FRC Myanmar
This is the official page of Finnish Refugee council in Myanmar.
08/08/2025
09/03/2025
မင်္ဂလာပါ .....
ယနေ့မှာတော့ “အခြေခံဆိုလာပန်နယ်တပ်ဆင်ခြင်းသင်တန်း (Basic Solar Panel Installation Course)” ၏ မိုက်ခရိုသင်တန်းတစ်ခုဖြစ်သော “အင်ဗာတာနှင့်လျှပ်စစ်စနစ် (Inverter and Electrical System)” အကြောင်းလေးကို တင်ဆက်ပေးသွားပါမည်။
ဤမိုက်ခရိုသင်တန်းတွင် လေ့လာရမည့် အကြောင်းအရာ အကျဉ်းချုပ်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -
✔အင်ဗာတာ (inverter) နှင့် အင်ဗာတာအမျိုးအစားများ
✔အင်ဗာတာ၏ လုပ်ဆောင်ချက် function များ
✔လျှပ်စစ်စနစ်များ (Electrical System)
✔အင်ဗာတာနှင့် ဆိုလာချပ်များ ချိတ်ဆက်အသုံးပြုပုံများ
✔အင်ဗာတာနှင့် ဘက်ထရီ ချိတ်ဆက် အသုံးပြုပုံများ
စသည်တို့ဖြစ်ပါသည်။ မိုက်ခရိုသင်တန်းတစ်ခုလုံးကို လေ့လာသင်ယူပြီးသောအခါ သင်ယူသူများအနေဖြင့် အောက်ပါ သင်ယူမှုရလဒ်များကို သိရှိမှတ်သားရရှိသွားမည် ဖြစ်ပါသည် -
လျှပ်စစ်စနစ်တွင် အသုံးပြုသည့် အင်ဗာတာများအကြောင်း နားလည်ရန်
အင်ဗာတာ လုပ်ဆောင်ချက် ၊ ဆိုလာ ဘက်ထရီနှင့် ဆက်သွယ်တပ်ဆင်ခြင်းအကြောင်း နားလည်ရန်
AC လျှပ်စစ်နှင့် DC လျှပ်စစ်စနစ်များကို နားလည်သိရှိရန်
Single phase နှင့် Three Phase လျှပ်စစ်စနစ်များအကြောင်း နားလည်ရန်
အင်ဗာတာအမျိုးအစားများဖြစ်သည့် on grid, off grid နှင့် hybrid inverter များအကြောင်း သိရှိနားလည်ရန် တို့ဖြစ်ပါသည်။
ဤမိုက်ခရိုသင်တန်းကို “Myanmar Youth Platform” ပေါ်တွင် ၂၀၂၅ ခုနှစ်၊ မတ်လမှစတင်ပြီး မြန်မာဘာသာဖြင့် လေ့လာနိုင်တော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ဆက်လက်လေ့လာရန် -
Website: https://mmyouth.net/
Facebook: https://www.facebook.com/profile.php?id=61569256545138&mibextid=ZbWKwL
08/03/2025
မင်္ဂလာပါ .....
ယနေ့မှာတော့ “အခြေခံဆိုလာပန်နယ်တပ်ဆင်ခြင်းသင်တန်း (Basic Solar Panel Installation Course)” ၏ မိုက်ခရိုသင်တန်းတစ်ခုဖြစ်သော “ဆိုလာနည်းပညာ အခြေခံ (Solar Technology Fundamentals)” အကြောင်းလေးကို တင်ဆက်ပေးသွားပါမည်။
ဤမိုက်ခရိုသင်တန်းတွင် လေ့လာရမည့် အကြောင်းအရာ အကျဉ်းချုပ်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -
✔️အခြေခံ photovoltaic (PV) နည်းပညာများအကြောင်း
✔️ဆိုလာဆဲလ် (solar cell) နှင့် ဆိုလာမော်ဂျူး (PV module) များအကြောင်း
✔️PV module များ၏ သတ်မှတ်ချက် (parameters) များအကြောင်း
✔️Solar power စနစ်များအကြောင်း
✔️Solar power စနစ်များရှိ ပစ္စည်းများနှင့် တပ်ဆင်မှုများအကြောင်း
စသည်တို့ဖြစ်ပါသည်။ မိုက်ခရိုသင်တန်းတစ်ခုလုံးကို လေ့လာသင်ယူပြီးသောအခါ သင်ယူသူများအနေဖြင့် အောက်ပါ သင်ယူမှုရလဒ်များကို သိရှိမှတ်သားရရှိသွားမည် ဖြစ်ပါသည် -
- ဆိုလာ နည်းပညာများအကြောင်း သိရှိနားလည်ရန်
- ဆိုလာပါဝါ (Solar power) စနစ်များအလုပ်လုပ်ပုံ သဘောတရားကို နားလည်ရန်
- Solar cell ၊ module/panel များ ၊ ဘက်ထရီ ၊ အင်ဗာတာများ၏အခြေခံ သတ်မှတ်ချက် (specifications) များကို နားလည်ရန်
- Off-grid ၊ on-grid နှင့် hybrid စနစ်များအကြောင်း သိရှိနားလည်ရန် တို့ဖြစ်ပါသည်။
ဤမိုက်ခရိုသင်တန်းကို “Myanmar Youth Platform” ပေါ်တွင် ၂၀၂၅ ခုနှစ်၊ မတ်လမှစတင်ပြီး မြန်မာဘာသာဖြင့် လေ့လာနိုင်တော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ဆက်လက်လေ့လာရန် -
Website: https://mmyouth.net/
Facebook: https://www.facebook.com/profile.php?id=61569256545138&mibextid=ZbWKwL
08/03/2025
မင်္ဂလာပါ .....
ယနေ့မှာတော့ “အခြေခံဆိုလာပန်နယ်တပ်ဆင်ခြင်းသင်တန်း (Basic Solar Panel Installation Course)” ၏ မိုက်ခရိုသင်တန်းတစ်ခုဖြစ်သော “လျှပ်စစ်အခြေခံ (Basics of Electricity)” အကြောင်းလေးကို တင်ဆက်ပေးသွားပါမည်။
ဤမိုက်ခရိုသင်တန်းတွင် လေ့လာရမည့် အကြောင်းအရာ အကျဉ်းချုပ်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -
✔️Introduction to Electricity (လျှပ်စစ်အခြေခံအကြောင်း မိတ်ဆက်)
✔️လျှပ်စစ်အခြေခံ အယူအဆများဖြစ်သည့် လျှပ်စီး (current)၊ လျှပ်စစ်တွန်းကန်အား (voltage)၊ လျှပ်စစ်ခုခံမှု (resistance)၊ လျှပ်စစ်စွမ်းအား (power)
✔️လျှပ်ကူးပစ္စည်းနှင့် လျှပ်ကာပစ္စည်းများ
✔️လျှပ်စစ်အခြေခံယူနစ်များ
✔️လျှပ်စစ် အခြေခံပတ်လမ်းများ
✔️ပြန်လှန်လျှပ်စစ် (AC) နှင့် တိုက်ရိုက်လျှပ်စစ် (DC) အခြေခံ
✔️Voltage၊ Current နှင့် Resistance တိုင်းတာမှုများ
✔️အုမ်းနိယာမ
✔️လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး
စသည်တို့ဖြစ်ပါသည်။ မိုက်ခရိုသင်တန်းတစ်ခုလုံးကို လေ့လာသင်ယူပြီးသောအခါ သင်ယူသူများအနေဖြင့် အောက်ပါ သင်ယူမှုရလဒ်များကို သိရှိမှတ်သားရရှိသွားမည် ဖြစ်ပါသည် -
- နေ့စဉ်အသုံးပြုနေသော လျှပ်စစ်အခြေခံများအကြောင်း သိရှိနားလည်ရန်
- လျှပ်စစ်၏ အသုံးဝင်ပုံနှင့် အရေးကြီးပုံကို သိရှိနားလည်ရန်
- လျှပ်စစ်အခြေခံအကြောင်းအရာဖြစ်သည့် Current, Voltage, Resistance and Power များအကြောင်း နားလည်ရန်
- Current, Voltage, Resistance and Power တို့ကို မီတာဖြင့် တိုင်းတာနိုင်ရန်
- လျှပ်စစ်ပတ်လမ်းများအကြောင်း နားလည်ပြီး အသုံးချနိုင်ရန်
- လျှပ်စစ်အန္တရာယ်ကင်းရှေးရေးအကြောင်း နားလည်သိရှိပြီး လက်တွေ့အသုံးချနိုင်ရန် တို့ဖြစ်ပါသည်။
ဤမိုက်ခရိုသင်တန်းကို “Myanmar Youth Platform” ပေါ်တွင် ၂၀၂၅ ခုနှစ်၊ မတ်လမှစတင်ပြီး မြန်မာဘာသာဖြင့် လေ့လာနိုင်တော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
Click here to claim your Sponsored Listing.
Category
Contact the organization
Website
Address
Finnish Refugee Council I #1Finnish Refugee Council FRC #40, Room-101, Myay Nu Street, Sanchaung Township
Yangon