Sharing Success
Knowledge
28/11/2021
ဘယ်လို အချိန်မှာ နားလည်မှုလွဲနိုင်လဲ?
လူတစ်ယောက်ရဲ့စကားကို ဆုံးအောင်နားမထောင်တဲ့အချိန်။
လူတစ်ယောက်ရဲ့ ခံစားချက်ကို မမေးဘဲ ဆုံးဖြတ်ချက်ချတဲ့အချိန်။
ဒေါသကြီးနေတဲ့အချိန်။
အကျိုးအကြောင်းမျှမတွေးဘဲ တစ်ဖက်တည်း ပြောဆိုနေချိန်။
လူတစ်ယောက်ဘယ်လောက်ပဲပညာတတ်တတ် ရာထူးတွေကြီးနေပါစေ လူတစ်ဖက်သားကို မလေးမစားဆက်ဆံတတ်ရင် ထို သူသည် Professional တစ်ယောက်ဖြစ်လာလိမ့်မည်မဟုတ်။
လူတိုင်းရဲ့စကားကို နားထောင်ပေးပြီး အခက်အခဲတွေကို ဖြေရှင်းပေးတတ်တဲ့ ခေါင်ဆောင်ကောင်းဖြစ်အောင် ကြိုးစာပါ။
ကျွမ်းကျင်တိုင်း Professional မဟုတ်ပါ။
ကိုယ်တိုင်လည်း အများကြီးကြိုးစားရမယ်💪💪💪
😊
NCHL
28.11.2021
25/09/2021
အကြိုက်ဆုံးစကားစုတစ်ချို့
ငါးကြီးကြီး လိုချင်ရင်
ပင်လယ်ထဲကို သွားပါ ။
ဒါပေမယ့်
မုန်တိုင်းတော့ ရှိပါလိမ့်မယ် ။
ဘဝကို ကြက်တူရွေးလို မနေဘဲ
သိန်းငှက်လို ကျင့်ကြံပါ
ကြက်တူရွေးက စကားတတ်ပေမဲ့
မြင့်မပျံနိူင်ဘူး
သိန်းငှက်က နူတ်ဆိတ်ပေမဲ့
မိုးထိအောင် ပျံနိူင်တယ် ။
ကြိုးစားတဲ့ လူတိုင်းက
မအောင်မြင်ပါဘူး
ဒါပေမယ့်
အောင်မြင်နေတဲ့ သူတိုင်းက
ကြိုးစားခဲ့ကြပါတယ် ။
လမ်းပျောက်နေလို့
စိတ်ဓာတ်မကျပါနဲ့
ကိုယ်လျှောက်မယ့် လမ်းက
ကိုယ်တိုင်ဘဲ ဖောက်ရမှာပါ ။
လူ့ သက်တမ်းက
အကန့်သတ်ရှိတာ မှန်ပါတယ်
ဒါပေမဲ့ သင့်ကြိုးစားမှု့ ရလဒ်ကတော့ အကန့်သတ် မရှိပါဘူး ။
အစိတ်စိတ် ကွဲနေတဲ့
ဖန်ကွဲစက ပြောတယ် ဖြစ်ပြီးမှ
နောင်တရနေရင် အလကားဘဲ ။
ဘောပင်က ပြောတယ်
မှင်ကုန်ရင် လွင့်ပစ်လိုက်ပါတဲ့
မင်းအတွက် အသုံးမဝင်တာကို
သိမ်းမထားပါနဲ့တဲ့
တံခါးပေါက်က ပြောတယ်
ငါ့ကို ဖွင့်ပီး
မင်းအောင်မြင်မှု့ လမ်းကြောင်းကို
ရောက်အောင် သွားတဲ့ ။
မီးသီးကပြောတယ်
ဘဝကို တောက်ပအောင် လုပ်ပါတဲ့ ။
ပြတင်းပေါက်က မြင်ရတဲ့
လမင်းက ပြောတယ်
ရည်မှန်းချက်ကို မြင့်မြင့်ထားတဲ့
ပြက္ခဒိန်ကပြောတယ်
ကုန်လွန်သွားတဲ့ ရက်စွဲတွေက
နောက်ပြန်လှည့်လို့ မရဘူး
စာအုပ်တွေကပြောတယ်
ဗဟုသုတကို ဝယ်လို့မရဘူး
ဖတ်ပြီး မှတ်လို့ဘဲ ရတယ် ။
ဓားတစ်လက်က ပြောတယ်
မသုံးဘဲထားရင်
တုံးသွား လိမ့်မယ်တဲ့
နာရီလေးက ပြောတယ်
အချိန်ဆိုတာနောက်ပြန်မရနိူင်ဘူး။
ရေသန့်ဘူးက ပြောတယ်
စိတ်ကိုကြည်လင်အောင်ထား
ဘဝကို သန့်ရှင်းအောင်နေတဲ့ ။
ပိုက်ဆံလေးက ပြောတယ်
များများ သုံးချင်ရင်များများရှာတဲ့။
. ......
မေတ္တာဖြင့်
အရှင်ဝိသုတ (ညောင်တုန်း)
10/09/2021
Sharing Success🤗
Sharing Success Finance & Account Services မှ လူကြီးမင်းတို့အတွက် အောက်ပါဝန်ဆောင်မှုများ ကို စျေးနှုန်းချိုသာစွာဖြင့်လုပ်ဆောင်ပေးနေပါသည်။
- Cash Flow
- Expense Details
- Income Details
- Account Payable Reports
- Account Receiveable Reports
- Fix Assets List
- Cash Book Detail
- Profit or Loss
- Balance Sheet
- Tax Report
Small Bussiness များကို အခက်အခဲမရှိစေရန်
Fomat ချပေးခြင်း Fomat အတွင်း စာရင်း ထည့်နည်းများကိုပါ နားလည်သည်အထိ ရှင်းပြပေးနိုင်ပါသည်။Reports များကို စစ်ဆေးပြီး စာရင်းရေးဆွဲနိုင်ပါသည်။
online shop အသေးစားများအတွက် စာရင်းများကိုလည်းသက်သာသောနှုန်းထားဖြင့် ရေးဆွဲပေးနေပါသည်။
Ph - 09- 950000136,09 - 401579659
Email. [email protected]
[email protected]
Click here to claim your Sponsored Listing.
Category
Contact the hotel
Website
Address
15
Yangon
240715