SPMS Computer & Gadget Wholesale
Branded Computer and Mobile Accessories Distribution
28/03/2024
တကိုယ်ရည်ပိုဆန်လာတဲ့PC ဖြစ်အောင် AI က လုပ်ပေးနိုင်တဲ့အချက်လေးချက်
***********************************
PC ကိုအသုံးပြုတဲ့အခါ AI ရဲ့ကျေးဇူးနဲ့ ပိုပြီးသဘာဝဆန်လာသလို အသုံးဝင်လာနိုင်တဲ့အလားအလာအကြောင်း Lenovo အမှုဆောင်တွေက ပြောပြထားပါတယ်။PC တွေရဲ့အနာဂတ်ဟာ တစ်ကိုယ်ရည်သုံးဆိုတဲ့အသုံးအနှုန်းကို ထဲထဲဝင်ဝင်ဖြစ်လာတော့မဲ့သဘောပါပဲ။ ကျွန်တော်တို့ဟာ AI, machine learning တို့ရဲ့အရေးပါအရာရောက်မှုတွေကြောင့် PC တွေရဲ့ခေတ်သစ်ကို လှမ်းမြင်နေရပါပြီ။
လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုတုန်းက PC တွေက ကမ္ဘာနဲ့ချီပြီးရောင်းအားကျဆင်းသွားမယ်လို့ ဟောချက်ထုတ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အံ့သြစရာကောင်းလောက်အောင် ကျွန်တော်တို့နေ့စဥ်ဘဝမှာ PC တွေက နေရာယူလာကြတယ်။ဒါကြောင့်ပဲ PC တွေဟာ စဥ်ဆက်မပြတ်တိုးတက်နေရတာဖြစ်သလို ကျွန်တော်တို့ရဲ့ပြောင်းလဲနေတဲ့ လုပ် ငန်းခွင်နဲ့ နေထိုင်မှုစနစ်တွေကို လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ပေးရတာပါပဲ။
ဒီနေ့ခေတ် PC တွေက Lenovoပထမဆုံးဝင်ရောက်ခဲ့တဲ့ လွန်ခဲ့တဲ့နှစ်၄၀နဲ့ယှဥ်ကြည့်လိုက်ရင် ဘာမှကိုမတူတော့တာပါ။ “DOS PC” ကနေ Windows PC ခေတ်အထိ Lenovo ဟာ လူတွေရဲ့ပြောင်းလဲလာတဲ့လိုအပ်ချက်အပေါ် အမြဲဂရုစိုက်ဖန်တီးပြီးရေစီးကြောင်းပေါ်မှာ အမြဲနေခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တုန်းကလည်း PC တွေဟာ ရှေ့ပြေးနေတဲ့ သုံးစွဲသူအတွေ့အကြုံ၊ ရေရှည်တည်တံ့တဲ့ဒီဇိုင်းတွေနဲ့ တည်ရှိနေပြီးသားဖြစ်ပါတယ်။
၂၀၂၀ခုနှစ်ရဲ့ အပြင်မထွက်ရအခြေအနေဟာ PC တွေကိုမရှိမဖြစ်အရာတစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး ကျွန်တော်တို့ရဲ့ အလုပ်၊ သင်ကြားရေးနဲ့ အခြားမြောက်များစွာသောခေါင်းစဥ်တွေအောက်ကနေ ဝင်ရောက်လာပါတယ်။ ဒါဟာ PC တစ်ခေတ်ဆန်းလာခြင်းဖြစ်ပါတယ်။ PC ကို တစ်အိမ်တစ်လုံးအဖြစ်ကနေ လူတစ်ယောက်ကို တစ်လုံးအထိ ဝယ်ယူလာကြတယ်။ PC တွေကလည်းပိုပြီးစမတ်ဖြစ်လာတယ်။
အခုဆိုရင် PC တွေဟာ သုံးစွဲသူနဲ့စက်ဆိုတဲ့ ခံစားချက်ကိုတောင် မှေးမှိန်အောင်ပြုလုပ်မဲ့ခေတ်ကိုရောက်နေပါပြီ။ သမိုင်းအရ PC အဆင့်မြှင့်တင်ခြင်းဆိုတာ ဂရပ်ဖစ်ပိုကောင်းခြင်း၊ ပရိုဆက်ဆာအသစ်ထည့်ခြင်း၊ မမ်မိုရီအသစ်တိုးခြင်း၊ ခေတ်ရှေ့ပြေးတဲ့ဒီဇိုင်း ဒါတွေလောက်ပါပဲ။ မျိုးဆက်သစ်PC တွေမှာတော့ ကွန်ပျူတာတွေက သုံးစွဲသူတွေကို ကိုယ်တိုင်ထက် ပိုနားလည်လာတော့မှာပါ။
Generative AI လို့ခေါ်တဲ့ ဖန်တီးနိုင်စွမ်း၊ ညှိယူနိုင်စွမ်းမြင့်မားတဲ့ AI တွေဟာ သာမန် PC တွေမလုပ် ဆောင်နိုင်တဲ့အရာတွေကို အိပ်မက်မက်ခွင့်ပေးလာတယ်။ PC အသစ်တွေဟာ AI ကိုအကူအညီယူထားတဲ့သဘောတင်မဟုတ်တော့ဘဲ AI ကို အပြည့်အဝသုံးစွဲခွင့်ပေးထားတာမျိုး ဖြစ်လာမှာပါ။ ဒါကြောင့် ဘယ်တုန်းကမှမကြုံဖူးတဲ့ သုံးစွဲသူအတွေ့အကြုံအသစ်ကို ပေးစွမ်းနိုင်ပါတယ်။
👉တကိုယ်ရည်သုံးပိုဆန်လာအောင် AI PC တွေက ဘယ်လိုနည်းလမ်းတွေနဲ့လုပ်ဆောင်ပေးမလဲ။
၁။ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို စောင့်ရှောက်ပေးပြီး တမူထူးခြားတဲ့ခံစားချက်ကိုပေးမဲ့ Personal Foundation Models
PC အသစ်ဖြစ်ဖြစ်၊ smart device ဖြစ်ဖြစ် “personal foundation models” ဆိုတာလေး ပါဝင်လာမှာပါ။ သူကတော့ AI စနစ်တစ်ခုဖြစ်ပြီး ကိုယ့်တစ်ယောက်တည်းအတွက်ပဲ သီးသန့်အံဝင်မဲ့ ခံစားချက်လေးပါ။ ဒီစနစ်ဟာ ကိုယ့်ရဲ့ အကြိုက်၊ အလေ့အကျင့်၊ သူတို့ရဲ့ကူညီနိုင်စွမ်း စတာတွေကို အချိန်နဲ့အမျှလေ့လာပြီးတော့ ညှိယူသွားမှာပါ။ ဒါ့အပြင် အချက်အလက််တွေကို ကိုယ့်ရဲ့ device အတွင်းမှာပဲလုံခြုံအောင်သိမ်းထားပြီး cloud ပေါ်ကိုမတင်တာမို့ အချက်အလက်ပေါက်ကြားတာမျိုး မဖြစ်တော့ပါဘူး။ အချိန်ကြာလာလေလေ ကိုယ့်ရဲ့လိုအပ်ချက်၊ ကိုယ့်စိတ်ထဲမှာတွေးနေတာကို သိလာနိုင်တဲ့အထိကောင်းမွန်လာမှာဖြစ်ပါတယ်။သူတို့ရဲ့တုံ့ပြန်ပုံတွေဟာ ကိုယ့်ရဲ့အ ကြိုက်နဲ့ညှိပေးထားတာဖြစ်လို့ ပိုပြီးလုပ်ရည်ကိုင်ရည်တိုးတက်လာမှာပါ။ စာရွက်စာတမ်းဖန်တီးတာ၊ အီးမေးလ်ပို့တာမျိုးကိုလည်း ကိုယ့်လေသံအတိုင်း ထုတ်ပေးနိုင်ပါတယ်။
၂။ ဘယ်တော့မဲ သင်ယူခြင်းမရပ်တံ့မဲ့သူတွေ
Lenovo AI Engine+ ကိုအသုံးပြုထားတဲ့ Lenovo LA AI chip ဟာ အချက်အလက်တွေကို လေ့လာနိုင်စွမ်းမြင့်မားသလို ကိုယ့်ကိုယ်ကို တိုးတက်အောင်လည်း ပြင်ဆင်နိုင်စွမ်းရှိပါတယ်။ frames-per-second monitoring ၊ CPU နဲ့ GPU ကြား ပါဝါချိတ်ဆက်ပေးခြင်းလုပ်ဆောင်ပေးနိုင်တာမို့ မြန်ဆန်တဲ့ image နဲ့ video rendering တွေ ရရှိစေပါတယ်။ သုံးစွဲသူတွေက PC ကိုသုံးနေပေးရုံနဲ့ chip က ပိုပိုကောင်းလာမှာပါ။ AI PC တွေမှာပါဝင်မဲ့ သီးသန့်တပ်ဆင်ထားတဲ့ NPU ဟာ သုံးစွဲသူတွေရဲ့လိုအပ်ချက်ကို အချိန်နဲ့တစ်ပြေးညီသိနေပြီးတော့ စွမ်းဆောင်ရည်မကျဘဲ လိုအပ်သလို စွမ်းဆောင်ပေးမှာပါ။ ဒါ့အပြင် သူတို့ဟာ သင်ယူမှုကိုဘယ်သောအခါမှ ရပ်တံ့လိုက်မှာမဟုတ်ပါဘူး။
၃။ ကိုယ့်အကြိုက်ကို ညှိပေးနိုင်တဲ့ အသိပညာတွေရှိတယ်
AI PC တစ်ခုဟာ တုံ့ပြန်ရုံလောက်သာ တတ်နိုင်တာမဟုတ်ပါဘူး။ သူ့မှာ လျပ်တပြက်ဆန်တဲ့ အသိပညာသိုလှောင်ထားမှုတွေလည်းရှိပါတယ်။ ဆိုလိုတာက သုံးစွဲသူတွေရဲ့အခြေအနေပေါ်လိုက်ပြီးတော့ စွယ်စုံကျမ်းတစ်ခုကို ဖန်တီးထားပါတယ်။ အဲဒီစွယ်စုံကျမ်းဟာ သုံးစွဲသူစိတ်ဝင်စားတတ်တဲ့အကြောင်းအရာတွေ ပါဝင်နေမှာပါ။ များများသုံးလေလေ ကိုယ့်အကြိုက်တွေချည်းဖန်တီးထားတဲ့ စွယ်စုံကျမ်းဖြစ်လေလေပါပဲ။ အချိန်နဲ့အမျှ AI ဟာ ကိုယ့်ရဲ့မကြာခဏမေးတတ်တဲ့မေးခွန်းတွေကို သိလာရုံတင်မက မမေးခင်မှာပဲ ကိုယ့်ရဲ့လိုအပ်ချက်တွေကိုသဘော ပေါက်ပြီး ကြိုဖြေတာမျိုးအထိ ဖြစ်လာမှာပါ။ ဘေးနားက လက်ထောက်တစ်ယောက်လိုမျိုး မီတင်မစခင် ကြိုအသိ ပေးတာမျိုး၊ စာရွက်စာတမ်းတွေကြိုပြင်ပေးတာမျိုးကို စိတ်ကူးကြည့်လိုက်ပါ။
၄။ သဘာဝဆန်ပြီး ရှေ့ပြေးသိနိုင်တဲ့အပြန်အလှန်ဆက်သွယ်ခြင်းမျိုးဖြစ်အောင် ဖန်တီးထားတယ်
AI တွေဟာ တွက်ချက်မှုအပိုင်းမှာ ပိုပြီးတော့ကောင်းမွန်လာတယ်ဆိုပေမဲ့ ကျွန်တော်တို့နဲ့ ဆက်သွယ်တဲ့အခါမှာလည်း သဘာဝဆန်ဖို့လိုအပ်ပါသေးတယ်။ AI PC တွေကတော့ ဒီအချက်ကို ဦးစားပေးထားပါတယ်။ ဆိုလိုတာက ခက်ခဲလှတဲ့ ခိုင်းစေရမဲ့စာသားတွေကို လေ့လာနေစရာမလိုဘဲ နေ့စဥ်အသုံးပြုနေတဲ့ပုံစံကိုအသုံးပြုနေရင်းက AI ရဲ့ အကျိုးကျေးဇူးကို ခံစားရမဲ့သဘောပါပဲ။ AI ဟာ တွက်ချက်မှုအပိုင်းမှာ မရှိမဖြစ်ကိုလိုအပ်နေတဲ့ခေတ်ကို ရောက် လာပါပြီ။ AI ကို နေရာတိုင်းမှာပုံစံမျိုးနဲ့အသုံးပြုနေတာဖြစ်လို့ AI PC တွေကိုလည်း လာမဲ့နှစ်တွေမှာ တွေ့မြင်ရနိုင်ပါတယ်။
Lenovo ကတော့ ကျွန်တော်တို့ရဲ့ ဒီဂျစ်တယ်နေ့စဥ်ဘဝမှာပါဝင်နေတဲ့ AI ပါဝင်တဲ့ ဂေဟစနစ်တစ်ခုကို ကြိုတင်ဖန်တီးဖို့ စိတ်ကူးထားပါတယ်။ လက်ရှိ ThinkPad, ThinkBook, Yoga, Legion တွေအပြင် တခြားထုတ်ကုန်တွေမှာပါ AI ထည့်သွင်းမှာပါ။
တခြားသော နည်းပညာနယ်ပယ်ကလုပ်ငန်းကြီးတွေကလည်း AI PC နဲ့ပတ်သက်ပြီး လုပ်ဆောင်နေကြတာဖြစ်လို့ PC ဟာ စက်ပစ္စည်းတစ်ခုသာသာဆိုတဲ့ခံစားမှုကနေ ကျွန်တော်တို့ရဲ့အဖော်မွန်ကောင်းတစ်ယောက်ဆိုတဲ့ခံစားမှုကို ကူးပြောင်းလာနိုင်တော့မှာဖြစ်ပါတယ်။
Ref : https://www.fastcompany.com/.../four-ways-that-ai-will...
****************************************
27/03/2024
AI ရဲ့ အမှောင်ခြမ်း
ကမ္ဘာကြီးဟာ အလိုအလျောက်လုပ်ပေးနိုင်တဲ့စနစ်ဆီကို ဦးတည်နေပြီးAI ရဲ့အရေးပါမှုကလည်း လူသားတွေဆီကို စိမ့်ဝင်ပျံ့နှံ့နေပါတယ်။AI ဟာ အကျိုးကျေးဇူးနဲ့ အဆင့်မြှင့်တင်ပေးနိုင်မှုတွေရှိနေပေမဲ့လည်းကျွန်တော်တို့မသိနိုင်တဲ့ အမှောင်ခြမ်းရှိနေပါတယ်။ဒီတော့ အပေါ်ယံအောက်က ဘယ်လိုကြောက်မက်ဖွယ်အမှောင်ခြမ်းရှိနေမလဲဆိုတာ ဖော်ထုတ်ကြည့်ရအောင်။
⏹အလုပ်အကိုင်အပေါ် သက်ရောက်မှု
AI ဟာ အလုပ်အကိုင်စျေးကွက်မှာ လွှမ်းမိုးလာပြီး ထုတ်လုပ်ရေးကနေ ဝန်ဆောင်မှုတွေအထိ လူသားတွေရဲ့နေရာကို လွှဲပြောင်းယူလာပါတယ်။ ဒါဟာ အလုပ်အကိုင်ရှာဖွေနေသူတွေအတွက် ဘယ်လိုဖြစ်လာနိုင်ပါသလဲ။ လေ့လာချက်တွေအရ AI ဟာ အလုပ်အကိုင်ရှားပါးမှုပြဿနာကို ဖြစ်လာစေသလို အခွင့်အလမ်းအသစ်တွေကိုလည်း ပေးနိုင်ပါတယ်။ ဒါပေမဲ့ လူတိုင်းဟာ ဒီရေစီးကြောင်းကိုမီဖို့ အသစ်အသစ်တွေကို လေ့လာသင်ယူနေရမှာဖြစ်ပါတယ်။
တချို့လုပ်ငန်းခွင်တွေဟာ ရှုပ်ထွေးလှတဲ့ကျွမ်းကျင်မှုတွေလိုအပ်တာမို့ လူတိုင်းတော့ လွယ်လင့်တကူရမှာမဟုတ်ပါဘူး။ ဒီလိုအမြဲတိုးတက်ပြောင်းလဲနေတဲ့ပတ်ဝန်းကျင်ကြီးမှာ လူတိုင်းနောက်ကျမကျန်ရအောင် အစိုးရနဲ့အဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းအားထုတ်မှုက အခရာဖြစ်လာပါတယ်။
⏹ဘက်လိုက်ခြင်း
AI တွေမှာ ဆုံးဖြတ်နိုင်စွမ်းရှိလာပြီ။ ထားပါတော့ အသက်ကယ်ဖို့အစားထိုးကုသရမဲ့နေရာမှာ နှစ်ယောက်ဖြစ်နေလို့ တစ်ယောက်ကိုရွေးတဲ့အခါ ဘက်လိုက်ခြင်းတွေရှိနေမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ AI ဟာ သူ့ကိုလေ့ကျင့်ထားတဲ့အချက်အလက်ကိုပဲယုံကြည်မှာပါ။ ဒီလိုဘက်လိုက်တဲ့အချက်အလက်တွေမရှိနေစေဖို့ သေချာအောင်စစ်ဆေးဖို့လည်းလိုအပ်ပါတယ်။
⏹ဘက်လိုက်ပြီး အချက်အလက်ပေးပို့မှု
လူမှုကွန်ရက်ခေတ်မှာ အယ်လ်ဂိုရစ်သမ်တွေဟာ ကျွန်တော်တို့ရဲ့ content ရရှိနိုင်စွမ်းကို ထိန်းချုပ်ထားပါတယ်။ ကျွန်တော်တို့ဟာ သူတို့မြင်စေချင်တာကိုပဲမြင်နေရတာဖြစ်လို့ တကယ့်ကမ္ဘာကြီးမှာ ဒါတွေဖြစ်နေတယ်ဆိုတာကို အကန့်အသတ်နဲ့သာ တွေ့မြင်ရပြီး အပြည့်အဝမခံစားရပါဘူး။ ပိုမိုကောင်းမွန်တဲ့လူ့အဖွဲ့အစည်းဖြစ်ဖို့ ပုဂ္ဂိုလ်ရေးသီးသန့်နဲ့ ကွဲပြားမှုကြားမှာ ညီမျှတဲ့ဟန်ချက်ဖြစ်အောင်လုပ်ဖို့ကလည်း အရေးကြီးပါတယ်။
⏹လူသားချင်းထိတွေ့မှုနည်းပါးလာ
Chatbot, smart speaker တွေခေတ်မီတိုးတက်လာတာနဲ့အမျှ လူသားအချင်းချင်း ဆက်သွယ်မှုက ပျောက်ဆုံးသွားပါတယ်။ နည်းပညာတွေတိုးတက်လာသလို လူသားအချင်းချင်း စာနာနားလည်စိတ်နဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ ဆက်သွယ်မှုကိုလည်း တည်မြဲနေအောင် ကြိုးစားရမှာဖြစ်ပါတယ်။
⏹ထိန်းချုပ်သူမဲ့လက်နက်များ
ကမ္ဘာတစ်လွှားကနိုင်ငံတွေဟာ ဒရုန်းတွေမှာ ပစ်မှတ်ကိုသိရှိနိုင်ပြီး ပစ်ခွင်းနိုင်မဲ့နည်းပညာကို လေ့လာနေကြပါတယ်။ ဒါဟာ နည်းပညာကိုအလွဲသုံးစားလုပ်သူတွေ ပေါ်လာနိုင်လို့ ထိန်းချုပ်သင့်ပါတယ်။
⏹AI အကြမ်းဖက်မှု
ထိန်းချုပ်သူမဲ့လက်နက်တွေလုပ်နေကြတယ်ဆိုတာ ခုခံဖို့အတွက်ပဲဖြစ်ပေမဲ့ အဲဒီနည်းပညာကို အကြမ်းဖက်သောင်းကျန်းသူတွေသာ ရရှိသွားခဲ့ရင် ဘယ်လိုဖြစ်မလဲ။ ဒါဟာ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးကို ခြိမ်းခြောက်လာနိုင်ပါတယ်။
⏹သဘာဝပတ်ဝန်းကျင် ထိခိုက်မှု
AI အသုံးပြုမှုက ပတ်ဝန်းကျင်မထိခိုက်ဘူးထင်ရပေမဲ့ တကယ်တမ်း AI စနစ်လည်ပတ်ဖို့ နောက်ကွယ်မှာသုံးနေတဲ့ဆာဗာတွေဟာ စွမ်းအင်အမြောက်အများလိုအပ်သလို အပူကိုလည်း ထုတ်လွှတ်နေတာဖြစ်ပါတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်မထိခိုက်အောင် ရေရှည်ကိုစဥ်းစားပြီး နည်းလမ်းအသစ်တွေကြံဆဖို့လိုအပ်ပါတယ်။
⏹Hacking နဲ့ Cyber Attack
AI ကို machine learning နဲ့ပေါင်းစပ်အသုံးပြုလာခြင်းက ဟက်ကာတွေအတွက် လမ်းဖွင့်ပေးလိုက်သလိုပါပဲ။ ဆိုင်ဘာခြိမ်းခြောက်မှုရန်တွေကနေကာကွယ်နိုင်ဖို့ ကြံ့ခိုင်တဲ့လုံခြုံရေးစစ်ဆေးချက်တွေကို လုပ်ဆောင်ဖို့လည်း လိုအပ်လာပါတယ်။ ..
Ref : https://www.linkedin.com/.../unveiling-dark-side-hidden.../
**************************
26/03/2024
အရင်မျိုးဆက်ထက် နှစ်ဆပိုမြန်မဲ့ USB 4
~~~
နည်းပညာတွေအဆင့်မြင့်လာတာနဲ့အမျှ ကျွန်တော်တို့သုံးနေတဲ့ device တွေဟာ နည်းပညာအမြင့်တွေကို လိုက်ပါပြောင်းလဲသုံးစွဲပေးရပါတယ်။ USB တွေအတွက်လည်း ထိုနည်း၄င်းကောင်းပါပဲ။ သင့်မှာလည်း အမြဲအားသွင်းပေးနေရတဲ့ ဖုန်း၊ တက်ဘလက်၊ လက်ပ်တော့တွေရှိလောက်မှာပါ။ သွားလေရာကို ကြိုးအပိုတွေသယ်သွားနေရတာ စိတ်ပျက်စရာတော့ကောင်းတယ်မဟုတ်လား။
တစ်ကြိုးတည်းနဲ့ အကုန်အဆင်ပြေမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ။ မကြာခင်ဖြစ်တော့မှာပါ။ USB4 ဟာ မကြာခင်မှာ Version 2.0 ထွက်လာတော့မှာဖြစ်ပြီး အရင်မျိုးဆက်ထက် ၂ဆပိုမြန်မယ့်အပြင် device အဟောင်းတွေမှာလည်း အလုပ်လုပ်မှာဖြစ်လို့ အသစ်ဝယ်စရာမလိုတော့ပါဘူး။
👉USB သမိုင်းကြောင်း
USB ဟာ လျှပ်စစ်ပစ္စည်းများစွာရဲ့ အရေးပါတဲ့ feature လေးတစ်ခုဖြစ်ပါတယ်။ USB မရှိတဲ့ကမ္ဘာကြီးကို စိတ်ကူးကြည့်လို့တောင် မရနိုင်ဘူး။ ဒါကတော့ ၁၉၉၀အစောပိုင်းဝန်းကျင်လောက်ဖြစ်လိမ့်မယ်ထင်တယ်။
USB ဟာ နေ့စဥ်သုံးနေတဲ့ နည်းပညာတစ်ခုဖြစ်ပေမဲ့လည်း သူ့ရဲ့သမိုင်းကြောင်းကိုသိတဲ့သူက ရှားပါတယ်။ ၁၉၉၀ခုနှစ်အစောပိုင်းမှာ USB ကို ကုမ္ပဏီ၇ခု က ဖန်တီးခဲ့တယ်။ Compaq, IBM, DEC, Intel, NEC, Microsoft, Nortel တို့ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ကွန်ပျူတာနဲ့ချိတ်ဆက်တဲ့ပစ္စည်းတွေအတွက် စံနှုန်းတစ်ခု သတ်မှတ်ဖို့ပါ။
USB ရဲ့ ပထမဆုံးဗားရှင်းကို ၁၉၉၆ မှာ စတင်ထွက်ရှိနိုင်ခဲ့ပြီး ပရင်တာ၊ scanner နဲ့ ဒီဂျစ်တယ်ကင်မရာတွေကို ချိတ်ဆက်တဲ့ interface အနေနဲ့ လူကြိုက်များလာခဲ့တယ်။ နှစ်တွေကြာညောင်းလာတာနဲ့အမျှ USB ဟာလည်း ဗားရှင်းပေါင်းများစွာ ကျော်ဖြတ်ခဲ့ရတယ်။ အခုဆိုရင် ကမ္ဘာပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေတဲ့ နည်းပညာတစ်ခုဖြစ်လို့နေပါပြီ။
👉USB ရဲ့အလုပ်လုပ်ပုံ
USB port တွေရဲ့အလုပ်လုပ်ပုံကို စိတ်ကူးကြည့်ဖူးလား။ USB လို့ခေါ်တဲ့ Universal Serial Bus လေးဟာ လျှပ်စစ်ပစ္စည်းတွေကိုချိတ်ဆက်ဖို့အတွက် စံနှုန်းတစ်ခုဖြစ်ပါတယ်။ ကွန်ပျူတာနဲ့ ပရင်တာ၊ scanner နဲ့ ဒီဂျစ်တယ်ကင်မရာတွေကို ချိတ်ဆက်တဲ့နေရာမှာ ကျယ်ကျယ်ပြန့်ပြန့်သုံးနေကြပါတယ်။ USB ကို ဖုန်းနဲ့ တက်ဘလက်တွေမှာ အားသွင်းဖို့အတွက်လည်း သုံးကြပါသေးတယ်။
ဒါဆို USB ဘယ်လိုအလုပ်လုပ်သလဲ။ USB ဟာ device တွေကိုချိတ်ဆက်ဖို့အတွက် ဝိုင်ယာလေးပင်ကို အသုံးပြုတယ်။ နှစ်ခုကို ပါဝါအတွက်၊ ကျန်နှစ်ခုကို ဒေတာကူးပြောင်းဖို့အတွက် သုံးပါတယ်။ ပါဝါဝိုင်ယာတွေဟာ လျှပ်စစ် ၅ဗို့ကို သယ်ဆောင်ပြီး ဒီပမာဏဟာ မောက်စ်နဲ့ ကီးဘုတ်လို အသေးစားပစ္စည်းလေးတွေအတွက် လုံလောက်တဲ့ပမာဏဖြစ်ပါတယ်။ ဒေတာကူးပြောင်းတဲ့ဝိုင်ယာကြိုးတွေဟာ device တွေကြားမှာ သတင်းအချက်အလက်တွေ ကူးပြောင်းဖို့ ကူညီပေးပါတယ်။ ဥပမာ USB drive လေးကို ကွန်ပျူတာမှာချိတ်ဆက်လိုက်မယ်ဆိုရင် ဒေတာကူးပေးမဲ့ဝိုင်ယာလေးတွေက ဖိုင်တွေကို ကွန်ပျူတာနဲ့ drive ကြားမှာ အသွားအလာလုပ်ပေးနိုင်ပါတယ်။
USB ကြိုးတွေဟာ ချိတ်ဆက်မယ့် device အလိုက် အရွယ်အစားမတူညီကြပါဘူး။ အသုံးများတဲ့ USB ကတော့ 2.0 ဖြစ်ပြီး ပရင်တာနဲ့ scanner ကိုချိတ်ဆက်တဲ့အမျိုးအစားဖြစ်ပါတယ်။ USB 3.0 ကတော့ hard drive နဲ့ ဗွီဒီယိုကင်မရာတွေလိုမျိုး မြန်ဆန်တဲ့ device တွေအတွက် အသစ်ထွက်ထားတဲ့ ဗားရှင်းနောက်တစ်မျိုးဖြစ်ပါတယ်။
သူ့မှာ mini နဲ့ micro ဆိုပြီးလည်း ရှိပါတယ်။ သူတို့ကိုတော့ မိုဘိုင်းလ်တွေမှာ အသုံးပြုပါတယ်။ မကြာခင်မှာထွက်လာမဲ့ USB 4.0 ကတော့ USB 3.1 ထက် ၂ဆပိုမြန်ပြီး USB 2.0 ထက် ၃ဆ ပိုမြန်မှာပါ။
👉USB စံနှုန်းအသစ်က ဘာတွေကောင်းကျိုးရနိုင်လဲ
USB 4.0 မှာက USB 3.2 ထက် တိုးတက်မှုတွေအများကြီးပါမယ်လို့ ပြောထားပါတယ်။ USB 3.2 ထက် နှစ်ဆ ပိုမြန်မဲ့ 80 Gbps ကူးပြောင်းနှုန်း ပါမယ်။ data lane အများကြီးထည့်ထားတဲ့အတွက် သီအိုရီအရဆို 100 Gbps ကူးပြောင်းနှုန်းရှိပါတယ်။
ဒါဟာ အလားအလာရှိတဲ့နှုန်းထားပဲဖြစ်ပါတယ်။ တကယ့်စွမ်းဆောင်ရည်ကတော့ အမျိုးမျိုးသောအချက်တွေဖြစ်တဲ့ device အမျိုးအစားနဲ့ ကွန်ရက်အရည်အသွေးပေါ်မှာလည်း မူတည်နေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် USB 4.0 ကတော့ စံနှုန်းအသစ်ဖြစ်တဲ့အတွက် ခြေလှမ်းသိသိသာသာ လှမ်းနိုင်မှာလို့ ကြွေးကြော်ထားပါတယ်။ မြန်နှုန်းတိုးတဲ့အပြင် USB 4.0 ဟာ အမျိုးမျိုးသော device တွေနဲ့ လိုက်လျောညီထွေဖြစ်ဦးမှာပါ။ သူဟာ Thunderbolt 3 နဲ့ DisplayPort 1.4 ကိုပါ ထောက်ပံ့ပေးမှာဖြစ်လို့ တစ်ပေါက်တည်းနဲ့ device ပေါင်းများစွာကို လွယ်လင့်တကူ ချိတ်ဆက်နိုင်တော့မယ့် သဘောပါပဲ။
USB 4.0 မှာက Thunderbolt နဲ့ DisplayPort တွေနဲ့ အဆင်ပြေပြေချိတ်ဆက်နိုင်မဲ့ connector type အသစ်ကို သုံးသွားမှာပါ။ ရလဒ်အနေနဲ့ သုံးစွဲသူတွေဟာ USB 4.0 ရဲ့ကောင်းကျိုးတွေကို ရှိနေပြီးသား ကြိုး ဒါမှမဟုတ် adapter လဲစရာမလိုဘဲ ရရှိခံစားနိုင်မှာပါ။
USB 4.0 ဟာ လက်ရှိမှာ လုပ်ဆောင်နေဆဲဖြစ်ပြီး ၂၀၂၃အစပိုင်းအထိထွက်မလာနိုင်သေးပါဘူး။ ဒါပေမဲ့ သေချာတာက ကျွန်တော်တို့ device တွေအသုံးပြုမှုကို သိသိသာသာ အကျိုးသက်ရောက်မှုပေးနိုင်ပါတယ်။ မြန်နှုန်းမြင့်လာပြီး ချိတ်ဆက်နိုင်စွမ်းမြင့်မားလာမှုက USB 4.0 နဲ့အတူ အရင်ကထက် ပိုမိုလွယ်ကူတဲ့နေ့စဥ်ဘဝကို ဖြတ်သန်းနိုင်တော့မှာပါ။
👉ထွက်ခဲ့သမျှ USB ဗားရှင်းတွေနဲ့ နှိုင်းယှဥ်ခြင်း
အသစ်ထွက်လာတဲ့ USB ကတော့ ပိုကောင်းတာပေါ့။ အရင်ဗားရှင်းတွေတုန်းက 480 Mbps နှုန်းလောက်ပဲဆိုတော့ အခြေခံလုပ်ဆောင်ချက်ဖြစ်တဲ့ ဖိုင်ကူးတာလောက်တော့ အဆင်ပြေပါတယ်။ နောက်ပိုင်း ဗွီဒီယိုနဲ့ အသံဖိုင်တွေကူးတဲ့အခါ အဆင်မပြေတော့ပါဘူး။ ပိုမြန်တဲ့ စံနှုန်းအသစ်က လိုအပ်လာပြီလေ။
၂၀၀၀ခုနှစ်မှာ ဗားရှင်းနှစ်ထွက်လာပြီးတော့ 60 Mbps အထိရလာတယ်။ အရင်မျိုးဆက်ထက် သိသိသာသာတိုးတက်လာတာဖြစ်ပေမဲ့ သုံးစွဲသူအများစုအတွက်ကတော့ မလုံလောက်ခဲ့ဘူး။ ၂၀၀၈ခုနှစ်မှာ ဗားရှင်းသုံးထွက်လာပြီး 625 Mbps အထိ ရလာတယ်။ အရင်မျိုးဆက်ထက် ပိုကောင်းလာပေမဲ့ သုံးစွဲသူအချို့အတွက် မလုံလောက်နေသေးပြန်ဘူး။
အခုဗားရှင်းမှာတော့ 80 Gbps ဖြစ်တဲ့အတွက် ဖိုင်အကြီးကြီးတွေကိုတောင် တစ်ခဏအတွင်း ပြောင်းနိုင်ပါတယ်။ USB 3 မှာ ငါးမိနစ်ကြာတဲ့ ဖိုင်တစ်ခုက USB 4 မှာဆိုရင် နှစ်မိနစ်ခွဲပဲကြာတော့မှာပါ။
USB 4 မှာ ဘာလို့ဒီလောက်မြန်လာရသလဲဆိုရင် အရင်မျိုးဆက်ထက်ပိုကောင်းတဲ့ encoding scheme အသစ်ကိုသုံးထားလို့ပါပဲ။ ဒါ့အပြင် သူ့မှာ ဒေတာကူးဖို့အတွက် lane အများကြီးကိုထောက်ပံ့ပေးထားလို့ မြန်နှုန်းပိုမြင့်နေတာပါ။ USB 3 မှာသုံးထားတဲ့ connector ပဲပြန်သုံးထားလို့ လက်ရှိကြိုးတွေ device တွေနဲ့ ဆက်လက်အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။
👉ဘယ် device တွေမှာ မြင်ရနိင်လဲ
USB 4.0 version 2.0 ကို အတော်များများက သုံးပါလိမ့်မယ်။ ကွန်ပျူတာတွေမှာ ဒေတာကူးနှုန်းမြန်ဖို့လိုတာမို့ သေချာပေါက်သုံးလိမ့်မယ်။
စမတ်ဖုန်းတွေကလည်း USB 4.0 သုံးထားတဲ့ device တွေနဲ့ချိတ်ဆက်နိုင်ပါတယ်။ ပရင်တာ၊ scanner ၊ ကင်မရာတွေမှာလည်း သုံးလာနိုင်ပါတယ်။
🔥အမေးများသောမေးခွန်းများ
👉USB4 ဟာ Thunderbolt ကို အစားထိုးသွားမလား
Thunderbolt ကို Thunderbolt ကပဲ အစားထိုးနိုင်ပါတယ်။ ဒီတော့ Thunderbolt ကို USB4 က အစားမထိုးနိုင်ပါဘူး။
👉USB type-A နဲ့ USB type-B ဘာကွာလဲ
type-A က host device ဖြစ်ပြီး type-B က peripheral device အတွက်ပါ။ USB type-A ကို ကွန်ပျူတာလိုမျိုး ပစ္စည်းတွေမှာ တွေ့နိုင်ပြီး USB type-B ကို ပရင်တာလိုမျိုးမှာ တွေ့နိုင်ပါတယ်။
👉USB type-C ကြိုးကို USB type-A device မှာ သုံးလို့ရလား
ရပါတယ်။ အဲလိုသုံးမယ်ဆိုရင် USB type-C device မှာသုံးတာနဲ့ယှဥ်လိုက်ရင် ဒေတာကူးနှုန်းနှေးတာပဲရှိမှာပါ။
👉USB 4 သုံးဖို့ ကြိုးအသစ်လိုလား
မလိုပါဘူး။ လက်ရှိသုံးနေတဲ့ ကြိုးနဲ့ device တွေမှာ ဆက်လက်သုံးနိုင်ပါတယ်။
👉USB 4 က Thunderbolt နဲ့ တူလား
နည်းပညာအရ မတူပါဘူး။ တခြားစီပါ။ ဒါပေမဲ့ သူတို့ရဲ့ မြန်နှုန်းမြင့်မှုနဲ့ device အတော်များများကို ချိတ်ဆက်နိုင်စွမ်းကတော့ ဆင်တူပါတယ်။. ...
Ref https://history-computer.com/next-gen-usb-4-promises-to.../
Click here to claim your Sponsored Listing.
Category
Website
Address
အမှတ် (၆၀၀)၊ နှင်းဆီလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့
Yangon
11081
Opening Hours
| Monday | 08:30 - 04:30 |
| Tuesday | 08:30 - 04:30 |
| Wednesday | 08:30 - 04:30 |
| Thursday | 08:30 - 04:30 |
| Friday | 08:30 - 04:30 |
| Saturday | 08:30 - 02:30 |