Zing Raccoon
To familiarize with the digitalized
08/01/2023
ခေတ်နဲ့အညီမပြောင်းလဲနိုင်ရင် နောက်ကျကျန်ခဲ့မှာ လက်ခက်မလွဲပါ
အခုလို လူတိုင်းက Online ပေါ်ကနေ ဈေးရောင်းဈေးဝယ်လုပ်နေကြတဲ့အချိန်မှာ ကိုယ်ကပုံမှန်လိုပဲ ဈေးရောင်းနေတုန်းလား...
ကိုယ်တွေအနေနဲ့က အောင်မြင်တဲ့ စီးပွားရေးတခုကို ဖန်တီးချင်တယ်ဆိုရင် သေချာတယ်... ခေတ်နဲ့အညီပြောင်းလဲတိုးတက်နိုင်မှပဲ ရနိုင်မယ်...
📌လူတွေရဲ့ အာရုံစူးစိုက်နိုင်တဲ့ Span တွေက ဘယ်လောက်ထိ တိုနေပြီလဲ သိလား...
၂စက္ကန့်လောက်ပဲရှိတော့တယ်...
📌Me marketing နဲ့ပဲ ကိုယ့် Product ဘယ်လောက်ကောင်းကြောင်ဒ ဘယ်လိုထုတ်ထားကြောင်း ရှင်းပြလို့ကောင်းနေတုန်းလား...
အောင်မြင်တဲ့စီးပွားရေးတွေ You Marketing နဲ့ စားသုံးသူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ကြိုးစားနေကြပြီ...
📌လူတွေ မသိရင် ဘာအရာစလုပ်ကြတယ်လို့ထင်လဲ...
လက်လှမ်းမှီရာ မျက်မှန်းတန်းမိရာ Brand တွေဆီကိုပဲ အရင်ဆုံးမေးမြန်းလေ့ရှိကြတယ်...
ဒါတွေအားလုံးဟာ ယနေ့ခေတ်စီးပွားရေးသမားတွေအနေနဲ့ သိထားသင့်တဲ့ အချက်လေးတွေပဲ...
ဒီလိုအချက်တွေကို Cover လုပ်ပေးနိုင်တာကတော့ Digitalization ဆိုတဲ့ Cost effective ဖြစ်အောင် Reach Out များအောင် လုပ်ပေးနိုင်တဲ့ Digital assets တွေသုံးပြီး Communication ပုံစံပဲ ဖြစ်တယ်...
ဒါဟာ အဖြေတခု ဖြစ်လို့လာခဲ့ပါတယ်...
Zing Raccoon
30/12/2022
အပြောင်းအလဲနောက်လိုက်နိုင်ဖို့ ဘယ်လောက်အရေးကြီးလဲ
ကျနော်အရင်ကဆို အရမ်းခေါင်းမာတာ...
အပြောင်းအလဲတခုလုပ်ဖို့ဆိုရင် လုံးဝကို မလုပ်ချင်ဘူး...
မသိတာကို သိအောင်လုပ်ခိုင်းရင်လည်း
မသိတဲ့အတိုင်းပဲ ဆက်နေတတ်တဲ့သူမျိုး...
တရက်ကျတော့ ဆရာမက ကျောင်းသားတွေကို စာတပုဒ်ကိုအဖြေရှာခိုင်းတယ်...
ကျနော်ကလည်း မသင်ရသေးတာကို ဘာလို့ရှာရမှာလဲပေါ့...
ခေါင်းကလည်း ခပ်မာမာနဲ့ မရှာဘူး...
အဲ့တာနဲ့ ဆရာမက ကျနော့်ကိုရွေးမေးတဲ့အချိန်ကျတော့ ကျနော်ကလည်း ဘု့ကလန့်ဆိုတော့
"ဆရာမမှ မသင်ရသေးတာ ကျနော်က ဘယ်သိမှာလဲ" ဆိုပြီး ဖြေလိုက်တယ်...
ကျနော်မျှော်လင့်ထားခဲ့တာက ဂျယ်လီပေတံပေမယ့် တကယ်တမ်းကျတော့ အဲ့ထက် နာတဲ့ ဆုံးမစကားတခုပါ...
"ရောမရောက်ရင် ရောမလိုကျင့်ရမယ်...
မကျင့်နိုင်ရင် ဒီလောကမှာ အောင်မြင်နိုင်မှာမဟုတ်ဘူး..."
အပြောင်းအလဲနောက်မလိုက်နိုင်ရင် ကျန်ခဲ့မှာပဲ...
အရင်တုန်းက တီဗီမှာ ကြော်ငြာခဲ့တာတွေက အလုပ်ဖြစ်သလောက် ယနေ့ခေတ်မှာတော့ ငွေကုန်တာပဲ အဖက်တင်တယ်ဆိုတဲ့ ပုံစံမျိုးဖြစ်လာပီ...
အရင်တုန်းက ကြော်ငြာတွေကို သတင်းစာတွေမှာထည့်လိုက်ရင်ကို ရောင်းအားတက်ခဲ့ပေမယ့် ဒီဘက်ခေတ်မှာတော့ သတင်းစာကို နေ့တိုင်းဖတ်တဲ့သူဟာ အတော်လေးနည်းနေပြီ...
ဒါကြောင့် ကျနော်တို့အနေနဲ့ Covid-19 ဖြစ်သွားတဲ့အချိန်မှာဆိုရင် လူချင်းတွေ့မရတဲ့အဆုံး Online Platforms တွေသုံးပြီး လုပ်ငန်းတွေလည်ပတ်ဖို့ကြိုးစားကြတယ်... အဲ့တာကို Digitalization လို့ခေါ်တယ်...
Offline ကနေ Online ပြောင်းကြတဲ့အချိန်မှာ ငါမသိဘူး ငါမတတ်ဘူးဆိုပြီး ခေါင်းမာနေတဲ့သူတွေ အခုလိုက်မမှီတော့ဘူးလေ...
ဒါကြောင့် ကျနော်တို့အနေနဲ့ ခေတ်နဲ့အညီပြောင်းလဲတိုးတက်ဖို့ ကြိုးစားသင့်တယ်... အဲ့တာမှ အောင်မြင်နိုင်မှာပါ...
Zing Raccoon
Click here to claim your Sponsored Listing.
Category
Contact the school
Address
Yangon