Lingo Valley
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lingo Valley, Language school, Yangon.
14/03/2023
Learners တို့ရေ
ဒီနေ့မှာတော့ IELTS လေ့လာတဲ့အခါ အမှတ်မှားလေ့ရှိကြတဲ့ myths တွေကို ပြောပြပေးပါ့မယ်။
Myth 1
IELTS score က ကိုယ့်ရဲ့ language proficiency ပေါ်မှာပဲ မူတည်ပါတယ်။
Fact
IELTS ဖြေဆိုဖို့ language proficiency က အရေးကြီးပါတယ်။ ဒါပေမယ့် Exam format ကိုလေ့လာထားတာ၊ အချိန်စီမံခန့််ခွဲနိုင်တာ နဲ့ exam strategies တွေသိတာကလည်း IELTS score အတွက်အရေးကြီးပါတယ်။
Myth 2
IELTS score က နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့်သူတွေအတွက်ပဲလိုတာပါ။
Fact
IELTS ကို ကျောင်းတက်တာအပြင်၊ English စကားပြောန်ိုင်ငံတွေမှာ အလုပ်လုပ်ဖို့(ဒါမှမဟုတ်) ပြောင်းရွှေ့နေထိုင်ဖို့အတွက်လည်း IELTS score ကလိုအပ်ပါတယ်။
Myth 3
IELTS လေ့ကျင်ဖို့ မဖြစ်မနေ preparation class တက်သင့်ပါတယ်။
Fact
IELTS preparation class တက်တာ၊ mentor ရှိတာက တော်တော်လေးအထောက်အကူပြုပါတယ်။ self-study လုပ်ရင် အချိန်တွေ effort တွေအများကြီးသုံးပြီးမှသိနိုင်မယ့် နည်းလမ်းတွေ၊ လေ့ကျင့်ခန်းတွေကို အချိန်တိုအတွင်းသိနိုင်မယ့်အပြင် effective feedback တွေရနိုင်ပါတယ်။
ဒါပေမယ့် IELTS class တက်မှ စာမေးပွဲဖြေန်ိုင်တာ မဟုတ်သလို self-study လုပ်ပြီး IELTS band score ကောင်းကြတဲ့သူတွေလည်း အများကြီးရှိပါတယ်။
Myth 4
IELTS မှာ reading နဲ့ listening ပဲ အဓိက လေ့ကျင့်ဖို့လိုတယ်။
Fact
တချို့က output ထုတ်ရတဲ့အပိုင်းတွေဖြစ်တဲ့ writing နဲ့ speaking ကို သိပ်လေ့ကျင့်စရာမလိုဘဲ စာမေးပွဲရောက်မှ ကြည့်လုပ်လို့ရတယ်ဆိုပြီး ထင်တတ်ကြတယ်။ လက်တွေ့မှာကတော့ IELTS ရဲ့ skill(4)ပိုင်းလုံးကို သေချာလေ့ကျင့်မှ လိုချင်တဲ့ score ရဖို့ ပိုနီးစပ်နိုင်ပါတယ်။
အခုဆိုရင် learners တို့လည်း IELTS နဲ့ပတ်သက်တဲ့ myths တွေကို သိရှိသွားပြီလို့ ယုံကြည်ပါတယ်။
Lingo Valley
Boost your learning momentum with Lingo Valley
07/01/2023
Hello learners တို့ရေ… 📚
ဒီနေ့မှာ IELTS ကို လေ့လာနေကြတဲ့ (ဒါမှမဟုတ်) လေ့လာဖို့ ပြင်ဆင်နေကြတဲ့ သူတွေအတွက် Lingo Valley က လက်ဆောင်လေး တစ်ခု စီစဉ်ထားပါတယ်။
အဲ့ဒါကတော့ IELTS နဲ့ သက်ဆိုင်တဲ့ Listening, reading, speaking and writing ဆိုင်ရာ…
🌟Audios
🌟Videos
🌟နာမည်ကြီး ebooks တွေထဲက IELTS လေ့လာသူတွေနဲ့ အသင့်တော်ဆုံး “Collins IELTS, Simon IELTS, Road to IELTS Success, Premium IELTS tests and sample answers, IELTS Band 9 vocab secrets” အစရှိတဲ့ စာအုပ်ပေါင်း 30+ ကျော် တို့ကို 📂 တစ်နေရာထဲ စုစည်းပြီး “ IELTS virtual knowledge box” အနေနဲ့ မျှဝေသွားမှာဖြစ်ပါတယ်။
ခုပဲ Lingo Valley page ကို learners တို့ရဲ့ email address ပေးပြီး “IELTS virtual knowledge box” ကိုရယူလိုက်ပါ။🎁
📣 ဒါ့အပြင် Lingo Valley က exclusive opportunity အနေနဲ့ “IELTS study routine tracker” ကိုလည်း စီစဉ်ထားပါတယ်။
🌟 Exclusive IELTS study routine tracker ဆိုတာ ဘာလဲ။
ပုံမှန်အားဖြင့် IELTS လေ့လာကြတဲ့သူတော်တော်များများက self-study လုပ်ရင် effective မဖြစ်တာ၊ သိသိသာသာ မတိုးတက်လာတာမျိုး ကြုံရတတ်ပါတယ်။
IELTS ကို study လုပ်တဲ့အခါ စိတ်ပါတဲ့အချိန် လုပ်တာထက် study habit တစ်ခုဖြစ်လာအောင်ထိ routine ချပြီး လုပ်ဖို့ အရေးကြီးပါတယ်။
ဒါကြောင့် Lingo Valley က လက်ရှိ IELTS လေ့လာနေသူတွေကို လေ့ကျင့်ပေးနေတဲ့…
“ Exclusive IELTS study routine tracker” ကို learners တို့အတွက် လက်ဆောင်ပေးသွားမှာပဲ ဖြစ်ပါတယ်။
🌟“ Exclusive IELTS study routine tracker” ထဲမှာ ဘာတွေပါလဲ။
IELTS resources တွေအများကြီးရှိပြီး ဘယ်ကနေ ဘယ်လိုစလုပ်ရမှန်းမသိတဲ့သူတွေ ၊ study routine တစ်ခုအနေနဲ့ နေ့စဉ်စာပုံမှန်လုပ်ချင်တဲ့သူတွေအတွက်…
📂ကိုယ်နဲ့သင့်တော်တဲ့ 4 skills, vocabulary, grammar အပါအဝင် personalized IELTS resources တွေ
📂တစ်နေ့ကို စာလုပ်ဖ်ို့ပေးနိုင်တဲ့အချိန်ပေါ်မူတည်ပြီး ဆွဲပေးတဲ့ self-paced study routine tracker
📂IELTS ကို self-study လေ့လာနေစဉ် စာလေ့လာတဲ့ အလေ့အကျင့် သိသိသာသာတိုးတက်လာအောင် free one-month mentorship တွေပါဝင်ပါတယ်။
📌 Exclusive IELTS study routine tracker ကို ရယူနိုင်ဖို့ အတွက်တော့ Lingo Valley ရဲ့ Facebook post ကို like and share လုပ်ပေးရုံပါပဲ။
Lingo valley ကနေ random learner (၃) ဦးကို ရွေးပြီး study tracker mentorship ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။
IELTS ကို လေ့လာဖို့ အမှန်တကယ် စိတ်အားထက်သန်တယ် ဆိုရင်…
IELTS ကို band score အများကြီးရထားတဲ့သူတွေရဲ့ လက်စွဲ IELTS virtual knowledge box နဲ့ study routine building mentorship အခွင့်အရေးကို လက်မနှေးဘဲ အရယူလိုက်နော်။ 🥳🥳
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon