DIGITAL ALLY

DIGITAL ALLY

Share

A 360° Marketing Agency | Branding, Marketing, Video Production, Web UI/UX services. 🤝 At DIGITAL ALLY, we build partnerships with Trust and Integrity.

23/09/2025

Relax Pro Myanmar အတွက် Short Video လေး ရိုက်ကူးပေးဖြစ်ပါတယ်။
"ညောင်းချင်သလောက် ညောင်း Relax Pro နဲ့ဆို ဂျောင်း" ဆိုတဲ့အတိုင်း
တစ်နေ့တာ ပင်ပန်းသမျှတွေ ဖြေဖျောက်ဖို့ အကောင်းဆုံး Reflexology Service တွေပေးနေတဲ့ Spa တစ်ခုပါ 👏🏻👏🏻👏🏻
နောက်ထပ်လည်း အများကြီး အလုပ်တွေ တူတူလက်တွဲလုပ်ဆောင်ချင်ပါသေးတယ်ခင်ဗျာ 🤝

Photos from DIGITAL ALLY's post 03/09/2025

တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီက ဒေသခံ ပြည်သူတွေနဲ့ ပိုနီးစပ်အောင် DIGITAL ALLY နဲ့ လက်တွဲပြီး ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ Digital Marketing Campaign အကြောင်း မျှဝေပေးချင်ပါတယ်။ 🤝

တောင်ကြီးမြို့ဆိုတာ တောင်ပေါ်ဒေသရဲ့ အလှပဆုံးမြို့တစ်မြို့လို့ ပြောရင်လည်း မမှားပါဘူး။ ဒီလိုလှပတဲ့မြို့လေးက အစိုးရဌာနဖြစ်တဲ့ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီနဲ့ DIGITAL ALLY တို့ ပူးပေါင်းပြီး Awareness Campaign တစ်ခုကို ဖော်ဆောင်ခဲ့ပါတယ်။

Campaign ရဲ့ ရည်ရွယ်ချက်ကတော့ ရိုးရှင်းပါတယ်။ အစိုးရနဲ့ ဒေသခံပြည်သူတွေနဲ့ အစိုးရအဖွဲ့အစည်းကြားက ဆက်သွယ်ရေးကွာဟချက်တွေကို ပေါင်းကူးပေးဖို့ပဲ ဖြစ်ပါတယ်။ 👍🏻

ဒီလိုပူးပေါင်းလုပ်ဆောင်မှုမှာ DIGITAL ALLY က ဘယ်လိုကူညီပေးခဲ့လဲဆိုတာ အောက်မှာကြည့်လိုက်ရအောင်။

✅ မြို့တော် Chatbot: ပြည်သူတွေ သိချင်တာ၊ မေးမြန်းချင်တာတွေရှိရင် စည်ပင်ရုံးကို ကိုယ်တိုင်သွားနေစရာမလိုတော့ဘူး။ ၂၄ နာရီပတ်လုံး အချိန်မရွေး၊ နေရာမရွေး မေးလို့ရတဲ့ မြို့တော် Chatbot ကို ဖန်တီးပေးခဲ့ပါတယ်။ ဒီ Chatbot ကနေတစ်ဆင့် သိလိုတဲ့အချက်အလက်တွေကို ချက်ချင်းဆိုသလို ပြန်ဖြေပေးနိုင်တာကြောင့် အရမ်းကို အဆင်ပြေပါတယ်။

✅ Social Media Campaign: စည်ပင်သာယာရေးကော်မတီရဲ့ လုပ်ငန်းဆောင်တာတွေကို ပြည်သူတွေ ပိုပြီးနားလည်သိရှိစေဖို့အတွက် social media ပေါ်မှာ စနစ်တကျနဲ့ ဆွဲဆောင်မှုရှိတဲ့ အသိပညာပေး campaign တွေကို ဆောင်ရွက်ခဲ့ပါတယ်။ ဒီနည်းနဲ့ လူထုဆီကို သတင်းအချက်အလက်တွေ ပိုမိုထိထိရောက်ရောက် ရောက်ရှိစေခဲ့ပါတယ်။

✅ Content ဖန်တီးမှု: social media မှာတင်ဖို့ စိတ်ဝင်စားစရာကောင်းတဲ့ ပို့စ်တွေ၊ ဗီဒီယိုအတိုလေးတွေနဲ့ အချက်အလက်ပြည့်စုံတဲ့ content တွေကို ဖန်တီးပေးခဲ့ပါတယ်။

✅ Boosting Service: ဖန်တီးထားတဲ့ content တွေကို ပိုပြီးကျယ်ပြန့်တဲ့ ပရိသတ်ဆီ ရောက်ရှိဖို့အတွက် Media Buying service တွေနဲ့ ကူညီပေးခဲ့ပါတယ်။ ဒီတော့ တောင်ကြီးမြို့က လူအများစုဆီကို သတင်းတွေ အချိန်တိုအတွင်းရောက်ရှိသွားစေခဲ့ပါတယ်။

ဒီလို ပူးပေါင်းလိုက်တာကြောင့် တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီဟာ ပြည်သူလူထုနဲ့ ပိုမိုနီးစပ်လာပြီးတော့ ဒီဂျစ်တယ်နည်းလမ်းတွေသုံးပြီး ဝန်ဆောင်မှုတွေကို ပိုကောင်းအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

သင့်အဖွဲ့အစည်း (သို့) စီးပွားရေးလုပ်ငန်းကိုလည်း ဒီလိုမျိုး digital နည်းနဲ့ အဆင့်မြှင့်တင်ဖို့ စိတ်ဝင်စားတယ်ဆိုရင် DIGITAL ALLY ရဲ့ Page Messenger ကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

💬 Chat-box: m.me/DIGITALALLYMM
📱 Ph: 09 777 002 771, 09 8970 61 841
💌 Email: [email protected]

#တောင်ကြီးစည်ပင်သာယာရေးကော်မတီ

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
11421

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00