JEWEL HOUSE

JEWEL HOUSE

Share

Gem Lab

05/10/2025

✨🪔




Opening Hour
9:30am~4:30pm

📞09 550 1098,
📞09 250 678 409
📞09 775 182 176

05/08/2025

ကြုံရ​တွေ့ရ ရတနာ​လောကနှင့် စိတ်ကူးထဲကအ​တွေးများ(၂၇)

ဒီက​နေ့ ​ကျောက်မျက်သင်တန်း​ကျောင်း​တွေဆီကို ပြန်​တွေးမိ​တော့ ရင်ထဲမှာ စိတ်မ​ကောင်းဖြစ်မိတယ်။ သင်တန်းတက်ချင်လို့ပါ ဆိုပြီး စုံစမ်းသူ​တွေ အများအပြားရှိ​နေသလို အရွယ်​ရောက်လာတဲ့ အိမ်က သားသမီး​ ၂​ ​ယောက်လည်း သင်တန်းတက်ဖို့ ​စောင့်​နေရတာ နှစ်ချီ ​နေခဲ့ရပြီ။ ဆိုင်က တပည့်​ကျော်​တောင် ပါ​သေးတယ်။

တကယ်သင်နိုင်တဲ့ ဆရာ၊ တကယ်ကိုမှန်မှန်ကန်ကန်နဲ့ လမ်းညွှန်​ပေးနိုင်တဲ့ ဆရာ​တွေ လက်ချိုး​ရေတွက်ရ​လောက်​အောင် နည်းခဲ့ကြရတဲ့ ​ကျောက်မျက်​လောကမှာ ကိုယ်တိုင်လမ်း​ပျောက်​နေရတာပါ။ မကြာ မကြာဆိုသလို ဖုန်းဆက်​မေး​ကြတဲ့ 'သင်တန်း​တွေဖွင့်ပြီလား' သင်တန်း​တွေဖွင့်ရင် အ​ကြောင်းကြားပါ ' ဆိုတဲ့ ဖုန်း​ခေါ်သံကြားမှာ ​ကြေကွဲဝမ်းနည်းစွာ ခံစားရပါတယ်။

ပြီးပြီး​ရော သင်​ကြေးဆိုရင် သင်တန်း​ကောက်ဖွင့် သင်လိုက်ရုံပါပဲ။ ဒါ​ပေမယ့် တကယ်ကိုစနစ်ကျတဲ့ ပညာ​ပေး​ဝေမှုက အ​ရေးကြီးလှပါတယ်။ ဆိုင်ကတပည့်​ကျော်တ​ယောက်လည်း အတုအစစ်၊ သဘာဝမီးဖုတ်ခွဲတတ်​နေ​ပေမယ့် ​ကျောက်မျက်ပညာကို မသင်ရရှာ​သေးပါဘူး။ ဆိုလိုတာက ဒီ​လောက်သိရုံနဲ့ ​ကျောက်မျက်ပညာက မပြီး​သေးသလို အ​ခြေခံကျတဲ့ ပညာရပ်ဆိုင်ရာကို ​လေ့လာတတ်​မြောက်၊ ဆက်စပ်​တွေး​ခေါ်၊ စဥ်းစားချင့်ချိန်နိုင်မှသာ ပြည့်စုံပြီး လမ်းမှန်ကို ​လျှောက်နိုင်မှာပါ။

ကျွန်​တော့ဆရာ​တွေကို အားကိုးတကြီး ရှာမိ​တော့ ကိုဗစ် ရဲ့ အ​ခြေအ​နေ​တွေက မလွယ်ကူလှပါဘူး။ ဆရာတို့သင်​ပေးပါ ဆိုပြီး ကမကထ ပြုနိုင်ဦး​တောင် သူတို့ရဲ့ကျန်းမာ​ရေး၊ စသဖြင့်အ​ခြေအ​နေ​တွေကြားမှာ ​ပြောမထွက်ရက်​အောင် ဖြစ်ရပါတယ်။

ဆုံးရှုံးမှု​တွေ အကြီးကြီး ခံစားရတဲ့အထဲမှာ စနစ်တကျ၊ လမ်းမှန်နည်းမှန် ဖြန့်ဖြူးသူဆရာ​တွေကို လက်လွတ်ကြရတာပါ။ အချိန်မီ တိုင်းပြည်ကြီး ပြန်​ကောင်းပါ​စေ၊ ​ရောဂါဘယ​တွေ ကင်း​ဝေးပါ​စေ။

စနစ်တကျ ​သင်​ပေးခဲ့တဲ့ ဆရာ​တွေလည်း အမြန်ဆုံးအဆင်​ပြေပြီး သင်တန်း​​ကျောင်း​တွေ ပြန်ဖွင့်နိုင်ဖို့ ဆု​တောင်း အခါခါ ဆိုသလိုပါပဲ။

ဆုံးရှုံးမှုများတယ် ဆိုတဲ့အထဲမှာ ပညာရပ်ဆိုင်ရာ​နောက်ကျခြင်းတွေက မျိုးဆက်​တွေကို နစ်နာ​စေရတာပါပဲ။ လက်ဆင့်ကမ်းအ​မွေ​တွေ ​ပေးကြတဲ့အထဲမှာ ပညာရပ်​တွေပါမလာ​တော့ တိုင်းပြည်နစ်နာကြရတာ​ပေါ့။ စဥ်းစားကြည့်​လေ၊ ပညာချင်းအတူတူကို နိုင်ငံခြားမှာ အကုန်အကျခံ သင်ယူရတာမလွယ်ကူပါဘူး။ ဂုဏ်သိက္ခါအတွက် ပညာယူရမယ်လို့ ခံယူသူများတဲ့အထဲမှာ ပညာရပ်ဆိုတာ လက်ဆင့်ကမ်းအ​မွေအ​နေနဲ့ ​ပေးဆပ်သူ နည်းကြရပါတယ်။

ပညာရပ်က အ​ရေးကြီးလို့လား??
​ရောင်းတတ်ဝယ်တတ် စီးပွားလုပ်တတ်ရင် ပြီးပြီ မဟုတ်လား ??
ပိုက်ဆံရှာတတ်ဖို့ စာလာသင်တာ​လေ ??
နဲနဲ သိ​ တော်ပြီ၊ ပညာတတ်​တွေ ပိုက်ဆံမရှာတတ်ဘူး ??

ဆိုသူ​တွေ

ဒီက​နေ့ ပြသနာ အခက်အခဲ​တွေကို နားလည်သူ​တွေ ​ဖြေရှင်း​ပေး​နေရသလို၊ ​ခေါင်းခံပြီး ပညာရပ်နဲ့​ပေါင်းစပ်လို့ ခရီးတခုဆီကို ချီတက်နိုင်ခဲ့ကြတာ လက်ခံ​ပေးပါ။ ပိုက်ဆံ​ပေးပြီး စစ်လိုက်ရုံ ဆိုတဲ့အသိထက် ရတနာ​လောကကို မြတ်နိုးတန်ဖိုး ထား​စေချင်မိပါတယ်။

အားလုံးအတွက် ခက်ခဲတဲ့ကာလတစ်ခုပါ။
​နောင် မျိုးဆက်သစ်​တွေအတွက် ရှင်သန်ရင်း အသီးအပွင့်​တွေ ​ဝေဆာ​ပေးကြရမယ့်အချိန်တွေ ပြည့်စုံပါရစေ။
12 / 2021




Opening Hour
9:30am~4:30pm

📞09 550 1098,
📞09 250 678 409
📞09 775 182 176

Want your business to be the top-listed Jewelery/watch Store in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 52, Ground Floor, AungThapyay Street, Sanchaung Township
Yangon
11111

Opening Hours

Monday 09:30 - 16:30
Tuesday 09:30 - 16:30
Wednesday 09:30 - 16:30
Thursday 09:30 - 16:30
Friday 09:30 - 16:30
Saturday 09:30 - 16:30
Sunday 09:30 - 16:30