TD Training Class
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TD Training Class, Education, Yangon.
မူရင်းရေးသားသူကို Credit ပါရှင်
နိုင်ငံခြား ကျောင်းသွားတက်ဖို့ ဗီဇာလျှောက်မလို့ ဆိုပြီး မနေ့က ညီငယ်တစ်ယောက် ဆွေးနွေးတိုင်ပင်ဖို့ အိမ်ရောက်လာတယ်။ သူက မာစတာ တက်မယ်ပေါ့။ တက်တက်ကြွကြွရှိတယ်။ လုပ်ချင် ကိုင်ချင်စိတ် ရှိတယ်။ ပြဿနာက မြန်မာနိုင်ငံက ပညာရေးစနစ်ဟာ နိုင်ငံတကာတန်းဝင် မဟုတ်တော့ မာစတာတန်းလျှောက်ရင် အခက်အခဲ အများကြီး ရှိတယ်။ မြန်မာနိုင်ငံက ကျောင်းသားအများစုဟာ တက္ကသိုလ်ပြီးသွား၊ ကျောင်းပြီးသွား၊ ဘွဲ့လက်မှတ်ရ၊ ဘွဲ့နှင်းသဘင်မှာ ဓာတ်ပုံလှလှရိုက်၊ အိမ်မှာ ချိတ်ဖို့ ဓာတ်ပုံကောင်းကောင်း တစ်ပုံသာ ရသွားတယ်၊ တက္ကသိုလ်တစ်ခုရဲ့ သွင်ပြင်လက္ခဏာ အနှစ်သာရကို တစ်ခုမှ မသိသွားကြဘူး။
ပြဿနာ နံပတ် (၁) Transcript ဆိုတာကို ဘာမှန်း မသိကြဘူး။
နိုင်ငံခြားတက္ကသိုလ်မှာ မာစတာ တက်မယ်ဆိုရင် Transcript တောင်းတယ်။ မြန်မာပြည်က ကျောင်းသားအများစုဟာ Transcript နဲ့ ဘွဲ့လက်မှတ်ကို အတူတူလို့ ထင်နေကြတယ်။ ဘွဲ့လက်မှတ်က degree certificate ဖြစ်တယ်။ Transcript မဟုတ်ဘူးဆိုတာကို အများကြီး ရှင်းပြရတယ်။
Transcript ဆိုတာ အမှတ်စာရင်း ဖြစ်တယ်။ မြန်မာပြည်က တက္ကသိုလ်တွေက အမှတ်စာရင်း မထုတ်ပေးမဟုတ်ဘူး။ ထုတ်ပေးတယ်။ သိရသလောက် လိုအပ်မှ၊ လာတောင်းမှ ထုတ်ပေးတာမျိုး။ ထုတ်ပေးရင်လည်း GPA ကို စနစ်တကျ ထွက်ချက်ထားတာ မပါဘူး။ GPA 2 ဆိုပြီး ရှိသမျှ ဘာသာရပ်တိုင်းကို 2 နဲ့ ထည့်ပေးထားတာ 3 နဲ့ ထည့်ပေးထားတာ။ 4 နဲ့ ထည့်ပေးထားတာတွေ ရှိတယ်။ 2 နဲ့ ထည့်ပေးလို့ကတော့ သွားပြီ။ နိုင်ငံခြား တက္ကသိုလ်တွေက GPA ကောင်းမှ ကျောင်းသားတော်တယ်လို့ သတ်မှတ်တာ။ အောက်စဖို့တို့ ကမ်းဘရစ်တို့ ဆိုရင် GPA 3.8 ဆိုမှ လက်ခံတာ။
ပြဿနာ နံပတ် (၂) GPA ဆိုတာကို တက္ကသိုလ်ဘဝ ဘာမှ မသိခဲ့ဘူး။
Grade point average ကို အတိုကောက် ခေါ်တာ။ semester တစ်ခုချင်း (သို့) trimester တစ်ခုချင်း GPA တွေကို ပေါင်းပြီး နောက်ဆုံးမှာ CGPA ထုတ်ပေးကြတယ်။ CGPA ဆိုတာ Cumulative GPA. နောက်ဆုံးပေါင်း GPA.
GPA ဆိုတာ credit hour ကို အခြေခံပြီး တွက်ချက်တယ်။ ကျောင်းသားရဲ့ အမှတ် A, B, C ကို အခြေခံပြီး ကျောင်းသားကို GPA 4 ပေးမလား၊ 3 ပေးမလား ပရော်ဖက်ဆာက ဆုံးဖြတ်တယ်။ ကျောင်းက စာရင်းပြုပြီး Transcript မှာ ထည့်ပေးထားတာ။
ပြဿနာ နံပတ် (၃) Recommendation letter ကို ဗမာပြည်က ကျူတာတွေ၊ လက်ချရာတွေ၊ ပရော်ဖက်ဆာတွေ မပေးကြ (သို့) မပေးတတ် ကြဘူး။
ကျောင်းသားက ကျောင်းလျှောက်မယ်ဆိုရင် ပရော်ဖက်ဆာဆီက recommendation letter လိုတယ်။ မြန်မာလို အလွယ်ပြောရင် ထောက်ခံစာပေါ့။ ကျောင်းသားတစ်ယောက် သွားတောင်းသတဲ့။ စာရေးပေးလိုက်တယ်။ ကျောင်းသား မောင်ဘယ်သူကို ကျွန်တော် ထောက်ခံပါသည် ဆိုပြီး တစ်ကြောင်းတည်း ရေးပေးလိုက်ပါသတဲ့။ မရပါဘူး။ recommendation letter ဆိုတာ ကျောင်းသားရဲ့ ပညာ အရည်အသွေးကို အကဲဖြတ် ရေးပေးရတာ။ ဘယ်နားမှာ တော်တယ်။ ဘယ်နားမှာ ညံ့တယ် အသေးစိတ် ရေးပေးရတာ။
ပြဿနာ နံပတ် (၄) မြန်မာပြည်က တက္ကသိုလ်တွေ အခုထက်ထိ email မသုံးဘူး။
ကျူတာတွေ၊ လက်ချရာတွေ၊ ပရော်ဖက်ဆာတွေ အလုပ်အတွက် email မသုံးကြဘူး။ ကျောင်းသားတစ်ဦးက ဆရာ့ဆီက recommendation လာတောင်းတယ်။ သူ့ email နဲ့ ကျောင်းသို့ ပို့ပေးဖို့ကို မလုပ်ချင် (သို့) မလုပ်တတ်ကြဘူး။ အလုပ်ရှုပ်တယ်လို့ ထင်ကြတယ်။ ဆိုတော့ ကျောင်းသားတွေ တိုင်ပတ်ကုန်တယ်။ ဒါတွေက ဆရာတွေ လုပ်ပေးရမယ့် တာဝန်တစ်ခုထဲမှာ ပါတယ်။ email နဲ့ လှမ်းပို့တတ်ရမယ်။ အလွယ်လေးရယ်။
ပြဿနာ နံပတ် (၅) SoP ဆိုတာ မသိ၊ မရေးတတ်ကြ။
Statement of Purpose ကို မသိကြဘူး။ မရေးတတ်ကြဘူး။ ကျောင်းလျှောက်ရင် ဘာကြောင့် ဒီမေဂျာကို ရွေးရတယ်။ ကျောင်းပြီးရင် ဘာလုပ်မယ် ဆိုတဲ့ SoP ကို မရေးတတ်ကြဘူး။ ဒါတွေက အသက်ကြီးမှ သင်ပေးဖို့ တော်တော် ခက်တယ်။ ငယ်ငယ်တုန်းက essay ရေးပါ ဆိုတော့ I am Maung Maung, my father's name is U Ba, My mother
s name is Daw Mya နဲ့ ကြီးလာတော့ SoP ရေးဖို့ တော်တော်ခက်သွားပါတယ်။
ပြဿနာ နံပတ် (၆) plagiarism ကို နားမလည်ဘူး။
plagiarism ကို မြန်မာကျောင်းသားတွေ မသိဘူး။ အများစုပေါ့။ ကျောင်းမှာ မသင်ရဘူး။ plagiarism ကို ရှောင်ဖို့ citation လုပ်ရတယ်။ reference လုပ်ရတယ်။ မသိဘူး။ နိုင်ငံခြားတက္ကသိုလ်တွေမှာ စာခိုးချလို့ မရဘူး။ ကျောင်းထုတ်ခံရမယ်။ စာကို မခိုးချဘဲ စာရေးတတ်ဖို့ နိုင်ငံခြားတက္ကသိုလ်တွေမှာ တစ်နှစ်လောက် train ပေးတယ်။
မြန်မာကျောင်းသားတွေ ကျောင်းလျှောက်ရင် အခက်အခဲတွေက အများကြီးပါ။ အဓိကက ကိုယ့်နိုင်ငံရဲံ ပညာရေးက နိုင်ငံတကာနဲ့ အဆက်ပြတ်နေတော့ ကျောင်းသားတွေဟာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး။ အခုနောက်ပိုင်းကတော့ private ကျောင်းတွေ ပေါ်လာတော့ (ဒါပေမယ့် ဈေးကြီး)၊ ကျောင်းသားတွေက သိတော့ သိလာကြပါပြီ။ ဒါပေမယ့် အများစုကြီးက သိမနေဘူး။ နိုင်ငံခြား ကျောင်းလျှောက်ရင် ဒါလေးတွေတော့ သိထားသင့်ပါတယ်။
အသက်5နှစ်ပြည့်ပြီးတဲ့ သားသားမီးမီးတို့ သင်ယူရမယ့် အချိန်ပိုင်းးလေး
📌ဘာတွေသင်မှာလဲ။
KGတန်း သင်ရိုးစာအုပ်ပါ သင်ခန်းစာများနှင့်
လက်ရေးလေ့ကျင့်ခြင်း၊Colors ရေးဆွဲသင်ယူခြင်း၊
မြန်မာကဗျာ အင်္ဂလိပ်ကဗျာများ၊စာရိတ္တဘဝတွက်တာ စသည်တို့အပြင် စနစ်သစ်အခြေခံတန်းဖြစ်သည့်အတွက် 4skills ပါ သင်ယူရမှာဖြစ်ပါတယ်။
အချိန်ပိုင်းတန်းဖြစ်သည့်အတွက်(2:00pm-3:30 pm)
ထိသင်ရမှာဖြစ်ပြီး တစ်ပတ်ကို အတန်းတက်ရက်
(Mon,Tue,Thurs,Fri)လေးရက် တက်ရမှာ ဖြစ်ပါတယ်
❣️သင်တန်းကြေး တစ်ဦးလျှင် 20000 ကျပ်နှုန်း ကျသင့်မည်ဖြစ်ပါတယ်။
သင်တန်းလိပ်စာ
တိုက် ၃၃၊အခန်း ၀၀၂၊စီဘလောက် (၃)လမ်း၊ယုဇနဥယျာဉ်မြို့တော်၊ဒဂုံဆိပ်ကမ်းမြို့နယ်။
09254180723 (ယခင် စီ ၂လမ်းမှ ပြောင်းရွှေ့ဖွင့်လှစ်)
အသေးစိတ် ထပ်မံသိရှိလိုပါက cb (သို့)ဖုန်းဖြင့် စုံစမ်း မေးမြန်းနိုင်ပါသည်။
TD Training Class
28/03/2022
စာသင်ကာလတစ်လျှောက် ကလေးတော်တော်များများမှာ တွေ့နေရတဲ့ စာရေးနည်းပုံစံအမှားလေး တွေကို ကိုယ့်သင်တန်းရောက်လာရင်တော့ သေချာ ပြန်ပြင်ပေးဖြစ်ပါတယ်။မိဘတွေလည်း သိရအောင် ဖော်ပြပေးလိုက်ပါတယ်နော်။
ကလေးတွေက များသောအားဖြင့် စာရေးတဲ့အခါ
ရင်ဘတ်ကြီးကို စာရေးခုံမှာ ကပ်ပြီးရေးကြတာ၊
စာအုပ်ကို တစောင်းထားပြီး လည်ပင်းနဲ့မျက်နှာတွေပါ
လိုက်စောင်း ရေးကြတာ စသည်ဖြင့် ပုံစံအမှားတွေနဲ့ ရေးနေကြပါတယ်။
ပုံမှန်အားဖြင့်တော့ ကလေးအသက်၎နှစ်ရောက်မှ မူကြိုကျောင်းပို့ကြတာများတော့ အိမ်မှာ မေမေတွေနဲ့ ကျောင်းမရောက်ခင်ထိ ထိတွေ့ရတာ များပါတယ်။
မေမေတွေက သေချာဂရုစိုက်လုပ်ပေးလိုက်ရင်
ငယ်ငယ်ထဲက အလေ့အကျင့်ရသွားမှာပါ။
အောက်မှာဖော်ပြထားတဲ့ ပုံစံလေးအတိုင်း ကလေးကို ခုံမှာသေချာ မတ်မတ်ထိုင်စေပြီးမှ စာအုပ်ကို
မျက်နှာရှေ့တည့်တည့်မှာ ထားပြီး ရေးစေရပါမယ်။
မှတ်ချက်။အသက် ၅နှစ်ပြည့်ပါမှ ကလေးများကိုစာရေး
ခိုင်းရပါမယ်။၅နှစ်မပြည့်မီ ကလေးများကို လက်ချောင်းလေးတွေ သန်မာလာအောင်
အရင်လေ့ကျင့်ထားရပါမယ်။
📍လက်ချောင်းသန်မာစေရန် လေ့ကျင့်ရမည့်
နည်းလမ်းများကို နောက်ရက်တွေမှာ ထပ်ပြီး
ဖော်ပြပေးပါဦးမယ်ရှင်။
02/11/2021
Bio&Eco (သင်ရိုးဟောင်း)
02/11/2021
Maths,Che &Phys(သင်ရိုးဟောင်း)
28/06/2021
ကျွန်မနဲ့Grade-2
ဒီနေ့တော့ Yသင်ခန်းစာ သင်ရမယ့်အချိန်ဆိုတော့ ထုံးစံအတိုင်း စာမသင်သေးခင် ပုံထောက်ပြီး ဘာလေးလဲပေါ့။ပြီးတော့မှ ပြထားတဲ့ပုံရဲ့ အသုံးဝင်မှုနဲ့ ဆောင်ရန် ရှောင်ရန် သင်တာပေါ့လေ။အဲ့ဒါနဲ့ ပုံထောက်ပြီး မေးလိုက်တော့
Tr -ဒါဘာပုံလေးလဲ သား
Student-(ချက်ချင်းဖြေ)ထန်းရည် ဆရာမ
Tr -😳
Student-ဟုတ်တယ် ဆရာမရဲ့ သားတို့ ရွာသွားလည်
တုန်းက အများကြီးတွေ့ခဲ့တယ်။
လွန်ခဲ့တဲ့တပတ်က ရယ်စရာအတွေ့အကြုံလေး။😄
"Sat&Sun New Class"
Eng&Maths နှစ်ဘာသာထဲ သီးသန့်သင်ချင်တဲ့ သားသား မီးမီးတို့အတွက် Sat&Sun မှာ အတန်းသစ်ထပ်စဖို့ ရှိပါတယ်။📢
Grade-1 to Grade-8 ထိ သင်ကြားနိုင်မှာဖြစ်ပြီး အတန်းတစ်တန်းစီ အတွက် လူဦးရေ ကန့်သတ်ချက် ရှိပါတယ်။📢
ကြိုတင်အပ်နှံထားပါရန်။📌📌
အတန်းစတင်မည့်နေ့-3.7.2021(Sat)
လိပ်စာ- တိုက် ၃၃,အခန်း ၁၀၄, စီဘလောက် ,၂လမ်း
ယုဇနဥယျာဉ်မြို့တော်,ဒဂုံဆိပ်ကမ်းမြို့နယ်
ဖုန်း- 09254180723,09790107053
အသေးစိတ်သိရှိလိုပါက chat box (or) ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
22/06/2021
TD Training Class မှ Grade-1ကလေးတွေရဲ့
လက်ရေးလက်သားလေးတွေ
Click here to claim your Sponsored Listing.
Category
Website
Address
Yangon