Math Stars Academy - MSA

Math Stars Academy - MSA

Share

International Maths - Singapore Curriculum Enroll Now : 09 40 10 60 458/ 459

26/11/2025

📚 သင်္ချာမှာ အမှားနည်းအောင် ကြိုတင်ပြင်ဆင်နည်း- မိဘများအတွက် အကြံဉာဏ် (၃) ခု 📝

သင်္ချာမှာ သားသားမီးမီးတို့ တကယ်အောင်မြင်ဖို့ဆိုတာ "ဉာဏ်ကောင်းဖို့" ထက် "အမှားနည်းတဲ့ အလေ့အကျင့်" နဲ့ "ထိရောက်တဲ့ ပြင်ဆင်မှု" က ပိုပြီး အရေးကြီးပါတယ်နော်။ ဒါကြောင့်၊ သားသားမီးမီးတို့ကို အမှားနည်းတဲ့ သင်္ချာကျောင်းသားလေးဖြစ်လာအောင် လေ့ကျင့်ပေးနိုင်မယ့် အရေးပါတဲ့ အကြံပြုချက် (၃) ခုကို ဝေမျှပေးလိုက်ပါတယ်နော်။

၁။ အိမ်စာကို 'အပြီးသတ် (Finish)' အဖြစ် မမြင်စေပါနဲ့ ❌
သင့်ကလေးကို အိမ်စာဆိုတာ ဆရာ/မ ကို ပြဖို့ ပြီးသွားရုံတင် မဟုတ်ဘဲ၊ သင်ယူမှုကို ခိုင်မာစေဖို့ လေ့ကျင့်ခြင်း ဖြစ်တယ်ဆိုတာ နားလည်အောင် သင်ပေးပါ။

အိမ်စာပြီးတာနဲ့ ချက်ချင်း ပိတ်မပစ်ခိုင်းပါနဲ့နော်။ တွက်ချက်မှုတိုင်းကို ရှင်းလင်းစွာ ပြန်လည်စစ်ဆေးခိုင်းပါ။

အဖြေမှန်ရင်တောင် နည်းလမ်းမှန်ကန်ကြောင်း ထပ်မံစစ်ဆေးခိုင်းခြင်း က အမှားရှာဖွေတတ်တဲ့ အလေ့အကျင့်ကောင်းတစ်ခု ရစေပါတယ်။

၂။ စာမေးပွဲပုံစံ လေ့ကျင့်ခန်းကို အချိန်ပိုင်း ခွဲလုပ်ခိုင်းပါ 📑
စာမေးပွဲအတွက် လေ့လာတဲ့အခါ လေ့ကျင့်ခန်းတွေကို အပိုင်းငယ်လေးတွေ ခွဲပြီး တွက်ခိုင်းပါ။ ဒါမှသာ စိတ်ပင်ပန်းနွမ်းနယ်မှုကို လျှော့ချနိုင်မှာပါ။
ပုစ္ဆာ (၅) ခု တွက်ပြီးရင် ၁၀ မိနစ်နားပါ။ နားချိန်ပြီး နောက်ပုစ္ဆာ (၅) ခုကို စဉ်းစားတဲ့အခါ နည်းလမ်းသစ်တစ်ခုကို သုံးပြီး ပြန်လည်တွက်ခိုင်းကြည့်ပါ။

ဒီနည်းလမ်းက သားသားမီးမီးတို့ရဲ့ အာရုံစူးစိုက်မှုကို ထိန်းသိမ်းရာမှာ အထောက်အကူပြုပါတယ်။

၃။ အဖြေရဲ့ 'ယူနစ် (Units)' ကို အမြဲ ဂရုစိုက်ခိုင်းပါ 📏
ကလေးတွေ အများဆုံး မှားတတ်တာက ယူနစ် (Units) ဖြစ်ပါတယ် (ဥပမာ- စင်တီမီတာအစား မီတာလို့ ရေးတာမျိုး)။ ဒါဟာ ဂဏန်းတွက်ချက်မှု မှန်ပေမဲ့ အမှတ်လျှော့ခံရနိုင်ပါတယ်။

ထို့ကြောင့် စကားလုံးပုစ္ဆာတိုင်းကို ဖြေဆိုတဲ့အခါ နောက်ဆုံး ယူနစ်ကို သေချာရေးသားဖို့ နှင့် မျဉ်းတားဖို့ ကိုပါ မမေ့အောင် ဂရုစိုက်ခိုင်းပါနော်။

ဒီလို သေးငယ်တဲ့ အလေ့အကျင့်လေးတွေက သားသားမီးမီးတို့ကို သင်္ချာမှာ ပိုမိုတိကျပြီး အောင်မြင်တဲ့သူတွေ ဖြစ်လာစေမှာပါ! 🏆

11/11/2025

💡 ဒီနေ့မှာတော့ သားသားမီးမီးတို့ သင်ယူနေတဲ့ သင်္ချာနည်းသစ်များနဲ့ ပတ်သက်တဲ့ မိဘများ သိထားသင့်တဲ့ အချက် ၃ ချက်ကို မျှဝေပေးလိုက်ပါတယ်! 📚✨

မိဘများအနေဖြင့် ကလေးတွေရဲ့ သင်္ချာအိမ်စာတွေကို ကြည့်ပြီး "ဟာ... ကိုယ့်တုန်းက ဒီလို မတွက်ခဲ့ရပါဘူးနော်" လို့ စိတ်ထဲက ထူးဆန်းနေဖူးပါသလား? 🤔 ဟုတ်ပါတယ်၊ သင်္ချာသင်တဲ့ နည်းလမ်းတွေက ခေတ်နဲ့အညီ ပြောင်းလဲလာတာပါ။ အဓိကကတော့ အဖြေမှန်ရဖို့ထက်၊ သင်္ချာရဲ့ အယူအဆ (Concept) ကို သားသားမီးမီးတွေ စိတ်ထဲကနေ တကယ် နားလည်သွားစေဖို့ ပဲ ဖြစ်ပါတယ်။ 💯

အဲဒီလို ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်မယ့် အချက် (၃) ချက်ကို အောက်မှာ ကြည့်လိုက်ရအောင်နော်။ 👇

၁။ ပုံလေးတွေဆွဲပြီး တွက်နည်း 👀
အခုခေတ် သင်္ချာသင်ခန်းစာတွေမှာ ကိန်းဂဏန်းတွေချည်း သုံးမယ့်အစား ရိုးရှင်းတဲ့ ပုံဆွဲနည်းတွေ၊ စက်ဝိုင်းပုံလေးတွေနဲ့ ဇယားကွက် တွေ သုံးပြီး တွက်ခိုင်းတာကို တွေ့ရပါလိမ့်မယ်။

စိတ်ကူးနဲ့သာ မြင်နိုင်တဲ့ ကိန်းဂဏန်းတွေကို ပုံဆွဲပြီး မြင်လိုက်ရတဲ့အခါ သားသားမီးမီး ဟာ ဘာကြောင့် ပေါင်းရတယ်၊ ဘာကြောင့် နုတ်ရတယ်ဆိုတာကို ပိုပြီး နားလည်သွားစေဖို့ ဖြစ်ပါတယ်။ ဥပမာ- အပိုင်းကိန်း (Fractions)တွေ ကို သင်တဲ့အခါ ကိတ်မုန့်တစ်ခုကို ခွဲခြမ်းပြီးလက်တွေ့ပြတာမျိုးပဲ ဖြစ်ပါတယ်။

နားမလည်ရင် ကိန်းဂဏန်းတွေနဲ့ အတင်းမတွက်ခိုင်းဘဲ၊ ပုံလေးဆွဲပြီး ရှင်းပြခိုင်းပါ။ ✍️

၂။ လက်တွေ့အခြေအနေပြ ပုစ္ဆာကို ဖြေရှင်းနည်း 🗺
သင်္ချာပြဿနာတွေကို လက်တွေ့ဘဝထဲက အခြေအနေတွေနဲ့ (ဥပမာ-ဈေးဝယ်ထွက်တာ၊ ပစ္စည်းခွဲဝေတာ) ဆင်ပြီး မေးလာတတ်ပါတယ်။ ဒါတွေဟာ ရိုးရိုးတွက်ချက်ခြင်းထက်၊ အခြေအနေကို နားလည်ပြီး ဖြေရှင်းတတ်ဖို့ ကို အဓိက အားပေးတာ ဖြစ်ပါတယ်။

သားသားမီးမီး ကို ချက်ချင်း တွက်ခိုင်းတာထက်၊ အောက်ပါ မေးခွန်း (၃) ခု ကို အရင်မေးပြီး လမ်းညွှန်မှု ပေးနိုင်ပါတယ်။

"ဒီပုစ္ဆာက ဘာအကြောင်းလဲ''

"ဘယ်ကိန်းဂဏန်းတွေ ပေးထားလဲ"

"ကျွန်တော်တို့ကို ဘာရှာခိုင်းတာလဲ"

👉 ဒီလို အဆင့်ဆင့် စဉ်းစားခိုင်းတာဟာ ပြဿနာကို ရင်ဆိုင်ဖြေရှင်းတတ်တဲ့ အလေ့အကျင့်ကို ရစေမှာဖြစ်ပါတယ်။

၃။ ကျောင်းသင်နည်းကိုပဲ လက်ခံပါ 🤝
မိဘက ကိုယ်ငယ်ငယ်က တတ်ခဲ့တဲ့ "အမြန်တွက်နည်း" ဒါမှမဟုတ် "ဖြတ်လမ်းနည်း" တွေနဲ့ ဝင်ပြီး ကူညီပေးလိုက်ရင် သားသားမီးမီး ရဲ့ စိတ်ထဲမှာ ရှုပ်သွားတတ်ပါတယ်။ ကျောင်းမှာ သင်ပေးတဲ့ "တွေးခေါ်ပုံစနစ်" က သူတို့ရဲ့ လက်ရှိ သင်ရိုးညွှန်းတမ်းနဲ့ အကိုက်ညီဆုံးပါ။ဒါကြောင့် မိဘများအနေဖြင့် ကျောင်းသင်နည်းစနစ်နဲ့ တစ်ထပ်တည်းကျအောင် ပံ့ပိုးပေးမှသာ သားသားမီးမီးရဲ့ သင်ယူမှုက ပိုမို အကျိုးရှိလာမှာ ဖြစ်ပါတယ်!

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Building No (86-84), Ground Floor, 52nd Street, (Middle Block), Pazundaung Township
Yangon
11171