PPK SHOP

PPK SHOP

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PPK SHOP, Clothing Store, Yangon.

Photos from PPK SHOP's post 16/10/2024

သီတင်းကျွတ် မီးထွန်းပွဲတော်

29/05/2023

စိတ်မပျော်တဲ့အခါ....
- နားကြပ်တပ်ပြီး သီချင်းနားထောင်ပါ။
- motivation ပေးတဲ့စာအုပ်ဖတ်ပါ။
- စိိတ်မထိန်းနိုင်တဲ့အခါ ငိုချင် ငိုလိုက်ပါ။
- ဘာမှ မတွေးဘဲ တရေးလောက် အိပ်လိုက်ပါ။
- အချိုဓာတ်လေး အနည်းငယ်ဖြည့်ပေးပါ။
ဥပမာ ကိတ်စားတာ၊သကြားလုံးငုံပေးတာ။
ဘဝက ခါးပေမဲ့ လက်ထဲမှာ သကြားလုံး
ရှိတယ်လေ။
- ဆရာလယ်တွင်းသားစောချစ်ရဲ့စာပေ
ဟောပြောပွဲတွေ နားထောင်ကြည့်ပါ။
- ခံစားနေရတာ စာအုပ်ထဲ ချရေးလိုက်ပါ။
စိတ်မပျော်တဲ့အကြောင်း သုံးခါလောက်
ထပ်ခါထပ်ခါ ချရေးလိုက်ပါ။ဒီအရာက
ထင်သလောက် အရေးမပါမှန်း သိသွားမယ်။
- ဖုန်းထဲက Album ထဲ ကိုယ့်ဓာတ်ပုံတွေ
ကို ပြန်ကြည့်ပါ။အမှတ်တရကောင်းတွေကို
ပြန်တွေးကြည့်ပါ။
- ဘဝက ထင်သလောက် မလွယ်ကူဘူး။
ကြိုးစားရှင်သန်ရတယ်ဆိုတာ သတိရပါ။
- ကောင်းကင်ပေါ်က ငှက်လေးတွေကို
ငေးကြည့်ပါ။တောင်တန်းတွေကို ကြည့်ပါ။
- ဝါသနာပါရာ တစ်ခုခုလုပ်ပါ။
ပန်းချီဆွဲတာ၊ဂီတာတီးတာ၊ဟင်းချက်တာ၊
ဂိမ်းဆော့တာ၊ပန်းစိုက်တာ စသဖြင့်။
- Run Your Race ကိုယ့်ဘဝရဲ့
လမ်းကြောင်းပေါ်မှာပဲ ပြေးနေပါ။
- It's a bad day not a bad life
ဆိုတဲ့ စကားကို ပြန်သတိရလိုက်ပါ။
- ဘာမှ လုပ်ချင်စိတ်မရှိရင် ဒီတိုင်းစိတ်ကို
လေလွင့်ခွင့်ပေးလိုက်ပါ။ခဏလောက်
လွတ်ချလိုက်ပါ။

(ကိုယ့်ဘဝအတွက် ကိုယ်ဟာ အမြဲတမ်း
ကြံ့ခိုင်သန်မာနေရမယ်။မောလာတဲ့အခါ
စိတ်ရောကိုယ်ပါ ခဏအနားယူပြီး ပြန်ရှေ့
ဆက်ကြမယ်။အေးဆေးပေါ့....။)

#နူးနူးအောင်

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon