My Robot Time Myanmar
MRT Myanmar will supply STEM Education Robots, Educational Robot Kits, Humanoid Robot, Coding, 3D Pri
✨ "Theory ထက် Reality( လက်တွေ့ ) က ပိုစိတ်လှုပ်ရှားဖို့ကောင်းပါတယ်"✨
🤖စက်ရုပ်လေးတစ်ရုပ်ကို ကိုယ်တိုင်တပ်ဆင်ပြီး ကိုယ်ခိုင်းတဲ့အတိုင်း လှုပ်ရှားလာတာကို မြင်ရတဲ့ ခံစားချက်က ဘာနဲ့မှ မလဲနိုင်ပါဘူး။ ❤️❤️❤️
🌟STEAM Education မှာ လက်တွေ့ (Hands-on) လုပ်ဆောင်တာက ကလေးတွေကို ပိုပြီး တီထွင်ကြံဆတတ်စေပါတယ်။
🌟ကိုယ်တိုင်လုပ်၊ ကိုယ်တိုင်မှား၊ ကိုယ်တိုင်ပြင်ရင်းနဲ့ တကယ့် Scientist လေးတွေ ဖြစ်လာမှာပါ။
🛠ကလေးတွေရဲ့ကိုယ်တိုင်လုပ်ဆောင်နိုင်စွမ်းနဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှု့ကိုမြှင့်တင်ဖို့အတွက် အခုပဲ STEAM Robotics class ကိုတက်ဖို့ Register လုပ်လိုက်ရအောင်။
သင်တန်းများနှင့်ပတ်သတ်ပြီးအသေးစိတ်သိရှိလိုပါက page messager သို့မဟုတ် 09 400 666 241သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်
📍 Room 11, Building 6/1, YanAung Lane (3), Yankin Township, Yangon, Myanmar.
📞 09400666241
#လက်တွေ့သင်ယူမှု
✨ Congratulations! Heather✨
SOLIDWORKS for Kids Website ရဲ့ Staff Pick လက်ရာ အဖြစ် 4ကြိမ်မြောက် ရွေးချယ်ခံရတဲ့ သမီးလေး ဟေသာ အတွက် အရမ်းကို ဂုဏ်ယူပါတယ်!
ကမ္ဘာတစ်ဝှမ်းက ကလေးတွေထဲကမှ သမီးလေးရဲ့ တီထွင်ဖန်တီးမှုကို အသိအမှတ်ပြု ခံရတာဟာ တကယ်ကို ချီးကျူးစရာပါ။ သမီးလေးရဲ့ လက်ချောင်းလေးတွေကနေ ဖန်တီးလိုက်တဲ့ စိတ်ကူးတွေဟာ အခုဆို နည်းပညာစင်မြင့်ပေါ်မှာ အရောင်တောက်ပနေပါပြီ။
"ထူးချွန်ထက်မြက်တဲ့ ဖန်တီးရှင်လေးအဖြစ် ဆက်လက်လျှောက်လှမ်းနိုင်ပါစေ သမီးလေးရေ..."
🌟🏆
02/05/2026
အားလုံးပဲ မင်္ဂလာပါ။
My Robot Time Myanmar မှ ကြိုဆိုလိုက်ပါတယ်။ Robot နည်းပညာကို စိတ်ဝင်စားပြီး စဉ်ဆက်မပြတ် လေ့လာလိုသော သားသားမီးမီးတိုင်းအတွက် ကျွန်တော်တို့၏ Regular Class လေးကို မိတ်ဆက်ပေးလိုက်ပါတယ်။
ဒီသင်တန်းလေးမှာ ကလေးများကSTEAM Education ၏ အခြေခံမဏ္ဍိုင်များကို Roboticsဘာာသာရပ် မှတစ်ဆင့် လက်တွေ့ကျကျ၊ ပျော်ရွှင်စွာ သင်ယူရမှာဖြစ်ပါတယ်။
STEAM ဆိုသည်မှာ ခေတ်မီပညာရေး၏ အဓိကကျသော အခြေခံအုတ်မြစ်ဖြစ်ပြီး Robot တစ်ခုစီ၏ နောက်ကွယ်မှာဒီပညာရပ်ငါးရပ်က ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို ကြည့်ကြရအောင်။
S = Science (သိပ္ပံ)
Robotတစ်ခုကို မည်သည့်ပတ်ဝန်းကျင်တွင် အသုံးပြုမည်၊ မည်သူတို့အတွက် ရည်ရွယ်ဖန်တီးမည်၊ မည်သို့သော ပုံစံဖြင့် ဒီဇိုင်းဆွဲမည်ကို ဆုံးဖြတ်ရာတွင် သိပ္ပံပညာသည် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်သည်။
T = Technology (နည်းပညာ)
လူ့အဖွဲ့အစည်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သော ဖြေရှင်းချက်များ ဖန်တီးရာတွင် နည်းပညာသည် မရှိမဖြစ်လိုအပ်သော မောင်းနှင်အားဖြစ်သည်။
E = Engineering (အင်ဂျင်နီယာ)
စိတ်ကူးကို လက်တွေ့ဖြစ်လာအောင် ဆောင်ရွက်ပေးသော အင်ဂျင်နီယာများက အသုံးပြုသူများ လွယ်ကူစွာ လုပ်ဆောင်နိုင်ရန်နှင့် အသုံးပြုနိုင်ရန် တိကျသော ဒီဇိုင်းနှင့် တည်ဆောက်မှုကို ဆောင်ရွက်ပေးသည်။
A = Art (အနုပညာ)
ကိုယ်ပိုင်ဒီဇိုင်းဖြင့် သပ်ရပ်လှပသော ရိုဘောတစ်ခုကို ဖန်တီးနိုင်မှုသည် အနုပညာပါဝင်မှုကြောင့်ဖြစ်သည်။ ၎င်းသည် တီထွင်ဖန်တီးနိုင်စွမ်းနှင့် အလှတရားကို ပေါင်းစည်းပေးသည်။
M = Mathematics (သင်္ချာ)
Robotတစ်ခု သတ်မှတ်ထားသော အစီအစဉ်အတိုင်း တိကျမှန်ကန်စွာ အလုပ်လုပ်ရန်နှင့် စနစ်ကျသော တွက်ချက်မှုများ လုပ်ဆောင်နိုင်ရန် သင်္ချာပညာသည် မရှိမဖြစ် အခြေခံအုတ်မြစ်ဖြစ်သည်။
ဤ STEAM ပညာရပ်ငါးရပ်ကို အခြေခံထားသော My Robot Time Myanmar ၏ Regular Robotic Class က ကလေးတိုင်းအတွက် အနာဂတ်နည်းပညာလောကသို့ ခြေလှမ်းများ စတင်ရန် အကောင်းဆုံးနေရာဖြစ်ပါတယ်။
Robot ကို စိတ်ဝင်စားပြီး စဉ်ဆက်မပြတ် သင်ယူလိုသော သားသားမီးမီးလေးတိုင်းကို My Robot Time Myanmar မှ ဝမ်းမြောက်စွာ ကြိုဆိုပါသည်။
ဆက်သွယ်ရန် – 09-400666241
လိပ်စာ – အခန်း (၁၁)၊ အဆောက်အအုံ အမှတ် ၆/၁၊ ရန်အောင်(၃) လမ်း ၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။
ကမ္ဘာကျော် SOLIDWORKS for Kids website ရဲ့ Staff Pick ကဏ္ဍမှာ MRCSမှ ကျောင်းသား/သူလေးတွေရဲ့ Design လက်ရာတွေဟာ အကောင်းဆုံးဖန်တီးမှုတွေအဖြစ်မကြာခဏ ရွေးချယ်ဖော်ပြခြင်း ခံရပါတယ်။
ကလေးတွေရဲ့ စိတ်ကူးစိတ်သန်းတွေကို 3D Design အဖြစ် ရေးဆွဲအကောင်အထည်ဖော်နိုင်ခဲ့တာ တကယ့်ကို မလွယ်ကူတဲ့ အောင်မြင်မှုတစ်ခုပါ။
SOLIDWORKS for Kids website ထဲမှာ Staff Pick(အကောင်းဆုံးလက်ရာ) အနေနဲ့ ၁၃ကြိမ်မြောက်ရွေးချယ်ခံရတဲ့ သားသား အဂ္ဂလူလူ ကို ဂုဏ်ပြုလိုက်ပါတယ်။
BIG Congratulations! 🎊🏆
ရှေ့ဆက်ပြီး ဒီထက်မက တောက်ပနိုင်ပါစေ MRCSရဲ့ကြယ်ပွင့်လေးရေ။ 💻✨
29/04/2026
ကျွန်တော်တို့ Myanmar Robotics and Coding School (MRCS)Teamသည်…
ထားဝယ်မြို့ “မဟာရွှေဂုဏ်ထူး” ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများအား…
- Robotics Engineering
- Programming and Algorithms
- STEAM Educator Training classများဖြင့် မျှဝေသင်ကြားပေးလျှက်ရှိပါသည်…
23/04/2026
✨ကလေးတွေကို Logic သင်ပေးပါ✨
❓Why Logic❓
Logic ဆိုတာ ယနေ့ခေတ်နည်းပညာရဲ့ "ဦးနှောက်" ပါ။
၁။ How to Think (ဘယ်လိုစဉ်းစားရမလဲဆိုတာ သင်ပေးခြင်း)
ကျောင်းစာအများစုက "ဘာကိုမှတ်ရမလဲ (What to think)" ဆိုတာကို အသားပေးသင်ပေမယ့် Logic ကတော့ "ဘယ်လိုစဉ်းစားရမလဲ (How to think)" ဆိုတာကို လေ့ကျင့်ပေးတာပါ။
ဥပမာ- Robotics class တစ်ခုမှာ စက်ရုပ်တစ်ရုပ် ရှေ့ကိုသွားေစချင်တယ်ဆိုပါစို့၊ ကိုယ်သွားစေချင်သလိုသွားဖို့ဆိုရင်
၁။ အင်ဂျင်နိုးမယ်၊
၂။ ဘီးလည်မယ်၊
၃၃။ အတားအဆီးရှိမရှိကြည့်မယ် စသဖြင့် အဆင့်လိုက် ခွဲခြားတွေးခေါ်တတ်လာပါတယ်။ ဒါကို Computational Thinking လို့ ခေါ်ပြီး ဘယ်ဘာသာရပ်မှာမဆို အသုံးချလို့ရတဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။
၂။ Error is an Opportunity (အမှားကို အခွင့်အရေးအဖြစ် မြင်တတ်ခြင်း)
Logic သင်ယူနေတဲ့ကလေးက စက်ရုပ်က ကိုယ်ခိုင်းတဲ့အတိုင်း မလုပ်တဲ့အခါ "ငါညံ့လို့" လို့ မတွေးတော့ဘဲ "Logic ဘယ်နားမှာ မှားနေတာလဲ" လို့ ရှာတတ်လာပါတယ်။
ဒါကို Debugging Mindset လို့ ခေါ်ပါတယ်။ ပြဿနာတစ်ခုခုကြုံရင် စိတ်ပျက်ပြီး လက်လျှော့တာမျိုး မဟုတ်ဘဲ အေးအေးဆေးဆေး အဖြေရှာတတ်တဲ့ အလေ့အကျင့်ဟာ Logic သင်ယူခြင်းကနေ ရလာတဲ့ အကြီးမားဆုံး လက်ဆောင်ပါပဲ။
၃။ Future-Proofing (အနာဂတ်အတွက် အာမခံချက်)
နောက် ၁၀ နှစ်၊ ၂၀ နှစ်မှာ အခုသုံးနေတဲ့ Programming Language တွေ၊ စက်ရုပ် Kit တွေက ပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမဲ့ Logic ကတော့ ဘယ်တော့မှ မပြောင်းလဲပါဘူး။
Logic အခြေခံရှိတဲ့ကလေးက ဘယ်လိုနည်းပညာအသစ်ပဲပေါ်လာလာ အမြန်ဆုံး လေ့လာနိုင်စွမ်း ရှိသွားမှာပါ။
"ကျွန်မတို့က ကလေးကို စက်ရုပ်ဆောက်တတ်ဖို့တင် သင်ပေးတာမဟုတ်ပါဘူး၊ ဘဝတစ်သက်တာ ပြဿနာတွေကို အေးအေးဆေးဆေး ဖြေရှင်းတတ်မယ့် 'ဦးနှောက်' တစ်ခု တည်ဆောက်ပေးတာပဲဖြစ်ပါတယ်။
📌ကလေးတွေကို Logic (ယုတ္တိဗေဒ) သင်ပေးတာဟာ နောင်တစ်ချိန်မှာ Programming ရေးတတ်ဖို့ထက် ပိုအရေးကြီးပါတယ်။✨
STEAM Robotics class ဆိုတာ ကလေးတွေကို Logic သင်ကြားပေးဖို့အတွက် လက်တွေ့အကျဆုံးနဲ့အထိရောက်ဆုံး အတန်းတစ်ခုပဲဖြစ်ပါတယ်။ MRCS ကျောင်းမှာ STEAM Robotics and Coding class တွေကို စဉ်ဆက်မပြတ်သင်ကြားလေ့ကျင့်ပေးလျှက်ရှိပါတယ်။
သင်တန်းများနှင့်ပတ်သတ်ပြီးအသေးစိတ်သိရှိလိုပါက page messager သို့မဟုတ် 09 400 666 241သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်
ကျောင်းသားဦးရေ ကန့်သတ်ချက်ရှိပါသဖြင့် စောလျှင်စွာ စာရင်းပေးသွင်း အပ်နှံကြပါရန် တိုက်တွန်းအပ်ပါသည်။
📍 Room 11, Building 6/1, YanAung Lane (3), Yankin Township, Yangon, Myanmar.
📞 09400666241
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Room 11, Building 6/1, YanAung Lane 3, Yankin Tsp
Yangon
11081
Opening Hours
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |