Swe Tha Har

Swe Tha Har

Share

အသီးအနှံများ လက်လီလက်ကား ရောင်း၀ယ်ရေး

07/12/2023

#အဓိပ္ပာယ်မဲ့သောပြိုင်ဆိုင်မှု

ကျွန်တော်ဟာ ပြိုင်ဘီးစက်ဘီးလေးစီးပြီး ရုံးသွားရုံးပြန်လုပ်လေ့ရှိပါတယ်။ စက်ဘီးစီးတာ ဝါသနာပါသလို တစ်ခါတရံ စက်ဘီးစီးပြိုင်ပွဲတွေမှာ အပျော်ဝင်ပြိုင်လေ့ရှိတယ်။

တစ်ညနေခင်းမှာ ကျွန်တော် စက်ဘီးစီးပြီး ရုံးကနေ အိမ်ပြန်လာတယ်။ ရှေ့မိုင်ဝက်လောက်မှာ လူတစ်ယောက် စက်ဘီးကို ခပ်သွက်သွက် နင်းနေတာမြင်လိုက်တယ်။ သူ ကျွန်တော့်လောက် စက်ဘီးမြန်မြန်မနင်းနိုင်ဘူးလို့ စိတ်ထဲမှာ ထင်လိုက်မိတယ်။

ဒါကြောင့် ကျွန်တော် သူ့ကို အမီလိုက်ဖို့ စက်ဘီးကို ခပ်သွက်သွက် နင်းလိုက်တယ်။ နောက်တော့ စက်ဘီးစီးပြိုင်ပွဲမှာ ပြိုင်သလို စက်ဘီးကို အားကုန်နင်းတယ်။ သူ့ကိုမီဖို့ ကိုက်တစ်ရာအလို ရောက်လာပြီ။ သူ့ကို မမီမချင်း စက်ဘီးကို အရှိန်မလျှော့ဘဲ ဆက်နင်းတယ်။

နောက်ဆုံးမှာ ကျွန်တော် သူ့ကို ကျော်တက်နိုင်လိုက်တယ်။ သူ့ကို နိုင်လိုက်ပြီဆိုပြီး ကျေနပ်သွားတယ်။ သူကတော့ ကျွန်တော် သူ့ကို စက်ဘီးပြိုင်နင်းနေမှန်း သိဟန်မတူပါဘူး။

ကျွန်တော် သူ့ကို ကျော်ပြီး အတော်ဝေးဝေးရောက်မှ ကျွန်တော့်အိမ်ကို ကျော်သွားမှန်း သတိရလိုက်တယ်။ တိုက် ၆ လုံးစာ ကျော်သွားလို့ စက်ဘီးကို နောက်ကြောင်းပြန်လှည့်နင်းခဲ့ရတယ်။ ပိုဆိုးတာက ကုန်စုံဆိုင်က ကြက်သွန်နီဝယ်ခဲ့ဖို့ မိန်းမမှာခဲ့တာ ကုန်စုံဆိုင်ကို ကျော်ခဲ့လို့ မဝယ်ဖြစ်လိုက်ဘူး။ မိန်းမ ဆူတော့မှာ သေချာတယ်။

ကျွန်တော်တို့ဟာ လုပ်ဖော်ကိုင်ဖက်တွေ၊ အိမ်နီးချင်းတွေ၊ မိသားစုဝင်တွေထက် သာအောင် ပြိုင်တတ်ကြတယ်။ ပြိုင်ဆိုင်တာ ကောင်းပါတယ်။ ပြိုင်ဆိုင်မှ တိုးတက်မှုရှိမှာကိုး။ ဒါပေမဲ့ ပြိုင်ဆိုင်ရင်း မိမိလုပ်ရမယ့် တာဝန်တွေကို မေ့ထားမယ်ဆိုရင်တော့ အဲဒါအဓိပ္ပာယ်မဲ့တဲ့ ပြိုင်ဆိုင်မှုဖြစ်သွားပါမယ်။

ဗန်းမော်သိန်းဖေ
၂၇-၁၀-၂၀၂၂

30/11/2023

သွေးထွက်အောင် မှန်တယ် ဖတ်ကြည့်ပါ မိတ်ဆွေများ👍

🔸မြန်မာပြည်မှာ လာနေသော တရုတ်တွေ အများစုသည် ချမ်းသာ၏။

မြန်မာပြည်မှာလာနေသော ကုလားအများစုသည်
မူလက ဆင်းရဲကြသော်လည်း တဖြည်းဖြည်းနှင့်ချမ်းသာသွားကြ၏။

မြန်မာပြည်တွင် ယခင်က လာနေသွားခဲ့ကြသော
အင်္ဂလိပ်များသည်လည်း ချမ်းသာသွားကြ၏။

ခေတ်အဆက်ဆက် အထည်ကြီးပျက်လိုဖြစ်ကာ
ဆင်းရဲကြသည်မှာ မြန်မာများဖြစ်သည်။

ထိုအခါစဉ်းစားရမည်မှာ လူတို့ဆင်းရဲကြခြင်းမှာ တိုင်းပြည်အပြစ်မဟုတ်ပဲ လူတွေညံ့လို့ဖြစ်ကြောင်းထင်ရှားလေသည်။

မြန်မာတို့ကြီးပွားချမ်းသာကြောင်းအတွက် ပြင်ကြရမည့်စိတ်ဓာတ်များ အတော်များများရှိ၏။

အောက်ပါတို့သည် မြန်မာတို့ မကြီးပွားရခြင်း၏ အကြောင်းရင်းများ (ဝါ)ပြင်ကြရမည့်စိတ်ဓာတ်များဖြစ်သည်။

(က) #ရောင့်ရဲလွယ်ခြင်း

မြန်မာဆင်းရဲသားအတော်များများသည် ယနေ့စားဖို့ရလျှင်မနက်ဖြန်အတွက် အလုပ်ကြိုတင်မလုပ်လိုကြပေ။စုဆောင်းဖို့ ရှာဖွေဖို့ထက် အေးအေးလူလူ ဟေးလားဝါးလားနေချင်ကြသည်။

သူတို့၏လက်သုံးစကားမှာ ထမင်းကြမ်းယပ်ခတ်စား မယ် (အေးအေးပဲနေမယ်) ဆိုသောစကားဖြစ်သည်။ တစ်နေ့စာ စားဖို့ရပြီဆိုလျှင် အလုပ်မလုပ်တော့ပဲ
ရောင့်ရဲ ကြသဖြင့် ဘယ်သောအခါမှ စုမိဆောင်းမိခြင်း
မရှိကြချေ။

(ခ) #အချိန်ဖြုန်းခြင်း

လက်ဘက်ရည်ဆိုင်တွင်တမေ့တမောထိုင်ကာ
ပြသမျှ ဗီဒီယိုဇာတ်ကားများကိုကြည့်ရှုခြင်း၊ ဘိလိယက်ခုံတွင် တနေကုန်ထိုင်နေခြင်း၊
ကျားထိုးခြင်း ၊ ဖဲရိုက်ခြင်း၊ မိန်းမများစုကာ
အတင်းပြောကြခြင်း၊ပိုက်ဆံကြေး ဂေါ်လီလှိမ့်ခြင်း၊ အရက်ဆိုင်တွင်မထတမ်းထိုင်နေခြင်း၊
နတ်ကရာကျီးမောဆိုသကဲ့သို့ သူများအိမ်ဆောက်ခြင်း၊နတ်ပွဲကခြင်း ၊ ရန်ဖြစ်ခြင်း ၊ဘောလီဘောပုတ်ခြင်း ၊ ပိုက်ကျော်ခြင်းခတ်ခြင်း စသည့်တွေ့ကရာ ရှစ်သောင်းကိစ္စများကို ထိုင်ကြည့်ခြင်း စသည့်အမှုများကိုမြန်မာအများစု ပြုလုပ်အချိန်ဖြုန်းနေသည့် အခိုက်၀ယ် လူမျိုးခြားတို့မှာ သူတို့ဆိုင် ၊ သူတို့ အလုပ် ၊သူတို့ ကိစ္စကိုအားသွန်ခွန်စိုက်အလုပ်လုပ်ပြီး၀င်ငွေများရပြီးနေကြလေပြီ။

(ဂ) #ငွေဖြုန်းခြင်း

ဘုန်းကြီးသေ ရွာကြေ ဆိုသောစကားပုံ ၊
အကြွေးရရင်ဆင်တောင်၀ယ်တယ်ဆို သောစကားပုံ ၊ သောက်သောက်စားစားလူ့မင်းသား၊
ဆင်စီးလို့မြင်းရံ ဆိုသောစကားပုံများသည်
မြန်မာတို့အကြွားသန်သော ငွေဖြုန်းသောဖြစ်ရပ်များကိုပြဆိုနေသော စကားပုံများဖြစ်သည်။

ဘုန်းကြီးတစ်ပါးပျံလွန်တော်မူလျှင် ရိုးရိုးမသာချလိုက်ပါက ငွေကုန်ပေါက်သက်သာ၍ ဘုရားတရားတော်နှင့်အညီဖြစ်မည်ဖြစ်သော်လည်း မြန်မာတို့သည် ဇာမချဲ့ရလျှင်မကျေနပ်ကြချေ။

ထို့ကြောင့်ဇာတ်ပွဲ ၊အငြိမ့်ပွဲငှားခြင်း၊ ဧယဉ်ကျူးမည့် မင်းသမီးငှားခြင်း ၊ ဘုန်းကြီးပျံပွဲ တစ်လကိုးသီတင်းကျင်းပခြင်း ၊ လောင်တိုက်ကောင်းကောင်းဆောက်ခြင်း ၊ လာသမျှပရိသတ်ကိုစတုဒီသာရက်ဆက်ကျွေးခြင်း ၊ အသံချဲ့စက် လော်စပီကာဆရာကောင်းကောင်းငှားခြင်း ၊ မီးစက်ကြီးငှားရခြင်း၊ ကော်ဇော်စသည်ဖြင့် ဧည့်ခံမဏ္ဍပ်ဆောက်ရခြင်း၊ တို့ဖြင့် ရွာမှာ စားရိတ်ထောင်းကာမွဲပြာကျလေသည်။

မိမိမှာမရှိပဲရသမျှ အကြွေးယူချင်တတ်သော စိတ်ဓာတ်မှာလည်း မြန်မာတို့မွဲပြာကျစေသော အကျင့်ဆိုးဖြစ်၍ ပြင်ရမည်။

မြန်မာဗုဒ္စဘာသာ၀င်အားလုံးသည် မိမိသားသမီးရှင်ပြုနားသပွဲကို အတော်ကြီးငွေကုန်ခံကာပြုလုပ်ကြသည်။
အငြိမ့်တွေ ဇာတ်တွေငှားသည်။
ဆင်တွေ မြင်းတွေငှားသည်။
၀င်းခင်းသဘင်တွေလုပ်ကြသည်။
အပြိုင်အဆိုင်ကျွေးကြသည်။
ဆိုင်းဝိုင်းများဖြင့် မြို့ကိုပတ်ကြသည်။

တစ်သက်လုံးစုဆောင်းထားသမျှအားလုံး ကုန်သည့်အပြင် အကြွေးတင်သည်အထိ ရှင်ပြုနားသပွဲ တစ်ပွဲတည်းနှင့် ငွေများ ကို အားလုံးသုံးပစ်လိုက်ကြပြီးနောက်နေ့တွင် ဘာမှမကျန်တော့သည့်ဘ၀သို့ရောက်ကြသည်။

မြတ်စွာဘုရားအလိုတော်ကျဖြစ်သော ရှင်ရာဟုလာ သင်္ကန်းဆီးသည့်ပွဲကဲ့သို့ တိတ်တိတ်ဆိတ်ဆိတ် အေးအေးချမ်းချမ်း ပကာသနမပါပဲ ပြုလုပ်သောရှင်ပြုပွဲတို့ များပြားစေချင်ပါသည်။

အလှူမင်္ဂလာဆောင်ပွဲသွားတိုင်း အ၀တ်သစ်အစားသစ်ချုပ်ကြ၀ယ်ကြခြင်းသည်လည်းငွေကုန်ပေါက်ကြီးတစ်ခုဖြစ်၍ လူမျိုးခြားများသည် ထိုသို့မလိုအပ်ပဲ အ၀တ်အစားအသစ်များ မကြာခဏ၀ယ်ခြင်းမပြုကြပေ။

(ဃ) #အလုပ်လုပ်သည်ကို_ရှက်စရာဟုထင်မြင်ခြင်း

လူမျိုးခြားများသည် သူတို့ကလေးများကိုငယ်စဉ်ကပင် ၀င်ငွေရသောအလုပ်များကို တနိုင်တပိုင်ဝိုင်းကူလုပ်စေသည်။

ထို့ကြောင့် စျေးရောင်နေသောတရုတ်ကလေး၊
မိဘလက်တွန်းလှည်းကိုဝိုင်းတွန်းပေးသော ကုလားလေးများကိုတွေ့ရပေမည်။

မြန်မာလူမျိုးများကားမိမိသားသမီးကို ခြေမွှေး
မီးမလောင် လက်မွှေးမီးမလောင် ဘော်ကြော့ထားခြင်းကိုဂုဏ်ယူကြပေသည်။

ငါအသက်ရှင်နေသရွေ့ငါ့သားသမီးများဘာမှ
လုပ်စရာမလိုဟူသောတလွဲမာနဖြင့် ကလေးကို
ဖျက်ဆီးကြသည်။

ကျောင်းသွားလျှင် ကျောင်းလွယ်အိပ်ကို ကိုင်ပေးမည့်သူနှင့်၊ ထမင်းစားလျှင်ခွန့်ကျွေးမည့်သူနှင့် ၊ အင်္ကျီလဲလျှင်ကူ၀တ်ပေးမည့်သူနှင့် အစစလိုလေသေးမရှိထားခြင်းဖြင့်ကလေးကိုဖျက်ဆီးကြ၏။

ထိုကလေးသည် မိမိအစွမ်းအစဖြင့် ဘာမှမလုပ်တတ်တော့ပေ။
ငါရှိရင်ငါ့သားသမီးဘာမှလုပ်စရာမလိုဘူးဆိုသော မိခင်၊ သို့မဟုတ် ဖခင်တို့ ရုတ်တရက်ကွယ်လွန်သွားသောအခါ ၊စီးပွားပျက်သွားသောအခါ သာသမီးမှာ ဘာမှမလုပ်တတ်မကိုင်တတ်ဖြင့် ခွေးလုံးလုံးဖြစ်တော့သည်။

ထို့ကြောင့်မြန်မာလူမျိုးများ ကြီးပွားတိုးတက်လိုလျှင်
မိမိသားသမီးကို ငယ်စဉ်မှစကာ နိုင်သရွေ့သော အလုပ်ကိုလုပ်ခိုင်းရမည်။

မိမိအစွမ်းဖြင့်ငွေရှာလျှင် မည်မျှနည်းပါးသောပိုက်ဆံပင်ဖြစ်စေ ခွင့်ပြုရမည်၊ ချီးကျူးရမည်။

လုပ်မနေနဲ့ ၊ မင်းဟာက မဖြစ်စလောက်နဲ့၊
ဘယ်လောက်ရမှာမို့လဲ၊ အဖေ ပေးမယ်ဆိုသော
တလွဲအယူအဆကိုဖျောက်ရမည်။

(င) #မုဒိတာမပွားနိုင်ကြခြင်း (ဝါ) #မနာလို၀န်တိုစိတ်အားကြီးခြင်း

မြန်မာတို့၏အားနည်းချက်တစ်ခုမှာအပေါ်ယံသဘောကောင်းသလိုထင်ရသော်လည်း
အချီကြီးမိလာသောကိစ္စများတွင် တစ်ယောက်နှင့်
တစ်ယောက် ၊ တစ်ဖွဲ့နှင့်တဖွဲ့ မနာလို၀န်တိုစိတ်အားကြီးကြသည်။

တစ်ယောက်အဆင်ပြေသည်ကို တစ်ယောက်က
၀မ်းမြောက်၀မ်းသာသော မုဒိတာတရားနည်းကြသည်။

ငွေတစ်ရာအဆင်ပြေစဉ်က ၀မ်းသာခဲ့သော်လည်း
ထိုသူငွေတစ်ထောင်ရလာသောအခါ မကြိုက်တော့ပေ။

ဒီကောင့်လောက်တော့ငါလဲတတ်ပါတယ်။

ဒီကောင်ကဘာကောင်မို့ တစ်ထောင်တောင်ပေးရတာလဲ၊

နှစ်ရာလောက်ပေးရင်ရပြီဆိုတာ ငါသွားပြောမယ်၊

ငါတို့အဖွဲ့ကိုခိုင်းရင် တစ်ရာ့ငါးဆယ် နှစ်ရာလောက်နဲ့ရအောင်လုပ်ပေးမယ် စသည်ဖြင့်

သူတစ်ပါးလာဘ်လာဘရခြင်းကို ဖျက်လိုဖျက်ဆီးစိတ် များမြန်မာတို့တွင် ရှိတတ်၏။

ထိုစိတ်ဆိုးစိတ်ယုတ်ပေါ်ပေါက်လာလျှင် ဖယ်ရှား
ရမည်။

သူလည်းကြီးပွား ကိုယ်လည်းကြီးပွားမှသာ တစ်မျိုးသားလုံးကြီးပွားမည်။

တရုတ်အားလုံးကြီးပွားသောအခါ နိုင်ငံတိုင်းတွင် တရုတ်တန်း(China Town ) ဟူ၍ အားလုံးကတကူးတကလာကြည့်ရသည်။

အိန္ဒိယနိုင်ငံသားများကြီးပွားသောအခါ LITTLE INDIA ဟုခေါ သော ကုလားရပ်ကွက်ဖြစ်ပေါ်လာသည်။

မြန်မာတို့ကားတစ်ယောက်ကိုတစ်ယောက်ထိုးချဖို့အမြဲကြံစည်နေသဖြင့် နိုင်ငံခြားတွင် အစုလိုက် အပြုံလိုက်ကြီးပွားတိုးတက်နေသော မြန်မာ အသိုင်းအဝိုင်းဟူ၍ မရှိသလောက်ရှားသည်။
ပြည်တွင်းမှာလည်းထိုနည်းနှင်နှင်။

(စ) #တစ်ယောက်လုပ်လျှင်_အားလုံးလိုက်လုပ်ကြခြင်း

လူတစ်ယောက်က ကားမှတ်တိုင်အောက်တွင် ကွမ်းယာရောင်းကောင်းလျှင် ကားမှတ်တိုင်တွင် အားလုံး ကွမ်းယာလိုက်ရောင်းကြသည်။

ဓာတ်တိုင်အောက်တွင်မုန့်ဟင်းခါးသည် အဆင်ပြေလျှင်အားလုံးမုန့်ဟင်းခါးဖြစ်ကြသည်။

ကိုယ်ရောင်းရဖို့ သူ့ဆိုင်ပြုတ်အောင်ချောက်တွန်းကြသည်။

(ဆ) #ကိုယ်နဲ့မဆိုင်သလိုနေကြသည်

(စုပေါင်းဆောင်ရွက်မှုအားနည်းသည် )

ရေမြောင်းပိတ်နေသဖြင့် ပိုက်ဆံလိုက်ကောက်ပါက မြန်မာအိမ်အတော်များများက ငွေထည့်ဖို့လက်တွန့်လေ့ရှိသည်။

လျှပ်စစ်မီးလင်းဖို့ ၊ ရေရရှိဖို့ စသည့်ကိစ္စများမှာလည်း
ထိုနည်းနှင်နှင်။

တစ်ယောက်ကိုတစ်ယောက်တွက်ကပ်ကြသည်။

ထို့ကြောင့် အသေးအဖွဲကိစ္စလေးများမှာပင် ငြင်းနေခုန်နေကြတာ ၊ တွက်ကပ်နေကြတာ ၊စကားများနေကြတာ
နှင့်ပြီးသည်။

အလုပ်ကြီးအကိုင်ကြီး ၊ လုပ်ငန်းကြီးဆိုလျှင်ပိုဆိုး
သည်။

ဘယ်တော့မှ မြန်မြန်နှင့်မှန်မှန် အလုပ်ပြီးမြောက်သည်ဆိုတာ မရှိ။

အမြဲတွက်ကပ်ငြင်းခုန်နေတတ်ကြသည်။

ငါသိငါတတ်တွေ များနေကြသည်။

နောက်လိုက် လုပ်လိုသူမရှိ။

မြန်မာများသည် အားလုံးဆရာကြီး လုပ်လိုသူတွေများသည်။

နေရာလုနေကြတာနှင့် အချိန်တွေငွေတွေကုန်ကာ
အလုပ်မဖြစ်တာများသည်။

အရင်းတစ်ရာစီရှိသော လူငါးယောက်ပေါင်းပြီး
အရင်းငါးရာလိုသော အလုပ်ကို မြန်မာတို့မလုပ်နိုင်။

အရင်းတစ်ရာစီကိုင်ပြီး တစ်ရာတန် အလုပ်ကိုပဲ
မိမိဘာသာ လုပ်ကြသည်။

ဟိုဘက်က ငါးရာတန်အလုပ်ကို ငါးယောက်လုပ်ရာမှ တစ်ထောင်တန် တစ်သောင်းတန် တစ်သိန်းတန်အလုပ်များဖြစ်သွားကြသည်။

တစ်ရာတန်သမားများမှာ ဆင်းရဲလည်းမသွား၊
တစ်ရာတန်ဘ၀မှလည်းတက်မလာ၊
ဒုံရင်းဒုံရင်းဖြစ်နေသည်။

နှစ်ပေါင်းများစွာကြာသောအခါ
တစ်ချိန်က တစ်ရာတန်အရင်းအနှီးရှိခဲ့တာခြင်းတူသော်လည်း၊
စုပေါင်းသမားက တစ်သိန်းအထိ ချမ်းသာလာပြီး၊
တစ်ယောက်ချင်းသမားက တစ်ရာ တန်ဘ၀မှာပဲကျန်ရစ်သည်။

ကြီးပွားချင်လျှင် အကျိုးတူပူးပေါင်းမဆောင်ရွက်တတ်သော၊
မဆောင်ရွက်ချင်သော ဓလေ့ကိုမြန်မာတို့ပြင်ကြရမည်။

ဆက်ပြောလျှင်ပြောစရာတွေများစွာရှိသေးသည်။
ယခုပြောဆိုသလောက်ကိုပဲ ဖိဖိစီးစီး စတင်လုပ်ဆောင်ပါက ဧကန်မုချကြီးပွားတိုးတက်ရမည်။

တစ်ယောက်ချင်း တိုးတက်လာပါက
တစ်နိုင်ငံလုံး တိုးတက်လာမည် ဖြစ်သတည်း။

#မူရင်းရေးသားသူအား
ကျေးဇူတင်ပါသည်။
Credit,SK🌹

13/10/2023

🙏🏻 🙏🏻 🙏🏻
ဗမာတွေ ခက်တာက
ညီအကိုမောင်နှမကျတော့
မပေးချင်ကြဘူး၊
ဆွေမျိုးကျ မထောက်ပံ့ချင်ဘူး၊
ဘုန်ကြီးကျ လှူချင်တယ်၊ကျောင်းကျဆောက်ချင်တယ်၊
ဘုရားကျ တည်ချင်တယ်။
ညီအကို မောင်နှမဆွေမျိုးသားချင်းကိုပေးတာ
ထောက်ပံ့တာ ကုသိုလ်လို့မတွက်ဘူး။
ဘုန်းကြီးကိုလှူမှ ကုသိုလ်ရတယ်ထင်နေကြတာ
ဘုရားတည်မှ ကျောင်းဆောက်မှ ကုသိုလ်ရတယ်
ထင်နေကြတာ။
ဓမ္မကထိကတွေကလည်း ဒါနဥ္စဆိုတဲ့ ပူဇာဒါနလောက်ပဲ
ဟောကြတာ၊
ဉာတကာနဥ္စသင်္ဂဟောဆိုတဲ့ အနုဂ္ဂဟ ဒါနကျ
မဟောကြဘူး။
#(ဆရာတော် အရှင်ဇနကာဘိဝံသ)

02/10/2023

"တန်ဖိုး"
လူငယ် တော်တော်များများဟာ
ကိုယ့်ကို “ မင်း တန်ဖိုးမရှိတဲ့ကောင်လို့ ” ပြောရင်
သိပ်စိတ်ဆိုးတာပဲ ။

အဲတော့ “ တန်ဖိုး ” ဆိုတာ ဘာလဲ လို့
မေးလိုက်ရင် အကုန်
ကြောင်တောင်တောင်နဲ့ ဘာဖြေရမှန်း
မသိကြတော့ဘူး ။

တကယ်တော့ “ တန်ဖိုး ” ဆိုတာ
သဘာဝကို လုပ်အား
ထည့်ပေါင်းလို့ ရလာခြင်းပဲ ။

Value = Nature + Labour
တန်ဖိုး = သဘာဝ + လုပ်အား

ဥပမာ ~ မိုးတွင်းမှာဆို တို့တွေ
ရွှံံ့တွေ မတွေ့ရဘူးလား ။

အဲဒီ ရွှံ့ကို မင်းသွားခွာလည်း ရတယ် ။
ငါ သွားခွာလည်း ရတယ် ။
သဘာဝက အလကား ပေးထားတာလေ ။

အဲဒီရွှံ့ကို မင်းက သွားမခွာဘူး ။
ငါက သွားခွာပြီး လောက်စလုံး လုံးတယ် ။
ငါက လုပ်အား ထည့်လိုက်တာပေါ့ ။
လောက်စလုံး တစ်ဖိုကို ဘယ်လောက်ဆိုပြီး
ငါက ပြန်ရောင်းလို့ ရတယ် ။

သဘာဝကို ငါက လုပ်အား ထည့်လိုက်တော့
“ တန်ဖိုး ” တက်မသွားဘူးလား ???

ငါ့ထက် တော်တဲ့ကောင် တစ်ယောက်က
လောက်စလုံး မလုံးပဲ ရေအိုး လုပ်မယ်ကွာ ။

လုပ်အား တက်သွားတော့
တန်ဖိုး ပိုတက် မသွားပေဘူးလား ။

ငါတို့တွေ လေကို အလကား မရှူရဘူးလား ။
ဒါပေမယ့် စက်ဘီးတွေ ၊ ဆိုင်ကယ်တွေ
လေထိုးရင် တစ်ဘီးကို
ငါးဆယ် တစ်ရာ မပေးရဘူးလား ??

မင်းက အကိုရယ် လေ အလကား ရတာပဲလို့
ပြောကြည့်ပါလား ။
မင်းကို ဟိုက ပါးပိတ်ရိုက်မှာပေါ့ ။
သူ့လုပ်အား အတွက် ပိုက်ဆံယူရမယ်လေ ။

ငါတို့တွေဟာ မွေးလာတုန်းက အတူတူပါပဲ ။
သဘာဝလို့ပဲ ဆိုပါတော့ ။

ကိုယ့်ကိုယ်ကို
လုပ်အားထည့်နိုင်ရင် ထည့်နိုင်သလောက်
တန်ဖိုးတက်လာမှာပါပဲလို့ ငါ ပြောချင်တယ် ။

#ဆရာကြီးဦးအောင်သင်း #အောင်သင်း

Want your business to be the top-listed Grocery Store in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Thiri Mingalar New Market
Yangon
11051

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00