BALA by LLTT

BALA by LLTT

Share

Premium athleisure brand of your dreams. BALA is an all-inclusive gender-neutral athleisure brand t

Photos from BALA by LLTT's post 22/10/2023

Bala products တွေနဲ့ပတ်သက်ပြီး review တွေကြားရရင် Items တွေရဲ့ good review အပြင် packaging review တွေအတွက်ပါ အမြဲ good feedback လေးတွေရလို့ ဝမ်းသာရပါတယ်။

Activewear ဆိုတာကလည်း ကိုယ်နဲ့ကပ်ပြီး ဝတ်ရတဲ့ ပစ္စည်းဆိုတော့ ပစ္စည်းက စက်ရုံတန်းထွက်ဆိုပေမယ့်လည်း ချက်ချင်းဝတ်လို့ရတယ်ဆိုတဲ့ feeling မျိုးရအောင် နောက်ပြီး လက်ဆောင်ပေးရင်လည်း မျက်နှာပန်းလှအောင် ဖွင့်လိုက်တာနဲ​့ premium quality ခံစားရအောင် packaging လေးတွေသေချာစီစဉ်ထားပါတယ်။

ထည့်ပေးတဲ့အိတ်တွေ ဘူးတွေကလည်း တစ်ခါသုံးပုံစံမဟုတ်ဘဲ laundry bag အနေနဲပြန်သုံးမလား စားပွဲပေါ် ပစ္စည်းပိုလေးတွေပဲထည့်မလား စသဖြင့် reusable ဖြစ်အောင်ဆိုတဲ့သဘောမျိုးနဲ့ ခပ်တောင့်တောင့် ခပ်မာမာ material လေးကို သုံးထားပါတယ်။

Thank you for all the feedbacks and reviews!

24/01/2023

Workout လုပ်ဖို့ ပစ္စည်းတွေက စျေးကြီးတယ် invest လုပ်သင့်လား။

Workout gear တွေတော်တော်များများက Quality ကောင်းရင် စျေးအတော်အသင့်ရှိကြပါတယ်။
ဘယ် workout မျိုးမဆို အနည်းဆုံးတော့ Workout လုပ်ရင် သက်တောင့်သက်သာဖြစ်စေမယ့် အင်္ကျီ၊​ဘောင်းဘီ ဝယ်ရမယ်၊ မိန်းကလေးဆိုရင်တော့ sportsbra, leggings, နောက်ပြီး underwear ဘာညာပေါ့။
ဒီနေရာမှာ စျေးသက်သာတဲ့ ၁၀၀၀၀ အောက်၊ ၁၀၀၀၀ ကျော်ကျော်တန်တွေဝယ်မလား၊ နည်းနည်းပိုကောင်းတဲ့ ၃-၄ သောင်းတန်ဝတ်မလား၊ ဒါမှမဟုတ် Adidas, Nike တို့လို ၁ သိန်းပတ်ချာလည်ရှိတာတွေကိုပဲ​ invest လုပ်မလားဆိုပြီး မေးစရာရှိလာပါတယ်။

ကိုယ်ကိုယ်တိုင် experience အရဆိုရင်တော့ local fitness brand တွေပေါ်မလာခင်က nike, adidas တို့ကို ၁-၂ ထည်လောက် invest ဖြစ်တယ်၊​အများအားဖြင့်တော့ စျေးပေါတာကြည့်ဝယ်တယ်၊ စျေးပေါတာတွေက ၁၀၀၀၀ ပတ်ချာလည်တွေပေါ့၊ ဘာဖြစ်လာလဲဆိုတော့ ဘယ်နှခေါက်မှမဝတ်ရသေးဘူး ကမျှော့ကြိုးတွေချောင်လာတယ်၊ ဂွနားမှာ ပွပွကြီးတွေဖြစ်လာတယ်၊ အသားတွေကလည်း ပါးပြီး underwear မြင်ရတဲ့ထိဖြစ်လာတယ် အဲ့တော့ ပစ္စည်းက ၁၂၀၀၀ လောက်ပဲထားပါတော့ ၁၀ ခေါက်လောက်ပဲ ဝတ်ပြီးတာနဲ့ ပစ်လိုက်ရပြီဆိုရင် ၁ ကြိမ် ၁၂၀၀ လောက်ဖြစ်နေပြီပေါ့နော်။

Quality ကောင်းတဲ့ workout wear တွေ ပစ္စည်းတွေဆိုရင် နှစ်နဲ့ချီပြီးခံတယ်၊ အိမ်မှာ လွန်ခဲ့တဲ့ ၃-၄ နှစ်ကဝယ်ထားတဲ့ branded Sportsbra တွေဆို ဝယ်တုန်းက ၅ သောင်းပတ်ချာလည်ပေါ့ ဒါပေမဲ့ ခုထိ မရွဲဘူး လူက ဝလာလို့ မတော်တော့တာပဲရှိတယ် ဝတ်တဲ့ အခေါက်ရေနဲ့ ပြန်တွက်ကြည့်မယ်ဆိုရင် အများကြီး ပိုတန်ပါတယ်။

ဒါကြောင့် ကိုယ်က workout လုပ်တာ ဝါသနာပါတယ်ဆိုရင်တော့ workout ပစ္စည်းတွေကို စျေးခပ်ပေါပေါတွေအစား mid-range to high-range ပစ္စည်းတွေကို invest လုပ်စေချင်ပါတယ်။ ခုဆိုရင် BALA တင်မကဘူး local made fitness brand တွေလည်း အများကြီးပေါလာပြီဆိုတော့ ရွေးချယ်စရာလည်း များလာပါပြီ။

BALA မှာဆိုရင် menswear, womensear ကို စျေးတွေက အနည်းဆုံး ၁၂၀၀၀ ကျပ်ကနေ အများဆုံး ၂၉၅၀၀ ကျပ်အထိ Activewear, Athleisure မျိုးစုံရနိုင်ပါတယ်။​ တချို့ tank top လေးတွေ T-shirt လေးတွေဆို အပြင်ပါဝတ်လို့ရတော့ ပိုတန်တာပေါ့နော်။

ပုံထဲမှာကတော့ Leg Day essentials ဖြစ်တဲ့ Converse ဖိနပ်ကောင်းကောင်းတရံ၊ BALA resistance band လေးရယ်၊ နောက်ပြီး squat ထိုင်တာတို့ဘာတို့မှ မရှိမဖြစ်လိုတဲ့ Barbell Pad လေးရယ်ပါ။

Message us for your fitness needs!

Photos from BALA by LLTT's post 21/01/2023

Leg day essentials.

Results Resistance Band (Light) - 9000ks
"Support Your Girls Training Bra (Purple Camo) - 29500ks

All instock!

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Address


Yangon
11111