Hnin Phyu

Hnin Phyu

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hnin Phyu, Coach, 167 Street, Yangon.

01/04/2026

"Relationship တစ်ခုထဲမှာ သင်ရော... ပျောက်ဆုံးနေပြီလား?"

"သူ့ကို ဘယ်လိုစိတ်ချမ်းသာအောင် ထားရမလဲဆိုတာပဲ စဉ်းစားရင်း... ငါရော ဘာဖြစ်ချင်တာလဲဆိုတာကို မေ့သွားတဲ့နေ့တွေ ဘယ်နှစ်ရက်ရှိပြီလဲ?"

တစ်ခါတလေ ချစ်ရသူနဲ့ အတူရှိနေပါလျက်နဲ့ အထီးကျန်သလို ခံစားရတာ၊ ကိုယ့်ရဲ့ ဆန္ဒထက် သူ့ရဲ့ စိတ်တိုင်းကျမှုကိုပဲ ရှေ့တန်းတင်နေရတာဟာ 'ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးခြင်း' ရဲ့ အစပဲ ဖြစ်ပါတယ်။

Relationship တစ်ခုအတွင်းမှာပဲဖြစ်ဖြစ်၊ ပြီးဆုံးသွားတဲ့ ဆက်ဆံရေးတစ်ခုနောက်မှာပဲဖြစ်ဖြစ်... အရေးအကြီးဆုံးက မင်း ပြန်လည်ရှင်သန်ဖို့ပါ။

ကျွန်မတို့နဲ့ အတူ Free Group Coaching လေးမှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေဖို့ ဖိတ်ခေါ်ချင်ပါတယ်။
________________________________________
ဒီ Coaching ကို ဘယ်လိုလူတွေ တက်သင့်လဲ?
• Relationship ထဲမှာ ရှိနေပေမယ့် ကိုယ့်ရဲ့ Identity (ကိုယ်ပိုင်အရည်အချင်းနဲ့ စိတ်ပျော်ရွှင်မှု) ပျောက်ဆုံးနေသူများ။
• ချစ်သူ/အိမ်ထောင်ဖက်ရဲ့ စိတ်တိုင်းကျမှုနောက်ကိုပဲ လိုက်ရင်း ပင်ပန်းနွမ်းနယ်နေသူများ။
• လမ်းခွဲပြတ်စဲပြီးနောက် ဘဝကို ဘယ်ကနေ ပြန်စရမှန်းမသိဘဲ အားငယ်နေသူများ။
• ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု (Self-esteem) ပြန်လည် တည်ဆောက်ချင်သူများ။

ဒီ Coaching ကနေ ဘာတွေရသွားမလဲ?
1. Self-Awareness: ကိုယ့်ရဲ့ စိတ်ခံစားချက်နဲ့ လိုအပ်ချက်အစစ်အမှန်ကို ပြန်လည်သိရှိလာခြင်း။
2. Healthy Boundaries: တစ်ဖက်လူကို ချစ်ခင်ရင်းနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ စည်းဝိုင်းလေးတွေ သတ်မှတ်တတ်လာခြင်း။
3. Emotional Healing: ဆက်ဆံရေးကြောင့် ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကို ကုစားနိုင်မယ့် နည်းလမ်းကောင်းများ ရရှိခြင်း။
4. Action Plan: ပိုမိုပျော်ရွှင်တဲ့ "ကိုယ်" အသစ်တစ်ယောက်အဖြစ် ရှေ့ဆက်ဖို့ ခွန်အားနဲ့ လမ်းပြမြေပုံ ရရှိခြင်း။

"အချစ်ဆိုတာ တစ်ဖက်လူအတွက် ကိုယ့်ကိုယ်ကိုယ် စတေးလိုက်ရတာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်မှသာ တခြားသူကိုလည်း ပိုပြီး အဓိပ္ပာယ်ရှိရှိ ချစ်နိုင်မှာပါ။"

သင်တန်းအသေးစိတ်
📅 Date: 4.4.2026 (Saturday)
⏰ Time: 7Pm to 9 Pm
📍 Location: Zoom
💸 သင်တန်းကြေး အခမဲ့

သင်တန်း Join ရန် …
• ဒီပိုစ့်ရဲ့ Comment မှာ Join လို့ရေးပေးပါ
• Messenger မှာ “Who am I?” လို့ စာပို့ပြီး အသေးစိတ် စုံစမ်းနိုင်ပါတယ်။

25/03/2026

Boundaries မရှိလို့ ဖြစ်ခဲ့ကြတဲ့ Relationships ပြသာနာတွေအတွက် စပြီး Boundaries တွေချတော့မယ်ဆိုရင် …

ဘယ်လိုပြသာနာတွေ ကြုံရနိုင်လဲ ?
ချလိုက်ရင်ရော ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲ?

ပြောကြည့် …

Photo Credit From Pinterest

#ရင်ဖွင့်ရာ

16/03/2026

လုပ်ငန်းခွင်တစ်ခုမှာ ခေါင်းဆောင်ဆိုတဲ့နေရာက
အလုပ်တွေ အောင်မြင်အောင် လုပ်တက်ရုံနဲ့ ခေါင်းဆောင်ကောင်းမဖြစ်ဘူး …

နောက်ကလူတွေ အကုန်လုံးက ဒီခေါင်းဆောင်
ဘာပြောလဲ၊ ဘာလုပ်လဲ၊ ဘယ်လိုတွေးလဲ၊
ဘယ်လိုအပြုအမူရှိလဲ ဆိုတာ တောက်လျှောက်ကြည့်နေတာ …

ရှေ့က ပေါက်ကွဲပြရင် မကြာဘူး နောက်ကလူတွေကြားမှာ ပေါက်ကွဲတက်တဲ့ အပြုအမူတွေဖြစ်လာမယ် …

ရှေ့က တစ်ချိန်လုံး Blame လုပ်ပြရင် နောက်ကလည်းတစ်ယောက်နဲ့ တစ်ယောက်အပြစ်တင်နေတာတွေ ဖြစ်လာမယ် …

ခေါင်းဆောင်က Negative တွေ ပြည့်နေတဲ့သူတွေ ဖြစ်ရင် နောက်ကလည်း Negative တွေပြည့်နေတဲ့ လုပ်ငန်းခွင် ဖြစ်နေမှာပဲ …

ကိုယ်ချနေတယ် ခြေရာတွေက ဘယ်လိုချနေလဲဆိုတာ ခေါင်းဆောင်တစ်ယောက်အတွက် အရေးကြီးပါတယ် …

#ရင်ဖွင့်ရာ

22/02/2026

"အပြင်က အောင်ပွဲတွေကြားမှာ... အိမ်ပြန်ရမှာကို စိုးရိမ်နေရသလား?" 🏢💍
အဖွဲ့အစည်းတစ်ခုလုံး၊ ဝန်ထမ်းပေါင်းများစွာရဲ့ ရှေ့ဆောင်လမ်းပြအဖြစ် တစ်နေကုန် ဆုံးဖြတ်ချက်ပေါင်းများစွာ ချမှတ်ခဲ့ရပြီးပြီ။ အပြင်လောကရဲ့ စိန်ခေါ်မှုတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ခဲ့ပေမဲ့... ကိုယ့်အိမ်တံခါးကို ဖွင့်လိုက်တဲ့အခါ "နွေးထွေးမှု" ထက် "တင်းမာမှု" တွေကိုပဲ ကြိုဆိုခံနေရသလား?

တာဝန်တွေ ပိနေတဲ့သူတစ်ယောက်ရဲ့ နေ့စဉ်ဘဝမှာ အဖြစ်များဆုံး "တိတ်ဆိတ်ခြင်း ပြဿနာ" တွေ ရှိပါတယ် -

• လူအများကြားမှာ စကားပြောကောင်းသလောက်၊ အနီးဆုံးလူရှေ့မှာတော့ စကားလုံးတွေ ပျောက်ဆုံးနေတာ

• မိသားစုကို အကောင်းဆုံးတွေ ပေးဆပ်ထားပေမဲ့ "အချိန်မပေးဘူး၊ နားမလည်ပေးဘူး" ဆိုတဲ့ အပြစ်တင်သံတွေကြားမှာ စိတ်မောနေရတာ။

• နှစ်ကိုယ်တူ စကားပြောချိန်ထက် ဖုန်းကြည့်နေတဲ့အချိန်၊ အလုပ်အကြောင်း စဉ်းစားနေတဲ့အချိန်တွေက ပိုများနေတာ။

ရှေ့တန်းမှာ ဦးဆောင်နေရသူတွေဟာ ပြဿနာတစ်ခုကို "ဘယ်လိုဖြေရှင်းရမလဲ" ဆိုတာကိုပဲ အမြဲတွေးနေတတ်ကြပါတယ်။ ဒါပေမဲ့ Relationship မှာတော့ တစ်ခါတလေမှာ ဖြေရှင်းချက်တွေထက် တစ်ဖက်လူရဲ့ ခံစားချက်ကို "မြင်ပေးဖို့" က ပိုအရေးကြီးပါတယ်။

ကျွန်မရဲ့ One-on-One Coaching မှာ ဘာတွေ အတူတူ ပြောင်းလဲယူမလဲ?

• Emotional Connection: အလုပ်က စိတ်ဖိစီးမှုတွေကို အိမ်ထဲအထိ သယ်မလာမိအောင် စိတ်ကို ဘယ်လို Switch လုပ်မလဲ ?
• Deep Conversation: အချိန်အကြာကြီး ပေးစရာမလိုဘဲ အနှစ်သာရရှိတဲ့ စကားပြောဆိုမှု (Quality Time) ဘယ်လို ဖန်တီးမလဲ။
• True Support: အိမ်ထောင်ဖက်ကို သင့်ရဲ့ အကောင်းဆုံး Support System တစ်ခုဖြစ်လာအောင် ဘယ်လို တည်ဆောက်မလဲ။

"အပြင်လောကမှာ သင်ဟာ အောင်မြင်တဲ့ ရှေ့ဆောင်တစ်ယောက် ဖြစ်နိုင်သလို၊ အိမ်ထဲမှာလည်း အချစ်ခံရဆုံး Partner တစ်ယောက် ဖြစ်သင့်ပါတယ်။"

📥 One-on-One Coaching Session အတွက် အပ်နှံနိုင်ပါပြီ
• တာဝန်ယူမှု မြင့်မားသူများရဲ့ အချိန်ဇယားနဲ့ Privacy ကို အလေးထားတာကြောင့် တစ်လကို (၅) ဦးသာ သီးသန့်လက်ခံပြီး Coaching ပေးသွားမှာဖြစ်ပါတယ်။
• Online (Zoom) သို့မဟုတ် In Person
• Messenger မှတစ်ဆင့် 'Connection' လို့ စာပို့ပေးထားပါ။ အမြန်ဆုံးလာရောက်ဆက်သွယ်ပေးပါမယ်။
သင် တည်ဆောက်နေတဲ့ အောင်မြင်မှုတွေဟာ အိမ်က နွေးထွေးမှုနဲ့ ထပ်တူကျနေပါစေ။

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


167 Street
Yangon