Fit With Chris

Fit With Chris

Share

Freelance Personal Trainer💪
Online Personal Trainer

27/04/2026

ဘယ်လိုအကျင့်တွေကြောင့်body transformမဖြစ်တာလဲ

တစ်ပတ်လောက်လုပ် နောက်တစ်ပတ်ပျက်

Mood မကောင်းရင်လည်းမလုပ်ဘူး❌

Consistency လည်းမရှိဘူး❌

အလေးမတိုးဘူးကိုယ့်ကို
ကိုယ်ညှာတယ်

👉အစားအသောက်ကို မထိန်းချုပ်တာ

👉အိပ်ချိန်မလုံလောက်တာ

👉အရမ်းအလျင်လိုတာ(တစ်ပတ်/နှစ်ပတ်နဲ့ရလဒ်မမြင်ရရင်လက်လျှော့တာ)

ဒီလိုအလေ့အကျင့်အသေးအသေးတွေကြောင့် body transform မဖြစ်တာများပါတယ်‼️

Training plan or diet plan ဝယ်ယူလိုသည်ဖြစ်စေ
ပြင်ပတွေ personal Trainer ငှားလိုသည်ဖြစ်စေ
Online Pt ငှားလိုသည်ဖြစ်စေ သေချာဂရုစိုက်ပြပေးမှာမို့ ဆက်သွယ်မေးမြန်နိုင်ပါတယ်ဗျ

23/04/2026

Weightကျချင်တယ် အဆီကျချင်တယ် ပူနေတဲ့ဗိုက်တွေပြုတ်ချင်တယ်ပြောပြီး စားချင်ရာကို စားချင်သလိုစားတယ်၊တစ်နေကုန် လှုပ်ရှားမှု နည်းတယ်၊လေ့ကျင့်ခန်းဆိုလို
လမ်းလျောက်တာလောက်တောင် မလုပ်တဲ့ အခြေအနေမျိုး

သေချာတယ် အဲ့လူ…..
နောင်ဆယ်နှစ်နေရင်လည်း ဝိတ်မကျလာဘူး❌

တစ်နဲ့သုညနဲ့ ပေါင်းရင် တစ်ဘဲရမယ်
နှစ်လိုချင်ရင် သုညကို တစ်ဖြစ်အောင် ပြောင်းဖို့လိုတယ်✅

Lifestyleကို မပြောင်းဘဲ Weightကျချင်တယ်၊အဆီကျချင်တယ်၊ ဗိုက်ပြုတ်ချင်တယ်၊ခါးသေးချင်တယ် ပြောနေရုံနဲ့ လက်ရှိအခြေအနေကနေ ဘာမှ မပြောင်းလဲသွားဘူး

အဆီကျချင်ရင် အဆီကျနိုင်လောက်တဲ့ Lifestyle ဖြစ်နေဖို့လိုတယ်

အဆီကျချင်ရင် ခန္ဓာကိုယ်ပြောင်းလဲချင်ရင်
မိမိရဲ့ Lifestyle ကိုမဖြစ်မနေ ပြောင်းလဲဖို့လိုအပ်ပါတယ်💯

ပြောင်းလဲမှုကိုလိုချင်ရင် ကိုယ်ကိုယ်တိုင်
ပြောင်းလဲဖို့လိုအပ်ပါတယ်🤝

Training plan or diet plan ဝယ်ယူလိုသည်ဖြစ်စေ
ပြင်ပတွေ personal Trainer ငှားလိုသည်ဖြစ်စေ
Online Pt ငှားလိုသည်ဖြစ်စေ သေချာဂရုစိုက်ပြပေးမှာမို့ ဆက်သွယ်မေးမြန်နိုင်ပါတယ်ဗျ

22/04/2026

ဒီနေ့ကတော့ Fit With Chris Page Admin
Saya Chris ရဲ့ မွေးနေ့လေးဖြစ်ပါတယ်🎂🎉
မွေးနေ့မှာ ဖြစ်ချင်တဲ့ဆန္ဒတွေ အကုန်ပြည့်ဝပြီး အောင်မြင်တဲ့ ဆရာတစ်ယောက်ဖြစ်ပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်🥳🎊

19/04/2026

ခါးတုတ်လို့ဆိုပြီး ခါးသေးသွယ်အောင် ဂျင်မှာအလေးတုံးကြီးတွေကိုင်ပြီး ခါးဘေးစောင်းတဲ့ လေ့ကျင်ခန်းတွေကို အမုန်းလုပ်နေတာ တွေ့ကြရပါတယ်

ခါးသေးသွယ်တဲ့ Exercise ဆိုတာမရှိပါဘူး❌
ခါးတုတ်တယ်ဆိုတာ အဆီရှိလို့ တုတ်တာဖြစ်ပါတယ်
ခါးလှည့်ခါးစောင်း လေ့ကျင်ခန်းတွေဟာ
ခါးမာဆယ်တွေကို သန်မာလာအောင်လုပ်ပေးတဲ့ Core Exercises တွေဖြစ်ပါတယ်✅

အဲ့တော့ ခါးသေးအောင် ဘာလုပ်လို့ရမလဲဆိုရင်
အဆီအစိမ့်ရှောင်ပြီး လိုအပ်တဲ့ Weight Trainingနဲ့ Cardio Training ကိုသေချာကစားပေးခြင်းဖြင့် ခါးအဆီကျပြီး ခါးသေးလာနိုင်ပါတယ်

Training plan or diet plan ဝယ်ယူလိုသည်ဖြစ်စေ
ပြင်ပတွေ personal Trainer ငှားလိုသည်ဖြစ်စေ
Online Pt ငှားလိုသည်ဖြစ်စေ သေချာဂရုစိုက်ပြပေးမှာမို့ ဆက်သွယ်မေးမြန်နိုင်ပါတယ်ဗျ

12/04/2026

ဗိုက်ရိုက်တိုင်းပူနေတဲ့ဗိုက်မကျသွားတာဘာကြောင့်လဲ⁉️

ဗိုက်ရိုက်တိုင်း ပူနေတဲ့ဗိုက်ကျမသွားဘူး
လူအများစုလာလာပြောကြတယ် ဗိုက်အဆီကျချင်လို့ ခါးသေးချင်လို့
ဗိုက်အဆီကျ ခါးသေးအောင် ဘာလေ့ကျင့်ခန်းလုပ်ရမလဲဆ်ိုတာ လိုရင်းတိုရှင်းပြောရရင်…
ဗိုက်အဆီကျအောင် လုပ်တဲ့ လေ့ကျင်ခန်းရယ်လိုမရှိပါဘူး❌
ဗိုက်ရိုက်မယ် Leg Raise လုပ်မယ် Plank
ထောက်မယ် မကျဘူးလား မေးစရာရှိမယ်
No❗️လုံးဝမကျပါဘူး

ဗိုက်ရိုက်တဲ့လေ့ကျင့်ခန်းလုပ်လို့ ဗိုက်အတွင်းက Abdominal Muscleတွေသန်မာလာတယ်ဆိုပေမယ့် ဗိုက်အဆီကတော့ ဗိုက်ရိုက်တာနဲ့တန်းကျသွားမှာမဟုတ်ပါဘူး

ပူနေတဲ့ဗိုက်ကို ပြုတ်ချင်တယ်ဆို အဆီချဖို့လိုတယ် Fatlose ဖြစ်စဉ်မှာ တစ်နေရာထဲကွက်ပြီး ကျတာမျိုး မရှိသလောက် နည်းပါတယ်
နေရာပေါင်းစုံက အဆီတွေ နည်းနည်းချင်းကျတာဘဲရှိတယ်

အဆီချဖို့ဆိုရင် လေ့ကျင်ခန်းလုပ်တာ တစ်ခုထဲနဲ့ မရဘူး တစ်နေတာလိုအပ်တဲ့ Calories ထက် လျော့စားသွားဖို့လိုအပ်ပါတယ်‼️

ချုံပြောရမယ်ဆိုရင် ခါးသေးချင်တယ်
ဗိုက်ချပ်ချင်တယ်ဆိုရင် Calories Deficit ဖြစ်ဖို့ လိုအပ်ပါတယ်✅

Training plan or diet plan ဝယ်ယူလိုသည်ဖြစ်စေ
ပြင်ပတွေ personal Trainer ငှားလိုသည်ဖြစ်စေ
Online Pt ငှားလိုသည်ဖြစ်စေ သေချာဂရုစိုက်ပြပေးမှာမို့ ဆက်သွယ်မေးမြန်နိုင်ပါတယ်ဗျ

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon