UpdateNews.News Update
UpdateNews NewsUpdate
31/08/2022
နေအိမ်များကို ဖျက်ဆီးဖို့လာသည့် ပျူစောထီးနှင့် ရပ်ကွက်အုပ်ချူပ်ရေးမှူး ဆိုသူများကို ရပ်ကွက်က ပြန်ခုခံ
မန္တလေး ၊ ဩဂုတ် - ၃၁
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ဇီးအုပ်ကွက် ရပ်ကွက်ထဲရှိ နေအိမ်များကိုဖျက်ဆီးရန်လာသည့် ရပ်ကွက်အုပ်ချူပ်ရေးမှူးဆိုသူနှင့် ပျူစောထီးအမည်ခံအဖွဲ့ကို ရပ်ကွပ်သူ/သားမျက ပြန်လည်ခုခံခဲ့ကြောင်း ပြည်ကြီးတံခွန်သပိတ်အင်အားစု-မန္တလေးက ဖော်ပြလာသည်။
မနေ့ ဩဂုတ် (၃၀)ရက် မွန်းလွဲပိုင်းမှာ ၁၃၁ လမ်းတောင်ဘက်၊ ၄၉ လမ်းနှင့် လမ်း ၅၀ ကြား၊ ဇီးအုပ်ကွက်သစ် (ဋ) ရပ်ကွက်မှာရှိသည့် နေအိမ်တွေကို ကံကြီးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး မြင့်လွင် အပါအဝင် ပျူစောထီး အမည်ခံ ရပ်ကွက်လူမိုက် အယောက် (၃၀)လောက်က လာရောက်ဖျက်ဆီးသည်ဟု ယင်းကဆိုသည်။
“ ဘက်ဟိုးတွေနဲ့ ဖျက်ဆီးရုံမကဘဲ လူမိုက်အဖွဲ့နဲ့ပဲ ပြည်သူတွေကို ဝိုင်းဝန်းရိုက်နှက်လာတဲ့အတွက် နေအိမ်ဖျက်ဆီးခံရတဲ့ ပြည်သူတွေက ပြန်ခုခံရာမှာ ဘက်ဟိုးသမား နှစ်ယောက်ကို ဖမ်းဆီးရမိကာ လူမိုက်အုပ်စုကတော့ ထွက်ပြေးသွားတယ် “ ဟု ပြည်ခွန် သပိတ်အင်အားစုက ဖော်ပြထားသည်။
လူထုက ဖမ်းဆီးမိသည့် ဘက်ဟိုးကို ဖျက်ဆီးနိုင်ခဲ့ပြီး ဘက်ဟိုးသမားနှစ်ယောက်ကို ကံကြီးကုန်းအုပ်ချုပ်ရေးမှူးရုံးက လာရောက်ခေါ်ဆောင်သွားကြောင်း သိရသည်။
“ အရင်က ရောင်းမှားဝယ်မှားဖြစ်ခဲ့တဲ့နေရာတွေပေါ့ အခုကျတော့ စစ်တပ်နဲ့နီးစပ်သူတွေက သူတို့နဲ့ပေါင်းပြီး အကုန်ကျူးကျော်ဆို အိမ်တွေဝင်ဖျက်ထားတယ် အိမ်ကောင်းတွေလည်း အကုန်ဖျက်ခံရတယ် အခုကျတော့ သူတို့ ( စစ်တပ်နဲ့ နီးစပ်သူ ) ပဲခြံစည်းရိုးတွေလိုက်ကာနေကြတယ်။ ရပ်ကွက်ကလည်း နေစရာလည်း မရှိစားဖို့လည်း မရှိဆိုတော့ မထူးဇာတ်ခင်းပြီး လုပ်နေကြတဲ့သဘောပဲ “ ဟု ဒေသခံတဦးကပြောသည်။
Burma Associated Press
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
959