Travel Box Myanmar

Travel Box Myanmar

Share

လူကြီးမင်းတို့ ခရီးစဥ်များအတွက် အဆ?

03/04/2020

ရိုးရိုး နှာစေးချောင်းဆိုးတာနဲ့ COVID-19 နဲ့ ဘယ်လိုခွဲကြမလဲ

(၁) ချောင်းဆိုး( ချွဲသလိပ်မပါ) + နှာစေး = လေထုညစ်ညမ်းမှု

(၂) ချောင်းဆိုး + ချွဲသလိပ်ပါ + နှာစေး + နှာရည်ယို = အအေးမိခြင်း

(၃) ချောင်းဆိုး + ချွဲသလိပ်ပါ + နှာစေး + နှာရည်ယို + ကိုယ်ခန္ဓာကိုက်ခဲ + အားနည်း + အဖျားငွေ့ငွေ့ = တုပ်ကွေး

(၄) ချောင်းဆိုး (ချွဲ သလိပ်မပါ) + နှာစေး + နှာရည်ယို + ကိုယ်ခန္ဓာကိုက်ခဲ + အားနည်း + အဖျားကြီး + အသက်ရှူရခက်ခဲ = COVID -19

ဆိုပြီးတော့ ဒေလီက ရောဂါဗေဒ ဌာန တစ်ခုကနေထုတ်ပြန်ထားပါတယ်

အခုချိန်မှာနှာစေး ချောင်းဆိုး ဖြစ်တာနဲ့ အစိုးရိမ်မလွန်ကြဖို့လိုပါတယ်လက်ရှိဖြစ်ပေါ်နေတဲ့ symptom တွေနဲ့ အပေါ်က ၄ချက်ကို တိုက်ကြည့်ပီး မိမိဟာ ဘယ်အချက်တွေနဲ့ တူနေပြီဆိုတာ သိရှိနိုင်စေဖို့ပါ ။

COVID -19 မှာဆိုရင် ချောင်းဆိုးပေမယ့် သလိပ်မထွက်တာ ဖျားရင်လည်း အဖျားကြီးတာ အသက်ရှူကြပ်တာတွေက တခြားနဲ့ မတူဘဲ ထူးခြားချက်တွေပါ ။

ကွီးစော
မှ တတ်သလောက် ဘာသာပြန်ထားသည်။
31-3-2020
to original uploder

24/03/2020

👉👉ဒါ့ကြောင့်မထိရ🚫

❌မနေ့ကတင်ထားတဲ့ "မထိရ" ဆိုတဲ့ Post လေးမှာပါဝင်ဆွေးနွေးပေးကြတဲ့တစ်ယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါတယ်။
🤝"မထိရ" ဆိုတာ မဖြစ်မနေကလွဲရင် မလိုအပ်ပဲလက်ဖြင့်ထိတွေ့ကိုင်တွယ်ခြင်းကို အဓိကဆိုလိုပါတယ်နော်။
✅အများသုံးပစ္စည်းများကို ထိတွေ့ကိုင်တွယ်ခြင်းမှအတတ်နိုင်ဆုံး ရှောင်ရှားကြဖို့နဲ့ မဖြစ်မနေထိတွေ့ကိုင်တွယ်ရမယ်ဆိုရင်လည်း လက်ကိုစနစ်တကျသန့်ရှင်းဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကပါ တိုက်တွန်းထားတဲ့အတွက် မိမိတို့လေးစားတန်ဖိုးထားရတဲ့မိဘပြည်သူများကို တတ်နိုင်တဲ့ဘက်မှ စေတနာဖြင့်တိုက်တွန်းခြင်းဖြစ်ပါတယ်။

ဒါ့ကြောင့်

🚫မထိရ...လှေကားလက်ရန်းများ/ ဓာတ်လှေကားလက်ရန်းများကိုင်တဲ့အခါ
- လှေခါးလက်ရန်းများ၊ ဓာတ်လှေခါးလက်ရန်းများ ကိုအများပြည်သူတို့သုံးစွဲကိုင်တွေမှုအလွန်များပြီး ရောဂါပိုးကူးစက်ခံရနိုင်ခြေအလွန်များခြင်းကြောင့်ပါ။ ဒါ့ကြောင့် လှေကား(သို့)ဓာတ်လှေကားအသုံးပြုလျှင် လက်ရန်းများကိုမထိပဲအသုံးပြပါ။
🚫မထိရ...တံခါးလက်ကိုင်များကိုင်တဲ့အခါ
- တံခါးလက်ကိုင်ကိုလည်း အများပြည်သူတို့သုံးစွဲကိုင်တွေမှုအလွန်များပြီး ရောဂါပိုးကူးစက်ခံရနိုင်ခြေအလွန်များခြင်းကြောင့်ပါ။ ဒါ့ကြောင့် တံခါးလက်ကိုင်ကို လက်ဖြင့်မထိဘဲ ခန္ဓာကိုယ် (သို့) တံတောင်ဆစ် ကိုသုံးပြီးဖွင့်ပါ။
🚫မထိရ...ဓာတ်လှေကားစက်ခလုတ်များကိုင်တဲ့အခါ
- အများပြည်သူတို့သုံးစွဲကိုင်တွေမှုအလွန်များတဲ့ ဓာတ်လှေကားစက်ခလုတ်များမှ ရောဂါပိုးကူးစက်ခံရနိုင်ခြေအလွန်များခြင်းကြောင့်ပါ။ ဒါ့ကြောင့် တစ်ရှုးကိုအသုံးပြုပြီး ဓာတ်လှေကားစက်ခလုတ်များကိုနှိပ်ပါ။
🚫မထိရ...ကားစီးလျှင် လက်ကိုင်တန်းများကိုင်တဲ့အခါ
- နေ့စဉ်လူထောင်ပေါင်းများစွာထိတွေ့ကိုင်တွယ်နေသော ဘတ်စ်ကားလက်ကိုင်များမှတစ်ဆင့် ရောဂါပိုးကူးစက်ခံရနိုင်ခြေအလွန်များခြင်းကြောင့်ပါ။ ဒါ့ကြောင့် ကားလက်ကိုင်များကိုကိုင်တွယ်မိခဲ့ရင် လက်ကိုဆပ်ပြာနှင့် သေချာစနစ်တကျဆေးပါ(သို့) Alcohol ၇၀ % ခန့်ပါသော Hand Sanitizer အသုံးပြုပါ။
🚫မထိရ...မျက်နှာတစ်ဝိုက်ကိုလက်ဖြင့်ကိုင်တဲ့အခါ
- မျက်စိ၊ နှာခေါင်းနှင့် ပါးစပ်တို့ကို ရောဂါပိုးနှင့်ထိတွေ့ကိုင်တွယ်ထားသောလက်မှတစ်ဆင့် ကူးစက်မှုအများဆုံးဖြစ်တဲ့အတွက် မျက်နှာတစ်ဝိုက်ကိုလက်ဖြင့်မထိရပါ။ ဒါ့ကြောင့်လက်ကိုဆပ်ပြာနှင့်စနစ်တကျဆေးပြီးမှ မျက်နှာတစ်ဝိုက်ကိုကိုင်တွယ်ပါ။
🚫မထိရ...ကွန်ပျူတာ၊မောက်စ်စတဲ့လူ့အသုံးအဆောင်ပစ္စည်းများကိုင်တဲ့အခါ
- အများသုံးကွန်ပြူတာ၊ မောက်စ်၊ ဖုန်း၊ မိတ္တူကူးစက်၊ စားပွဲ၊ စတဲ့အရာဝတ္ထုတွေအပေါ်မှာရောဂါပိုးများတွယ်ကပ်နေနိုင်သောကြောင့် လက်ဖြင့်မလိုအပ်ဘဲမထိသင့်ပါ။ ဒါ့ကြောင့် ကိုင်တွယ်မိခဲ့ရင် လက်ကိုဆပ်ပြာနှင့် သေချာစနစ်တကျဆေးပါ(သို့) Alcohol ၇၀ % ခန့်ပါသော Hand Sanitizer အသုံးပြုပါ။
🚫မထိရ...ကလေးငယ်များနဲ့လူကြီးများထိတွေ့တဲ့အခါ
- ကလေးငယ်များနှင့် လူကြီးများသည် ကိုယ်ခံအားနည်းနေနိုင်ပြီး ရောဂါကူးစက်ပျံ့ပွားနိုင်ခြေပိုများခြင်း၊ ရောဂါဖြစ်ပွားလျှင် ပိုမိုဆိုးဝါးခြင်း/သေဆုံးနိုင်ခြေပိုများခြင်း စတဲ့အကြောင်းအရင်းများကြောင့် သူတို့ကို တတ်နိုင်သမျှလက်နဲ့ထိတွေ့ခြင်းကိုရှောင်ကြဉ်သင့်ပါတယ်။ ဒါ့ကြောင့် မဖြစ်မနေကိုင်တွယ်ရမည်ဆိုလျှင်လက်ကိုဆပ်ပြာနှင့် သေချာစနစ်တကျဆေးပါ(သို့) Alcohol ၇၀ % ခန့်ပါသော Hand Sanitizer အသုံးပြုပါ။ ကိုင်တွယ်ပြီးလျှင်လည်း လက်ကိုဆပ်ပြာနှင့် သေချာစနစ်တကျဆေးပါ(သို့) Alcohol ၇၀ % ခန့်ပါသော Hand Sanitizer အသုံးပြုပါ။
🚫မထိရ...အချင်းချင်းနှုတ်ဆက်တဲ့အခါ
- အချင်းချင်းနှုတ်ဆက်တဲ့အခါ လက်ဆွဲနှုတ်ဆက်ခြင်း၊ နမ်းရှုံ့ခြင်းတို့မှ ကူးစက်ခံရနိုင်တဲ့အတွက် တတ်နိုင်သမျှ အချင်းချင်းထိတွေ့နှုတ်ဆက်ခြင်းမှရှောင်ကြဉ်သင့်ပါတယ်။ ဒါ့ကြောင့် မဖြစ်မနေထိတွေ့ နှုတ်ဆက်ရလျှင်လည်း လက်ကိုဆပ်ပြာနှင့် သေချာစနစ်တကျဆေးပါ(သို့) Alcohol ၇၀ % ခန့်ပါသော Hand Sanitizer အသုံးပြုပါ။

🚫ဒါကြောင့် မထိရ..........မထိရ..........မထိရ..........မထိရ..........
ထိပြီးလျှင်လည်း လက်ကိုဆပ်ပြာနှင့် သေချာစနစ်တကျဆေးပါ(သို့) Alcohol ၇၀ % ခန့်ပါသော Hand Sanitizer အသုံးပြုပါ။

Credit, အမျိုးသမီးတိုင်းအတွက်


www.zifammyanmar.com

Photos from Travel Box Myanmar's post 09/03/2020

မြစ်ကြီးနား မြစ်ဆုံ အင်းတော်ကြီး ဇလုံတောင် မိုးကုတ် မန္တလေး ခရီးစဥ်.

အတာသကြ်န်ရက်မြတ်လေးမှာ Travel Box Myanmar မှချစ်ဧည့်သည်များ အတွက် ပျော်ရွှင်ဖွယ်ရာခရီးစဥ်လေး ဖန်တီး ပေးပါရစေခင်ဗျ....

ခရီးစဉ်​ထွက်​ခွာမည့်ရက်​
🍀April (10.4. 2020) ရက်နေ့ ညနေပိုင်း ၃ နာရီ ရန်ကုန်မှ စထွက်ပြီး
April (16.4.2020) ရက်နေ့ မနက်ပိုင်း ရန်ကုန်သို့ ပြန်ရောက်ပါမည် ..
( ၆ ည အိပ် ၇ ရက်ခရီး)

Hotel - 4 Nights
Man Germany Car VIP(2+2) ခုံ
တစ်ဦးလျင်စရိတ်ငြိမ်း 320000 ks

Man Germany Car VIP(2+1) ခုံ
တစ်ဦးလျင်စရိတ်ငြိမ်း 360000 ks

လည်ပတ်မည့်နေရာများ

🌲မိုးကုတ်မြို့🌲
💎 ချမ်းသာကြီး ဘုရား
💎 ပတ္တမြားစေတီ
💎 ဒေါ်နန်းကြည်တောင်
💎 ကျောက်ပြသာဒ်
💎 ဖောင်တော်ဦးဘုရား(ပတ္တမြားပလ္လင်​)
💎 မဟာမုနိ မြတ်​စွာဘုရား
💎 ရွှေဂူကြီးဘုရား
💎 မိုးကုတ်ဆရာတော်ဘုရားကြီးတရားကျင့်ကြံရာလှိုဏ်ဂူတော် တည်ရှိရာ ဘော်ဗဒန်းရွာ
💎 ကင်းချောင်းရေတံခွန်​
💎 အိမ်ပြန်လက်ဆောင်ဝယ်ဖို့ကျောက်မျက်ရတနာ​ဈေး
💎 မိုးကုတ် View Point နှင့် ညဈေး

🍁 ဗန်းမောက်မြို့ 🍁
🌻 ဇလုံတောင်
🌻 ကျောက်မဏ္ဍပ်

🍁အင်းတော်ကြီး🍁
🌻 ရွှေမဉ္ဇူ ရေလယ်ဘုရား 🌻

💝 မြစ်ကြီးနား 💝

🍃 ဧရာဝတီစတင်ဖြစ်ပေါ်ရာ မေခ-မလိခ မြစ်နှစ်သွယ်ကိုသွားမယ်​.. မြစ်ဆုံကမ်းနဘေးမှာ ကချင်ရိုးရာဝတ်စုံဝတ်ပြီး အလှပုံ​လေး​တွေရိုက်​ပြီးမှတ်တမ်းတင်ကြမယ်​..
🍃 ​ရေတံခွန်​အဆင့်ဆင့်နဲ့ လှပလွန်းတဲ့ ဆဒုံးရေတံခွန်မှာ ရေဆော့ရင်းအပန်းဖြေကြရ​အောင်​
🍃 ကချင်​တိုင်းရင်းသားတို့ရဲ့ မ​နောပွဲကျင်းပရာ မနောကွင်း၊ လျောင်းတော်မူ၊ ရပ်တော်မူ ဘုရား၊ လောကမာရ်အောင် ဆုတောင်းပြည့် စေတီတော်၊ သ​ပြေတစ်​​ထောင်​ဘုရား

✌Travel Box Myanmar ရဲ့ ၀န်​​ဆောင်​မှုအတိုင်း.. စရိတ်​ငြိမ်းလို​လေ​သေးမရှိ....အပြီးအစီး ...
မတန်​ဖူးထင်​ရင်​ ​နောက်​ ခရီးစဉ်​တစ်​​ခေါက်​ free ပါ​ခေါ်ဦးမှာ..

✌✌ခရီးစဉ်တွင် ပါ၀င်သော ၀န်ဆောင်မှုများက​ရောဘာ​တွေလဲ✌✌

အဆင့်မြင့်package ခရီးစဉ်​ဖြစ်​တဲ့အတွက်​...
👉 ခရီးစဉ်တစ်လျှောက် သက်တောင့်သက်သာသွားရောက်နိုင်ရန်အတွက် Air-con အဆင့်မြင့် လေအိတ်ကားများ
(လူဦးရေအနည်အများပေါ်မူတည်၍ ကားအပြောင်းအလဲရှိနိုင်ပါသည်)
👉 တစ်​ဆင့်သွားစက်​​လှေခများ.. တစ်​ဆင့်သွားကားခများအားလုံးအပြီးအစီးပါခင်​ဗျာ...

👌👌 အစားအ​သောက်​အတွက်​က​ရော👌👌
👉 ​နေ့စဉ်​ breakfast, lunch,dinner များကို hotel နှင့်အဆင့်မြင့်စား​သောက်​ဆိုင်​ကြီးများမှာ စီစဥ်ပေးခြင်း
👉 ​ရေသန့်၊ တာဝါ၊ သွားတိုက်​​ဆေး၊ သွားတိုက်​တံ၊ ဆပ်​ပြာ
👉 Snacks

👌👌ဒါ​တွေအပြင်​👌👌
👉 ခရီးစဉ်တစ်လျှောက်ဝန်ဆောင်မှုအပြည့်ပေးသွားမည့် Tour Leader
👉 ခရီးသွား အာမခံ
👉 စိတ်​၀င်​စားစရာ game plan အစီအစ​ဉ်​

📱လက်မှတ်များကို ဖုန်း သို့မဟုတ် online မှတဆင့် မှာယူလိုက်ရုံနှင့် အိမ်တိုင်ရာရောက် ရန်ကုန်မြို့တွင်း လက်မှတ်များကိုလည်း အိမ်အရောက် အခမဲ့ပို့ပေးနေပါတယ်ခင်ဗျာ။

🚍ဒီခရီးစဉ်လေးကို စိတ်၀င်စားတယ်ဆိုရင် …..
Chat Box (Messenger) သို့မဟုတ် Viber 09266684001,09794733384 ကို အသေးစိပ်မေးမြန်း စုံစမ်းနိုင်ပါပြီခင်ဗျာ။

🏦Mobile Banking ဖြင့် ပေးချေလိုသူများအတွက် KBZ, CB, AYA ,Yoma ဘဏ်များမှ ပေးချေနိုင်ပါတယ်ခင်ဗျာ🍃

📱လက်မှတ် ကြိုတင် မှာယူဖို့အတွက်ဆိုရင်
Travel Box Myanmar
No.24, 153st, Tamwe , Yangon.
☎ ဖုန်း - 09-266684001,09794733384 ☎ သို့ ဆက်သွယ်စုံစမ်းမေးမြန်းရင်း စာရင်းပေးသွင်း နိုင်ပါပြီ။🌿🌿

Post ကို အစ မှ အဆုံးထိ​အောင်​ စိတ်​ဝင်​တစားဖတ်​​ပေးတဲ့အတွက်​ Travel Box Myanmar မှ အထူး​ကျေးဇူးတင်​ပါသည်

Want your business to be the top-listed Travel Agency in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00