Linny's Paradia

Linny's Paradia

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Linny's Paradia, Beauty, cosmetic & personal care, Yangon.

Photos from Linny's Paradia's post 10/02/2024

Vacay Home review လေး နဲ့ အတူ ပြန်လာပြီရှင့်🤗🤗🤗

မင် တလောက Sai's Diary Page လေး က နေ kalaw vacation home လေး ၁ ညတာ တည်းခိုခွင့် giveaway လေး ပေါက်ခဲ့တာမို့ ဒီအိမ်လေး ကိုရောက်ဖြစ် ခဲ့ပါတယ်😊😊😊

အရင်ဦးဆုံးမင်တို့ သွား ဖြစ်တဲ့ plan ပုံစံလေး ကို အရင်ပြော ပြပေး ပါမယ်

မင်တို့က ၂ ယောက်ထဲ သွား လိုက်တာမို့ express နဲ့ပဲ သွား ဖြစ်ခဲ့ပါတယ် ၁ ည ထဲ အိပ် ရင် လည်း လည်ပတ်ဖို့ အချိန်မလုံလောက်တာမို့ ကလော မြို့ပေါ် က ဟိုတယ်လေး မှာ တစ်ည အိပ်ပြီး သွား ချင်တဲ့နေရာလေးတွေ ကို အိုးဝေလေးနဲ့ လည်ခဲ့ပါတယ်

​ဒုတိယ ရက်ကိုတော့ ဒီ vacation home လေး မှာပဲ အပြည့်ဝအနားယူ ခဲ့ပါတယ်

ဒီအိမ်လေး မှာမိသားစု နဲ့ ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ ဖြစ်ဖြစ် အဖွဲ့ လိုက်လာမယ်​ဆို လည်း ဟိုတယ်မှာတည်းရတာနဲ့မတူညီတဲ့ ရသ တစ်မျိုးလေး ခံစားရမှာပါ

မင်တို့လို marriage couple /couple လေးတွေဆိုလည်း ၂ ယောက်ထဲ အေးဆေး လေး လာနား ကြည့် ဖို့ လည်း recommend လုပ်ချင်တယ်ရှင့်🤭🤗

🏡အပန်း​ဖြေလုံးခြင်းအိမ်လုံးငှား​သောဝန်​ဆောင်မှုလေးရဲ့ ဈေးနှုန်းလေးတွေက
••••••••••••••••••••••••••••••••••••••••••••••••••••••••
​စျေးနှုန်း - ၂၂၀,၀၀၀ ကျပ် ( 220,000 Kyat)
(အိပ်ခန်း ၄ ခန်း ပါဝင်​သော လူ ၈ဦးစာအတွက်)
- လူအ​ရေအတွက် (၈)ဦးထပ် ပိုပါက လူတစ်ဦး@အပို
အိပ်ယာအတွက် တစ်ဦးလျှင် (၁၀၀၀၀)ကျပ် ထပ်​မံ
ပေးဆောင်​ရပါမည်။

🛌 အိပ်ခန်းများ
•••••••••••••••••••
- Master Bedroom 1 (နှစ်​ယောက်အိပ်ကုတင်တစ်လုံးပါ)
- Master Bedroom 2 (နှစ်​ယောက်အိပ်ကုတင်တစ်လုံးပါ)
- Standard Twin Bedroom 1 (တစ်​ယောက်အိပ်ကုတင်နှစ်လုံးပါ)
- Standard Twin Bedroom 2 (တစ်​ယောက်အိပ်ကုတင်နှစ်လုံးပါ)ပါတယ်နော်

Wifi နဲ့ မီးကတော့ကောင်း​ကောင်း​လေးနဲ့ ဧည့်သည်​တော်များ အဆင်​ပြေစွာအသုံးပြုနိုင်​အောင် စီစဉ်ပေးထားပါတယ်။

💡EPC မီး က အများနည်းတူ အလှည့်ကျဖြစ်ပြီး EPC မီးပျက်​နေတဲ့ အချိန်​တွေမှာ lighting ရ​အောင် အလိုအ​လျောက် မီး​ပေးစနစ်ရှိပါတယ်။

🚰 ရေပူ ၊ အလိုအ​လျောက် ​ရေတင်စနစ်၊ နဲ့ ​ရေဖိအားမြှင့် Auto water pressure pump စနစ်များက​တော့ EPC မီးလာတဲ့အချိန်မှ အလုပ်လုပ်ပါတယ်

Breakfast &housekeeping service လေးတွေတော့မပါ ပါဘူးနော် အိမ်အတွင်း ထဲ မှာ Towel,ဆပ်ပြာ , သွားတိုက်တံ/သွားတိုက်ဆေး လေးတွေ ထည့်ထားပေး ပြီး

ချက်ပြုတ် စားသောက်ဖို့ အတွက်လည်း အိုးခွက်ပန်းကန် အစုံအလင်လေးထည့် ထားပေး ပါတယ်

ချက်မစား ချင်ဘူး မှာ စားမယ်ဆိုရင် လည်း မှာလို့ရမယ့်စားသောက်ဆိုင်menu card လေး ထည့်ထားပေး ပါတယ် (လာပို့ရင် ဆိုင်ကယ်ကယ် ရီခလေးတော့ပေးရပါတယ်နော် ) (၃၀၀၀/၅၀၀၀ ဝန်းကျင်ပါ)

👉တည်​နေရာ လေးက~ အောင်ပန်း+က​လော+ ပင်​လောင်း လမ်းဆုံမှ တဆင့် ပင်​လောင်းလမ်းဖက်ကဝင်ရင် စစ်ဆေးရေး ဂိတ်ကို အရင် ဖြတ်ရပါတယ်။ဂိတ်ဖြတ်ပြီးဆက်​မောင်းလာရင် မီးရထားဖြတ်လမ်း မ​ရောက်မှီ လမ်းရဲ့ ညာဖက်ခြမ်းမှာ ​ကျောက်တန်းရွာသို့ ဆိုင်းပုဒ်အတိုင်း ဝင်လာလို့ရပါတယ်။ အိမ်ရှေ့အထိ လမ်းဖြောင့်ပြီး ရွာလမ်းတိုပါတယ်။

အသေးစိတ် သိချင်တာလေးတွေ ကို The Great Art Kalaw page လေး မှာသွားမေးလို့ရပါတယ်နော်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon