Digital Base

Digital Base

Share

We Design, Develop, Deliver delightful digital products & experiences

24/06/2026

🖥 What else can you use Github for besides storing projects?

🌐နည်းပညာလောကမှာ နည်းပညာကိုထိတွေ့အသုံးပြုသူတိုင်း မစိမ်းသည့် GitHub။

📎GitHub ဆိုတာ Git Version Control System ကို အသုံးချပြီးတော့ ကိုယ့်ရဲ့Source Codesတွေ ၊Software projects တွေကို Cloud ပေါ်မှာတင်ပြီး သိမ်းထားတဲ့ Web Base Platform တစ်ခုပဲဖြစ်ပါတယ်။သင်ဟာ Source Codesတွေ ၊ Software projects တွေ သိမ်းတာလောက်ပဲ အသုံးချရသေးရင်တော့ Git Hub ကို 30% လောက်ကိုပဲ အသုံးပြုရသေးတာ ဖြစ်ပါတယ်။ တကယ်တော့ GitHub ဟာ projectsတွေ သိမ်းတာထက် ပိုမိုပြီး အသုံးပြုလို့ရတဲ့ Cloud-Based Hosting Platform တစ်ခု ဆိုလည်းမမှားပါဘူး။

ဒါဆို သင့်အနေနဲ့ GitHub ကို ပရောဂျက်သိမ်းတာအပြင် ဘယ်လိုနေရာတွေမှာ ထပ်ပြီး အသုံးချနိုင်သေးသလဲ။

၁။ အလုပ်ခွင်အလိုအလျောက်စနစ် (GitHub Actions)

Developerတွေအတွက် GitHub features တွေကို အသုံးပြုလို့ရနိုင်ပြီး အသေးအမွှား errors ရှာရတဲ့ ပြဿနာတွေကို လျော့ချပေးနိုင်လို့အချိန်ကုန်သက်သာစေတယ်။ logic စဉ်းစားရခက်တာတွေအတွက်လည်း suggestion codesတွေကို အလိုအလျောက် ပြသပေးတဲ့ Functions တွေလည်း ပါဝင်ပါတယ်။

Developerတွေအနေနဲ့ code တစ်ခုခု ပြင်လိုက်တာနဲ့ errors တက်လာတဲ့အချိန်အခါမျိုးတွေမှာ GitHub Features တွေကို အသုံးပြုခြင်းအားဖြင့် အလိုအလျောက် (Auto) အမှားရှာပေးပါတယ်။ လူကိုယ်တိုင် လိုက်လုပ်ရတဲ့ အဆင့်တွေကို လျှော့ချပေးလို့ အချိန်ကုန် သက်သာပြီး လူကြောင့်ဖြစ်တတ်တဲ့ အမှားအယွင်း (Human Errors) တွေကို 0% အထိ လျှော့ချပေးပါတယ်။

၂။ Website များကို Hosting လွှင့်ခြင်း (GitHub Pages)

သင့်လုပ်ငန်းအတွက် Portfolio Website တွေ၊
လိုဂိုနဲ့ စာသားပဲပါတဲ့ Static Website တွေကို GitHub ပေါ်မှာ တိုက်ရိုက် Live လွှင့်ထားနိုင်ပါတယ်။

၃။ Software အပိုဝယ်စရာမလိုဘဲ Team ကို စီမံခန့်ခွဲခြင်း (Project Management)

Team အလိုက် ဘယ်သူက ဘာအလုပ်လုပ်နေလဲ၊ ဘယ်အပိုင်းမှာ Error (Bug) တက်နေလဲဆိုတာကို GitHub Projects (Kanban Board) နဲ့တင် စနစ်တကျ ခွဲဝေ စောင့်ကြည့်နိုင်ပါတယ်။လုပ်ငန်းစီမံခန့်ခွဲမှုစရိတ် (Tool Fees) ကို သက်သာစေပြီး ဗဟိုတစ်ခုတည်းကနေ စစ်ဆေးနိုင်ပါတယ်။

၄။ ထိပ်တန်းဝန်ထမ်းကောင်း ရှာဖွေနိုင်ခြင်း (Living Resume)

အခုခေတ်မှာ Software Developer Position
အတွက်အလုပ်ခန့်တော့မယ်ဆိုရင် GitHub Profile
( Repositories နဲ့ Pull Requests မှတ်တမ်း ) ကို ကြည့်ပြီး အရည်အချင်းတွေကို စစ်ဆေးလို့ရနိုင်ပြီး အချိန်ကုန်သက်သာစွာ စီစစ်ရွေးချယ်နိုင်ပါတယ်။GitHub ဆိုတာ နည်းပညာလောကရဲ့ "အဓိက အခြေခံအဆောက်အအုံ" ကြီး ဖြစ်ပါတယ်။ GitHubကို ကုဒ်သိမ်းရုံတင်မကဘဲ စနစ်တကျ အသုံးချတတ်ရင် သင့်လုပ်ငန်းအလုပ်လုပ်ရတာကို ပိုမိုမြန်ဆန် စနစ်ကျလာစေမှာ အသေအချာပဲ ဖြစ်ပါတယ်။

GitHub ဟာ Developer တွေတိုင်းအတွက် ပူးတွဲဆောင်ရွက်ဖို့ Source Codesတွေ ၊ Software projects တွေသိမ်းဆည်းနိုင်ဖို့ ၊ code version ထိန်းချုပ်နိုင်ဖို့၊developer portfolio တွေကို ဖန်တီးနိုင်ဖို့အတွက် အပြင် Documentation နဲ့ Sercurityဖန်တီးနိုင်ဖို့အတွက် အရေးပါတဲ့ Platform တစ်ခုလည်း ဖြစ်ပါတယ်။

🚀သင့်လုပ်ငန်းရဲ့ လက်ရှိ Digital Upgrade ဝန်ဆောင်မှုများအတွက် ကျွမ်းကျင်ပညာရှင်များနဲ့အတူ အမြဲတမ်းအသင့်ရှိနေမယ့် Digital Base.

22/06/2026

The technology keeps moving forward, which makes it easier for the artists to tell their stories and paint the pictures they want.

- George Lucas
----------------------------

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


MICT Park, Building 15, 3rd Floor
Yangon
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00