Fashion Note Company
Shwe Thonedary/Borazi /AungThukha ထုတ်ကုန်များကို Local Brand အဖြစ်ဂုဏ်ယူစွာဖြင့်ဖြန့်ဖြူးသည်။ Borazi
01/05/2026
Happy Pay Day…💸💸💸
10/04/2026
မြန်မာ သင်္ကြန် မုန့်ဖိုး 💰
Note Company
#2026
02/04/2026
ဒီနေ့ကတော့ Fashion Note Company မိသားစုရဲ့ ကျောရိုးတစ်ခုဖြစ်တဲ့ Manager ကိုစည်သူဟိန်းရဲ့ ၃ နှစ်ကျော် လုပ်သက်နှစ်ပတ်လည်နေ့လေးပဲ ဖြစ်ပါတယ်။ 🎊✨
ကိုစည်သူဟိန်းဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကစတင်ပြီး Fashion Note ရဲ့ မိသားစုဝင်အဖြစ် ဝင်ရောက်လာခဲ့ရာ အခုဆိုရင် ၃ နှစ်ကျော်တိုင်တိုင် တာဝန်ကျေပွန်စွာနဲ့ အလုပ်အပေါ် စိတ်စေတနာအပြည့်ထားပြီး လုပ်ကိုင်ပေးခဲ့ပါတယ်ဗျာ။ 💼🤝
ရုံးရဲ့ Operations ကိစ္စတွေ၊ အိမ်ခြံမြေနဲ့ဆိုင်တဲ့ ကိစ္စတွေအပြင် ဝန်ထမ်းတွေရဲ့ လိုအပ်ချက်မှန်သမျှကို အစအဆုံး တာဝန်ယူဖြေရှင်းပေးတတ်တဲ့ အားကိုးရတဲ့ မန်နေဂျာတစ်ဦးလည်း ဖြစ်ပါတယ်။ 🏠🚗🛠️
သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ တာဝန်ကျေပွန်မှုတွေကြောင့် Fashion Note ဟာ ချောချောမွေ့မွေ့လည်ပတ်ခဲ့သလို ဝန်ထမ်းတွေကြားမှာလည်း စည်းလုံးညီညွတ်မှုတွေ တိုးပွားခဲ့ပါတယ်။ 📈🙌
ဒီထက်မက အောင်မြင်မှုတွေ ရရှိပါစေကြောင်းနဲ့ ရှေ့ဆက်ပြီးလည်း Fashion Note နဲ့အတူတူ လက်တွဲလုပ်ကိုင်သွားနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဂုဏ်ပြုမှတ်တမ်းတင်လိုက်ရပါတယ်ရှင်။ 🎂🎉⭐
18/03/2026
✨💐 Fashion Note ရဲ့ Double Celebration & Success Anniversary နေ့လေး ✨
ဒီနေ့ကတော့ Fashion Note မိသားစုရဲ့ ချစ်စွာသော မင်မင်လေး (၂) ယောက်အတွက် တကယ့်ကို ထူးခြားတဲ့ နေ့လေးတစ်နေ့ပါပဲ
ရုံးရဲ့ စာရွက်စာတမ်းကိစ္စတွေနဲ့ Sale ပိုင်းမှာ အားကိုးရတဲ့ Admin ထက်ထက်လင်း ရဲ့ 4th Anniversary လုပ်သက်နဲ့အတူ...
Fashion Note ရဲ့ ခရီးလမ်းမှာ (၅) နှစ်တိုင်တိုင် သစ္စာရှိရှိ လက်တွဲလာခဲ့တဲ့ မင်မင်အငယ်ဆုံးလေး ခင်ဖြိုးဝေ တို့ရဲ့ 5th Anniversary ကို Special Surprise အဖြစ် ပိုက်ဆံပန်းစည်းလေးတွေနဲ့ ဂုဏ်ပြုခဲ့ကြပါတယ် 🎊💵
နှစ်ပေါင်းများစွာ ကုမ္ပဏီ နဲ့ အတူ အတက်အကျ အခြေအနေမျိုးစုံမှာ မိသားစုဝင်တွေလိုပဲ အတူတူ ရင်ဘောင်တန်း ကျော်ဖြတ်လာပေးခဲ့ကြတဲ့အတွက် Founder မမမေသူ ကိုယ်တိုင် အမှတ်တရ Surprise လုပ်ပြီး အသိအမှတ်ပြုပေးခဲ့တာပါ🌸
ပန်းစည်းလေးတွေ လက်ခံရရှိချိန်မှာ ပြုံးပျော်သွားကြတဲ့ Admin လေးတွေရဲ့ မျက်နှာလေးတွေကို ကြည့်ပြီး Team တခုလုံးလည်း အတူတူ ကြည်နူးပျော်ရွှင်ခဲ့ရပါတယ်🥰
မင်မင်ထက်နဲ့ မင်မင်ဖြိုးတို့ နှစ်ဦးလုံး ရှေ့ဆက်မယ့် ခရီးလမ်းမှာလည်း ဒီထက်မက အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ပါစေ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတွေနဲ့အတူ Fashion Note နဲ့အတူတူ လက်တွဲပြီး အောင်မြင်မှုမှတ်တိုင်သစ်တွေကို စဉ်ဆက်မပြတ် စိုက်ထူသွားနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်…💖
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
A1, Star City, Thanlyin
Yangon
11291