SIS Myanmar
SIS Myanmar, part of the trusted SIS Group of Schools across Asia, provides world-class education for every child.
17/06/2026
🎓✨𝐀𝐝𝐯𝐚𝐧𝐜𝐞𝐦𝐞𝐧𝐭 & 𝐑𝐞𝐜𝐨𝐠𝐧𝐢𝐭𝐢𝐨𝐧 𝐂𝐞𝐫𝐞𝐦𝐨𝐧𝐲 𝟐𝟎𝟐𝟔 – 𝐏𝐚𝐫𝐭 𝟏
ဇွန်လ (12) ရက်နေ့တွင် SIS Myanmar သည် 2025–2026 ပညာသင်နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများ၏ အောင်မြင်မှုများနှင့် တိုးတက်မှုများကို ဂုဏ်ပြုဆင်နွှဲသည့် Advancement & Recognition Ceremony ကို ပျော်ရွှင်ဝမ်းမြောက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
🎉 K2 နှင့် P6 ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးခရီးလမ်း အဆင့်သစ်သို့ တက်ရောက်မှုကို ဂုဏ်ပြုခြင်း၊ 🏆 SIS Values၊ DSLOs နှင့် Academic Excellence တွင် ထူးချွန်စွာ စွမ်းဆောင်ခဲ့သူများအား ဆုချီးမြှင့်ဂုဏ်ပြုခြင်းနှင့် 🎊 SIS Group of Schools ၏ (30) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်ကို အတူတကွ ဝမ်းမြောက်ဂုဏ်ယူစွာ ဆင်နွှဲခြင်းတို့ဖြင့် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
ဤအခမ်းအနားသည် AY 2025–2026 အတွင်း ကျောင်းသား၊ ကျောင်းသူများ၏ ကြိုးစားအားထုတ်မှုများနှင့် အောင်မြင်မှုများကို အသိအမှတ်ပြုဂုဏ်ပြုသည့် အထူးအခိုက်အတန့်တစ်ခုဖြစ်သကဲ့သို့၊ မိဘများနှင့် အုပ်ထိန်းသူများ၏ အားပေးပံ့ပိုးမှုများကိုလည်း ကျေးဇူးတင်အသိအမှတ်ပြုသည့် အမှတ်တရနေ့ရက်တစ်ရက်လည်း ဖြစ်ခဲ့ပါတယ်။
SIS Group of Schools ၏ (30) နှစ်တာ ပညာရေးအောင်မြင်မှု ခရီးလမ်းကို ဂုဏ်ယူစွာ ပြန်လည်အမှတ်ရရင်း၊ ယခုနှစ်ပညာသင်နှစ်ကို အောင်မြင်စွာ အဆုံးသတ်နိုင်ရန် ပံ့ပိုးကူညီပေးခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ဆရာ၊ ဆရာမများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။
Advancement & Recognition Ceremony မှ အမှတ်တရပုံရိပ်များကို ပြန်လည်မျှဝေရင်း ကျောင်းသား၊ ကျောင်းသူများကို ထပ်မံဂုဏ်ပြုလိုက်ရပါတယ် ခင်ဗျာ။ 🥳🧑🎓
(English Version)
On June 12, SIS Myanmar proudly celebrated the achievements and growth of our students throughout the AY 2025–2026 academic year at the Advancement & Recognition Ceremony 2026.
The event was filled with joy and pride as we:
🎉 Celebrated the advancement of our K2 and P6 students to the next stage of their educational journey.
🏆 Recognized students who demonstrated excellence in SIS Values, Desired Student Learning Outcomes (DSLOs), and Academic Achievement.
🎊 Commemorated the 30th Anniversary of the SIS Group of Schools, marking three decades of educational excellence and success.
This special occasion served as a meaningful opportunity to acknowledge the hard work, dedication, and accomplishments of our students throughout the academic year. It was also a heartfelt moment to express our gratitude to parents and guardians for their unwavering support and partnership in their children's educational journey.
As we proudly reflect on the SIS Group of Schools’ 30-year legacy of educational excellence, we would like to extend our sincere appreciation to all students, parents, and teachers whose commitment and support contributed to the successful completion of AY 2025–2026.
Join us as we look back on some memorable moments from the Advancement & Recognition Ceremony and once again congratulate all of our students on their outstanding achievements! 🥳🧑🎓
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Address
6A Paw San Hmwe, Road, Myanmar (Burma)
Yangon
11071
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |