The Bridge Learning Centre
We offer quality education and learning services
10/03/2020
A-An-The ကို ဘယ်လိုသုံးရမလဲ ခေါင်းစားနေရတုန်းလား??? 😜
👉 How to use A-An-The ကို အချိန်တစ်မိနစ်လောက်ပဲပေးပြီး လေ့လာလိုက်ပါနော်....
28/10/2019
A for apple
B for ball.. ... ... ... ..... ... ... ... ...
အင်္ဂလိပ်စာနဲ့စထိတွေ့တဲ့အချိန်ကတည်းက for (အများအားဖြင့်အတွက်လို့သိကြတဲ့) စကားလုံးနဲ့ရင်းနှီးပြီးသားဖြစ်ကြမှာပါ။အောက်မှာနမူနာပေးထားတဲ့စာကြောင်းလေးတွေဖြေကြည့်ပြီး for ကိုအခြားဘယ်နေရာတွေမှာသုံးတယ်ဘယ်လိုသုံးသေးတယ်ဆိုတာလေ့လာကြည့်ရအောင်။
1. Nyi Nyi is so clever for his age.
2. We walked for miles.
3. This is the knife for cutting bread.
4. She would be leaving for New York in a few days.
5. How many people are for the advertisement?
ပေးထားတဲ့ဝါကျတွေမှာ for ကိုအတွက် လို့တိုက်ရိုက်ပြန်လိုက်ရင်အဓိပ္ပါယ်ရှိတော့မှာမဟုတ်ပါဘူး။
တစ်စုံတစ်ခု(သို့) တစ်စုံတစ်ယောက်ရဲ့အရည်အချင်းဟာအသက်အရွယ်နဲ့မလိုက်အောင်အံ့အားသင့်စရာကောင်းတယ်လို့ပြောချင်ရေးချင်တဲ့အခါမှာ for ကိုသုံးပါတယ်။
1. ကိုဆီလျော်အောင်ပြန်ရမယ်ဆိုရင်
ညီညီဟာသူ့ရဲ့အသက်ရွယ်နဲ့မလိုက်လောက်အောင်ကိုတော်တယ် လို့ပြန်ရပါလိမ့်မယ်။
2. ငါတို့ခရီးအဝေးကြီးထိလမ်းလျှောက်ခဲ့ကြတယ်။
ဒီမှာတော့ for ကို ခရီးအကွာအဝေးတိုင်းတာတဲ့နေရာမှာသုံးပါတယ်။
3. ဒါပေါင်မုန့်လှီးတဲ့ဓါးဖြစ်တယ်။
ပစ္စည်းတစ်ခု၊လုပ်ဆောင်ချက်တစ်ခုရဲ့ရည်ရွယ်ချက်ကိုပြောချင်တဲ့အခါမှာလဲ for ကိုသုံးပါတယ်။
4.ရက်အနည်းငယ်ကြာတဲ့အခါသူမ New York ကိုသွားလိမ့်မယ်။
ဒီဝါကျမှာ for ကို တစ်စုံတစ်ယောက်၊ယာဥ်ရထားတစ်ခုခုသွားမည့်နေရာကိုဖော်ပြချင်တဲ့အခါသုံးပါတယ်။
5. ကြော်ငြာတွေကောင်းတယ်လို့ထောက်ခံတဲ့သူဘယ်နှစ်ယောက်လောက်ရှိသလဲ။
အကြောင်းအရာတစ်ခုခု၊အယူအဆတစ်ခုခုကိုထောက်ခံပြောဆိုချင်တဲ့အခါမှာလဲ for ကိုသုံးပါတယ်။
အပေါ်မှာပြခဲ့တဲ့ဝါကျတွေဟာ for ကိုအဓိပ္ပါယ်အမျိုးမျိုးသုံးလို့ရတယ်ဆိုတာနမူနာအချို့ပြထားခြင်းသာဖြစ်ပါတယ်။အခြားအဓိပ္ပါယ်တွေလဲအများအပြားရှိသေးတာမို့ ကိုယ်တိုင်ရှာဖွေလေ့လာကြည့်ကြပါလို့တိုက်တွန်းလိုက်ပါတယ်။
photo: internet
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |