Future Life

Future Life

Share

Remember Me Not Always But sometime

03/04/2026

နောက်ဆုံးဆန္ဒ ( အပိုင်း ၁ )

ကျွန်တော်တို့နှစ်ဦးသဘောတူ
ကွာရှင်းလိုက်ကြသည် ...
ကားကိုသူမအားပေးလိုက်ပြီး
ကျွန်တော်တို့ ပိုင်ဆိုင်သည့်
ငွေပမာဏကိုလည်း ခွဲဝေယူလိုက်ကြတယ် ...
တရားရုံးအပြင်ကိုကျွန်တော်ထွက်လာသည်
ကားဆီကိုသွားပြီးတံခါးဖွင့်ရန်ပြင်လိုက်တော့
အမေက သား ဒီကားကို မင်းမပိုင်တော့ဘူးလေ
အမေက ကျွန်တော့်ပုခုံးကို
အနောက်မှ လာပုတ်ပြီးပြောလိုက်သည်
ဪ ဟုတ်သားပဲ သားယောင်သွားလို့ပါအမေ ...
ကျွန်တော်နဲ့အမေ တရားရုံးအပြင်ကို ထွက်လာပြီး ဘတ်စ်ကားမှတ်တိုင်မှာ ကားစောင့်နေတယ်
တရားရုံးထဲက ကျွန်တော်စီးနေကြကားလေး ထွက်လာပြီး ရှေ့ကနေ ဖြတ်သွားသည် ...
ကားကို ကျွန်တော့်ဇနီးဖြစ်ခဲ့သူက မောင်းသွားသည် ကျွန်တော်တို့ကို လှည့်၍ပင်မကြည့်...
မေနှင့်ကျွန်တော် တစ်လမ်းထဲသား
သူငယ်ချင်းများဖြစ်ကြသည် ..
ကျောင်းတတ်တော့လည်းအတူတူ ..
၁၀ တန်း အောင်တာလည်းအတူတူ
တက္ကသိုလ်တက်တော့မေဂျာမတူခဲ့ဘူး
ဒါပေမယ့် ကျောင်းပြီးတော့
ကျွန်တော်တို့ လက်ထပ်ခဲ့ကြတယ် ...
လက်ထပ်ပြီးတစ်နှစ်အကြာမှာပဲ သူနဲ့ကျွန်တော် သဘောထား မတိုက်ဆိုင်တာ တွေများလာတယ် .. ငြင်းကြခုန်ကြအော်ဟစ်ကြနဲ့မသာယာသော
အိမ်ထောင်ရေးတစ်ခုကိုတည်ဆောက်မိပြီးသား ဖြစ်နေကြပြီးနောက်ဆုံး နှစ်ဦးသဘောတူ
လမ်းခွဲခဲ့ကြသည် .. အခုတော့ သူလည်း သူ့အိမ်သူပြန်နေ ကျွန်တော်လည်း ကျွန်တော့အိမ်ပြန်နေ
အမေက ကျွန်တော့်ကို သားတစ်ယောက်ထဲ
နေလို့ဖြစ်ပါ့မလား
ဖြစ်ပါတယ်အမေ ဘာဖြစ်လို့လဲ ..
အမေတစ်ပတ်လောက် တရားစခန်းသွားချင်လို့ .. သွားလေ အမေ ရပါတယ်
သားနေလို့ဖြစ်ပါတယ်
အမေလည်းနားမငြီးရတော့ဘူးပေါ့ ..
မဟုတ်ပါဘူးသားရယ် အမေလည်း တရားစခန်းဝင်ဖို့ ဆုံးဖြတ်ထားလို့ပါ ..
အမေတရားစခန်းဝင်သွားသည် ..
အမေလည်းမရှိ မေလည်း မရှိသော ကျွန်တော့်ဘဝမှာ ခြောက်သွေ့နေသလိုပင်ဖြစ်သည် .....

အပိုင်း ၂ >>>> ဆက်ရန်

Want your restaurant to be the top-listed Restaurant in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon