Digit 7

Digit 7

Share

Digit 7 Advertising and Media Company
Advertise with us

04/10/2021

အခုလို အဆမတန်တက်နေတဲ့ $ ဈေးကြောင့်
ကိုယ့်ရဲ့ Clients တွေ ဘယ်လောက်တောင် စိတ်ဆင်းရဲ၊ ကိုယ်ပင်ပန်းဖြစ်နေတာကို ဘယ်လို ကူညီပေးနိုင်မလဲ တွေးရင်း ရလာတဲ့ အဖြေတစ်ခုက

#အခမဲ့ Market consultation လုပ်ပေးဖို့ပါပဲ

Viber - 09785301156
Hotline - 09954811081

မင်္ဂလာရှိသောနေ့ရက်များကို အမြန်ဆုံးပြန်လည်ရရှိပါစေ

26/01/2021

𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 ဆိုတာဘာလဲ?

𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 ဆိုတာ ပြောင်းလဲနေတဲ့လက်ရှိခေတ်မှာ လူသုံးအများဆုံးနဲ့ခေတ်အမှီဆုံး 𝑫𝒊𝒈𝒊𝒕𝒂𝒍 𝑴𝒂𝒓𝒌𝒆𝒕𝒊𝒏𝒈 လုပ်ငန်းစဉ်တွေထဲက တစ်ခုဖြစ်ပါတယ်။

Soicial Media Marketing ဆိုတာ တိတိကျကျပြောရရင် Social Platform တွေကို အသုံးပြုပြီးတော့ ကိုယ့်ရဲ့ ကုန်ပစ္စည်း ၊ အမှတ်တံဆိပ် ၊ ထုတ်ကုန် ၊ ဝန်ဆောင်မှု တွေကို Brand တစ်ခုတည်ဆောက်တာ ၊ ရောင်းအားတိုးတက်လာအောင် မြှင့်တင်တာ နဲ့ ဝက်ဆိုက် Traffic တွေကို မောင်းနှင်တာပဲ ဖြစ်ပါတယ်။ အဲ့ဒါတွေထဲမှာ ကိုယ့်ရဲ့ Social Media အကောင့်ပေါ်မှာ Content ကောင်းကောင်းလေးတွေဖန်တီးတာတွေ ၊ ကိုယ့် Audience တွေရဲ့ တုန့်ပြန်မှုတွေကို နားထောင်ပြီး Engagement ကောင်းအောင် ချိတ်ဆက်လုပ်ဆောင်တာ ၊ ရလဒ်တွေကို ခွဲခြမ်းစိတ်ဖြာတာ၊ ပြီးတော့ Social Media ကြော်ငြာတွေကို လုပ်ဆောင်ပေးတာမျိုး အများကြီးပါဝင်ပါတယ် ။

☑️ လုပ်ငန်းတွေတော်တော်များများရဲ့ Social Media Marketing ပထမဆုံးလုပ်ဆောင်မှုက Content တွေကိုဖန်တီးထုတ်လုပ်ပြီး Social Media ပေါ်မှာ တင်တာပါပဲ ။ အဲ့ဒီ တင်လိုက်တဲ့ Content ကနေမှတစ်ဆင့် Traffic တွေကို လိုက်ပြီး ကိုယ့်လုပ်ငန်းရဲ့ ကိုယ်ပိုင် Website တွေဆီကို မျှားခေါ်ပြီး အရောင်းတွေတက်လာအောင်လုပ်ဆောင်တာပါ။ ခုချိန်မှာတော့ Social Media တွေဟာ ကိုယ့်လုပ်ငန်းအတွက် Brand Awarness and Profit ရအောင်မျှဝေဖို့နေရာတစ်ခုအနေနဲ့ တဖြည်းဖြည်းပြောင်းလဲလာပါတယ်။

☑️ လုပ်ငန်းတွေတော်တော်များများဟာ Social Media တွေကို နည်းလမ်းမျိုးစုံနဲ့ အသုံးချနေကြပါတယ် ။ ဥပမာအနေနဲ့ဆိုရင် လုပ်ငန်းတစ်ခုဟာ သူရဲ့ Brand နဲ့ပါတ်သက်ပြီး လူတွေက ဘယ်လိုထင်မြင်သလဲ ဘယ်လိုသဘောထားသလဲ ဘယ်လိုပြောဆိုနေကြလဲဆိုတာ Social Media ရဲ့ Comments တွေ၊ Conversation တွေကနေ တိုက်ရိုက်သိရှိနိုင်ပြီးတော့ ကိုယ့်လုပ်ငန်း နဲ့ ပတ်သက်ပြီး အကျိုးကြောင်းဆီလျော်တဲ့ တုန့်ပြန်မှုတွေကို တိုက်ရိုက် Sharing လုပ်လို့ရပါတယ်။

☑️ နောက်တစ်ခုက လုပ်ငန်းတစ်ခုဟာ Social Media ကိုအသုံးပြုပြီး သူရဲ့ လုပ်ငန်းလုပ်ဆောင်မှုတွေဟာ ဘယ်လောက်ထိအတိုင်းအတာထိ ပေါက်ရောက်သွားတယ်၊ ကိုယ့်လုပ်ငန်း Customer တွေနဲ့ Engagement အတိုင်းအတာဘယ်လောက်ထိရှိတယ်၊ ရောင်းအားအခြေအနေ ဘယ်လောက်ထိရှိလဲ ဆိုတာမျိုးတွေကို အသေးစိတ် ကြည့်လို့ရပြီးတော့ ကိုယ့်လုပ်ငန်းရဲ့ လိုအပ်ချက်တွေကို ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။

☑️ ပြီးတော့ ကိုယ့်လုပ်ငန်းနဲ့ လိုက်ဖက်မှုရှိမယ့် Audience ကို သေချာ Target ထားရွေးချယ်လို့ရတာ‌ကြောင့် 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 ဟာ လူသုံးအများဆုံး ခေတ်အမှီဆုံး လူကြိုက်အများဆုံးဖြစ်နေတာပါ ။

လက်ရှိကမ္ဘာမှာ လူသုံးအများဆုံး Social Media Platform တွေကတော့ Facebook ၊ Instagram ၊ Twitter ၊ Linkedin ၊ Pinterest ၊ Youtube နဲ့ Snapchat တွေပဲဖြစ်ပါတယ်။

𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 မှာ အဓိကကျတဲ့ လုပ်ဆောင်မှု ( ၅ ) ခုရှိပါတယ် ။
အဲ့ဒါတွေကတော့ ..
▪️ Social media strategy
▪️ Planning & Publishing
▪️ Listening & Engagement
▪️ Analytics
▪️ Reporting Advertising ဆိုတဲ့ ( ၅ ) ခုပဲဖြစ်ပါတယ် ။

ဒီ လုပ်ဆောင်မှု ( ၅ ) ခုရဲ့ အသေးစိတ်အကြောင်းကိုတော့ နောက်အပတ်မှာ Post တစ်ခုအနေနဲ့ သပ်သပ် ထပ်ပြီး Sharing လုပ် ရှင်းပြပေးသွားပါမယ် ။

31/12/2020

Happy New Year....

Cheers to more shared successes in the new year!

Want your business to be the top-listed Media Company in Naypyidaw?
Click here to claim your Sponsored Listing.

Digit 7 Media Agency

Go Further Forward with Us!

Telephone

Address


No. 605 , 6th Floor , 20-22 , Shine Office Tower , Alan Pya Pagoda Road , Mingalar Taung Nyunt Tsp
Naypyidaw
11221

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 17:00