Tech For You Gadgets and Electronics
Price and quality value is our priority
08/10/2022
Toshiba R634/D
Japan Used laptop
CPU - Intel Core i5 6200 U @ 2.30GHZ
Ram - 8GB DDR3L
Storage - 256 m2 SATA SSD (Samsung)
LCD - 13.3 inches ( 1360X768)
Port - VGA, HDMI,USB 3.0 x 3,LAN,Audio combo jack
We**am - 2MP with dual arrary microphone
Wifi - Dual Band wireless
Battery - 2.30 to 3 Hours
Body Condition - 95 %
Features - light weight and performance
!!! Including windows and office license
Warranty - 1 Month
Price - 605000 MMK
Contact 09799464009 for more detail
23/09/2020
Amazfit GTR 2 နဲ့ Amazfit GTS 2 စမတ်လက်ပတ်နာရီသစ်တွေကို မိတ်ဆက်လိုက်ပြီး လုပ်ဆောင်ချက်သစ်များစွာ ပါဝင်လာ
==============
မျိုးဆက်သစ် Amazfit GTR 2 နဲ့ Amazfit GTS 2 စမတ်လက်ပတ်နာရီသစ်တွေကို မိတ်ဆက်လိုက်ပြီး သွေးတွင်းအောက်ဆီဂျင်ပမာဏ တိုင်းတာနိုင်တာ၊ ဖုန်းပြောနိုင်တာ စတဲ့လုပ်ဆောင်ချက်သစ်များစွာ ပါဝင်လာပါတယ်။
Amazfit GTR 2 ကတော့ မျက်နှာပြင်အဝိုင်းပုံစံဖြစ်ပြီး ၁.၃၉ လက်မအကျယ် AMOLED မျက်နှာပြင်နဲ့ပါ။ အရင် Amazfit GTR ထက် မျက်နှာပြင်အပြည့်ဖြစ်လာပြီး ဘေးဘောင်တွေကို ဖယ်ရှားလိုက်ပါတယ်။ 471 mAh ဘက်ထရီပါဝင်လာပြီး ပုံမှန်အသုံးပြုရင် ၁၄ ရက်၊ အခြေခံအသုံးပြုမှုအတွက် ၃၈ ရက်အထိ အားခံတယ်လို့ ဆိုထားပါတယ်။ နှလုံးခုန်နှုန်းတိုင်းတာစောင့်ကြည့်တာအပြင် သွေးတွင်းအောက်ဆီဂျင်ပမာဏ တိုင်းတာလာနိုင်ပြီး ဒါက ကိုဗစ်ကာလအတွက် အသုံးဝင်တဲ့ လုပ်ဆောင်ချက်တစ်ခုပါပဲ။ အိမ်တွင်းနဲ့ပြင်ပ Sports Mode ၁၂ မျိုး ပါဝင်လာပါတယ်။ Build-in မိုက်ခရိုဖုန်းပါဝင်လာပြီး ဖုန်းလက်ခံဖြေကြားတာနဲ့ Voice Assistant တွေ ရလာပါမယ်။ eSIM တော့ မပါလို့ ဖုန်းပြောတာအတွက် စမတ်ဖုန်းနဲ့ပဲ ချိတ်ဆက်အသံုးပြုရမှာပါ။
NFC ပါဝင်လာပြီး ငွေပေးချေမှုတွေအတွက် အသုံးပြုလာနိုင်ပါတယ်။ ဒါ့အပြင် MP3 သီချင်းအပုဒ် ၆၀၀ လောက်အထိ နာရီထဲမှာ ထည့်သွင်းနိုင်ပြီး ဖုန်းနဲ့ချိတ်ဆက်စရာမလိုဘဲ သီချင်းနားထောင်လာနိုင်ပါတယ်။ Bluetooth နားကြပ်နဲ့ ချိတ်ဆက်ပြီးတော့ပေါ့။ ရေစိမ်ခံနိုင်စွမ်းကလည်း ၅၀ မီတာအနက်အထိ ရပါတယ်။
Amazfit GTR 2 မှာ Sports နဲ့ Classic ဆိုပြီး ဗားရှင်းနှစ်မျိုး ရှိပါမယ်။ Sports မော်ဒယ်က ဒေါ်လာ ၁၅၀ နဲ့ Classic မော်ဒယ်ကတော့ ဒေါ်လာ ၁၆၀ ဈေးနှုန်း သတ်မှတ်ထားပါတယ်။
Amazfit GTS 2 က ၁.၆၅ လက်မ မျက်နှာပြင်အကျယ်ရှိပြီး Amazfit GTR 2 လိုမျိုး လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ ဘက်ထရီကတော့ 246 mAh ပဲ ပါဝင်ပါမယ်။ ပုံမှန်အသုံးပြုမှုအတွက် ၇ ရက်နဲ့ Long Battery Life Mode ဆိုရင်တော့ ရက် ၂၀ အသုံးခံမယ်လို့ ဆိုထားပါတယ်။ အနက်ရောင်၊ ခဲရောင်နဲ့ ရွှေရောင်တို့ရှိပြီး ဈေးနှုန်းက ဒေါ်လာ ၁၅၀ ပါ။
Credit - https://m.facebook.com/story.php?story_fbid=1767899483359737&id=133427683473600
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11421