Two brothers
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Two brothers, Shopping & retail, Sapal Street, Ahlone Township, Yangon.
02/07/2020
ဒီနေ့မှာတော့ ကျွန်တော်တို့ Success Technology Page ရဲ့ follower လုပ်ငန်းရှင်ကြီးများအတွက် အကျိုးရှိစေမယ့် ဆောင်းပါးလေးတစ်ခုကို ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။
မူရင်းရေးသားသူကိုလည်း လေးစားစွာဖြင့် credit ပေးပါတယ်ခင်ဗျာ။
Marketing စစ်တိုက်နည်း
====================
သူငယ်တန်း တုန်းက
သူငယ်ချင်းတွေနဲ့ စစ်တိုက်တမ်း ကစားတာ
မှတ်မိသေးတယ်...
သစ်ကိုင်းခြောက်လေး ကောက်
ဟိုးဖက် လှေကားခြေရင်းမှာ ၃ ယောက်နေ
ဒီဖက် လှေကားထိပ်မှာ ၃ ယောက်နေ
ပြီးရင် ပါးစပ်က
၁ - နေရာယူ
၂ - အသင့်ပြင်
၃ - ကျည်ဆန်ထည့်
၄ - မောင်းချိန်
၅ - ပစ်နိုင်ပြီ
ဆိုပြီး
ပါးစပ်က ဒက်.. ဒက်.. ဒက် ..
လုပ်တာလေး ပြန်သတိရမိတယ်
ပြန်တွေးမိတော့ ပျော်စရာကြီး
ကလေးဘဝဆိုတာ အဲ့လို
ဘာမှ အပူအပင်မရှိဘူး
တွေ့တဲ့နေရာကို ချိန်ပြီး ဒက် ဒက် ဒက်
လုပ်လို့ရတယ်
အခုများ လုပ်ကြည့်ပါလား
ဂေါက်သွားပြီဆိုပြီး ခေါ်သွားမှာ
အမှန်တကယ်တော့လေ
ပြောမယ့်သာ ပြောရတာ အခုလည်း
တွေ့တဲ့နေရာကို ချိန်ပြီး ဒက် ဒက် ဒက်
လုပ်သူတွေ များသားဗျ
ဟုတ်တယ်လေ...
အခု အွန်လိုင်းမှာ ကြော်ငြာပြီဟေ့ဆိုရင်
တွေ့ကရာ လူရွေးချယ်ပြီး ဒက် ဒက် ဒက် လိုက်တာပဲ
မှန်လား မမှန်လား လည်း မသိဘူး
အဲ့လို အွန်လိုင်းမှာ မဲမဲမြင်ရာ ဒက် ဒက် ဒက်
လုပ်နေသူတွေကိုလည်း
စိတ်မနှံ့ဘူးဆိုပြီး
ခေါ် ဖမ်းထားသင့်တယ် ထင်တာပဲ
မဟုတ်ရင်
ကြော်ငြာတွေ တလွဲရောက်လို့ ..
တယ် မျက်စိနောက်ရတာရယ်..
စတာပါ.. စတာပါ 😉
အမှန်တော့လည်း တကယ်ကြော်ငြာကောင်းချင်ရင်
ဒီ စစ်တိုက်နည်းလေးပဲ ကျွန်တော်တို့ ပြန်သုံးသင့်တယ်ထင်တယ်
ကြည့်ရအောင်
၁ - နေရာယူ
စီးပွားရေးမှာ နေရာယူတာကို Positioning လုပ်တယ်လို့ခေါ်တယ်
ကိုသူရ ဒါတော့ သိတာပေါ့ဗျ လို့ ပြောရင်
မဟုတ်ဘူး.. အဲ့လောက် မရိုးရှင်းဘူး
နေရာယူတယ်ဆိုတာ Mall အပေါက်ဝမှာ ဖွင့်တာကိုပဲပြောတာ မဟုတ်ဘူး
Online မှာ နေရာယူတယ်ဆိုတာ Like တွေ စွတ်များအောင် လုပ်တာပဲ မဟုတ်ဘူး
Online မှာ နေရာယူတယ်ဆိုတာ
ဒီလောက် ပစ္စည်းတူ၊ ဈေးတူတွေရောင်းနေကြတဲ့ လုပ်ငန်းတွေကြားထဲမှာ
ကိုယ့်ကို ဝယ်သူ မှတ်မိအောင်၊ ခေါင်းထဲမှာ တခါတည်း စွဲသွားအောင်၊
ထင်းခနဲ ဖြစ်သွားအောင် လုပ်နိုင်တာကို နေရာယူတယ်လို့ခေါ်တယ်
Market ဆိုတာ အပြင်မှာ နေရာ ယူတာကိုပြောတာ မဟုတ်ဘူးတဲ့
လူတွေရဲ့ ဦးနှောက်ထဲမှာ နေရာယူတာ၊ ခေါင်းထဲမှာ စွဲနေအောင်
လုပ်လိုက်တာကို ပြောတာ
ဥပမာ - ကြက်ပေါင်းရည်လို့ ပြောရင် Brand's ကြက်ပေါင်းရည်ကိုမြင်ကြသလို
ဆယ်တန်း စာကျက်လို့ပင်ပန်းရင် ဘာသောက်ရမလဲလို့ စဉ်းစားလိုက်ရင်လည်း
Brand's ကြက်ပေါင်းရည်ကို ပြေးမြင်ကြတယ်
ဒါဟာ လူတွေရဲ့ ဦးနှောက်ထဲမှာ စွဲနေအောင် နေရာယူတတ်တဲ့ အတတ်ပညာပါ
Positioning လို့ခေါ်ပါတယ်
(စိတ်ဝင်စားရင် Positioning ဆိုတဲ့ စာအုပ်လေး ရှာဖတ်ကြည့်ပါ)
Positioning ဆိုလို့ သူများ မယူတဲ့ နေရာကို ပြေးယူတာက
နေရာယူတတ်တယ်လို့ မခေါ်သေးပြန်ဘူးဗျ
အခုန စစ်တိုက်တုန်းကဆို (မူကြိုတုန်းက စစ်တိုက်တာနော်)
ကျွန်တော်တို့က တောင်ကုန်းပေါ် (လှေကားထိပ်) ကနေတယ်
ရန်သူတွေက (အတန်းဖော်တွေ) က ချိုင့်ဝှမ်းလေးမှာ (လှေကားခြေရင်း) မှာ
နေတယ်
ဒီ ရန်သူတွေကို ကျွန်တော်တို့ အပြတ် ဘာလို့ ချေမှုန်းနိုင်ခဲ့လဲဆိုရင်တော့
အပေါ်စီးနေရာကို ခြေကုပ်ယူထားနိုင်ခဲ့လို့ပဲ... ဟဲဟဲ
(အငြင်းသန်တာလဲ ပါမှာပေါ့လေ..ဟီး)
အဲ့တော့.. ဈေးကွက်ကို ပြန်ပြောရရင်
နေရာလွတ်တာကို ဝင်တာမဟုတ်ဘဲနဲ့
ကိုယ်ယူမယ့် နေရာရဲ့ အခြေအနေကိုလည်း သုံးသပ်တတ်ရမယ်
နေရာကောင်းလား၊ ဈေးကွက်ကောင်းလား
ဝယ်သူများနိုင်လား၊ ဝယ်သူနည်းရင်တောင် ဈေးမြင့်ပေးမှာလား
လိုက်လုပ်ဖို့ ခက်ပြီး အမြတ်များမလား
လိုက်လုပ်ဖို့ လွယ်ပေမယ့် မြန်မြန်နဲ့ များများ လုပ်ထားနိုင်မလား
ဆိုတဲ့ အတွေးတွေ တွေးပေးရတယ်
ကဲ... ဒါကတော့ နေရာယူတဲ့ အပိုင်းလေးပေါ့
၂ - အသင့်ပြင်
အသင့်ပြင်ဆိုတာ Planning ကိုပြောတာပါ
ကြိုတင်ပြင်ဆင်ရပါတယ်
ဒီကောင်တွေကို တောင်ကုန်းပေါ်က ပစ်ရင် အဆင်ပြေမလား
ချောင်ထဲက ပစ်ရမလား
အသေခံတိုက်ရမလား
ပျောက်ကျားစနစ်သွားရမလား
တဦးချင်းပစ်ရမလား၊ အုပ်စုလိုက် ချေမှုန်းရမလား
ဘာလက်နက်နဲ့ပစ်ရင် ကောင်းမလဲ
ဘာ လက်နက်ဟာ ထိရောက်မလဲ
သေနတ်လား၊ လောင်ချာလား၊ လက်ပစ်ဗုံးလား
(မှတ်မိသေးတယ်၊ လိပ်ကလေး အသီးတွေ ကိုက်ပြီး
လက်ပစ်ဗုံးဆိုပြီး ပစ်ကြတာ)
ဒီမှာ ဘာကိုရွေးရလဲဆိုရင်
ဝယ်သူ အမျိုးအစားတွေကို စဉ်းစားပြီး
ဘယ်နေရာက ကြော်ငြာရင် ပိုထိရောက်မလဲ
Online လား၊ Offline (အပြင်) လား
Facebook ကနေလား
Instagram ကနေလား
YouTube ကနေလား
LinkedIn ကနေလား
ဘယ်ကနေ ကြော်ငြာရင် ပိုထိရောက်မှုရှိမလဲ
ဆိုတာတွေကို တွေးရတဲ့ စီစဉ်ရတဲ့ အပိုင်းပါ
စစ်သူကြီးတွေသာ ဒါမျိုး စီစဉ်နိုင်ပါတယ်
Mass Market ကြီးကို ထိအောင် ပစ်ဖို့ဆိုရင်
လက်နက်ကြီးတွေဖြစ်တဲ့ TV ကြော်ငြာတွေ၊
Billboard တွေ လိုသလို
တဦးချင်းကို ထိအောင် ပစ်ဖို့ဆိုရင်
Sniper တွေဖြစ်တဲ့ Google, Facebook Targeting,
Phone Call, SMS
တွေ လိုပါတယ်
ကဲ.. မြင်ပြီနော်..
၃ - ကျည်ဆန်ထည့်
ဒီအပိုင်းလေးမှာတော့ နေရာယူ၊ အသင့်ပြင်ပြီးသွားရင်
ရွေးထားတဲ့ လက်နက်တွေကို ကျည်ဆန်ဖြည့်ရပါမယ်
ဒါမှ ပစ်နေရင်း ကျည်မကုန်သွားအောင်
ထပ်ထပ် ပစ်လို့ရအောင်
လုံလောက်တဲ့ ပစ်ခတ်မှုရှိအောင်
ဖြည့်တင်းထားရပါတယ်
ဘာလုပ်ရမလဲဆိုရင်
ကိုယ်ရွေးချျယ်ထားတဲ့ Platform မှာ တင်ရမယ့်
စာတွေ
ဒီဇိုင်းတွေ
ကြော်ငြာတွေ
Video တွေ
ကို ပြင်ဆင် ဖန်တီးရတဲ့အပိုင်းပါ
ကြော်ငြာရေးတာတွေ၊ Post ကောင်းဖန်တီးတာတွေ
Design သမားတွေနဲ့ သေချာဆွဲတာတွေ
လုပ်ဖို့ အထူးလိုအပ်ပါတယ်
စစ်ဗိုလ်ချုပ်ကြီးက သေချာ Plan တွေချထားပေမယ့်
တကယ် တိုက်တဲ့အချိန်မှာ လုံလောက်တဲ့
ရိက္ခာ (Marketing Budget) နဲ့ လက်နက် (Ads ကြော်ငြာ) တွေ
မလုံလောက်ရင် ရှုံးမှာပါပဲ
ကျွန်တော်ပြောတာ ယုံပါ
သူငယ်တန်းမှာ နေ့တိုင်း စစ်တိုက်ခဲ့ပါတယ်
ပေတံတွေ ခါးကြားထိုးပြီးလည်း ဓားချင်းယှဉ်ခုတ်
အဲ.. ပေတံ ချင်း ယှဉ်ခုတ်ဖူးပါတယ်
ပေတံ မာတဲ့ကောင် နဲ့ ရှည်တဲ့ကောင် အမြဲနိုင်ပါတယ်
(အိမ်ပြန်ရောက်လို့ ပေတံ ကြိုးလာရင်တော့
အခေါက်ခံရတာပေါ့လေ... စစ်ပွဲရှုံးလာတာကိုး)
၄ - မောင်းချိန်
မောင်းချိန်ဆိုတာကတော့ ကိုယ်ရွေးလိုက်တဲ့
Platform မှာ ကြော်ငြာပြမယ့် သူတွေကို လိုက်လံ
ရွေးချယ် ချိန်ရွယ် ရတာဖြစ်ပါတယ်
Facebook မှာဆိုရင်တော့ Targeting လုပ်တယ်လို့ခေါ်မှာပေါ့
Demographics နဲ့ ချိန်ရမလား
လူတွေရဲ့ အသက်အရွယ်၊ ကျားမ၊ အလုပ်အကိုင်၊ ရာထူး စတာတွေနဲ့ချိန်မလား
Interests နဲ့ ချိန်ရမလား
လူတွေရဲ့ စိတ်ဝင်စားမှု၊ လေ့လာမှု၊ ဝါသနာပါဝင်မှု စတာတွေနဲ့ ချိန်မလား
Behaviors နဲ့ ချိန်ရမလား
လူတွေ လုပ်တဲ့အပြုအမှု၊ သုံးတဲ့ ဖုံး၊ ခရီးသွားလာမှု အခြေအနေ စတာတွေနဲ့ ချိန်မလား
Custom နဲ့ ချိန်ရမလား
ကိုယ့်ကို Message ပို့ဖူးသူ၊ Video ကြည့်ဖူးသူတွေကို သီးသန့်ချိန်မလား
Lookalike နဲ့ ချိန်ရမလား
ကိုယ့်ရဲ့ ဝယ်သူတွေနဲ့ ဆင်တူသူတွေကို ချိန်မလား
Cold, Warm, Hot နဲ့ ချိန်ရမလား
ဝယ်သူ မဖြစ်သေးသူ၊ ဖြစ်နိုင်ချေရှိသူ၊ ဝယ်ချင်သူတွေကို ချိန်မလား
(မသိသေးရင် Master သင်တန်း တက်လို့ရပါတယ်.. ဟီး)
ဒီလို ချိန်ရွယ်ပြီး မောင်းတင်
ကြော်ငြာရတာပါပဲ
ချိန်ရွယ်နည်းတွေ အများကြီးရှိတဲ့အတွက်
မှတ်ထားရမှာက တကယ် ဝယ်မယ့်သူကိုကြော်ငြာတတ်ရသလို
ဝယ်နိုင်ခြေရှိသူ၊ ဝယ်သူဖြစ်လာနိုင်ခြေရှိသူကိုလည်း ကြော်ငြာတတ်ရပါတယ်
၅ - ပစ်နိုင်ပြီ
ပစ်နိုင်ပြီဆိုပြီး ဒက် ဒက် ဒက်
ရမ်း မလုပ်နဲ့ဦးနော်...
ကျည်ကုန်သွားဦးမယ်
ကျည်ဟာ Limit ရှိတယ်
ကိုယ်က လုပ်ငန်းကြီး မဟုတ်ဘူး
ကြော်ငြာဖို့ စရိတ်ထားထားတယ်ဆိုပေမယ့်
မှားပစ်မိလို့ ကုန်သွားရင်
နှမြောဖို့ကောင်းပါတယ်
ဒါ့ကြောင့် ပစ်နိုင်ပြီလို့ပြောပေမယ့်
ပစ်ပြီးရင် ပြန်ကြည့်ရပါမယ်
ငါပစ်တာ ထိသွားရဲ့လား၊ သေပြီလား
အဲ.. ဝယ်ပြီလား
ပစ်သလောက် တကယ် ဝယ်ကြရဲ့လား
ထပ်ပစ်ရမလား..
- Target ပြောင်းရမလား
- ကြော်ငြာပြောင်းရမလား
- Marketing ပြောင်းရမလား
ကျွန်တော်ကတော့ 3M လို့ ခေါ်ပါတယ်
M - Media (Target)
M - Message (ကြော်ငြာ)
M - Market (Strategy, Customer, Product)
ဒါတွေကို ချိန်ညှိပြီး စောင့်ကြည့်နေနိုင်မှ
တကယ် ရောင်းရပါမယ်
တနည်းအားဖြင့်
Marketing စစ်ပွဲမှာ
အောင်လံထူနိုင်မယ့် စစ်သူကြီး အဖြစ်
အသိအမှတ်ပြုခံရမှာပါ
ပိုက်ဆံတွေနဲ့ အသိအမှတ်ပြုလိမ့်မယ်နော်
🙂
(MOE)
#ရောင်ပြန်စတစ်ကာ #ဟိုလိုဂရမ်
(Unicode)
ဒီေန႕မွာေတာ့ ကြၽန္ေတာ္တို႔ Success Technology Page ရဲ႕ follower လုပ္ငန္းရွင္ႀကီးမ်ားအတြက္ အက်ိဳးရွိေစမယ့္ ေဆာင္းပါးေလးတစ္ခုကို ရွာေဖြတင္ဆက္ေပးလိုက္ပါတယ္ခင္ဗ်ာ။
မူရင္းေရးသားသူကိုလည္း ေလးစားစြာျဖင့္ credit ေပးပါတယ္ခင္ဗ်ာ။
Marketing စစ္တိုက္နည္း
====================
သူငယ္တန္း တုန္းက
သူငယ္ခ်င္းေတြနဲ႕ စစ္တိုက္တမ္း ကစားတာ
မွတ္မိေသးတယ္...
သစ္ကိုင္းေျခာက္ေလး ေကာက္
ဟိုးဖက္ ေလွကားေျခရင္းမွာ ၃ ေယာက္ေန
ဒီဖက္ ေလွကားထိပ္မွာ ၃ ေယာက္ေန
ၿပီးရင္ ပါးစပ္က
၁ - ေနရာယူ
၂ - အသင့္ျပင္
၃ - က်ည္ဆန္ထည့္
၄ - ေမာင္းခ်ိန္
၅ - ပစ္နိုင္ၿပီ
ဆိုၿပီး
ပါးစပ္က ဒက္.. ဒက္.. ဒက္ ..
လုပ္တာေလး ျပန္သတိရမိတယ္
ျပန္ေတြးမိေတာ့ ေပ်ာ္စရာႀကီး
ကေလးဘဝဆိုတာ အဲ့လို
ဘာမွ အပူအပင္မရွိဘူး
ေတြ႕တဲ့ေနရာကို ခ်ိန္ၿပီး ဒက္ ဒက္ ဒက္
လုပ္လို႔ရတယ္
အခုမ်ား လုပ္ၾကည့္ပါလား
ေဂါက္သြားၿပီဆိုၿပီး ေခၚသြားမွာ
အမွန္တကယ္ေတာ့ေလ
ေျပာမယ့္သာ ေျပာရတာ အခုလည္း
ေတြ႕တဲ့ေနရာကို ခ်ိန္ၿပီး ဒက္ ဒက္ ဒက္
လုပ္သူေတြ မ်ားသားဗ်
ဟုတ္တယ္ေလ...
အခု အြန္လိုင္းမွာ ေၾကာ္ျငာၿပီေဟ့ဆိုရင္
ေတြ႕ကရာ လူေ႐ြးခ်ယ္ၿပီး ဒက္ ဒက္ ဒက္ လိုက္တာပဲ
မွန္လား မမွန္လား လည္း မသိဘူး
အဲ့လို အြန္လိုင္းမွာ မဲမဲျမင္ရာ ဒက္ ဒက္ ဒက္
လုပ္ေနသူေတြကိုလည္း
စိတ္မႏွံ႕ဘူးဆိုၿပီး
ေခၚ ဖမ္းထားသင့္တယ္ ထင္တာပဲ
မဟုတ္ရင္
ေၾကာ္ျငာေတြ တလြဲေရာက္လို႔ ..
တယ္ မ်က္စိေနာက္ရတာရယ္..
စတာပါ.. စတာပါ 😉
အမွန္ေတာ့လည္း တကယ္ေၾကာ္ျငာေကာင္းခ်င္ရင္
ဒီ စစ္တိုက္နည္းေလးပဲ ကြၽန္ေတာ္တို႔ ျပန္သုံးသင့္တယ္ထင္တယ္
ၾကည့္ရေအာင္
၁ - ေနရာယူ
စီးပြားေရးမွာ ေနရာယူတာကို Positioning လုပ္တယ္လို႔ေခၚတယ္
ကိုသူရ ဒါေတာ့ သိတာေပါ့ဗ် လို႔ ေျပာရင္
မဟုတ္ဘူး.. အဲ့ေလာက္ မရိုးရွင္းဘူး
ေနရာယူတယ္ဆိုတာ Mall အေပါက္ဝမွာ ဖြင့္တာကိုပဲေျပာတာ မဟုတ္ဘူး
Online မွာ ေနရာယူတယ္ဆိုတာ Like ေတြ စြတ္မ်ားေအာင္ လုပ္တာပဲ မဟုတ္ဘူး
Online မွာ ေနရာယူတယ္ဆိုတာ
ဒီေလာက္ ပစၥည္းတူ၊ ေဈးတူေတြေရာင္းေနၾကတဲ့ လုပ္ငန္းေတြၾကားထဲမွာ
ကိုယ့္ကို ဝယ္သူ မွတ္မိေအာင္၊ ေခါင္းထဲမွာ တခါတည္း စြဲသြားေအာင္၊
ထင္းခနဲ ျဖစ္သြားေအာင္ လုပ္နိုင္တာကို ေနရာယူတယ္လို႔ေခၚတယ္
Market ဆိုတာ အျပင္မွာ ေနရာ ယူတာကိုေျပာတာ မဟုတ္ဘူးတဲ့
လူေတြရဲ႕ ဦးႏွောက္ထဲမွာ ေနရာယူတာ၊ ေခါင္းထဲမွာ စြဲေနေအာင္
လုပ္လိုက္တာကို ေျပာတာ
ဥပမာ - ၾကက္ေပါင္းရည္လို႔ ေျပာရင္ Brand's ၾကက္ေပါင္းရည္ကိုျမင္ၾကသလို
ဆယ္တန္း စာက်က္လို႔ပင္ပန္းရင္ ဘာေသာက္ရမလဲလို႔ စဥ္းစားလိုက္ရင္လည္း
Brand's ၾကက္ေပါင္းရည္ကို ေျပးျမင္ၾကတယ္
ဒါဟာ လူေတြရဲ႕ ဦးႏွောက္ထဲမွာ စြဲေနေအာင္ ေနရာယူတတ္တဲ့ အတတ္ပညာပါ
Positioning လို႔ေခၚပါတယ္
(စိတ္ဝင္စားရင္ Positioning ဆိုတဲ့ စာအုပ္ေလး ရွာဖတ္ၾကည့္ပါ)
Positioning ဆိုလို႔ သူမ်ား မယူတဲ့ ေနရာကို ေျပးယူတာက
ေနရာယူတတ္တယ္လို႔ မေခၚေသးျပန္ဘူးဗ်
အခုန စစ္တိုက္တုန္းကဆို (မူႀကိဳတုန္းက စစ္တိုက္တာေနာ္)
ကြၽန္ေတာ္တို႔က ေတာင္ကုန္းေပၚ (ေလွကားထိပ္) ကေနတယ္
ရန္သူေတြက (အတန္းေဖာ္ေတြ) က ခ်ိဳင့္ဝွမ္းေလးမွာ (ေလွကားေျခရင္း) မွာ
ေနတယ္
ဒီ ရန္သူေတြကို ကြၽန္ေတာ္တို႔ အျပတ္ ဘာလို႔ ေခ်မႈန္းနိုင္ခဲ့လဲဆိုရင္ေတာ့
အေပၚစီးေနရာကို ေျခကုပ္ယူထားနိုင္ခဲ့လို႔ပဲ... ဟဲဟဲ
(အျငင္းသန္တာလဲ ပါမွာေပါ့ေလ..ဟီး)
အဲ့ေတာ့.. ေဈးကြက္ကို ျပန္ေျပာရရင္
ေနရာလြတ္တာကို ဝင္တာမဟုတ္ဘဲနဲ႕
ကိုယ္ယူမယ့္ ေနရာရဲ႕ အေျခအေနကိုလည္း သုံးသပ္တတ္ရမယ္
ေနရာေကာင္းလား၊ ေဈးကြက္ေကာင္းလား
ဝယ္သူမ်ားနိုင္လား၊ ဝယ္သူနည္းရင္ေတာင္ ေဈးျမင့္ေပးမွာလား
လိုက္လုပ္ဖို႔ ခက္ၿပီး အျမတ္မ်ားမလား
လိုက္လုပ္ဖို႔ လြယ္ေပမယ့္ ျမန္ျမန္နဲ႕ မ်ားမ်ား လုပ္ထားနိုင္မလား
ဆိုတဲ့ အေတြးေတြ ေတြးေပးရတယ္
ကဲ... ဒါကေတာ့ ေနရာယူတဲ့ အပိုင္းေလးေပါ့
၂ - အသင့္ျပင္
အသင့္ျပင္ဆိုတာ Planning ကိုေျပာတာပါ
ႀကိဳတင္ျပင္ဆင္ရပါတယ္
ဒီေကာင္ေတြကို ေတာင္ကုန္းေပၚက ပစ္ရင္ အဆင္ေျပမလား
ေခ်ာင္ထဲက ပစ္ရမလား
အေသခံတိုက္ရမလား
ေပ်ာက္က်ားစနစ္သြားရမလား
တဦးခ်င္းပစ္ရမလား၊ အုပ္စုလိုက္ ေခ်မႈန္းရမလား
ဘာလက္နက္နဲ႕ပစ္ရင္ ေကာင္းမလဲ
ဘာ လက္နက္ဟာ ထိေရာက္မလဲ
ေသနတ္လား၊ ေလာင္ခ်ာလား၊ လက္ပစ္ဗုံးလား
(မွတ္မိေသးတယ္၊ လိပ္ကေလး အသီးေတြ ကိုက္ၿပီး
လက္ပစ္ဗုံးဆိုၿပီး ပစ္ၾကတာ)
ဒီမွာ ဘာကိုေ႐ြးရလဲဆိုရင္
ဝယ္သူ အမ်ိဳးအစားေတြကို စဥ္းစားၿပီး
ဘယ္ေနရာက ေၾကာ္ျငာရင္ ပိုထိေရာက္မလဲ
Online လား၊ Offline (အျပင္) လား
Facebook ကေနလား
Instagram ကေနလား
YouTube ကေနလား
LinkedIn ကေနလား
ဘယ္ကေန ေၾကာ္ျငာရင္ ပိုထိေရာက္မႈရွိမလဲ
ဆိုတာေတြကို ေတြးရတဲ့ စီစဥ္ရတဲ့ အပိုင္းပါ
စစ္သူႀကီးေတြသာ ဒါမ်ိဳး စီစဥ္နိုင္ပါတယ္
Mass Market ႀကီးကို ထိေအာင္ ပစ္ဖို႔ဆိုရင္
လက္နက္ႀကီးေတြျဖစ္တဲ့ TV ေၾကာ္ျငာေတြ၊
Billboard ေတြ လိုသလို
တဦးခ်င္းကို ထိေအာင္ ပစ္ဖို႔ဆိုရင္
Sniper ေတြျဖစ္တဲ့ Google, Facebook Targeting,
Phone Call, SMS
ေတြ လိုပါတယ္
ကဲ.. ျမင္ၿပီေနာ္..
၃ - က်ည္ဆန္ထည့္
ဒီအပိုင္းေလးမွာေတာ့ ေနရာယူ၊ အသင့္ျပင္ၿပီးသြားရင္
ေ႐ြးထားတဲ့ လက္နက္ေတြကို က်ည္ဆန္ျဖည့္ရပါမယ္
ဒါမွ ပစ္ေနရင္း က်ည္မကုန္သြားေအာင္
ထပ္ထပ္ ပစ္လို႔ရေအာင္
လုံေလာက္တဲ့ ပစ္ခတ္မႈရွိေအာင္
ျဖည့္တင္းထားရပါတယ္
ဘာလုပ္ရမလဲဆိုရင္
ကိုယ္ေ႐ြးခ််ယ္ထားတဲ့ Platform မွာ တင္ရမယ့္
စာေတြ
ဒီဇိုင္းေတြ
ေၾကာ္ျငာေတြ
Video ေတြ
ကို ျပင္ဆင္ ဖန္တီးရတဲ့အပိုင္းပါ
ေၾကာ္ျငာေရးတာေတြ၊ Post ေကာင္းဖန္တီးတာေတြ
Design သမားေတြနဲ႕ ေသခ်ာဆြဲတာေတြ
လုပ္ဖို႔ အထူးလိုအပ္ပါတယ္
စစ္ဗိုလ္ခ်ဳပ္ႀကီးက ေသခ်ာ Plan ေတြခ်ထားေပမယ့္
တကယ္ တိုက္တဲ့အခ်ိန္မွာ လုံေလာက္တဲ့
ရိကၡာ (Marketing Budget) နဲ႕ လက္နက္ (Ads ေၾကာ္ျငာ) ေတြ
မလုံေလာက္ရင္ ရႈံးမွာပါပဲ
ကြၽန္ေတာ္ေျပာတာ ယုံပါ
သူငယ္တန္းမွာ ေန႕တိုင္း စစ္တိုက္ခဲ့ပါတယ္
ေပတံေတြ ခါးၾကားထိုးၿပီးလည္း ဓားခ်င္းယွဥ္ခုတ္
အဲ.. ေပတံ ခ်င္း ယွဥ္ခုတ္ဖူးပါတယ္
ေပတံ မာတဲ့ေကာင္ နဲ႕ ရွည္တဲ့ေကာင္ အၿမဲနိုင္ပါတယ္
(အိမ္ျပန္ေရာက္လို႔ ေပတံ ႀကိဳးလာရင္ေတာ့
အေခါက္ခံရတာေပါ့ေလ... စစ္ပြဲရႈံးလာတာကိုး)
၄ - ေမာင္းခ်ိန္
ေမာင္းခ်ိန္ဆိုတာကေတာ့ ကိုယ္ေ႐ြးလိုက္တဲ့
Platform မွာ ေၾကာ္ျငာျပမယ့္ သူေတြကို လိုက္လံ
ေ႐ြးခ်ယ္ ခ်ိန္႐ြယ္ ရတာျဖစ္ပါတယ္
Facebook မွာဆိုရင္ေတာ့ Targeting လုပ္တယ္လို႔ေခၚမွာေပါ့
Demographics နဲ႕ ခ်ိန္ရမလား
လူေတြရဲ႕ အသက္အ႐ြယ္၊ က်ားမ၊ အလုပ္အကိုင္၊ ရာထူး စတာေတြနဲ႕ခ်ိန္မလား
Interests နဲ႕ ခ်ိန္ရမလား
လူေတြရဲ႕ စိတ္ဝင္စားမႈ၊ ေလ့လာမႈ၊ ဝါသနာပါဝင္မႈ စတာေတြနဲ႕ ခ်ိန္မလား
Behaviors နဲ႕ ခ်ိန္ရမလား
လူေတြ လုပ္တဲ့အျပဳအမႈ၊ သုံးတဲ့ ဖုံး၊ ခရီးသြားလာမႈ အေျခအေန စတာေတြနဲ႕ ခ်ိန္မလား
Custom နဲ႕ ခ်ိန္ရမလား
ကိုယ့္ကို Message ပို႔ဖူးသူ၊ Video ၾကည့္ဖူးသူေတြကို သီးသန႔္ခ်ိန္မလား
Lookalike နဲ႕ ခ်ိန္ရမလား
ကိုယ့္ရဲ႕ ဝယ္သူေတြနဲ႕ ဆင္တူသူေတြကို ခ်ိန္မလား
Cold, Warm, Hot နဲ႕ ခ်ိန္ရမလား
ဝယ္သူ မျဖစ္ေသးသူ၊ ျဖစ္နိုင္ေခ်ရွိသူ၊ ဝယ္ခ်င္သူေတြကို ခ်ိန္မလား
(မသိေသးရင္ Master သင္တန္း တက္လို႔ရပါတယ္.. ဟီး)
ဒီလို ခ်ိန္႐ြယ္ၿပီး ေမာင္းတင္
ေၾကာ္ျငာရတာပါပဲ
ခ်ိန္႐ြယ္နည္းေတြ အမ်ားႀကီးရွိတဲ့အတြက္
မွတ္ထားရမွာက တကယ္ ဝယ္မယ့္သူကိုေၾကာ္ျငာတတ္ရသလို
ဝယ္နိုင္ေျခရွိသူ၊ ဝယ္သူျဖစ္လာနိုင္ေျခရွိသူကိုလည္း ေၾကာ္ျငာတတ္ရပါတယ္
၅ - ပစ္နိုင္ၿပီ
ပစ္နိုင္ၿပီဆိုၿပီး ဒက္ ဒက္ ဒက္
ရမ္း မလုပ္နဲ႕ဦးေနာ္...
က်ည္ကုန္သြားဦးမယ္
က်ည္ဟာ Limit ရွိတယ္
ကိုယ္က လုပ္ငန္းႀကီး မဟုတ္ဘူး
ေၾကာ္ျငာဖို႔ စရိတ္ထားထားတယ္ဆိုေပမယ့္
မွားပစ္မိလို႔ ကုန္သြားရင္
ႏွေျမာဖို႔ေကာင္းပါတယ္
ဒါ့ေၾကာင့္ ပစ္နိုင္ၿပီလို႔ေျပာေပမယ့္
ပစ္ၿပီးရင္ ျပန္ၾကည့္ရပါမယ္
ငါပစ္တာ ထိသြားရဲ႕လား၊ ေသၿပီလား
အဲ.. ဝယ္ၿပီလား
ပစ္သေလာက္ တကယ္ ဝယ္ၾကရဲ႕လား
ထပ္ပစ္ရမလား..
- Target ေျပာင္းရမလား
- ေၾကာ္ျငာေျပာင္းရမလား
- Marketing ေျပာင္းရမလား
ကြၽန္ေတာ္ကေတာ့ 3M လို႔ ေခၚပါတယ္
M - Media (Target)
M - Message (ေၾကာ္ျငာ)
M - Market (Strategy, Customer, Product)
ဒါေတြကို ခ်ိန္ညွိၿပီး ေစာင့္ၾကည့္ေနနိုင္မွ
တကယ္ ေရာင္းရပါမယ္
တနည္းအားျဖင့္
Marketing စစ္ပြဲမွာ
ေအာင္လံထူနိုင္မယ့္ စစ္သူႀကီး အျဖစ္
အသိအမွတ္ျပဳခံရမွာပါ
ပိုက္ဆံေတြနဲ႕ အသိအမွတ္ျပဳလိမ့္မယ္ေနာ္
🙂
(MOE)
#ေရာင္ျပန္စတစ္ကာ #ဟိုလိုဂရမ္
(Zawgyi)
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Sapal Street, Ahlone Township
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 13:30 |