းများ ဆက်သွယ်အပ်နှံပါရန်။

ပို​ကောင်းတဲ့မနက်ဖန်​တွေအတွက် ဒီ​နေ့ စာဖတ်ပါ၊ ကြိုးစားပါ။ စိတ်ကိုလည်း ပြုပြင်ပါ။

လွန်ခဲ့တဲ့ (၁၀)နှစ် နှစ် (၂၀)ကျော်တုန်းက
ဆန်းဆေးတွေက ကျွန်မကို မေတ္တာ စေတနာအပြည့်နဲ့ လေ့ကျင့်ပျိုးထောင်လမ်းညွှန်ပေးခဲ့တယ်။
အခုတော့ ကျွန်မ အလှည့်ပါ။
မြန်မာလူငယ်တွေအတွက် သင်ကြား​ရေးနဲ့ ​ဝေမျှ​ရေးကို ကြိုးစားဆက်လုပ်သွားဦးမှာပါ။

07/07/2026

အောင်စာရင်းထွက်မှ N2 စ လုပ်မယ်ဆိုရင် မီနိုင်လား ? 🧐

JLPT Result ထွက်မှ အတန်းအပ်မယ်...
JLPT Result ထွက်မှ စာအုပ်ကိုင်မယ်...
JLPT Result ထွက်မှ စာစကျက်မယ်...
"အချိန်ရှိသေးတယ်" လို့ တွေးနေရင်းနဲ့ အချိန်က အရမ်းမြန်မြန်ကုန်သွားတတ်ပါတယ်။ 🧐

တကယ်တော့ ဒီလိုစောင့်နေတဲ့အချိန်က ကိုယ့်ရဲ့ စာလေ့လာချိန်ကို လျော့သွားစေပါတယ်။
"တခြားသူတွေထက်စောစောစတင်ခြင်း" က "အကြီးမားဆုံးအားသာချက်" ဖြစ်ပါတယ်။

📅 December JLPT က ထင်ထားတာထက် မြန်မြန်ရောက်လာတတ်ပါတယ်။
Result ထွက်တဲ့အချိန်မှ စလေ့လာမယ်ဆိုရင်..
❌ Vocabulary ကျက်ဖို့ အချိန်မလုံလောက်တော့ဘူး။
❌ Kanji ကို အေးအေးဆေးဆေး လေ့ကျင့်လို့ မရတော့ဘူး။
❌ စာမေးပွဲ အတွက် Reading နဲ့ Listening ကို ပုံမှန်လေ့ကျင့်ဖို့ အချိန်နည်းသွားတယ်။

JLPT က တစ်ရက်တည်းနဲ့ ပြင်ဆင်လို့ရတဲ့ စာမေးပွဲမဟုတ်ပါဘူး။
နေ့တိုင်း နည်းနည်းစီ စုဆောင်းပြီး လေ့လာမှသာ အမှတ်ကောင်းကောင်းရနိုင်တာဖြစ်ပါတယ်။
🌸 Result က Pass ဖြစ်ဖြစ်၊ မဖြစ်ဖြစ်...
အခုအချိန်က နောက် Level အတွက် ပြင်ဆင်ဖို့ အကောင်းဆုံးအချိန်ပါ။
📖 ဒီလကတည်းက
✅ Vocabulary
✅ Kanji
✅ Grammar
✅ Reading
✅ Listening
ကို တနေ့ မိနစ် ၃၀ လောက်ဖြစ်ဖြစ် ပုံမှန်လေး ပြန်စလေ့လာလိုက်ပါ။

🌱Result ကို စောင့်နေရင်း အချိန်မကုန်ပါစေနဲ့။
🌱အခွင့်အရေးရောက်လာတဲ့အချိန်မှာ အဆင်သင့်ဖြစ်နေတဲ့သူကပဲ အခွင့်အရေးကို ဖမ်းဆုပ်နိုင်ပါတယ်။
🌱ဒီနေ့စတင်တဲ့သူက တခြားသူတွေထက် ရှေ့ကိုကြိုရောက်နေပြီးသား ဖြစ်နေပါလိမ့်မယ်။💖

နောက် JLPT စာမေးပွဲမှာ ကိုယ့်ကိုယ်ကို ပိုယုံကြည်မှုရှိစေဖို့ ဒီနေ့ကစပြီး ပြင်ဆင်လိုက်ရအောင်။ 💪

07/07/2026

📢 N2 / N1 ကို ရည်မှန်းထားတဲ့သူတွေအတွက်

“ဒီဇင်ဘာ JLPT စာမေးပွဲအထိ ၅ လတောင် လိုသေးတယ်။”

ဒီလိုတွေးနေပါသလား?

ဒါပေမယ့် N2 နဲ့ N1 ဆိုတာ

စာမေးပွဲမတိုင်ခင် ၂ လလောက်မှ
အပြင်းအထန်ကျက်ရုံနဲ့
အောင်နိုင်တဲ့ Level မဟုတ်ပါဘူး။

အထူးသဖြင့် N2 ကစပြီး—

📚 မှတ်သားရမယ့် ဝေါဟာရတွေ များလာမယ်။

📚 Grammar ကို သိရုံနဲ့ မေးခွန်းတွေ မဖြေနိုင်တော့ဘူး။

📚 စာရှည်တွေကို သတ်မှတ်ချိန်အတွင်း ဖတ်ပြီး အဖြေရှာနိုင်တဲ့စွမ်းရည် လိုလာမယ်။

📚 Listening မှာလည်း “ကြားရုံ” နဲ့ အဖြေမှန်ရွေးနိုင်တာ မဟုတ်တော့ဘူး။

ဒါကြောင့် N2 / N1 အောင်ဖို့အတွက်

① အသိပညာတွေ စုဆောင်းပြီး အခြေခံတည်ဆောက်ရမယ့်အချိန်

② သင်ထားတာတွေကို အသုံးချပြီး မေးခွန်းဖြေနိုင်အောင် လေ့ကျင့်ရမယ့်အချိန်

③ စာမေးပွဲချိန်အတွင်း အမှတ်ရအောင် ဖြေနိုင်ဖို့ လေ့ကျင့်ရမယ့်အချိန်

ဒီအဆင့် ၃ ဆင့်လုံး လိုအပ်ပါတယ်။

ဒါကြောင့် ဒီဇင်ဘာ JLPT ကို ရည်မှန်းထားတယ်ဆိုရင်—

📌 ဇူလိုင်〜ဩဂုတ်

👉 အခြေခံစွမ်းရည် တည်ဆောက်ရမယ့်အချိန်

📌 စက်တင်ဘာ〜အောက်တိုဘာ

👉 သိထားတာတွေကို မေးခွန်းဖြေနိုင်တဲ့စွမ်းရည်အဖြစ် ပြောင်းလဲရမယ့်အချိန်

📌 နိုဝင်ဘာ

👉 စာမေးပွဲမှာ သတ်မှတ်ချိန်အတွင်း အမှတ်ရအောင် လေ့ကျင့်ရမယ့်အချိန်

ဒီလို အဆင့်လိုက်ပြင်ဆင်သွားဖို့ အရေးကြီးပါတယ်။

လူအများစု မအောင်ရတဲ့အကြောင်းရင်းက

ဉာဏ်မကောင်းလို့ မဟုတ်ပါဘူး။

“စတင်တဲ့အချိန် နောက်ကျသွားလို့” ပါ။

စက်တင်ဘာရောက်မှ Vocabulary စကျက်တယ်။

အောက်တိုဘာရောက်မှ Reading စလေ့ကျင့်တယ်။

နိုဝင်ဘာရောက်မှ Mock Test စဖြေတယ်။

ဒီလိုဆိုရင်

ကိုယ့်ရဲ့အားနည်းချက်ကို သိလာတဲ့အချိန်မှာတောင်

ပြင်ဆင်ဖို့ အချိန်မကျန်တော့ပါဘူး။

N2 / N1 ဆိုတာ

အချိန်တိုအတွင်း အကုန်အလွတ်ကျက်ပြီး
အောင်နိုင်တဲ့ စာမေးပွဲ မဟုတ်ပါဘူး။

“နားလည်တယ်”



“ကိုယ်တိုင်ဖြေနိုင်တယ်”



“သတ်မှတ်ချိန်အတွင်း အဖြေမှန်ရအောင် ဖြေနိုင်တယ်”

ဒီအဆင့် ၃ ဆင့်အထိ ရောက်ဖို့

အချိန်လိုပါတယ်။

ဒါကြောင့် ဇူလိုင်လကစပြီး ပြင်ဆင်ရတာ အရေးကြီးတာပါ။

“စောသေးတယ်” မဟုတ်ပါဘူး။

အခုစရင်—

မှားလို့ရသေးတယ်။

အားနည်းချက်တွေ တွေ့လို့ရသေးတယ်။

စာလေ့လာနည်း မှားနေရင်လည်း ပြန်ပြင်ဖို့အချိန်ရှိသေးတယ်။

ဒါပေမယ့် စာမေးပွဲနီးလာလေလေ

ပြင်ဆင်နိုင်တဲ့အရာတွေ နည်းလာလေလေပါပဲ။

ဒီဇင်ဘာ JLPT ကို တကယ်အောင်ချင်တယ်ဆိုရင်

စာစလေ့လာဖို့ အကောင်းဆုံးအချိန်က

စာမေးပွဲနီးမှ မဟုတ်ပါဘူး။

🔥 “အချိန်ရှိသေးတဲ့ အခုအချိန်” ပါ။

MOSARKAY Japanese မှာ

ဒီဇင်ဘာ JLPT N2 / N1 အောင်မြင်ဖို့ ရည်မှန်းထားသူတွေအတွက်

N2 / N1 Course တွေ စတင်ဖွင့်လှစ်သွားပါမယ်။

စာသင်ပေးရုံတင် မဟုတ်ပါဘူး။

ဇူလိုင်လကနေ စာမေးပွဲနေ့အထိ

ဘယ်အချိန်မှာ

ဘာကိုလေ့လာရမလဲ။

ဘယ်အဆင့်အထိ ရောက်အောင် လုပ်ရမလဲ။

ကိုယ့်ရဲ့အားနည်းချက်တွေကို ဘယ်လိုပြင်ဆင်ရမလဲ။

JLPT အောင်မြင်ဖို့ လိုအပ်တဲ့လမ်းကြောင်းကို စနစ်တကျ လေ့ကျင့်ပေးသွားပါမယ်။

ဒီဇင်ဘာရောက်မှ

“အဲဒီတုန်းက စခဲ့ရင်ကောင်းမှာပဲ…”

လို့ နောင်တမရချင်ရင်

အခုကတည်းက စတင်ပြင်ဆင်ပါ။





📩 N2 Course / N1 Course အသေးစိတ် သိချင်သူများ
MOSARKAY JAPANESE page သို့ ဆက်သွယ်စုံစမ်းအပ်နှံနိုင်ပါပြီရှင်🌼🌸🍀

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 11:45