SMART Marketainment

SMART Marketainment

Share

Our purpose is to help your online business. If we can, we will do best for you. If we can't, we will tell you honestly.

12/11/2022

တနိုင်တပိုင်လုပ်ငန်းရှင်တွေအတွက် သေသပ်လှပတဲ့ Design တွေ လွယ်လွယ်ကူကူဖန်တီးနည်း 💡

Design တစ်ခုဖန်တီးပြီး ကိုယ့်ဘာသာပြန်ကြည့်တဲ့အခါ ခံစားချက်နှစ်ခုကိုရတတ်ပါတယ်။

😥 ရှုပ်ယှက်ခတ်ပြီး ကြည့်မကောင်းဘူးလို့ခံစားရတာ
😥 ရှင်းလွန်းနေပြီး ဘာမှမပါသလိုခံစားရတာ

ဒီလိုခံစားချက်မျိုးရနေတယ်ဆိုရင် ဒီ Post ကို ဖတ်ကြည့်လိုက်ပါ။ စာကနည်းနည်းတော့ရှည်ပါတယ်။

💁 Online Shop ပဲလုပ်လုပ်
💁 Local Products လေးပဲထုတ်ထုတ်
💁 မုန့်ပဲလုပ်ရောင်းရောင်း

တစ်ခါတလေတော့ ကိုယ့် Page လေးမှာ ကိုယ်တိုင်ပဲကြည့်ကြည့်၊ ကိုယ့်ဝယ်သူတွေပဲကြည့်ကြည့် စိတ်ချမ်းသာစေမဲ့ ပုံလှလှလေးတွေ တင်ချင်တတ်ကြပါတယ် 😇

ဒါပေမဲ့ Graphic Design ကိုသေသေချာချာမဆွဲတတ်တော့ လုပ်ချင်စိတ်ရှိပေမဲ့ မလုပ်နိုင်ကြပါဘူး။ စမ်းသပ်ပြီးလုပ်ကြည့်ပေမဲ့လည်း ကိုယ့်ပုံတောင်ကိုယ်အားမရတာမျိုးတွေ ခံစားရတော့ တင်လည်းမတင်ဖြစ်၊ ထပ်ပြီးလည်းမလုပ်ကြည့်ကြတော့ပါဘူး 😖

ဒါကြောင့် ကိုယ်တိုင်ပုံလှလှလေးတွေဖန်တီးပြီး Page မှာတင်ချင်တဲ့သူတွေအတွက် Design တစ်ခုဖန်တီးတဲ့နေရာမှာ အရေးကြီးတဲ့အချက်လေးချက်ကို ပြောပြပေးလိုက်ပါတယ် 🤗

⚫ Background

ပထမဆုံးတစ်ချက်ကတော့ Background ပါ။

Design တစ်ခုစဖန်တီးတဲ့အချိန်မှာ Background ဘာထားမလဲဆိုတာကို အရင်စဉ်းစားထားဖို့လိုအပ်ပါတယ်။ ကိုယ်ဖန်တီးချင်တဲ့ပုံနဲ့ အကိုက်ညီဆုံးဖြစ်မဲ့ Background တစ်ခုကို Search Engine တခွင်ပြဲပြဲစင်အောင် Keywords မျိုးစုံသုံးပြီးရှာကြည့်ပါ။ Solid Color Background မျိုး(ဥပမာ - အပြာရောင်လေးထောင့်ကွက်ကြီး)ဆိုရင်လည်း Filler လေးတွေလိုက်ဖြည့်ပေးလိုက်မယ်ဆိုရင် ကြည့်ရမဆိုးတော့ပါဘူး။

Filler တွေအနေနဲ့ လေးထောင့်ကွက်၊ စက်ဝိုင်းလေးတွေ၊ အဲ့လို Objects အသေးလေးတွေလိုက်ဖြည့်နိုင်သလို Texture လို့ခေါ်တဲ့ Background တပြင်လုံးမှာထည့်လိုက်တဲ့ ပုံစံမျိုးလေးတွေလည်းရှိပါတယ်။ တစ်ခါတလေ Background ကို နည်းနည်းဝါးပေးလိုက်တာမျိုးလေးတွေလည်း လုပ်ဖို့လိုအပ်ပါတယ်။ မဟုတ်ရင် အပေါ်မှာထပ်ထည့်မဲ့ပုံကသပ်သပ်၊ Background ကသပ်သပ်ဖြစ်နေပြီး ကြည့်ရဆိုးသွားတတ်လို့ပါ။

⚫ Fonts

Fonts တွေအများကြီးရှိနေတဲ့အထဲက လှမယ်ထင်တာကိုယူသုံးလေ့ရှိကြပါတယ်။ Fonts ရွေးချယ်မှုက Design ကိုကြည့်ရကောင်းသွားမလား၊ ဆိုးသွားမလားဆိုတာကို အဆုံးအဖြတ်ပေးပါတယ်။ တချို့စကားလုံးတွေနဲ့ တချို့ Fonts တွေကို တွဲစပ်လိုက်ရင် ဖတ်တဲ့သူက ရေးထားတဲ့စာရဲ့အသံကိုပါကြားလိုက်သလို ခံစားရပါတယ်။

ကိုယ်ပြောချင်တဲ့အကြောင်းအရာ၊ ကိုယ်ပြောနေတဲ့ Audience ပေါ်မူတည်ပြီး Fonts ကိုမှန်မှန်ကန်ကန် ရွေးချယ်တတ်ဖို့လိုပါတယ်။ (ဥပမာ - မိန်းကလေးတွေကိုဦးတည်တဲ့ Post မျိုးဆိုရင် သေးသေးသွယ်သွယ်အတွန့်လေးတွေပါဝင်ပြီး ကြည့်လိုက်တာနဲ့လှနေတဲ့ Fonts မျိုးလေးတွေကိုရွေးချယ်သင့်ပါတယ်)

⚫ Balance

နောက်တစ်ချက်ကတော့ Balance ပါ။ ပုံတစ်ပုံဟာ Balance ညီနေရင် အရမ်းဆွဲဆောင်နိုင်စွမ်းမရှိတောင် သပ်သပ်ရပ်ရပ်နဲ့လှပနေပါတယ်။ ဒါကြောင့် ပုံတစ်ပုံကိုဖန်တီးတဲ့အခါ ဘယ်နဲ့ညာ၊ အပေါ်နဲ့အောက်တွေမှာ ထည့်သွင်းထားတဲ့ စာတွေ၊ ပုံတွေ၊ Logo တွေ၊ Object အသေးလေးတွေဟာ ညီမျှမှုရှိရဲ့လားဆိုတာကို စစ်ဆေးကြည့်ဖို့လိုအပ်ပါတယ်။

Theory အရတော့ Design Balance မှာ လုံးဝခေါက်ချိုးညီနေမှ Balance ဖြစ်တယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ (ဒါက Concept အမှား‌တစ်ခုပေးမိသလိုဖြစ်သွားမှာစိုးလို့ ထည့်ရေးလိုက်တာပါ။ ဒီပို့စ်မှာတော့ မလိုအပ်လို့သေသေချာချာလေးမရှင်းပြပေးတော့ပါဘူး)

⚫ Space

နေရာလွတ်တွေကို ချန်ထားတတ်ဖို့လိုပါတယ်။ Design တွေကိုကြည့်ရဆိုးစေတဲ့ အဓိကအကြောင်းအရင်းတစ်ခုက နေရာလွတ်လုံးဝမရှိဘဲ အပြည့်ထည့်ဆွဲထားတာပါပဲ။ ဒီလိုလုံးဝပြည့်ကျပ်နေတဲ့ ပုံတစ်ပုံကိုကြည့်လိုက်ရတဲ့အခါ လူရဲ့ခံစားချက်ကို မွန်းကြပ်သွားစေပါတယ်။ ဒါကြောင့် ကိုယ့်ပုံကိုယ်ပြန်ကြည့်ရင်တောင် လုံးဝစိတ်တိုင်းမကျတာမျိုးတွေဖြစ်နေရတာပါ။

Design တစ်ခုမှာ Character Model (သို့) Products Photo ထည့်မယ်၊ Tagline စာတစ်ကြောင်းထည့်မယ်၊ တစ်ခါတလေ Secondary Tagline ‌ကိုခပ်သေးသေးတစ်ကြောင်းထည့်မယ်၊ လှပပြီးပြည့်စုံသွားအောင် ပုံကိုကြည့်လိုက်တဲ့အခါ ရစေချင်တဲ့ခံစားချက်ရသွားဖို့ လိုက်ဖက်တဲ့ Elements လေးတွေလိုက်ဖြည့်မယ်၊ ပြီးရင်နေရာလွတ်တွေထားပြီး Balance ကိုချိန်လိုက်ရင် ကြည့်လို့ကောင်းတဲ့ပုံလေးတစ်ပုံထွက်လာမှာပါ ✅

Software ကတော့ကိုယ်ကျွမ်းကျင်တဲ့ Software ကိုအသုံးပြုကြပါ။ အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ် 🙆

သပ်သပ်ရပ်ရပ် Design လေးတွေ ဖန်တီးနိုင်ကြပါစေ 🙏

(P.s - ဒီပို့စ်လေးကိုဖတ်ပြီးလုပ်ထားတဲ့ပုံလေးတွေကို အဆင်ပြေရင် Chatbox မှာလာပြပေးကြပါဦး။ ပုံလေးတွေကိုကြည့်ပြီး ကျွန်တော်ရေးထားတဲ့စာက တကယ်အသုံးဝင်ရဲ့လားဆိုတာသိချင်လို့ပါခင်ဗျာ)

22/10/2022

မလန့်သွားပါနဲ့ ... အလုပ်ခေါ်စာပို့စ်လေးပါ 😁

ကျွန်တော်တို့နဲ့တွဲလုပ်ဖို့ Freelancer အသစ်တစ်ယောက်လိုနေပါတယ်ခင်ဗျာ 🤗

လုပ်ရမဲ့ Position က 👇

Sale Executive (F/M - 1 Post)

Job Description 🏅

- Prospects များကို ကိုယ်တိုင်ရှာဖွေနိုင်ရမည်။

- Prospects များဆီ ဖုန်းဖြင့်ဆက်သွယ်စုံစမ်းကာ ကူညီချိတ်ဆက်ပေးနိုင်ရမည်။

- တစ်ပတ်တစ်ခါ Team meeting ပုံမှန်တက်ရောက်ရပါမည်။

- Work From Home ( Part Time )

Requirements 💢

- Sale Technique ပိုင်းဆိုင်ရာ တတ်ကျွမ်းနားလည်ပြီး Digital marketing ပိုင်းဆိုင်ရာ Sale အတွေ့အကြုံ ရှိထားရပါမည်။

- Marketing Mindset ရှိရပါမည်။

- ပွင့်လင်းရိုးသားပြီး အများနဲ့အတူ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်တတ်ရပါမည်။

- မိမိတာဝန်ကိုကျေပွန်စွာဆောင်ရွက်နိုင်ပြီး Agency အတွက် အကြံဉာဏ်ကောင်းများ ပေးနိုင်ရပါမည်။

လျှောက်ထားလိုသူများသည်

မိမိ၏ Portfolio ကို [email protected] သို့ပေးပို့လျှောက်ထားနိုင်ပါသည်။

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက
09974689377 ကိုဆက်သွယ်၍ စုံစမ်း​မေးမြန်းနိုင်ပါသည်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 30, 122 Street, Mingalar Taung Nyunt Tsp.
Yangon