Salween Academy

Salween Academy

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Salween Academy, Education Website, Yangon.

11/10/2025

"GED ဆိုတာ ဘာလဲ?"

GED ကတော့ General Educational Development ကို အတိုကောက်ခေါ်ဆိုတာဖြစ်ပါတယ်။ အထက်တန်း ပညာရေး ပြီးမြောက်ကြောင်း (အထက်တန်းကျောင်း အောင်လက်မှတ်နဲ့ ညီမျှပြီး) ပြည့်မီကြောင်း ရည်ညွှန်းတဲ့ အထောက်အထား တခုဖြစ်ပါတယ်။

အမေရိကန်၊ ကနေဒါ၊ ဩစတေးလျ၊ နယူးဇီလန်၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပင်းန်စ် နဲ့ တခြားသော နိုင်ငံပေါင်း ၈၅နိုင်ငံကျော်က တက္ကသိုလ်တွေကလည်း တက္ကသိုလ်ဝင်ခွင့်အတွက် အသိအမှတ်ပြုလက်ခံကြပါတယ်။

အခြေခံပညာမပြီးဆုံးသေးတဲ့ ဘယ်သူမဆို စာမေးပွဲဝင်ရောက် ဖြေဆိုနိုင်ပြီး GED ဖြေဆိုဖို့ အတန်းပညာ ကန့်သတ်ထားခြင်းမရှိပါဘူး။ စာမေးပွဲ ဖြေဆိုမယ့်အချိန်မှာ အသက်အရွယ်အားဖြင့် ၁၆နှစ်ပြည့်ထားဖို့ လိုအပ်ပါတယ်။ အလုပ်လုပ်ရင်း ပညာရေးလမ်းကြောင်းပေါ် ပြန်သွားချင်တဲ့သူတွေအတွက်လည်း ပညာရေး အခွင့်အလမ်းကောင်း တခုပါပဲ။ ကျောင်းတပိုင်းတစ နဲ့ နားလိုက်ရတဲ့သူတွေ၊ အခြေအနေ အမျိုးအမျိုးကြောင့် ကျောင်းနားထားတဲ့သူတွေအတွက်လည်း တက္ကသိုလ် ပညာရေး လမ်းကြောင်းပေါ် ပြန်တက်နိုင်ဖို့ ကောင်းမွန်တဲ့ တံခါးတခု အခွင့်အလမ်းတခုဖြစ်ပါတယ်။

GED certificate (အောင်လက်မှတ်) ရရှိဖို့အတွက်ဆိုရင် ဘာသာရပ် (၄) ခုကို ဖြေဆို အောင်မြင်ဖို့ လိုအပ်ပါတယ်။

GED exam မှာ ပါဝင်တဲ့ ဘာသာရပ် (၄) ခုကတော့

🔹️ Reasoning Through Language Arts (အင်္ဂလိပ် ဘာသာရပ် - ဘာသာစကား အနုပညာအားဖြင့် ကျိုးကြောင်း ဆင်ခြင်ခြင်း)
🔹️ Mathematical Reasoning (သင်္ချာ ဘာသာရပ်)
🔹️ Social Studies (လူမှုရေး ဘာသာရပ်)
🔹️ Science (သိပ္ပံ ဘာသာရပ်) တို့ ဖြစ်ပါတယ်။

တရက်ကို တဘာသာ (သို့မဟုတ်) နှစ်ဘာသာ ဖြေဆိုနိုင်သလို တဘာသာချင်း ခွဲပြီးဖြေလို့လည်းရပါတယ်။

ယနေ့မှာ Salween Academy က GED နဲ့ပတ်သက်တဲ့ အချက်အလက် အချို့ကို မျှဝေပေးခဲ့တာဖြစ်ပါတယ်။ GED နဲ့ပက်သတ်ပြီး သိချင်တဲ့ မေးခွန်းတွေကို comment box မှာ မေးခဲ့လို့ ရပါတယ်။

GED နဲ့ပတ်သက်တဲ့ နောက်ထပ်အရေးကြီးတဲ့ အချက်အလက်တွေနဲ့ ပညာရေး အခွင့်အလမ်းတွေကို အချိန်မှီ သိရှိနိုင်ဖို့အတွက် Salween Academy ရဲ့ Page ကို Like & Follow လုပ်ထားနိုင်ပါတယ်။

01/10/2025

Another proud moment for Salween Academy! One of our dedicated GED Scholarship recipients, Nann Ensali, has successfully completed the GED exams with outstanding scores, reaching College Ready and Credit Score! 💙🎉

Congratulations on this well-deserved success! We are incredibly proud of your hard work and determination. May this achievement be the beginning of even greater milestones in your educational journey. ✨

#သံလွင်အကယ်ဒမီ GED Scholarship အပတ်စဉ် (၂) မှ ကျောင်းသူတစ်ဦးဖြစ်သူ Nann Ensali က GED စာမေးပွဲတွင် College Ready နှင့် Credit Score များဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ပါသည်။ 🎊

အခုလို ကြိုးစားဖြေဆိုခဲ့တဲ့အတွက် သံလွင်အကယ်ဒမီက ဂုဏ်ပြုလိုက်ပါတယ်။ 💙

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Address


Yangon

Opening Hours

Monday 11:00 - 22:00
Tuesday 11:00 - 22:00
Wednesday 11:00 - 22:00
Thursday 11:00 - 22:00
Friday 11:00 - 22:00
Saturday 11:00 - 22:00
Sunday 11:00 - 22:00